တော်တော်နားညီးတာပဲ
Vol. 100 Ch. 1488
လွန်ခဲ့သည့်နှစ်တစ်ရာကျော်က ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခဲ့၏။ မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းချုပ်များအားလုံးသည် သူ့ထံသို့ အရိုအသေ လာရောက်ပေးခဲ့ရ၏။
အဲ့ဒီနောက် ဆူဇီမိုသည် ကျားနဂါးဂိုဏ်းကို ဖျက်ဆီးပြီး သူတို့၏ ကျင့်ကြံမှုနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များအားလုံးကို ဆန်းကြယ်တောင်ထွတ်မှာ ချန်ထားရစ်ခဲ့၏။
ကျားနဂါးဂိုဏ်းမှာ.. ဆူဇီမိုသည် အဆင့်မြင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များထံမှ အဆင့်မြင့်ဆေးလုံးများစွာ ၊ တာအိုအရှင် ဓမ္မလက်နက်များနှင့် အလွန်များပြားသည့် စိတ်ဝိညာဥ်ကျောက်တုံးပမာဏကို ရရှိခဲ့လေသည်။
နောက်ပိုင်းတွင် ကိုယ်တော်ယွမ်ပေ ကွယ်လွန်သွားသောအခါ ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ ရှေးဟောင်းကျမ်းစာအုပ်များအားလုံးကို ဆန်းကြယ်တောင်ထွတ်သို့ ရွှေ့ပြောင်းခဲ့၏။
ဤကဲ့သို့ များပြားလှစွာသော ကျင့်ကြံမှုအရင်းအမြစ်များနှင့် ကြွယ်ဝသော ကျင့်ကြံရေးနည်းစနစ်များ ၊ လျှို့ဝှက်အတတ်များနှင့်အတူ ဆန်းကြယ်တောင်ထွတ်၏ ကျင့်ကြံသူများစွာသည် သူတို့၏ ကျင့်ကြံမှုအဆင့်များကို မြှင့်တင်နိုင်ခဲ့ကြ၏။
ဆန်းကြယ်တောင်ထွတ်သည် ကျားနဂါးဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်များကို ရရှိခဲ့ရုံသာမဟုတ်ပဲ တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်၏ အရင်းအမြစ်များကိုလည်း ရရှိခဲ့လေသည်။
လွန်ခဲ့သည့်နှစ်တစ်ရာကျော်က အင်မော်တယ်ကြိုးကြာအိုကြီးသည် နောက်တစ်ဖန် အဆင့်ချိုးဖျက်တက်လှမ်းပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာခဲ့၏။
ဆန်းကြယ်တောင်ထွတ်၏ ဂိုဏ်းချုပ် လင်းယွမ်ကတော့ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက် ဖြစ်လာခဲ့လေသည်။
အရင်တုန်းက တောင်ထွတ်သခင် ငါး ယောက်ဖြစ်ခဲ့သော ရွှမ်ယီ ၊ လျှိုဟွေ့နှင့် အခြားသူများကတော့ မူလနတ္ထိအဆင့်ကို ရောက်ရှိနေကြလေပြီ။
ဤနှစ်များအတွင်း ဂိုဏ်း၏ မြင့်မားတိုးတက်မှုနှင့် တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်ကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများ၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကြောင့် ဓမ္မဝိသေသတာအိုအရှင်နှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်လာခဲ့ကြ၏။
နန်းကြည်အပါအဝင် ဆန်းကြယ်တောင်ထွတ်၏ လက်ရှိခွန်အားနှင့် အခြေခံအုတ်မြစ်သည် အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းနှင့် မတိမ်းမယိမ်းမှာရှိနေ၏။
ဤနေ့တွင်...
လူငါးယောက်က ဆန်းကြယ်တောင်ထွတ်၏ အထက်ကောင်းကင်သို့ ရောက်ရှိလာကြ၏။
သူတို့ငါးယောက်သည် မတူညီသော အရပ်ငါးဘက်သို့ ဆင်းသက်၍ မတ်တတ်ရပ်ကာ ဆန်းကြယ်တောင်ထွတ်ကို အလယ်မှာထားပြီး ဝန်းရံလိုက်ကြ၏။
“အဲ့ဒါဘယ်သူလဲ”
ဝင်ပေါက်ဝကို စောင့်ကြပ်နေသော ကျင့်ကြံသူက အော်ဟစ်မေးမြန်းလိုက်၏
သူတို့ငါးယောက်ထဲမှ အေးစက်၍ ထက်ရှသော ကျင့်ကြံသူတစ်ယောက် မလှုပ်မယှက် ရှိနေ၏။ သို့သော်လည်း သူ၏ မျက်လုံးများထဲမှ တောက်ပနေသော အလင်းတစ်ချက်က ဖြာလက်သွား၏။
တောင်ကုန်းဂိတ်တံခါးကို စောင့်ကြပ်နေသော ကျင့်ကြံသူသည် ချက်ချင်းပင် နှစ်ပိုင်းထိုးခွဲခံလိုက်ရပြီး သူ၏ သွေးများက နေရာမှာပင် ပြန့်ကျဲကာ သေဆုံးသွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေဖြင့် သီကြွယ်ထံမှ အကြည့်တစ်ချက်ကပင်လျှင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်လေသည်။
ဒေါင်... ဒေါင်... ဒေါင်...
ဆန်းကြယ်တောင်ထွတ်မှ သတိပေးခေါင်းလောင်းသံများက ထွက်ပေါ်လာ၏။
များစွာသော ကျင့်ကြံသူများက ပေါ်ထွက်လာပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။
အင်မော််တယ်ကြိုးကြာ ၊ လင်းယွမ် ၊ ရွှမ်ယီနှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။
“ဟမ့်... ဒီအော်ရာက...”
အင်မော်တယ်ကြိုးကြာအိုကြီးသည် လေထဲရှိ ပုဂ္ဂိုလ်ငါးယောက်ကိုကြည့်ရင်း သူမ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
“တစ်ပိုင်းမျိုးနွယ်စု... တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေ”
ဘေးတွင်ရှိသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဖြူဖပ်ဖြူရော် အမူအရာနှင့်အတူ အံအားတသင့် ရေရွတ်လိုက်၏။
ထိုရေရွတ်သံက ဆန်းကြယ်တောင်ထွတ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
ဆန်းကြယ်တောင်ထွတ် ကျင့်ကြံသူအများစု၏ စိတ်နှလုံးသားထဲတွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ဒဏ္ဍာရီလာတည်ရှိမှုများဖြစ်ပြီး သူတို့နှင့် ကမ္ဘာတစ်ခုခြားနားလေသည်။
ယနေ့... သူတို့သည် ထိုပုဂ္ဂိုလ်များကို မြင်တွေ့နေရပြီဆိုတော့..။
ဒါ့အပြင် သူတို့ငါးယောက်က ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ပေါ်ထွက်လာကြခြင်းဖြစ်၏။
ကြောက်စရာအကောင်းဆုံးအချက်မှာ ထိုတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးငါးယောက်သည် သိသိသာသာရန်လိုစိတ်ရှိ၍ ခက်ထန်နေကြခြင်းဖြစ်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးငါးယောက်၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်တွင် ဆန်းကြယ်တောင်ထွတ်၏ တောင်ထွတ်ငါးခုသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပဲ တောင်ကုန်းများပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
အင်မော်တယ်ကြိုးကြာအိုကြီးသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးငါးယောက်ကို မသိရှိသော်လည်း သူတို့၏ ဂိုဏ်းအမှတ်အသားများမှတစ်ဆင့် သူမက နားလည်သဘောပေါက်သွားခဲ့၏။
ဓားဂိုဏ်း ၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်။
ထိုထိပ်သီးဂိုဏ်းကြီးများသည် ဆူဇီမိုနှင့် အလွန်တရာနက်ရှိုင်းသော ရန်ငြိုးရန်စများရှိကြလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ငါးယောက်သည် အထီးကျန်သိုင်းသခင်အတွက် ရောက်လာတာ ဖြစ်ရပေမည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ စွမ်ပကားနှင့်ရင်ဆိုင်ရချိန်တွင် ဆန်းကြယ်တောင်ထွတ်၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ထိတ်လန့်တကြားအမူအရာရှိလာပြီး တုန်ရီနေသောအသံဖြင့် ပြောလိုက်၏။
“တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေကို နှုတ်ဆက်ပါတယ်... အထီးကျန်သိုင်းသခင်က ဆန်းကြယ်တောင်ထွတ်မှာမရှိပါဘူး... သူက...”
“အဲ့ဒါက အရေးမကြီးဘူး”
သီဖန်းက အေးစက်စက်အမူအရာဖြင့် ဖြတ်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ဆန်းကြယ်တောင်ထွတ်ကနေ လာခဲ့တာပဲ... အဓိကက အဲ့ဒါပဲ”
“အခါ ငါတို့ဒီကို ရောက်လာပြီဆိုမှတော့... ဆန်းကြယ်တောင်ထွတ်က ကျင့်ကြံသူတွေက ဆက်ပြီးအသက်ရှင်ဖို့ အိပ်မက်သာမက်နေလိုက်တော့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ထံမှ စကားတစ်ခွန်းသည် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းကို သေမိန့်ပေးလိုက်လိုက်ခြင်းနှင့် တူလေသည်။
အင်မော်တယ်ကြိုးကြာအိုကြီးက ခါးသီးစွာ ခံစားလိုက်ရ၏။
သူမသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံလာနိုင်ခဲ့လျှင်တောင် သူမသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ ကူကယ်ရာမဲ့နေဆဲ ဖြစ်၏။
ပကတိခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် သူမမှာ ခုခံစရာနည်းလမ်း မရှိတော့ပေ။
“ကျေး... ကျေးဇူးပြုပြီး ချမ်းသာပေးပါ စီနီယာ”
ဆန်းကြယ်တောင်ထွတ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် ဒူးထောက်ချပြီး ထိတ်လန့်တကြား အမူအရာများနှင့်အတူ အော်ဟစ်တောင်းပန်လိုက်ကြ၏။
“အဲ့ဒါက ငါ့အမှား မဟုတ်ဘူး”
သီဖန်းက အေးစက်စွာ ပြောလိုက်၏။
“မင်းတို့တွေက ဆန်းကြယ်တောင်ထွတ်ကို မဝင်ရောက်ခဲ့သင့်ဘူး... မင်းတို့က အထီးကျန်သိုင်းသခင်နဲ့လည်း မပတ်သက်ခဲ့သင့်ဘူး... အဲ့ဒါက မင်းတို့ရဲ့ အမှားပဲ”
“ကျုပ်တို့က ဆန်းကြယ်တောင်ထွတ်ကို နောက်ပိုင်းမှ ဝင်ရောက်လာတာ... ကျုပ်တို့က အထီးကျန်သိုင်းသခင်ကို တစ်ခါမှ မတွေမြင်ဖူးသလို ဆန်းကြယ်တောင်ထွတ်နဲ့လည်း ဘာမှမပတ်သက်ပါဘူး”
စွမ်းအားကြီးပုဂ္ဂိုလ်များက အသည်းအသန်ခုခံပြောဆိုလိုက်ကြ၏။
“သူတို့နဲ့ လေကုန်ခံမနေနဲ့”
သီကြွယ်က လှောင်ရယ်လိုက်ပြီး သူ၏အင်္ကျီလက်စကို ဝေ့ယမ်းလိုက်၏။
ချက်ချင်းပင် ဓားချီတချို့က အလွန်တရာမြန်ဆန်သော နှုန်းထားဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့၏ မျက်စိရှေ့မှာပင် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ နှာရောင်များထဲသို့ ဝင်ရောက်သွားကြ၏။
ဆန်းကြယ်တောင်ထွတ်၏ ဤစွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ ဂုဏ်သိက္ခာနှင့် အခြားအရာရာတိုင်းကို စွန့်လွှတ်ကာ အသက်ရှင်သန်ဖို့အတွက် အသနားခံတောင်းပန်ခဲ့ကြ၏။ သို့သော်လည်း သူတို့သည် အရင်ဆုံး သေရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
သီကြွယ်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက် ဖြစ်နေသည်ကို ထည့်ပြောစရာမလိုပေ။
သီကြွယ်က ပေါင်းစည်းခန္ဓာအဆင့်မှာရှိနေမည်ဆိုလျှင်တောင် ဤစွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် သူ၏ခုတ်ချက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ကြိုးကြာအိုကြီးက သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
ဆန်းကြယ်တောင်ထွတ်သည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်လာရသောအခါ ဤစွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ဆန်းကြယ်တောင်ထွတ်နှင့် သူတို့၏ ပတ်သက်ဆက်နွယ်မှုကို ဖြတ်တောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြ၏။
သူတို့၏ သေဆုံးမှုအပေါ် အင်မော်တယ်ကြိုးကြာအိုကြီး၏ ရင်ထဲမှာ သနားကြင်နာမှု ရှိမလာခဲ့ပေ။
“အသက်သွင်းကြ”
အင်မော်တယ်ကြိုးကြာအိုကြီးက အော်ပြောလိုက်၏။
ရွှမ်ယီနှင့် အခြားသူများက ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီဖြစ်ပြီး သူတို့၏ လက်ချောင်းထိပ်များမှာ ဓမ္မစွမ်းအားများက ပေါက်ကွဲထွက်လာကာ ဆန်းကြယ်တောင်ထွတ်၏ တစ်ထောင့်တစ်နေရာဆီသို့ ဝင်ရောက်သွားကြ၏။
ဇီ....
ဝင်္ကပါအင်းကွက်များက လင်းလက်လာခဲ့၏။
ဆန်းကြယ်တောင်ထွတ်၏ ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို အသက်သွင်းလိုက်လေပြီ။
“ငါတို့ရှေ့မှာ ဒီလိုအစီအရင်ဝင်္ကပါတစ်ခုကို ဘယ်လိုတောင်ထုတ်ဖော်ရဲတာလဲ... အတော်မိုက်မဲတာပဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်က လှောင်ရယ်၍ သူ၏လက်ဖဝါးကို ဆန့်ထုတ်ကာ ကောင်းကင်ထက်သို့ စေညွှန်လိုက်၏။
ချက်ချင်းပင် ဆန်းကြယ်တောင်ထွတ်၏ ကောင်းကင်ထက်မှာ နက်မှောင်နေသော တိမ်စိုင်များက ပြည့်နှက်လာ၏။
ဘုန်း...
ဧရာမမိုးကြိုးတစ်စင်းသည် ဆင်းသက်လာခဲ့ပြီး ဆန်းကြယ်တောင်ထွတ်၏ ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို ပစ်ချလိုက်၏။
ဖျောက်.... ဖျောက်... ဖျောက်...
ဂိုဏ်းကာကွယ်ရေးဝင်္ကပါပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ဆန်းကြယ်တောင်ထွတ် ကျင့်ကြံသူများစွာ၏ စိတ်ပျက်အားငယ်သော အကြည့်များအောက်မှာပင် ၎င်းက ကြေမွပျက်စီးသွား၏။
ဂိုဏ်းကာကွယ်ရေးဝင်္ကပါသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်ထံမှ သာမန်ကာလျှံကာ တိုက်ခိုက်မှုတစ်ရပ်ကိုပင် မခုခံနိုင်ပေ။
အင်မော်တယ်ကြိုးကြာအိုကြီးက သက်ပြင်းချလိုက်၏။
ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ဆန်းကြယ်တောင်ထွတ်၏ အခြားသောကျင့်ကြံသူများကို မပြောနှင့် သူမပင်လျှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးငါးယောက်၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်မျှသာဖြစ်နေ၏။
သူမသည် အလွယ်တကူဖိချေခံရနိုင်၏။
“မပူပါနဲ့'
သီဖန်းက ညင်သာစွာ ပြုံးပြလိုက်၏။
“ငါတို့က မင်းတို့တွေအကုန်လုံးကို တစ်နေ့တည်းနဲ့ မသတ်ပါဘူး... ငါတို့က မင်းတို့ကို ဖြည်းဖြည်းချင်းသတ်မှာ”
“ဒီနေ့... မင်းတို့ထဲက တစ်ဝက်ပဲ အသတ်ခံရလိမ့်မယ်”
“နောက်ထပ်တစ်ဝက်ကို... ငါတို့က မနက်ဖြန်မှ သတ်မယ်”
“ငါက ဒီသတင်းကို ဖြန့်ပေးလိုက်မယ်ဆိုရင် အထီးကျန်သိုင်းသခင်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ရှိနေသရွေ့ သူက အဲ့ဒါကို သေချာပေါက်သိသွားလိမ့်မယ်”
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် စိတ်ပျက်အားငယ်သော အမူအရာများရှိလာကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးငါးယောက်က အကြည့်ချင်းဖလှယ်ပြိး ရယ်မောလိုက်ကြ၏။
“နင်တို့ငါးယောက် တော်တော်နားညီးတာပဲ... နင်တို့တွေ... ဒီနေရာကနေ ဝေးဝေးကို ထွက်မသွားနိုင်ဘူးလား”
ရုတ်တရက် ဆန်းကြယ်တောင်ထွတ်ကနေ အသံတစ်သံက ထွက်ပေါ်လာ၏။ အဲ့ဒါက အမျိုးသမီးတစ်ယောက်၏ အသံဖြစ်ပြီး နားထောင်ရသည်မှာ အလွန်တရာ သာယာနာပျော်ဖွယ် ကောင်းလေသည်။
သို့သော်လည်း သူမ၏ လေသံတွင် စိတ်မရှည်နိုင်မှုနှင့် မနှစ်မြို့မှုတို့က ပါဝင်နေ၏။
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် မှင်တက်သွားပြီး အလိုလိုလှည့်ကြည့်လိုက်ကြ၏။
သူတို့ထဲမှ တစ်စုံတစ်ယောက်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ဤကဲ့သို့ ရိုင်းပျစွာ ပြောဆိုရဲသည်လား။
သီဖန်းနှင့် အခြားသူများ၏ အကြည့်ကလည်း ရွေ့လျားသွားပြီး တစ်ချိန်တည်းမှာပင် အမျိုးသမီးတစ်ယောက်ပေါ်သို့ ကျဆင်းလာကြ၏။
အမျိုးသမီးသည် လူအုပ်ကြီးထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။ သူမသည် ပေါင်းစည်းခန္ဓာအဆင့်မှာရှိပြီး သူမဘေးရှိ အခြားသူများထက် ခေါင်းတစ်လုံးစာ ပိုမြင့်လေသည်။ သူမ၏ အသားအရည်က နှင်းကဲ့သို့ဖြူဖွေးနေပြီး သူမ၏ မျက်လုံးထဲရှိ စိမ်းသက်သော ညို့ငင်ဓာတ်တစ်ခုနှင့်အတူ အလွန်တရာချောမောလှပနေ၏။
“ဟမ်...”
သီဖန်းနှင့် အခြားသူများက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။
ဤအမျိုးသမီးသည် လူသားတစ်ယောက်နှင့်လုံးဝ ကွဲပြားခြားနားခြင်း မရှိသော်လည်း သူတို့သည် နှစ်ပေါင်းတစ်သောင်းကျော်ကြာ ရှင်သန်နေထိုင်လာခဲ့သူများဖြစ်ပြီး တစ်စုံတစ်ရာလွဲမှားနေသည်ကို ချက်ချင်းပင် ခံစားမိနိုင်လေသည်။
အင်မော်တယ်ကြိုးကြာအိုကြီးကလည်း မှင်တက်သွား၏။
အကြောင်းမှာ သူမသည် ဤအမျိုးသမီးကို အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့သောကြောင့်ပေ။ အဲ့ဒါထက် ဤအမျိုးသမီး ဤနေရာသို့ ဘယ်အချိန်က ရောက်လာခဲ့သည်ကို သူမ မသိရှိပေ။