သတ်ဖြတ်ခြင်းစိတ်ဆန္ဒ
Vol. 82 Ch. 1265
ဂျိဒုန်းဇီသည် အလွန်ထိတ်လန့်နေသည်။
သူက ထိုသို့နတ်ဘုရားစွမ်းရည်ကို တစ်ခါမှ မမြင်ဖူးသလို ထိုသို့ခံစားမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးချေ။ သို့သော်လည်း သူ၏ ဘေးပတ်ပတ်လည်တွင် ကျယ်ပြောသော ရေလှိုင်းများက ထွက်ပေါ်လာနေကြောင်း သူအာရုံခံနိုင်သည်။
သေခြင်းရှင်ခြင်းအန္တရာယ်သည် သူ၏ နှလုံးသားထဲမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ သူက ရွေ့လျားနိုင်ခြင်း ကင်းမဲ့သွားကြောင်း အာရုံခံမိသွားသည်။ သူ၏ ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ပေ။ သူ၏ ကျင့်ကြံခြင်းသည် အေးခဲသွားဟန် ရ၏။ အားလုံးသည် ရပ်တန့်သွားသည်။
ထို့ပြင် သူက ခရမ်းလဂြိုလ်၏ ဖိနှိပ်မှုနှင့် ဝိညာဉ်ချည်မျှင်များ၏ ချုပ်နှောင်မှုကို ခံစားနေရသည်။ အကယ်၍ သူ့မှာ ကောင်းကင်နှင့် ပင်လယ်ကို ပြောင်းပြန်လှန်ပစ်နိုင်သော စွမ်းအင်မျိုးရှိလျှင်ပင် ဤအခြေအနေမှ ရုန်းထွက်ရန် အလွန်ခက်ခဲသည်။
ဤအခိုက်အတန့်မှာ သူ၏ အတွေးများသာ ရွေ့လျားနိုင်သည်။
သူ၏ အသိစိတ်ကို လှုပ်ခတ်သွားစေသည်မှာ သူ၏ လျှို့ဝှက်ချက်အားလုံးက ရေပြင်ပေါ်မှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ၏ ခြေဖဝါးအောက်မှ ရေပြင်သည် အရာအားလုံးကို ပုံရိပ်ပြန်နေသည်။ ထိုထဲမှာ သူ့ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သော အရာမှန်သမျှ ပါဝင်သည်။
သူ၏ လျှို့ဝှက်ချက်အားလုံး ပါဝင်သည်။ ပုံရိပ်ယောင်အတတ်ပညာသော်လည်းကောင်း သို့မဟုတ် အစစ်အမှန်အရာဝတ္ထုများသော်လည်းကောင်း ရေပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ထို့ပြင် အကယ်၍ ရေပြင်ပေါ်မှ သူက ဒဏ်ရာရရှိသွားလျှင် သူ၏ အဓိကခန္ဓာကိုယ်သည်လည်း ဒဏ်ရာရရှိသွားလိမ့်မည်ဖြစ်ကြောင်း အာရုံခံနိုင်သည်။
ထိုအသိကြောင့် သူက ရုန်းကန်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ လှုပ်ရှားမှုအားလုံးသည် အချည်းနှီးသာဖြစ်သည်။
ရေပြင်ပေါ်မှ သူ၏ ခန္ဓာကိုယ်သည် ပိုပြီးပြင်းထန်စွာ လှုပ်ယမ်းလာသည်။
သေခြင်းရှင်ခြင်းကပ်ဘေးသည် ပိုပြီးအားကောင်းလာသည်။
ရွှီချင်းသည်တော့ သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။
ရေတွင်းထဲမှ လကို မျှားခြင်း၏ နတ်ဘုရားစွမ်းရည်မှတဆင့် သူက မမျှော်လင့်ထားသော လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားသည်။
ယင်းက ဂျိဒုန်းဇီ၏ အခြေခံအုတ်မြစ်ဖြစ်သည်။
သိသာစွာပင် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အဆင့်နှစ်ကောင်းကင်အရွေးချယ်ခံဟု သတ်မှတ်ခံရခြင်းမှာ ထိုအချက်ကြောင့် ဖြစ်သည်။
နတ်ဘုရားကျောက်တိုင်(၉၇)ခု…
သေဆုံးသွားတဲ့ နတ်ဘုရား(၉၇)ပါးရဲ့ ပုံရိပ်တွေကို ကျောက်တိုင်ပေါ်မှာ ရေးထွင်းထားတယ်…
သူမြင်လိုက်ရသောအရာကြောင့် ရွှီချင်းသည် နှလုံးတုန်သွားသည်။
သို့သော်လည်း ယခုအချိန်က ယင်းကို စဉ်းစားနေရမည့်အချိန်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက တစ်ချက်ကြည့်ပြီးနောက် လုံးဝတုံ့ဆိုင်းမနေတော့ပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။
“ ဒီလောကရဲ့ ကောင်းကင်နဲ့မြေပြင်က ရေတွင်းတစ်ခုနဲ့ တူတယ်… ”
ရွှီချင်း၏ အသံသည် ခေတ်အဆက်ဆက်ကို ဖြတ်ကျော်သွားဟန်ရပြီး ရေပြင်ပေါ်မှာ ပျံ့နှံ့သွားသည်။ ထို့နောက် အသံသည် ကောင်းကင်နှင့် မြေပြင်ကြားမှာ ဆက်လက် ပဲ့တင်ထပ်သွားသည်။
စကားလုံးတစ်လုံးစီမှာ တာအိုစိတ်ဆန္ဒ ပါရှိသည်။ ယင်းတို့က အတူတကွ ပေါင်းစည်းသွားသည့်အခါ လျှို့ဝှက်ဆန်းကြယ်သော တာအိုအတတ်ပညာကို အသက်သွင်းနိုင်သည့် ရေစက်အဖြစ်သို့ ပြောင်းလဲသွားကာ ရေပြင်ပေါ်သို့ ကျဆင်းသွားသည်။
လှိုင်းဂယက်များသည် ရေမျက်နှာပြင်ပေါ်မှာ ပျံ့နှံ့သွားသည်။ ယင်းက ဂျိဒုန်းဇီ၏ ပုံရိပ်နှင့် ဝိညာဉ်အမျှင်တန်း(၉၇)ကို ပုံပျက်တွန့်လိမ်သွားစေသည်။
ထိုလှိုင်းဂယက်များသည် ကြီးမားသော လက်တစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်အမျှင်တန်း(၉၇)ကို ဖမ်းဆုပ်လိုက်သည်။
ရွှီချင်းသည် ဝိညာဉ်အားလုံးကို မျှားယူချင်သည်။
ဂျိဒုန်းဇီ၏ အသိစိတ်သည် ဝုန်းခနဲ တုန်လှုပ်သွားသည်။ ပြင်းထန်စွာ ဆုတ်ဖြဲခံနေရသော နာကျင်မှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ရေပြင်ပေါ်မှ ဝိညာဉ်အမျှင်တန်း(၉၇)ခုသည် တစ်ခုပြီးတစ်ခု တုန်ယင်လာကြသည်။
ရွှီချင်းသည် ထပ်မံ အားစိုက်လိုက်ပြီး ယင်းတို့အားလုံးကို မျှားယူလိုက်သည်။ ထိုအခါ ဝိညာဉ်အမျှင်တန်း(၉၇)ခုသည် ရေပြင်အထက်သို့ တဖြည်းဖြည်း မြှောက်တတ်သွားကြသည်။ ယင်းတို့က ရွှီချင်း၏ မျှားယူခံရတော့မည်ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဝိညာဉ်အမျှင်တန်း(၉၇)ထဲမှ နတ်ဘုရားကျောက်တိုင်များသည် ရုတ်တရက် လင်းလက်တောက်ပသွားကြပြီး စူးရှသော ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ နတ်ဘုရားကျောက်တိုင်များပေါ်မှာ ရေးထွင်းထားသော နတ်ဘုရားပုံရိပ်များသည် အသက်ဝင်လာကြပြီး တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြသည်။
၎င်းတို့သည် ရွှေရောင်မျက်လုံးဖြင့် ရွှီချင်းကို စိုက်ကြည့်လိုက်ကြသည်။
ရွှီချင်းသည် ချက်ချင်း နှလုံးတုန်သွားသည်။ သူတို့ကြားမှာ ရေပြင်က ကာဆီးထားသော်လည်း နတ်ဘုရား(၉၇)ပါး၏ အကြည့်သည် သူ၏ ခန္ဓာကိုယ်ကို သန္ဓေပြောင်းလဲသွားစေသည်။
မရေမတွက်နိုင်သော အသားအဖုများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ အစီအစဉ်မကျစွာ ထွက်ပေါ်လာကြပြီး သူ၏ ဝိညာဉ်သည် ဆုတ်ဖြဲခံနေရသည်။ သူ၏ ခန္ဓာကိုယ်က ပြိုကွဲသွားတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာ ရေပြင်ထဲ၌ နတ်ဘုရား(၉၇)ပါးသည် ကြီးမားသော ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ ရေတွင်းအပေါ် သက်ရောက်လိုက်သည်။ ယင်းက ရွှီချင်း၏ မျှားယူခြင်းကို ပထမဆုံးအကြိမ် ကျရှုံးသွားစေသည်။
ဤအခိုက်အတန့်မှာ ဂျိဒုန်း၏ ရုန်းကန်မှုသည် ပိုပြီးအားကောင်းလာသည်။
ရွှီချင်း၏ အမူအရာသည် တည်ကြည်သွားသည်။ သူက သူ့ကိုယ်ပိုင်နတ်ဘုရားအရင်းအမြစ်ကို ထုတ်လွှတ်လိုက်ပြီး သန္ဓေပြောင်းလဲနေခြင်းကို ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက မျက်မှောင်ကြုတ်လိုက်သည်။
ထိုနတ်ဘုရားကျောက်တိုင်(၉၇)ခုနှင့်ပတ်သက်ပြီး သူ့မှာ ခန့်မှန်းမှုနှစ်ခုရှိသည်။
ပထမတစ်ခုသည် ယင်းက ရိုးရာဓလေ့တစ်ခု ဖြစ်သည်။
သူက ဝိညာဉ်အမျှင်တန်းအားလုံးကို မမျှားနိုင်မှတော့ ဝိညာဉ်အမျှင်တန်းတစ်ခုကို မျှားပြီး ဤရိုးရာဓလေ့ကို ဖျက်ဆီးပစ်နိုင်သည်။
ဒုတိယခန့်မှန်းမှုသည် ထိုဝိညာဉ်အမျှင်တန်း(၉၇)ထဲမှာ ဂျိဒုန်းဇီ၏ သက်စောင့်ဝိညာဉ်ပါဝင်သော ဝိညာဉ်အမျှင်တန်းတစ်ခု ရှိရမည်။
အကယ်၍ သူသာ ထိုဝိညာဉ်အမျှင်တန်းကို မျှားယူနိုင်မည်ဆိုလျှင် ဂျိဒုန်းဇီကို သတ်ဖြတ်နိုင်လိမ့်မည်။
သို့သော်လည်း ဝိညာဉ်အမျှင်တန်း(၉၇)ခုစလုံးကို တစ်ခုချင်းစီ လိုက်လံစစ်ဆေးရန် သူ့မှာ အချိန်မရှိသလို ထိုသို့လုပ်ဆောင်နိုင်စွမ်း မရှိပေ။
အေးစက်စက် အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဝိညာဉ်အမျှင်တန်း(၉၇)ခုစလုံးကို ကြည့်လိုက်သည်။ သူ၏ ပင်ကိုယ်အသိစိတ်ပေါ်မူတည်၍ သူက ဝိညာဉ်အမျှင်တန်းတစ်ခုကို စိုက်ကြည့်လိုက်ပြီး ညာလက်ကို ထပ်မံမြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဝိညာဉ်အမျှင်တန်းတစ်ခုကိုသာ ပစ်မှတ်ထားလိုက်ပြီး ရေတွင်းထဲမှ လကို မျှားခြင်းကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။
သူက ဝိညာဉ်အမျှင်တန်းတစ်ခုကို ရေပြင်ပေါ်မှ ခပ်ယူလိုက်သည်။
ပုံရိပ်ယောင်ဧရာမလက်တစ်ခုက ရေမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။ ရေမျက်နှာပြင်က မည်သို့လှိုင်းထနေပါစေ ဧရာမလက်ကို မတားဆီးနိုင်ပေ။ ယင်းက ရေထဲသို့ ဝင်ရောက်သွားပြီး ဝိညာဉ်အမျှင်တန်းတစ်ခုကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ယင်းက အပေါ်သို့ ဆွဲမြှောက်လိုက်သည်။
ကျယ်လောင်သော အသံသည် ရေထဲမှာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဒေါသတကြီး ဟိန်းသံများသည် ကျန်ဝိညာဉ်အမျှင်တန်း(၉၆)ခုထံမှ ထွက်ပေါ်လာကြသည်။ ထိုအခါ နတ်ဘုရားအတတ်ပညာမှ ဖြစ်ပေါ်လာသော ရွှီချင်း၏ ဧရာမလက်သည် စတင်ပျက်စီးလာသည်။
နတ်ဝိညာဉ်ကိုယ်တိုင်၏ ရုန်းကန်မှုနှင့် တခြားဝိညာဉ်များ၏ ငြင်းဆန်မှုကြောင့် ရွှီချင်း၏ ဧရာမလက်သည် ဝိညာဉ်အမျှင်တန်းကို ရေပြင်အထက်သို့ မဆွဲတင်နိုင်ပေ။
ဧရာမလက်က ပျက်စီးတော့မည်ကို မြင်သောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ညာခြေကို မြှောက်လိုက်သည်။ သူက ညာခြေဖြင့် ရေပြင်ကို အကြမ်းပတမ်း ဖနောင့်ပေါက်လိုက်သည်။
ဗုန်းဟူသော မြည်သံနှင့်အတူ ရေမျက်နှာပြင်သည် ချက်ချင်း ပရမ်းပတာ လှုပ်ခတ်သွားသည်။ ရေအားလုံးသည် ပျက်စီးနေသော ရွှီချင်း၏ ဧရာမလက်ဆီသို့ ဦးတည်သွားပြီး မြန်ဆန်စွာ ပေါင်းစည်းသွားသည်။ ယင်းက ဧရာမလက်၏ ပျက်စီးမှုအလျင်ကို နှေးကွေးသွားစေသည်။
ကောင်းကင်နှင့်မြေပြင်ကြားမှ ရေတွင်းသည် စတင်လွင့်ပြယ်လာနေပြီး ရွှီချင်း၏ ဧရာမလက်ကို အားဖြည့်ပေးလိုက်သည်။
ထိုအခါ ပျက်စီးတော့မည့် ဧရာမလက်သည် ပြန်ကောင်းမွန်လာသည်။
နောက်ဆုံးမှာတော့ ရေတွင်းက လုံးဝမပျောက်ကွယ်သွားခင်မှာ ဂျိဒုန်းဇီ၏ (၉၇)ခုမြောက် ဝိညာဉ်သည် ရေပြင်အထက်သို့ ရွှီချင်း၏ ဆွဲထုတ်ခြင်းခံလိုက်ရသည်။
ထိုဝိညာဉ်ကို လက်ထဲမှာ ကိုင်ထားစဉ် ရွှီချင်းသည် အနည်းငယ် နောင်တရသွားသည်။ ယင်းက ဂျိဒုန်းဇီ၏ သက်စောင့်ဝိညာဉ်မဟုတ်ကြောင်း သူအာရုံခံနိုင်သည်။
သို့သော်လည်း သူက တုံ့ဆိုင်းမနေဘဲ အနောက်လှည့်၍ ပြေးသည်။
ရွှီချင်းက အရှိန်တင်လိုက်သည့်အခိုက် နှလုံးကွဲကြေသော အော်သံသည် သူ့အနောက်မှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ရေပြင်သည် ပေါက်ကွဲထွက်သွားသည်။
ရေတွင်းထဲမှ လကို မျှားခြင်းသည် ပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ဂျိဒုန်းဇီ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက နာကျင်စွာ ဟိန်းဟောက်လိုက်စဉ် လှုပ်ရှားနိုင်စွမ်းကို ပြန်ရရှိသွားသည်။ သူက ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ သူက အဝေးမှ ရွှီချင်းကို စိုက်ကြည့်လိုက်စဉ် သူ၏ မျက်လုံးသည် နီရဲသွားသည်။
ကြောက်ရွံ့စိတ်သည် သူ၏ နှလုံးသားထဲမှာ ယခုထိ ရစ်ဝဲနေဆဲပင်။
ရွှီချင်း၏ ခန့်မှန်းမှုသည် မမှားပေ။ ဝိညာဉ်အမျှင်တန်း(၉၇)ခုထဲတွင် သူ၏ သက်စောင့်ဝိညာဉ်က အမှန်တကယ်ရှိသည်။ အကယ်၍ ရွှီချင်းသာ ယင်းကို မျှားယူနိုင်မည်ဆိုလျှင် ယင်းက ဂျိဒုန်းဇီအတွက် သေခြင်းရှင်ခြင်းအန္တရာယ်ကို ဖြစ်ပေါ်စေလိမ့်မည်။
ဤသည်မှာ ကျင့်ကြံခြင်းခရီးကို စတင် သူလျှောက်လှမ်းခဲ့သည့်အချိန်မှစ၍ ပထမဆုံးအကြိမ် သေခြင်းရှင်ခြင်းအန္တရာယ်ကို ခံစားမိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရွှီချင်းက သူ၏ သက်စောင့်ဝိညာဉ်ကို မဖမ်းဆီးနိုင်ခဲ့သော်လည်း နတ်ဘုရားကျောက်တိုင်တစ်ခု၏ ဆုံးရှုံးမှုသည် ဂျိဒုန်းဇီ၏ ဝိညာဉ်ကို ဒဏ်ရာရရှိသွားစေခဲ့သည်။ ထို့ပြင် ဝိညာဉ်ဆုတ်ဖြဲခံနေရသော နာကျင်မှုသည် သူ၏ မျက်နှာကို ရှုံ့မဲ့သွားစေသည်။ သူက ရွှီချင်းနောက်သို့ အမြန်လိုက်ဖမ်းပြီး သူ၏ ဝိညာဉ်အမျှင်တန်းကို ပြန်ရယူချင်သည်။
ထို့ကြောင့် သူက ကြောက်ရွံ့နေသေးသော်လည်း ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ သေစမ်း ”
ဂျိဒုန်းဇီသည် နက်ရှိုင်းစွာ အော်ဟစ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး အကြင်နာမဲ့စွာ ဖိချလိုက်သည်။
လက်ဝါးက ကျဆင်းလာတော့မည့်အချိန် ရွှီချင်း၏ မျက်လုံးထဲမှာ အနက်ရောင်အလင်းတန်း ထွက်ပေါ်လာသည်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး ရှေးဟောင်းနေလုံးကို ထုတ်လိုက်သည်။
ယင်းက သူ၏ ကြီးမားသော ဝှက်ဖဲကတ်ဖြစ်သည်။ သို့သော်လည်း ယင်းကို အသုံးပြုရန် ပေးဆပ်ရမည့်တန်ဖိုးသည် အလွန်ကြီးမားသည်။ ရှေးဟောင်းနေလုံး၏ ပေါက်ကွဲမှုမှ သူလွတ်မြောက်နိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိပေ။
ထို့ပြင် နောက်ထပ် စိုးရိမ်စရာတစ်ခု ရှိသေးသည်။ ထိုအကြောင်းအရင်းကြောင့် ရွှီချင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သို့ ရောက်ရှိလာပြီးနောက် အာရုဏ်ဦးနေမင်းကို ခြိမ်းခြောက်ရန်အတွက်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သူက ရှေးဟောင်းနေလုံးကို ထုတ်ယူလိုက်သည့်အခိုက် သူစိုးရိမ်သော အရာကို ဂျိဒုန်းဇီက တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
“ အာရုဏ်ဦးနေမင်းလား ”
“ ရွှီချင်း… တကယ်လို့ မင်း အာရုဏ်ဦးနေမင်းကို ငါ့မျိုးနွယ်ထဲမှာ ပစ်လွှတ်ပြီး တောင်တန်းပင်လယ်ဒေသကြီးကို ဖျက်ဆီးမယ်ဆိုရင် အဲ့ဒါက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို စစ်ကြေညာလိုက်တာပဲ ”
“ ငါတို့မျိုးနွယ်ရဲ့ အကျင့်စရိုက်အရဆို မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ စစ်တပ်က လူသားမျိုးနွယ်ဆီ ချက်ချင်း စစ်ချီတတ်လိမ့်မယ်… ဘာလို့လဲဆိုတော့ မင်းက လူသားတစ်ယောက်ဖြစ်လို့ပဲ… အာရုဏ်ဦးနေမင်းက လူသားမျိုးနွယ်ရဲ့ ဒေသစစ်လက်နက်တစ်ခုဖြစ်လို့ပဲ ”
“ တကယ်လို့ အာရုဏ်ဦးနေမင်းကို မင်းအသုံးမပြုဘူးဆိုရင် မင်းသေရလိမ့်မယ်… တကယ်လို့ မင်းက အသုံးပြုမယ်ဆိုတောင် မင်းက သေရလိမ့်မယ်… လူသားမျိုးနွယ်လည်းပဲ မင်းနဲ့အတူ သေရလိမ့်မယ် ”
“ ရွှီချင်း… မင်းလုပ်ရဲလား ”
ဂျိဒုန်းဇီ၏ အမူအရာသည် အကျည်းတန်နေသည်။ သူ၏ နှလုံးသားထဲမှာ ဒေါသဖြင့် ပြည့်နှက်နေသော်လည်း သူက အကျိုးအကြောင်းစဉ်းစားနိုင်စွမ်းကို မဆုံးရှုံးသွားခဲ့ပေ။ ထို့ကြောင့် သူက ရွှီချင်း၏ စိတ်ထဲမှ စိုးရိမ်မှုကို တိုက်ရိုက် ထုတ်ဖော်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာ သူက လက်ဝါးကို ပြန်မရုပ်သိမ်းခဲ့ဘဲ ဆက်တက် ဖိချလိုက်သည်။
သို့သော်လည်း အာရုဏ်ဦးနေမင်း၏ ထွက်ပေါ်လာမှုက သူ့ကို အနည်းငယ် ကြောက်လန့်သွားစေခဲ့သည်။ သူက ဆက်လက် တိုက်ခိုက်ခဲ့သော်လည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန် ခွန်အားအနည်းငယ်ကို ထိန်ချန်ထားခဲ့သည်။
ရွှီချင်းသည် သွေးအန်လိုက်ပြီး ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားသည်။
သူက ရှေးဟောင်းနေလုံးကို မဖောက်ခွဲခဲ့ပေ။
ယင်းက ဂျိဒုန်းဇီ၏ စကားကြောင့် မဟုတ်ပေ။ အမှန်မှာ ရှေးဟောင်းနေလုံးကို ထုတ်ဖော်ရသည့် ရွှီချင်း၏ ရည်ရွယ်ချက်က ဖောက်ခွဲရန်မဟုတ်ပေ။ ယင်းအစား ခြိမ်းခြောက်ရန် ဖြစ်သည်။
သူ့မှာ နှစ်ယောက်စလုံး အတူသေဆုံးစေနိုင်သော ဝှက်ဖဲကတ်တစ်ခုရှိကြောင်း ဂျိဒုန်းဇီကို အသိပေးလိုခြင်းသာ ဖြစ်သည်။
ယင်းက တစ်ဖက်လူကို စိုးရိမ်စိတ်ဖြစ်စေလိမ့်မည်။
ထိုစိုးရိမ်စိတ်က သူ့နောက်ကို လိုက်ဖမ်းမည့် တစ်ဖက်လူ၏ ဇွဲကောင်းမှုကို ယိမ်းယိုင်သွားစေလိမ့်မည်။
ယင်းက သက်ရောက်မှုရှိကြောင်း မြင်လိုက်ရသောအခါ ရွှီချင်းသည် အမူအရာကင်းမဲ့သွားသည်။ သူက ရှေးဟောင်းနေလုံးကို ခါးပေါ်တွင် ချိတ်ဆွဲလိုက်ပြီး အမြန်အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ညာလက်ထဲမှ ဝိညာဉ်ကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။
ရွှီချင်းသည် ဝိညာဉ်ကို မျှားယူပြီးနောက် သူ၏ လက်ထဲမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူက ဝိညာဉ်ကို မဖျက်ဆီးပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက သူ၏ နောက်ထပ်ဝှက်ဖဲကတ်တစ်ခု ဖြစ်သည်။
ရွှီချင်းက ဝိညာဉ်ကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည့်အခိုက် ဂျိဒုန်းဇီ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ပြင်းထန်သော နာကျင်မှုကို ခံစားသွားရသည်။ သူ၏ ကျင့်ကြံခြင်းသည် ပရမ်းပတာဖြစ်လာသည်။
နောက်အခိုက်အတန့်မှာ အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေးသည် တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြသည်။ ခရမ်းလဂြိုလ်က ပြန်ရောက်လာပြီး ၎င်းတို့သုံးယောက်က ဂျိဒုန်းဇီကို တရစပ် တိုက်ခိုက်လိုက်ကြသည်။
ရွှီချင်းသည် အရှိန်မြှင့်တင်လိုက်ပြီး ဆက်လက် ထွက်ပြေးသည်။
ဂျိဒုန်းဇီသည် ဒေါသထွက်သွားပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ အရိပ်လေးသော်လည်းကောင်း ကျင်းကန်းဂိုဏ်းဘိုးဘေးသော်လည်းကောင်း အဝေးသို့ လွင့်စင်သွားကြသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျား၍ ခရမ်းလဂြိုလ်ကို တိမ်းရှောင်လိုက်ပြီး ရွှီချင်းနောက်သို့ ဆက်လက် လိုက်ဖမ်းသည်။
သို့သော်လည်း အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် သူက ရွှီချင်းကို လိုက်မီတော့မည့်အချိန် ရွှီချင်းသည် သူ၏ ညာလက်ကို အားထည့်လိုက်ပြီး ဝိညာဉ်ကို ပိုပြီးကြမ်းတမ်းစွာ ဖျစ်ညှစ်လိုက်သည်။ ထိုအခါ ဝိညာဉ်သည် အက်ကွဲတော့မည့် လက္ခဏာများပင် ဖော်ပြလာသည်။
အလွန်ပြင်းထန်သော နာကျင်မှုသည် ဂျိဒုန်းဇီ၏ ဝိညာဉ်မှ ထွက်ပေါ်လာသည်။
ဂျိဒုန်းဇီသည် နာကျင်သော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ သူက တိုက်ခိုက်တော့မည့်အချိန် ရွှီချင်း၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားပြီး ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ တားမြစ်အဆိပ်မြူခိုးသည် လေထဲမှာ ထွက်ပေါ်လာပြီး အနောက်သို့ ရွေ့လျားသွားကာ ဂျိဒုန်းဇီကို လွှမ်းခြုံသွားသည်။
ထို့နောက် သူက တုံကင်တစ်ခုကို ထုတ်လိုက်ပြီး နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။
“ အရှင်မင်းကြီး… အစာက အဆင်သင့်ဖြစ်ပါပြီ ”
ထိုသို့ပြောပြီးနောက် ရွှီချင်းသည် တုံကင်ကို လေထဲသို့ ပစ်လွှတ်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ တုံကင်က အနောက်သို့ ပြန်ရွေ့လျားသွားပြီး ရွှီချင်း၏ လက်ထဲသို့ ပြန်ရောက်သွားသည်။ တစ်ချိန်တည်းမှာ နတ်ဘုရားစိတ်အာရုံက ပျံ့လွင့်လာသည်။
“ သေဆုံးပြီးသား နတ်ဘုရားအကြွင်းအကျန်တွေ… အဲ့ဒါတွေကို ငါမစားဘူး… အသက်ရှင်နေတဲ့ အစာကိုပဲ ငါလိုချင်တယ် ”
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ထပ်မံ ထွက်ပြေးသည်။
တစ်ခဏကြာပြီးနောက် ဂျိဒုန်းဇီက သူ့ကို နောက်တစ်ခါ လိုက်မီသွားသည်။ သူက တိုက်ခိုက်တော့မည့်အချိန် ရွှီချင်းသည် ညာလက်ကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်သည်။ တစ်ချိန်တည်းမှာ နက်ရှိုင်းသော အသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။
“ ဒီလောကရဲ့ ကောင်းကင်နဲ့မြေပြင်က ရေတွင်းနဲ့ တူတယ်… ”
လှိုင်းဂယက်များသည် ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ဂျိဒုန်းဇီသည် ချက်ချင်း ရပ်တန့်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ မည်သည့်အရာမှ ဖြစ်ပေါ်မလာပေ။ လှိုင်းဂယက်များသည် ပြန်ပျောက်ကွယ်သွားသည်။
ရွှီချင်းသည် အချိန်တိုအတွင်းမှာ ရေတွင်းထဲမှ လကို မျှားခြင်းကို နှစ်ကြိမ်အသုံးမပြုနိုင်ပေ။ သူက ဂျိဒုန်းဇီကို ခြောက်လှန့်လိုခြင်းသာ ဖြစ်သည်။ ဂျိဒုန်းဇီက ရပ်တန့်သွားသည်ကို အခွင့်ကောင်းယူ၍ သူက ထပ်မံ ထွက်ပြေးသည်။ တစ်ချိန်တည်းမှာ ညာလက်ကို ဖျစ်ညှစ်လိုက်သည်။
ဂျိဒုန်းဇီသည် ရူးသွပ်သွားတော့မည်ဖြစ်သည်။ သွေးနီရောင်အလင်းသည် သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်လာပြီး ထပ်မံ လိုက်ဖမ်းသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အချုပ်ခန်းများသည် သူ၏ ဘေးပတ်ဝန်းကျင်မှ လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ယင်းက (ဃ၁၃၂)မှလွဲ၍ တခြားမဟုတ်ပေ။
ရွှီချင်သည် လူသားသဘာဝကို ကောင်းစွာ နားလည်သည်။ လူတစ်ယောက်က ပထမအကြိမ် သတိကြီးစွာထားနေစဉ် ယင်းက အတုအယောင်ဖြစ်ကြောင်း နောက်ပိုင်းမှာ နားလည်သွားသည့်အခါ အတိုင်းအတာတစ်ခုထိ သတိပေါ့လျော့သွားလေ့ရှိ၏။ အထူးသဖြင့် ဝိညာဉ်က ထပ်ခါတလဲလဲ တိုက်ခိုက်ခံနေရသည့်လူများ ဖြစ်သည်။ သူတို့က အကျိုးအကြောင်းစဉ်းစားနိုင်စွမ်းကို ဆုံးရှုံးသွားရန် ပိုပြီးလွယ်ကူသည်။
ထိုအခိုက်အတန့်မှာ သူက တခြားနည်းလမ်းကို အသုံးပြုမည်ဆိုလျှင် ယင်းက ကြီးမားသော အကျိုးသက်ရောက်မှုရှိလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ရွှီချင်းက ဝိညာဉ်ကို တစ်ခါတည်း မဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ တစ်ကြိမ်နာကျင်မှုသည် ထပ်ခါတလဲလဲ ခံစားနေရသော နာကျင်မှုကိုတော့ မယှဉ်နိုင်ပေ။ သို့သော်လည်း သူက ယင်းကို အကြိမ်ရေများစွာ အသုံးမပြုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက ထိုနာကျင်မှုဖြင့် နေသားကျသွားနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ပထမတစ်ကြိမ်တွင် အနည်းငယ် အားလျော့ထားပြီး အရေးကြီးအခိုက်အတန့်ကျမှ ခွန်းအားကို တိုးမြှင့်လိမ့်မည်။
(ဃ၁၃၂)သည် ဗုန်းဟူသော မြည်သံနှင့်အတူ ဆင်းသက်လာပြီး ဂျိဒုန်းဇီကို လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာ မြန်ဆန်စွာ ထွက်ပြေးနေသော ရွှီချင်းသည် အနောက်လှည့်မကြည့်ပေ။ သူက ညာလက်ကို အားကုန်သုံး၍ ဖျစ်ညှစ်လိုက်ပြီး သူ၏ လက်ထဲမှ ဝိညာဉ်ကို လုံးဝဖျက်ဆီးပစ်လိုက်သည်။
ဝိညာဉ်သည် အက်ကွဲသွားပြီး ထိခိုက်ဒဏ်ရာသည် တစ်ခါတည်း ပေါက်ကွဲထွက်လာသည်။
ဝိညာဉ်ထဲမှ နတ်ဘုရားကျောက်တိုင်သည် ရွှီချင်း၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ နတ်ဘုရားကျောက်တိုင်ကို သူ၏ နတ်ဘုရားအရင်းအမြစ်ဖြင့် လွှမ်းခြုံလိုက်ပြီးနောက် ရွှီချင်းသည် သူ၏ ဒဏ်ရာများမှ နာကျင်မှုကို တောင့်ခံလိုက်ပြီး ကျူးလီတားမြစ်ဇုန်၏ ဦးတည်ရာဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်း၏ ပုံရိပ်က မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားသည့်အခါ (ဃ၁၃၂)ထဲမှ အကျဉ်းသားများ၏ ငိုကြွေးသံများက ထွက်ပေါ်လာသည်။ အကျဉ်းထောင်သည် အပိုင်းပိုင်းအစစ ပြိုကွဲထွက်သွားသည်။ ဂျိဒုန်းဇီ၏ ဖရိုဖရဲပုံရိပ်သည် ဧရာမလက်ချောင်းတစ်ချောင်းကို တရွတ်တိုက်ဆွဲလျက် လေထဲမှာ ထွက်ပေါ်လာသည်။
သူ၏ အမူအရာသည် အကျည်းတန်နေပြီး နာကျင်မှုဖြင့် ပြည့်နှက်နေသည်။ ဝိညာဉ်အက်ကွဲသွားခြင်းမှ တန်ပြန်သက်ရောက်မှုသည် သူ့အား ဖော်မပြနိုင်သော နာကျင်မှုကို ခံစားရစေသည်။
ဧရာမလက်ချောင်းသည် တုန်ယင်နေသည်။ ကြောက်ရွံ့နေသော မျက်နှာတစ်ခုက လက်ချောင်းပေါ်မှာ ထွက်ပေါ်လာပြီး အသနားခံသည်။
“ ငါ့ကို မသတ်ပါနဲ့… ငါက တွန်းအားပေးခံရတာပါ… ငါမင်းကို ကူညီပေးနိုင်ပါတယ်… အဲ့ဒီမိစ္ဆာလေးကို ငါသတ်ချင်နေတာ အတော်ကြာပါပြီ… ငါတို့ရဲ့ ရည်ရွယ်ချက်က အတူတူပါပဲ ”
“ ပါးစပ်ပိတ်ထားစမ်း ”
ဂျိဒုန်းဇီက အော်ပြောလိုက်သည်။ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပိုပြီးအားကောင်းလာသည်။ ထို့နောက် သူက ရွှီချင်းနောက်သို့ ဆက်ပြီး လိုက်ဖမ်းသည်။