ယက္ခယု၏ အမျက်ဒေါသ
Vol. 100 Ch. 1489
ယက္ခယု၏ အစွမ်းအစအရ သူမအနေဖြင့် အင်မော်တယ်ကြိုးကြာအိုကြီးနှင့် ဆန်းကြယ်တောင်ထွတ်၏ လူတိုင်းထံကနေ သူမကိုယ်သူမ ဖုံးကွယ်ထားဖို့က အရမ်းကို လွယ်ကူလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူမက ဤနေရာကို တိတ်တဆိတ် စောင့်ကြပ်စေချင်သောကြောင့် သူမသည် သူမ၏ လမ်းကြောင်းကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
မုန်းစရာကောင်းသော ထိုလူ၏ ခန့်မှန်းချက်က မှန်ကန်လာခဲ့လေသည်။ ဆန်းကြယ်တောင်ထွတ်ကို ဒုက္ခပေးမည့် လူများက ဤနေရာသို့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့၏။
ယက္ခယုသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ကြီးမားစွာ ထိခိုက်ရှုံးနိမ့်ခဲ့ရပြီး ထိုလူ၏ အသုံးချခြင်းကိုပင် ခံခဲ့ရလေသည်။
သူမသည် ရင်ထဲမှာ ဒေါသမီး လောင်ကျွမ်းနေခဲ့ပြီဖြစ်၏။
သူမသည် ယက္ခမျိုးနွယ်၏ သခင်မလေးဖြစ်သည်ဆိုလျှင်တောင် သူမသည် ဤအချိန်အတောအတွင်း ဆန်းကြယ်တောင်ထွတ်မှာ ကပ်ငြိနေခဲ့ရ၏။ သူမကိုယ်သူမ ရုပ်လုံးထွက်ပြခြင်း သို့မဟုတ် အခြားသူတစ်ယောက်နှင့် စကားပြောဆိုရခြင်းပင် မရှိခဲ့ပေ။ ထိုသို့ဖြင့် သူမ၏ မကျေမချမ်းမှုများကို ဖွင့်မထုတ်နိုင်ခဲ့ပေ။ ဒါ့အပြင် သူမ အဲ့ဒါကို တွေးကြည့်လေလေ သူမက ပို၍ မချင့်မရဲ ခံစားလာရလေလေ ဖြစ်၏။
ယနေ့တွင် သီဖန်းနှင့် အခြားသူများက သူတို့သဘောနှင့်သူတို့ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးမှာ သူမ၏ အမျက်ဒေါသများကို ဖွင့်ထုတ်နိုင်မည့်အခွင့်အရေးတစ်ခုကို ရှာတွေ့သွားလေပြီ။
“မင်းက လူသားမဟုတ်ဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးမီးပဒေသာက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ရုတ်တရက်ပြောလိုက်၏။
“မဟုတ်ဘူးဆိုတော့ရော ဘာဖြစ်လဲ”
ယက္ခယုက လှောင်ရယ်လိုက်၏။
“ငါက... အခုချိန်မှာ တော်တော်လေး ငြီးငွေ့နေတာ... နင်တို့ငါးယောက်က နင်တို့ဘာသာနင်တို့ ရောက်လာတယ်ဆိုမှတော့ ငါက နင်တို့အားလုံးကို သတ်ပေးရတော့မှာပေါ့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်က ယက္ခယုကို ပြောင်ပြောင်တင်းတင်းစိုက်ကြည့်ပြီး ပြုံးလိုက်၏
“နတ်မိမယ်လေး... အရမ်းလည်း ဒေါသထွက်မနေပါနဲ့... မင်းက ဒီနေ့ငါ့ဆီမှာ အညံ့ခံဖို့ သဘောတူမယ်ဆိုရင် ငါက မင်းကိုကာကွယ်ပေးနိုင်တယ်”
အညံ့ခံခြင်းဟူသော စကားလုံးက ယက္ခယု၏ အမျက်ဒေါသကို ချက်ချင်းပင် နှိုးဆွမိသွား၏။
ယခုချိန်တွင် သူမ သည်းမခံနိုင်သော စကားလုံးမှာ အညံ့ခံခြင်းဟူသော စကားလုံးဖြစ်လေသည်။
“အား...”
ရုတ်တရက် ယက္ခယုက ရူးသွပ်သွားသည့်အလား စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
“နင်... အရှက်မရှိတဲ့ ခွေးအိုကြီး... နင်တကယ်ကို သေချင်နေပြီပဲ”
ရွှစ်...
ရုတ်တရက် သူမ၏ပုံရိပ်က နေရာကနေ ပျောက်ကွယ်သွား၏။
အင်မော်တယ်ကြိုးကြာအိုကြီးက မလှမ်းမကမ်းမှာရှိနေ၏။ သို့သော်လည်း သူမ မျက်တောင်တစ်ချက်ခတ်လိုက်ရုံဖြင့် ယက္ခယုက သူမ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ဒါ့အပြင် သူမသည် ယက္ခယုကို လုံးဝထောက်လှမ်းန်ုင်ခြင်း မရှိပေ။
အင်မော်တယ်ကြိုးကြာအိုကြီးက တုန်လှုပ်သွား၏။
“ဟမ်...”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်ကလည်း ရင်တစ်ချက်ထိတ်သွား၏။
သူသည် ယက္ခယုကို ချိုးနှိမ်ဖို့ တဏှာရာဂပါသော အတွေးအကြံရှိနေသော်လည်း သူသည် နှစ်ပေါင်းများစွာကျော်ကြားလာခဲ့သော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်ပြီး အမြဲတမ်းသတိရှိလေသည်။
ယက္ခယုက ပျောက်ကွယ်သွားသည့်ခဏမှာပင် သူက အဆောင်တစ်ခုကို ချိုးချေ၍ နောက်သို့ ခုန်ဆုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် အေးစက်နေသော အလင်းတန်းတစ်ခုက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင်၏ ဦးခေါင်းထက်ကနေ ပြင်းထန်စွာ ခုတ်ပိုင်းကျဆင်းလာ၏။
ခွမ်း...
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင် ယခုတင် ထုတ်ဖော်လိုက်သော ကာကွယ်ရေးအဆောင်သည် ချက်ချင်းပင် ကြေမွပျက်စီးသွား၏။ ဤတစ်ကြမ်မှာတော့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်သည် ချွေးစေးများ ထွက်လာခဲ့လေပြီ။
သူသည် စောစောက တုံ့ပြန်မှုအနည်းငယ် နှေးကွေးသွားပြီး သူ၏ ကာကွယ်ရေးအဆောင်ကို မထုတ်ဖော်နိုင်ခဲ့လျှင် ထိုအေးစက်စက်အလင်းက သူ၏အသက်ကို နုတ်ယူသွားပေလိမ့်မည်။
“အဲ့ဒါက ယက္ခမျိုးနွယ်ပဲ”
ယက္ခယုက တိုက်ခိုက်လိုက်သည့်ခဏမှာပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်က သူမ၏ သရုပ်သကန်နှင့် နောက်ခံကို မှတ်မိသိရှိသွားကြပြီဖြစ်၏။
“တာအိုရောင်းရင်းတို့... ကျုပ်ကို ကူကြပါဦး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်က အလောတကြီးအော်ဟစ်လိုက်၏။
“ဒီအမျိုးသမီးယက္ခက ကိုင်တွယ်ရလွယ်မှာ မဟုတ်ဘူး
သူ၏ သတိပေးမှုမရှိလျှင်တောင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လေးယောက်ဖြစ်သော သီဖန်း ၊ သီကြွယ် ၊ ချန်ယွီနှင့် မီးပဒေသာတို့က ယက္ခယုထံသို့ ပြေးဝင်ကာ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြပြီဖြစ်၏။
“ကောင်းတယ်ဟေ့... ကောင်းတယ်”
ယက္ခယုက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက် ချဥ်းကပ်လာသည်ကို တွေမြင်သောအခါ သူမက ပို၍ပင် ဒေါသူပုန်ထလာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“နင်တို့ ၅ ယောက်က တကယ့်ကို ကောင်းမှန်းဆိုးမှန်း နားမလည်ဘူးပဲ... နင်တို့က ငါ့ကိုဘယ်လိုတောင် ပူးပေါင်းတိုက်ခိုက်ရဲတာလဲ”
“သတ်”
ယက္ခယုသည် သူမ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူမ၏ ဆေဘာကွေးနှစ်လက်ကို ကိုင်မြှောက်လိုက်၏။ သူမ၏ ကြောက်စရာကောင်းသော လှုပ်ရှားမှုအမြန်နှုန်းနှင့်အတူ သူမသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်ကြားမှာ တရိပ်ရိပ်ဖြတ်ပြေးနေ၏။
မဟာကစဉ့်ကလျားအမြုတေလက်ဝါး...
ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားချီ...
ကောင်းကင်ဘုံမိုးကြိုးကျမ်း...
သက်တံ့ဖန်သားခန္ဓာ...
ရောင်ဝါဝင်းပြောင်နေရောင်...
တစ်ပိုင်းမျိုးနွယ်စုဘိုး ငါးယောက်သည် ကြောက်စရာကောင်းသော ဓမ္မပညာရပ်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။
ဓမ္မပညာရပ်တစ်ခုချင်းစီမှာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စပါဝင်နေ၏။
ချက်ချင်းပင် ရာသီဥတုက ပြောင်းလဲသွား၏။
ယက္ခယု၏ ပုံရိပ်က လုံးဝကန့်သတ်ချုပ်နှောင်ခံလိုက်ရ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ယက္ခယု၏ တိုက်ခိုက်ရည်ခွန်အားအရ သူမသည် လူသားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို သေချာပေါက် သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း သူမရှေ့မှလူ ၅ ယောက်သည် လူသားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများထဲမှ အသန်မာဆုံး ပြိုင်စံရှားများဖြစ်ကြ၏။
သူတို့ ၅ ယောက် ပူးပေါင်းတိုက်ခိုက်လာသောအခါ ယက္ခယုပင်လျှင် သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုကို ခံစားလာရ၏။
သို့သော်လည်း ထိုဖိအားက သူမရင်ထဲရှိ အမျက်ဒေါသကို ပိုမိုအားကောင်းလာစေခဲ့၏။
ယက္ခမျိုးနွယ်၏ သခင်မလေးအနေဖြင့် သူမသည် ယက္ခမျိုးနွယ်တစ်ခုလုံး၏ နာမည် ၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုလေသည်။
သူမသည် တစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံ၍ မရှုံးနိမ့်ချင်တော့ပေ။
“ဘုန်း...”
ယက္ခယုသည် သူမ၏ မျိုးဆက်သွေးကို ရူးသွပ်စွာလှည့်ပတ်ပြီး သူမ၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သောဆူနာမီသံကို ထွက်ပေါ်လာစေ၏။
သို့သော်လည်း အဲ့ဒါက အဆုံးသတ် မဟုတ်သေးပေ။
ယက္ခယု၏ အော်ရာက အလျင်အမြန် မြင့်တက်လာနေဆဲ ဖြစ်၏။
အားလုံး၏ အကြည့်အောက်မှာပင် ယက္ခအမျိုးသမီးငါးဦး၏ ပုံရိပ်က ယက္ခယု၏ နောက်မှာ ပေါ်ထွက်လာပြီး အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
“မျိုးဆက်သွေးနယ်မြေ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။
မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်သော ထိုသူများသည် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။
“သတ်”
ယက္ခယုသည် ရှေ့သို့စေညွှန်လိုက်ပြီး ယက္ခအမျိုးသမီးငါးဦးက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။ ဆေဘာနှစ်လက်စီကို ကိုင်ဆွဲရင်း သူမတို့သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်ထံသို့ ပြေးဝင်သွားကြ၏။
ယက္ခယုကတော့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်ကို ပစ်မှတ်ထားခဲ့ပြီဖြစ်ပြီး ရူးသွပ်စွာ တိုက်ခိုက်လိုက်၏။
မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်အပေါ် သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုကို ကျဆင်းလာစေ၏။
သီဖန်း၏ အမူအရာက ခန့်မှန်းရခက်စွာ ပြောင်းလဲသွားပြီး ရုတ်တရက်အော်ပြောလိုက်၏။
“ယက္ခတစ်ယောက်အနေနဲ့... မင်းက အထီးကျန်သိုင်းသခင်နဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စရှိမှာပဲ... ဒါတောင် မင်းက အထီးကျန်သိုင်းသခင်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ဆန်းကြယ်တောင်ထွတ်ကို ကာကွယ်ပေးချင်နေတာလား”
“ယက္ခကလန်ခေါင်းဆောင်နဲ့ ယက္ခမျိုးနွယ် သခင်လေးက ဒီကိစ္စကို သိသွားမယ်ဆိုရင် မင်းက သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်”
“ဟွန့်...”
ယက္ခယုက လှောင်ရယ်လိုက်၏။
“ငါက... ယက္ခမျိုးနွယ်ရဲ့ သခင်မလေး… ယက္ခယုပဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်၏ အမူအရာများက ပြောင်းလဲသွားကြ၏။
အဲ့ဒါက သာမန်ယက္ခတစ်ယောက်သာဆိုလျှင် သူတို့က သူမကို သတ်ဖြတ်နိုင်သည်ဆိုလျှင်တောင် ကိစ္စမရှိပေ။
သို့သော်လည်း သူတို့ရှေ့မှ ပုဂ္ဂိုလ်သည် ယက္ခမျိုးနွယ်၏ သခင်မလေးဖြစ်နေ၏။
ထိုအဆင့်အတန်းက အရမ်းကို ဆတ်ဆတ်ထိ မခံပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်က မည်သည့်စကားမှ ထုတ်ဖော်ပြောဆိုမလာသော်လည်း သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များက ရှိလာကြပြီဖြစ်၏။
အထီးကျန်သိုင်းသခင်သည် သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးကို သတ်ဖြတ်ခဲ့စဥ်က သူတို့သည် သူ့အပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြားကို ချမှတ်ခဲ့လေသည်။ ယခုအချိန်ထိကို အထီးကျန်သိုင်းသခင်သည် တစ်နေရာရာမှာ ပုန်းကွယ်နေရပြီး သူ့ကိုယ်သူ လူလုံးထွက်ပြရဲခြင်း မရှိတော့ပေ။
သူတို့က ယက္ခယုကို သတ်ဖြတ်လိုက်မည်ဆိုလျှင် သူတို့သည်လည်း ကပ်ဆိုးတစ်ခုနှင့် ကြုံတွေရပေလိမ့်မည်။
ထိုသို့အတွေးနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ ယောက်က သတိကြီးကြီး ထားလာကြ၏။
နှစ်ဖက်စလုံးသည် အစကတည်းက မျှခြေမှာ လွန်ဆွဲနေခဲ့ပြီး ဘယ်ဘက်က ပိုမိုသန်မာသည်ကို ပြောဖို့ခက်လေသည်။
ယခုအခါ တစ်ဘက်သည် သတိကြီးကြီး ထားရ၍ စိုးရွံ့ထိတ်လန့်လာခဲ့၏။ သို့သော်လည်း တစ်ဘက်ကတော့ ရူးသွပ်သွားသည့်အလား သူမ၏ ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုများကို တရစပ်ထုတ်ဖော်လာ၏။
တစ်ခဏအတွင်းမှာပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင် ရင်ဆိုင်နေရသောအခြေအနေက သိသိသာသာပြောင်းလဲလာခဲ့၏။
သီဖန်း ၊ သီကြွယ် ၊ ချန်ယွီနှင့် မီးပဒေသာတို့က အကြည့်ချင်းဖလှယ်ပြီး အလိုအလျောက် နားလည်မှုတစ်ခုနှင့်အတူ တစ်ချိန်တည်းမှာ ဆုံးဖြတ်ချက်ချလိုက်ကြ၏။
ယက္ခယု... ယနေ့ ဤနေရာမှာ ရှိနေသည်နှင့်အမျှ သူတို့က ယနေ့ဘယ်လိုပင်တိုက်ခိုက်သည်ဖြစ်စေ အဲ့ဒီကနေ မည်သည့်အကျိုးအမြတ်မှ ရရှိလာတော့မည် မဟုတ်ပေ။
သူတို့က သတိတစ်ချက်ပေါ့လျော့မိလျှင် ဤနေရာမှာပင် ယက္ခယု၏ သတ်ဖြတ်ခြင်းကို ခံရနိုင်လေသည်။
အဲ့ဒါက တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ကြမည်ဆိုလျှင် သူတို့ထဲ မည်သူကမှ ယက္ခယုကို မယှဥ်နိုင်ပေ။
ရွှစ်... ရွှစ်.... ရွှစ်...
သီဖန်းနှင့် အခြားသူများသည် နောက်ထပ်ဓမ္မပညာရပ်များကို ကိုယ်စီထုတ်ဖော်လိုက်ကြ၏။ ထိုသို့ဟန်ပြတိုက်ခိုက်ပြီးနောက် သူတို့သည် သူတို့၏ ထွက်ပြေးခြင်းနည်းစနစ်များကို ထုတ်ဖော်ကာ အရပ်လေးမျက်နှာခွဲ၍ ထွက်ပြေးလိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ခုန်းရှောင်သည် သီဖန်းနှင့် အခြားသူများ၏ အကြံအစည်ကို သတိထားမိနေခဲ့ပြီဖြစ်ပြီး ဆက်လက်၍ ကြန့်ကြာရဲခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီး အလင်းများက ပေါ်ထွက်လာ၏။
အော်မြည်တိုက်ခတ်လာသော လေပြင်းသံနှင့်အတူ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင်သည် မိုးကြိုးလေပြေထွက်ပြေးခြင်းကိုထုတ်ဖော်ကာ ချက်ချင်းပင်လှည့်ထွက်ပြေးလိုက်၏။
“အဖိုးကြီး... နင်းက ထွက်ပြေးဖို့ စဥ်းစားနေသေးတယ်ပေါ့”
ယက္ခယုမှာ ကိုယ်ပွားခြင်းနည်းစနစ်များ မရှိသည့်အတွက် သူမက အခြားသူများကို အရေးမလုပ်နိုင်ပေ။
သူမ၏ ပစ်မှတ်သည် တစ်ချိန်လုံး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင်သာလျှင် ဖြစ်နေခဲ့၏။
မိုးကြိုးလေပြေ ထွက်ပြေးခြင်းက ဘယ်လောက်ပင် မြန်ဆန်သည်ဖြစ်စေ သူက ယက္ခမျိုးနွယ်ကို မယှဥ်နိုင်ပေ။
အသက်ရှုချိန်အနည်းငယ်အကြာမှာ ယက္ခယုသည် သူ့ကို လိုက်မီသွားခဲ့ပြီဖြစ်ပြီး သူမ၏ ဆေဘာကွေးနှစ်လက်နှင့်အတူ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ကမ္ဘာဖျက်ယက္ခခုတ်ပိုင်းချက်...
ဆေဘာအလင်းတန်းနှစ်ခုက ကြောက်စရာကောင်းသော အော်ရာနှင့်အတူ ဆင်းသက်လာခဲ့၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင်သည် အန္တရာယ်ကို အာရုံခံမိသွားပြီး သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရှိသွား၏။ သူက သူ၏ ရွေ့လျားမှုကို ရပ်တန့်ပြီး သူ့ရှေ့တွင် ဧရာမဒိုင်းကာတစ်ခုကို ပစ်ထုတ်လိုက်၏။
ချွမ်.... ချွမ်...
သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးခုန်းရှောင်က ဆတ်ခနဲ တုန်ယင်သွား၏။
ဆေဘာအလင်းတန်းနှစ်ခုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်ကို ထိုးဖောက်ပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့၏။ ၎င်းသည် သူ၏ အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်စရာကောင်းသော အဖျက်စွမ်းအားတစ်ခုကို ထုတ်ဖော်လာခဲ့၏။