ကျူးလီတားမြစ်ဇုန်ထဲသို့ ဝင်ရောက်ခြင်း
Vol. 82 Ch. 1266
ရွှီချင်းသည် အရှိန်ကုန်သုံး၍ ရွေ့လျားနေသည်။
တောင်တန်းပင်လယ်ဒေသကြီးထဲတွင် ဒြပ်နှောများသည် အလွန်ထူထဲသည်။ ဤနေရာကို လွှမ်းခြုံထားသော မီးလျှံလနတ်ဘုရားသုံးပါး၏ ချိပ်တံဆိပ်တစ်ခုလည်း ရှိသည်။ ချိပ်တံဆိပ်၏ တည်ရှိမှုကြောင့် ဤနေရာတွင် တာဝေးတည်နေရာပြောင်းရွှေ့ခြင်းနည်းစနစ်များကို အသုံးမပြုနိုင်ပေ။ ထို့အတူ တည်နေရာပြောင်းရွှေ့ခြင်း ရတနာများသည်လည်း ဤနေရာမှာ အသုံးမဝင်ပေ။
သို့ဖြစ်၍ ရွှီချင်းက ဂျိဒုန်းဇီကို အချိန်ဆွဲရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့် သူတို့ကြားမှ အကွာအဝေးကို ကျယ်ပြောလာစေမည်။
သို့သော်လည်း ထိုအတွက် သူပေးဆပ်ရသည့် တန်ဖိုးသည် မသေးငယ်ပေ။
ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ဒဏ်ရာများသော်လည်းကောင်း၊ အရိပ်လေး၏ မှေးမှိန်မှုသော်လည်းကောင်း သို့မဟုတ် သူ့ကိုယ်ပိုင်ဒဏ်ရာများသော်လည်းကောင်း အရေးကြီးသော နေရာမှ ပါဝင်ခဲ့ကြသည်။ အကယ်၍ ထိုအတိုင်း ဆက်သွားနေမည်ဆိုလျှင် သူ့အတွက် အကျိုးရှိလိမ့်မည်မဟုတ်ချေ။
ထို့ပြင် (ဃ၁၃၂)လည်း ရှိသေးသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ (ဃ၁၃၂)သည် နတ်ဘုရားအတတ်ပညာဖြစ်သောကြောင့် မပျောက်ကွယ်သွားနိုင်ပေ။ (ဃ၁၃၂)က သေချာပေါက် ပြိုကွဲပျက်စီးသွားလိမ့်မည် ဖြစ်သော်လည်း သူ့အတွက် အချိန်အနည်းငယ် ဆွဲပေးနိုင်မည်ဆိုလျှင် ထိုက်တန်ပေသည်။
သူက (ဃ၁၃၂)ကို ပြန်လည်ဖွဲ့စည်းရန် အချိန်တချို့သာ လိုအပ်လိမ့်မည်။
မည်သို့ဖြစ်ပါစေ ကံကြမ္မာဆိုးအခွင့်အာဏာက နတ်ဘုရားလက်ချောင်းထံမှ ဆင်းသက်လာဟန်ရသော်လည်း ယင်းက ဟိုးယခင်ကတည်းက ရွှီချင်းအပိုင်ဖြစ်လာပြီးသား ဖြစ်သည်။ မေ့လျော့ခြင်းသည် ကမ္မနှင့် ကံကြမ္မာဆိုး၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ နတ်ဘုရားလက်ချောင်းနဲ့ အကျဉ်းသားတွေက မရှိတော့တာ စိတ်မကောင်းစရာပဲ… သူတို့ကို နောက်တစ်ကြိမ် အကျဉ်းချဖို့ လုပ်ရလိမ့်မယ် ”
ရွှီချင်းသည် အနည်းငယ် နောင်တရသွားသည်။ သို့သော်လည်း နတ်ဘုရားလက်ချောင်းက မည်မျှအသုံးမဝင်ကြောင်း သူစဉ်းစားမိသွားသောအခါ ၎င်းကို ဂရုမစိုက်တော့ပေ။
သူက ဆက်လက် ပျံသန်းသွားသည်။
ရွှီချင်း၏ ယခင်က လမ်းကြောင်းရွေးချယ်မှုသည် ဤနေရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာသည်။
အကယ်၍ မနေ့က သူသာ ရှန်းချီခြင်္သေ့နယ်မြေဆီသို့ ဆက်လက် ဦးတည်သွားမည်ဆိုလျှင် ယခုကဲ့သို့ သူထွက်ပြေးနိုင်ရန် ခက်ခဲလိမ့်မည်။
သို့သော်လည်း ယခုတော့ ခြားနားသွားသည်။ ဤနေရာသည် ကျူးလီတားမြစ်ဇုန်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ နောက်ထပ်နှစ်နာရီကြာပြီးလျှင် သူက ကျူးလီတားမြစ်ဇုန်၏ အစွန်းနားသို့ ဝင်ရောက်နိုင်လိမ့်မည်။
“ ရှေးဟောင်းနေလုံးကို ငါမထုတ်ပြခဲ့ဘူးဆိုရင် ဂျိဒုန်းဇီက ကျူးလီတားမြစ်ဇုန်ထဲထိ ငါ့ကို လိုက်ဖမ်းလောက်တယ်… ဒါပေမဲ့ အခုတော့… အဲ့လို သူမစွန့်စားဖို့ ရာခိုင်နှုန်းများတယ်… ”
“ တကယ်လို့ ဂျိဒုန်းဇီက ငါ့နောက်လိုက်ဖို့ လက်လျော့လိုက်မယ်ဆိုရင် တခြားဖြစ်နိုင်ခြေကို ငါထည့်စဉ်းစားရမယ်… ”
ရွှီချင်းက မြန်ဆန်စွာ ပျံသန်းနေရင်း ဆက်လက် တွေးတောလိုက်သည်။ တစ်ခဏကြာပြီးနောက် သူက (ဃ၁၃၂)၏ ပြိုကွဲမှုကို အာရုံခံမိသွားသောအခါ သူ၏ အတွေးက ရပ်တန့်သွားသည်။
“ မြန်လိုက်တာ… နတ်ဘုရားလက်ချောင်းက တကယ်အမှိုက်ပဲ ”
ရွှီချင်း၏ အမူအရာသည် အေးစက်သွားသည်။ သူက လျှာကိုက်လိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။ မြန်ဆန်လွန်းသောကြောင့် သူ၏ ပုံရိပ်ကို မမြင်နိုင်တော့ပေ။ အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှာ ဖြတ်သန်းသွားနေသည်ကိုသာ မြင်နိုင်ပေသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး တစ်နာရီ ကုန်ဆုံးသွားသည်။
သူက ကျူးလီတားမြစ်ဇုန်၏ အစွန်းသို့ ရောက်ရန် နောက်ထပ်တစ်နာရီသာ ဆက်ပြီး ခရီးနှင်ရတော့မည့်အချိန် ကောင်းကင်ပေါ်မှာ ပျံသန်းနေသော ရွှီချင်းသည် ရုတ်တရက် ဘေးဘက်သို့ တိမ်းရှောင်လိုက်သည်။
သူက တိမ်းရှောင်လိုက်စဉ် သွေးနီရောင်အလင်းသည် အစောနက သူရှိနေခဲ့သော နေရာမှာ တိုက်ရိုက် ပေါက်ကွဲသွားပြီး သွေးပန်းပွင့်တစ်ပွင့် ဖြစ်ပေါ်လာသည်။
မကြာမီ သွေးသည် ဘေးပတ်ဝန်းကျင်၌ ပျံ့နှံ့သွားပြီး တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။ ယင်းက ရွှီချင်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဘေးပတ်ဝန်းကျင်သည် သွေးဖြင့် စွန်းထင်သွားသည်။
မိုးကုပ်စက်ဝိုင်းတွင် မိုးခြိမ်းသံနှင့်အတူ ပျံသန်းလာနေသော ပုံရိပ်တစ်ခုလည်း ရှိသည်။ သူက ဤနေရာသို့ ဦးတည်လာနေသည်။
ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားပြီး သူက သွေးပန်းပွင့်များကို မြန်ဆန်စွာ တိမ်းရှောင်လိုက်သည်။ သို့သော်လည်း ဤနေရာတွင် ပွင့်လန်းလာသော သွေးပန်းပွင့်များသည် မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။ ထိုထဲမှ သွေးပန်းပွင့်တစ်ပွင့်သည် သူ၏ သတိမဲ့မှုကြောင့် သူ့နောက်ကို လိုက်မီသွားသည်။
သွေးပန်းပွင့်က ပေါက်ကွဲသွားပြီး သွေးအလင်းတန်းက သွေးချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားကာ ရွှီချင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ရွှီချင်းသည် တုန်လှုပ်သွားသည်။ ဝိညာဉ်ချည်မျှင်များက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ သွေးချည်မျှင်များကို ခုခံတားဆီးလိုက်သည်။ သို့သော်လည်း သွေးချည်မျှင်များသည် သာမန်မဟုတ်ပေ။ သွေးချည်မျှင်တချို့က ပြိုကွဲသွားသော်လည်း ချည်မျှင်တစ်ခုက ရွှီချင်း၏ ခါးနားမှာ ရစ်ပတ်သွားခဲ့သည်။
သွေးချည်မျှင်သည် မြန်ဆန်စွာ ရစ်ပတ်သွားပြီး ရွှီချင်းကို လေထဲမှာ အတင်းအဓမ္မ ရပ်တန့်သွားစေသည်။
ထိုသို့ရပ်တန့်သွားစဉ် ဂျိဒုန်းဇီသည် အဝေးမှ မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။ နောက်အခိုက်အတန့်မှာ သူက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။
သူ၏ အမူအရာသည် တင်းမာခက်ထန်နေပြီး သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ သူက အနားကပ်လာသည်နှင့်ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ ယင်းအစား သူက ချိပ်တံဆိပ်လက်ဟန်များကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်သည်။
ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်တွင် ပေါက်ကွဲသွားခဲ့သော သွေးပန်းပွင့်များမှ အကြွင်းအကျန်အစိတ်အပိုင်းများသည် သွေးနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းတို့က ရွှီချင်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ မြန်ဆန်စွာ ရစ်ပတ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်း၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာထွက်ပေါ်လာသည်။ သွေးနီရောင်အလင်းတန်းများသည် ဧရာမသွေးပိုးအိမ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
“ ဒီတစ်ကြိမ် မင်းဘယ်လိုထွက်ပြေးဦးမလဲ ငါကြည့်မယ် ”
ရွှီချင်းက သူ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့စဉ်က မည်မျှပြင်းထန်သော နာကျင်မှုကို သူခံစားခဲ့ရကြောင်း ပြန်တွေးမိသွားသောအခါ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဂျိဒုန်းဇီ၏ နှလုံးသားထဲမှာ ပေါက်ကွဲထွက်လာသည်။ သူက သွေးပိုးအိမ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားပြီး အထဲသို့ ဝင်ရောက်သွားသည်။
သို့သော်လည်း သူက သွေးပိုးအိမ်နှင့် ပေါင်းစပ်သွားပြီး ရွှီချင်းကို မြင်သွားသည့်အခိုက် ရွှီချင်း၏ မျက်နှာပေါ်မှာ စိုးရိမ်သော အမူအရာမရှိတော့ကြောင်း သတိပြုမိသွားသည်။ ယင်းအစား ရွှီချင်း၏ မျက်လုံးထဲတွင် စူးရှတောက်ပသော အလင်းရောင်သာ ရှိသည်။
တစ်ချိန်တည်းမှာ ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး ဂျိဒုန်းဇီဆီသို့ တွန်းလွှတ်လိုက်သည်။ သူ၏ ညာလက်ထဲတွင် လက်သည်းခွံအရွယ်ခန့် အညိုရောင်မီးဘောလုံးတစ်လုံး ရှိသည်။
မီးဘောလုံးသည် တဖျပ်ဖျပ် လင်းလက်နေသည်။ တစ်ခါတစ်ရံ ၎င်းက မြန်ဆန်စွာ ကြီးမားလာပြီး တစ်ခါတစ်ရံ ကျုံ့သွားသည်။ ဤသည်မှာ ၎င်းက မတည်မငြိမ်ဖြစ်နေဟန် ရသည်။
ပိုပြီးကြောက်စရာကောင်းသည်မှာ အညိုရောင်မီးဘောလုံး၏ ထွက်ပေါ်လာမှုက လောကကို ဖရိုဖရဲဖြစ်သွားစေသည်။ အနက်ရောင်တိမ်တိုက်များသည် ကောင်းကင်ပေါ်တွင် စုဝေးသွားကြပြီး ကျယ်လောင်သော မိုးခြိမ်းသံကို ထုတ်လွှတ်လာသည်။ လျှပ်စီးသွားများသည် တိမ်တိုက်များထဲမှာ ရွေ့လျားကူးခတ်နေကြသည်။ အညိုရောင်မီးဘောလုံး၏ ထွက်ပေါ်လာမှုက ယင်းတို့ကို ဆွဲဆောင်သွားပုံပေါ်သည်။
ဂျိဒုန်းဇီ၏ အသိစိတ်သည် လှုပ်ခါသွားသည်။ ယင်းက မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း အန္တရာယ်ကို ချက်ချင်း ခံစားမိသွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတိုင်းက လွတ်လပ်သော တည်ရှိမှုများ ဖြစ်လာကြပြီး ထိုမီးဘောလုံးက မည်မျှအန္တရာယ်များကြောင်း သူ့ကို အော်ဟစ်သတိပေးနေသည့်အလားပင်။
ထို့ကြောင့် သူက လုံးဝတုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်ဆုတ်သွားသည်။
သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
ရွှီချင်းသည် လက်သည်းခွံအရွယ်အစားရှိသော အညိုရောင်မီးဘောလုံးကို ညင်သာစွာ ပစ်လွှတ်လိုက်သည်။ မီးဘောလုံးသည် ဂျိဒုန်းဇီဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ၎င်းက လေထဲမှာ မျောလွင့်နေစဉ် မြန်ဆန်စွာ ကြီးမားလာသည်။
၎င်း၏ မတည်ငြိမ်မှုသည် ပိုပြီးပြင်းထန်လာသည်။
နောက်အခိုက်အတန့်မှာ ကျယ်လောင်သော ပေါက်ကွဲသံသည် သွေးပိုးအိမ်ထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ မီးတောက်များက သွေးပိုးအိမ်ထဲမှ ထွက်ပေါ်လာသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပျံ့လွင့်လာသည်။
ထိုအရှိန်အဝါသည် အဖျက်အဆီးစိတ်ဆန္ဒကို သယ်ဆောင်ထားသည်။ ဤသည်မှာ ၎င်းမလောင်ကျွမ်းပစ်နိုင်သော အရာက ဤလောကထဲမှာ မရှိသည့်အလားပင်။ ဤအခိုက်အတန့်မှာ မီးတောက်က ပျံ့နှံ့ထွက်လာသည့်အခါ သွေးပိုးအိမ်သည် ယင်းကို မတောင့်ခံနိုင်ဘဲ တိုက်ရိုက် လောင်ကျွမ်းခံလိုက်ရသည်။
မရေမတွက်နိုင်သော လျှပ်စီးသွားများသည် မိုးကြိုးမုန်တိုင်းတစ်ခုသဖွယ် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသည်။ ယင်းတို့က လေခွင်းသံနှင့်အတူ သွေးပိုးအိမ်ပေါ်သို့ တိုက်ရိုက် ထိမှန်သွားကြသည်။
လျှပ်စီးသွားများက ဆင်းသက်လာသည့်အခိုက် အညိုရောင်မီးတောက်များက ပိုပြီးကျယ်ပြောစွာ ပေါက်ကွဲထွက်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးနှင့် မိုးကြိုးသည် ကောင်းကင်အထိ ပျံတတ်သွားသည်။ ယင်းက ကမ္ဘာဖျက်မီးလျှံမိုးကြိုးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
မုန်တိုင်းဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။
မုန်တိုင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားသည် အလွန်အံ့ဖွယ်ကောင်းသည်။ ဂျိဒုန်းဇီ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထိုမီးလျှံမိုးကြိုးမုန်တိုင်းဖြင့် တိုက်ရိုက် လွှမ်းခြုံခံလိုက်ရသည့်အခါ နှလုံးခုန်မြန်သွားသည်။
ယင်းက အတိတ်တွင် အရိပ်လေးက တားမြစ်ဇုန်ကို ဝါးမျိုပြီးနောက် ရွှီချင်းကို ပေးအပ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် မီးဘောလုံးမှလွဲ၍ တခြားမဟုတ်ပေ။ အရိပ်လေးက ၎င်းကို ‘ဗုန်း ဗုန်း ဗုန်း’ဟု နာမည်ပေးခဲ့သည်။
ရွှီချင်းသည် ထိုအကွက်ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ မီးတောက်များ ထွက်ပေါ်လာသည့်အခိုက် အရိပ်လေးကို သူ၏ တစ်ကိုယ်လုံးအား လွှမ်းခြုံခိုင်းလိုက်သည်။
အရိပ်လေးက လောင်ကျွမ်းခံနေရသောကြောင့် နာကျင်စွာ အော်ဟစ်နေသော်လည်း ထိုမီးဘောလုံးက ၎င်းထံမှ ဖြစ်တည်လာခြင်းဖြစ်လေရာ အပူဒဏ်ကို အတိုင်းအတာတစ်ခုထိ တောင့်ခံနိုင်သည်။
ရွှီချင်းက ကျန်ရှိသော အပူဒဏ်ဖြင့် သက်ရောက်ခံနေရဆဲဖြစ်သော်လည်း ထိုမျှအပူကို ခံနိုင်ရည်ရှိသည်။
သူက ရလဒ်ကိုပင် မကြည့်တော့ချေ။
တစ်ဖက်လူက ထိုမျှကြောက်စရာကောင်းသော မီးလျှံမိုးကြိုးမုန်တိုင်းအောက်မှာ သေဆုံးသွားရန် သေချာသလောက်ရှိသော်လည်း ရွှီချင်းသည် သတိကြီးသူဖြစ်သည်။ သို့ဖြစ်၍ ယင်းက ထောက်ချောက်တစ်ခုဖြစ်နေမည်ကို သူစိုးရိမ်သည်။
မည်သို့ဖြစ်ပါစေ ယင်းက မသေချာသော ကိစ္စဖြစ်သည်။ မသေချာသော မည်သည့်ကိစ္စမဆို ငါးဆယ် ငါးဆယ် ရာခိုင်နှုန်းသာ ဖြစ်နိုင်ခြေရှိသည်။
သို့သော်လည်း အကယ်၍ သူက ယင်းကို ဂရုမစိုက်ဘူးဆိုလျှင် ပြဿနာရှောင်ရှားနိုင်မည့် ဖြစ်နိုင်ခြေသည် တစ်ရာရာခိုင်နှုန်းဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းက ချက်ချင်း အနောက်ဆုတ်သွားပြီး ကျူးလီတားမြစ်ဇုန်၏ ဦးတည်ရာဆီသို့ ပျံသန်းသွားသည်။
ရွှီချင်းထွက်သွားပြီး သိပ်မကြာမီ အညိုရောင်မီးတောက်များကြားတွင် ဂျိဒုန်းဇီ၏ ပုံရိပ်က လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားသည့်အခိုက် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်သော အင်အားသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ပေါက်ကွဲမှုသည် ကီလိုမီတာ(၅၀)ဧရိယာကို လွှမ်းခြုံသွားသည်။
ထိုပေါက်ကွဲမှုက အညိုရောင်မီးတောက်များကို မနှိုင်းယှဉ်နိုင်သော်လည်း ဘေးပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိသည်။
ကံကောင်းစွာဖြင့် ရွှီချင်းက ထွက်ခွာသွားပြီးပြီ ဖြစ်သည်။ သို့မဟုတ်လျှင် သူက ပေါက်ကွဲမှုဖြင့် သက်ရောက်ခံရလိမ့်မည်။
တစ်ခဏကြာပြီးနောက် ကီလိုမီတာ(၅၀)အတွင်းမှ အားလှိုင်းအတတ်အကျများက လွင့်ပြယ်သွားပြီး အညိုရောင်မီးတောက်များက ငြိမ်းသတ်သွားသည့်အခါ အချင်းဝက် (၅)ကီလိုမီတာ ကျယ်ဝန်းသော တွင်းနက်တစ်ခုက ထိုဧရိယာထဲမှာ ထွက်ပေါ်လာသည်။ ထိုတွင်းနက်ထဲမှ အရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အညိုရောင်မီးတောက်များကြောင့် ဗလာနတ္ထိဖြစ်သည်အထိ လောင်ကျွမ်းခံလိုက်ရသည်။
ကီလိုမီတာ(၅၀)ကျယ်ဝန်းသော ဧရိယာထဲတွင် အဖျက်အဆီးအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ ယင်းက ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာ ပုံရိပ်တစ်ခုသည် မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာပြီး လေထဲတွင် ရပ်လိုက်သည်။ သူ၏ အကြည့်က မြေပြင်ပေါ်မှ ဧရာမတွင်းနက်ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ အမူအရာက မည်းမှောင်သွားသည်။
ထိုလူသည် ဂျိဒုန်းဇီဖြစ်သည်။
“ ရွှီချင်းက သတ်ဖို့ အတော်ခက်ခဲတာပဲ ”
အေးစက်စက် အလင်းသည် ဂျိဒုန်းဇီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အစောနက သူသည် သတိကြီးစွာထားရှိသောကြောင့် သူ့ကိုယ်စား သွေးကိုယ်ပွားတစ်ခုကို ရွှီချင်းနောက်သို့ လိုက်ဖမ်းစေခဲ့သည်။ သူ၏ မူလခန္ဓာကိုယ်သည် အထူးအတတ်ပညာတချို့ကို အသုံးပြုပြီးနောက် ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေခဲ့သည်။
ထို့ပြင် သူ၏ သွေးကိုယ်ပွားကို ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခိုင်းခဲ့ပြီး သေစေနိုင်သော တိုက်ကွက်ကို ထုတ်ဖော်စေခဲ့သည်။
သူ၏ အတွေးအရ မည်သို့ဖြစ်ပါစေ ရွှီချင်းသည် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလိမ့်မည်။ သို့သော်လည်း ယခုဖြစ်ပေါ်လာသော ရလဒ်အရ တစ်ဖက်လူ၏ နည်းလမ်းများသည် ထူးဆန်းရုံသာမက သူ၏ ခန့်မှန်းနိုင်စွမ်းထက်လည်း ကျော်လွန်နေသည်။
ထို့ပြင် ရွှီချင်း၏ သတိကြီးသော အကျင့်စရိုက်ကြောင့် သူ့သွေးကိုယ်ပွား၏ ဖောက်ခွဲမှုက အလဟဿဖြစ်သွားခဲ့သည်။
“ သေစမ်း ”
ဂျိဒုန်းဇီသည် ခေါင်းမော့လိုက်ပြီး ရွှီချင်းထွက်သွားခဲ့သော ဦးတည်ရာကို ကြည့်လိုက်သည်။ သူ၏ အမူအရာသည် ပိုပြီးမည်းမှောင်လာသည်။ သူက အမှန်တကယ် စတင်နောင်တရလာသည်။
ရွှီချင်းကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု အစက သူတွေးထားခဲ့သည်။
သို့သော်လည်း သူက တိုက်ပွဲစွမ်းအားအရ အသာစီးရရှိထားသော်လည်း တစ်ဖက်လူမှာ နည်းလမ်းများစွာ ရှိသည်။ ထို့ကြောင့် သူက အားကုန်ထုတ်သုံးရုံမှလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ပေ။
“ ငါ ဆက်လိုက်သင့်လား… ”
ဂျိဒုန်းဇီ၏ ဝိညာဉ်သည် နာကျင်သွားသည်။ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။
“ မင်းက ကျူးလီတားမြစ်ဇုန်ဆီ သွားချင်နေမှတော့… အဲ့ဒီကို ငါလိုက်ပို့ပေးမယ် ”
ဂျိဒုန်းဇီက တီးတိုးရေရွတ်လိုက်သည်။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံတစ်ယောက်အနေဖြင့် သူက ကျူးလီတားမြစ်ဇုန်အကြောင်းကို တခြားလူများထက် ပိုပြီးသိထားသည်။ ထိုနေရာသည် တားမြစ်နယ်မြေဖြစ်ကြောင်း ရှင်းလင်းစွာ သူသိသည်။
မဟာအမဲလိုက်ပွဲတော်တိုင်းမှာ ကိုယ့်ကိုယ်ကို အထင်ကြီးသည့် ကောင်းကင်အရွေးချယ်ခံတချို့ ရှိကြသည်။ သူတို့က ကျူးလီတားမြစ်ဇုန်ထဲမှာ ကံကြမ္မာကောင်းကို ရယူနိုင်လိမ့်မည်ဟု ထင်မှတ်ကြသည်။
သို့သော်လည်း တကယ့်လက်တွေ့မှာ ကျူးလီတားမြစ်ဇုန်ထဲသို့ ဝင်ရောက်သွားခဲ့သော မည်သည့်ပြိုင်ပွဲဝင်သူမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ပေ။
ထိုသို့တွေးမိသောအခါ ဂျိဒုန်းဇီသည် ရွှီချင်းနောက်ကို ဆက်လိုက်ရန် လက်လျော့လိုက်သည်။ သို့သော်လည်း သူက မမြန်လွန်း မနှေးလွန်းသော အလျင်နှင့်အတူ အနောက်မှ လိုက်ဖမ်းသည်။ သူက အကွာအဝေးတစ်ခုခြား၍ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖိအားတစ်ခုအနေဖြင့် ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ သူက ရွှီချင်းကို ကျူးလီတားမြစ်ဇုန်ထဲသို့ မရောက်ရောက်အောင် တွန်းပို့နေဟန် ရ၏။
ရွှီချင်းသည်လည်း ယင်းကို မြန်ဆန်စွာ သတိပြုမိသွားသည်။ တုံ့ဆိုင်းမှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းက ဆုံးဖြတ်ချက်ပြတ်သားမှုအဖြစ် ပြောင်းလဲသွားသည်။ သူ့မှာ ဤအခြေအနေမှ လွတ်မြောက်နိုင်မည့် တခြားနည်းလမ်းမရှိပေ။
ထိုသို့ဆိုမှတော့ သူ၏ မူလအစီအစဉ်အတိုင်း ကျူးလီတားမြစ်ဇုန်ထဲသို့ ဝင်ရောက်ခြင်းသည် အကောင်းမွန်ဆုံး ရွေးချယ်မှုဖြစ်သည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် သူ၏ ရင်ဘက်ကို ထိလိုက်သည်။ ထိုနေရာသည် ခရမ်းသလင်းကျောက်တည်ရှိသော နေရာဖြစ်သည်။ သူက ရင်ဘက်ကို ကြမ်းတမ်းစွာ ဖိနှိပ်လိုက်လေရာ ကျင့်ကြံခြင်းအခြေခံသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးက ခရမ်းရောင်တောက်ပလာသည်။
သူက ခရမ်းသလင်းကျောက်ကို လှုံ့ဆော်ပြီးနောက် မြန်ဆန်စွာ ပြန်ကောင်းမွန်နိုင်သော ကုသခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။
ထို့နောက် သူက လုံးဝတုံ့ဆိုင်းမနေဘဲ ကျူးလီတားမြစ်ဇုန်ဆီသို့ ပျံသန်းသွားသည်။
တစ်နာရီကြာပြီးနောက် မီးခိုးရောင်မြူခိုးဖြင့် လွှမ်းခြုံခံထားရသော ကျူးလီတားမြစ်ဇုန်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။
ထိုဧရိယာသည် မီးခိုးရောင်မြူခိုးဖြင့် ပြည့်နှက်နေသည်။ မြူခိုးက တအိအိလှုပ်ရှားသွားသည့်အခါတိုင်း နာကျင်ခံစားနေရသော မျက်နှာများက မြူခိုးထဲမှာ ထွက်ပေါ်လာကြပြီး အသံမဲ့စွာ ငိုကြွေးကြသည်။ ထို့နောက် စိတ်ပျက်အားလျော့ခြင်း၊ ရူးသွပ်ခြင်းဖြင့် ပြည့်နှက်နေသော ဟိန်းသံများက မြူခိုး၏ အတွင်းပိုင်းထဲမှ ပဲ့တင်ထပ်လာသည်။
ကျူးလီတားမြစ်ဇုန်ကို ကြည့်နေရင်း ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ မီးခိုးရောင်မြူခိုးထဲသို့ တိုက်ရိုက် ဝင်ရောက်ပျောက်ကွယ်သွားသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ဂျိဒုန်းဇီ၏ ပုံရိပ်သည် ကျူးလီတားမြစ်ဇုန်၏ အပြင်မှာ ထွက်ပေါ်လာသည်။ သူက မီးခိုးရောင်မြူခိုးကို စိုက်ကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
“ ရွှီချင်းက ကျူးလီတားမြစ်ဇုန်အကြောင်းကို နည်းနည်း သိထားတယ်လို့ သူ့ကိုယ်သူ ထင်မှတ်နေပုံပဲ… ဒါပေမဲ့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာကောင်းကင်အရွေးချယ်ခံတွေပဲ သိထားတဲ့ လျှို့ဝှက်ချက်တချို့ကိုတော့ သူမသိထားဘူး ”
“ ဥပမာ တစ်စုံတစ်ယောက်က ဒီမီးခိုးရောင်မြူခိုးနဲ့ ထိတွေ့သွားတာနဲ့ ကျူးလီတားမြစ်ဇုန်ကနေ အသက်ရှင်လျက် ပြန်မထွက်လာနိုင်တော့ဘူး… ”