မင်းတို့တွေက အချိန်မှန်ရောက်လာတာပဲ
Vol. 100 Ch. 1491
ပင်ယန်းမြို့တွင်...
တိတ်ဆိတ်ငြိမ်သက်နေသော စံအိမ်တစ်ခုထဲမှာ တံခါးတစ်ချပ်က ကျွီခနဲ ပွင့်သွားပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောခံ့ညားသော အမျိုးသားတစ်ယောက်က တည်ငြိမ်သောအမူအရာနှင့်အတူ လျှောက်လှမ်းထွက်လာ၏။
“သခင်လေး... ခင်ဗျား တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပဲ”
ထောင်ယောင်က သူ့ကို ကြိုဆိုလိုက်၏။
သူ၏ မျက်လုံးထဲတွင် သိုင်းတာအိုပင်မခန္ဓာသည် ပြောင်းလဲသွားပြီး သူ၏ ဘေးပတ်လည်တွင် ဖော်မပြတတ်သော အော်ရာတစ်ခု ရှိလာသည်ဟု ထင်ရ၏။။
“သခင်လေး... ခင်ဗျားက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားပြီလား”
ထောင်ယောင်က ကျေနပ်နှစ်ခြိုက်သောအမူအရာနှင့်အတူ မေးလိုက်၏။
“အင်း...”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ရခြင်းသည် သူတွေးထင်ထားသည်ထက် များစွာပိုမိုခက်ခဲ၍ အန္တရာယ်များခဲ့လေသည်။
သမိုင်းတစ်လျှောက်တွင် ပေတစ်ရာမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်ခဲ့သည့်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဖူးပေ။
သိုင်းတာအိုပင်မခန္ဓာ၏ လမ်းကြောင်းကို သူကိုယ်တိုင်ပင် စူးစမ်းရှာဖွေဖော်ထုတ်နိုင်လေသည်။
ပြိုင်ဘက်ကင်းဓမ္မဝိသေသနှင့် ပေါင်းစည်းပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ကြိမ်ဖန်များစွာ ပြိုကျပျက်စီးတော့လုနီးပါးဖြစ်ခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူသည် နောက်ဆုံးမှာ ရှင်သန်နိုင်ခဲ့ပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ကာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့၏။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ အဝေးတစ်နေရာသို့ လှည့်ကြည့်လိုက်၏။
“သခင်လေး... ဘာများဖြစ်လို့လဲ”
ထောင်ယောင်က သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ ထူးခြားသည့် အမူအရာကို တွေ့မြင်သောအခါ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“တချို့တလေက ဒီနေရာကို လာနေကြတယ်”
သိုင်းတာအိုပင်မခန္ဓာက သရော်တော်တော်အကြည့်နှင့်အတူ သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“မော်တယ်တွေပဲရှိတဲ့ ပင်ယန်းမြို့လေးက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေကိုတောင် ဆွဲဆောင်နိုင်နေပြီလား”
“တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေက ဒီနေရာကို လာနေကြတာလား”
ထောင်ယောင်က ရင်တစ်ချက်ထိတ်သွား၏။
သိုင်းတာအိုပင်မခန္ဓာသည် အဲ့ဒါကို ပြောခဲ့ပြီးပြီဖြစ်သော်လည်း သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များ၏ အရိပ်အယောင်ကို မခံစားမိနိုင်သေးပေ။
သူတို့နှစ်ယောက်စလုံးသည် ပေါင်းစည်းခန္ဓာအဆင့်မှာရှိသော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ အာရုံခံစိတ်က ထောင်ယောင်ထက် များစွာကျော်လွန်နေခဲ့လေပြီ။
“သခင်လေး... ကျုပ် သူတို့ကို မောင်းထုတ်လိုက်မယ်”
ထောင်ယောင်က သူ၏ လက်သီးကို မြှောက်ပြလိုက်၏။
“မလိုတော့ဘူး”
သိုင်းတာအိုပင်မခန္ဓာက ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ဒီနေ့ ငါ့မှာဖြေရှင်းရမဲ့ ရန်ငြိုးရန်စတချို့ ရှိနေတယ်”
ထိုစဥ်မှာပင် ထောင်ယောင်က အံ့အားတသင့် ရေရွတ်လိုက်၏။
“ကျုပ် သူတို့ကို အာရုံခံနိုင်ပြီ... တော်တော်အားကောင်းတဲ့ အော်ရာတွေပဲ... သူတို့လေးယောက်က ကိုင်တွယ်ရ မလွယ်လောက်ဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၄ ယောက်က အလွန်တရာလျင်မြန်စွာ ရွေ့လျားလာနေသည်ကို ထောင်ယောင်က ခံစားမိလိုက်၏။ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့သည် ပင်ယန်းမြို့ အထက်ကောင်းကင်သို့ ရောက်ရှိလာကြပြီဖြစ်၏။
“ပင်ယန်းမြို့က မော်တယ်တွေ... နားထောင်ကြ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က အေးစက်စက်အမူအရာတစ်ခုရှိနေပြီး အောက်သို့ငုံ့ကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့တွေအားလုံး တော်တော်ကံဆိုးကြတာပဲ... ဒီနေ့မင်းတို့တွေအားလုံး သေရတော့မှာမို့ပဲ”
“မင်းရဲ့ကံကလည်း သိပ်တော့ ကောင်းမနေဘူး”
ထိုစဥ်မှာပင် စံအိမ်တစ်ခုထဲမှ တည်ငြိမ်သောအသံတစ်သံက ထွက်ပေါ်လာ၏။
“ဟမ့်...”
ပင်ယန်းမြို့မှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို စိန်ခေါ်ရဲသည့် တစ်စုံတစ်ယောက် ရှိနေသည်လား။
သီဖန်းနှင့် အခြားသုံးယောက်၏ အကြည့်များက ထိုအသံထွက်လာရာသို့ ရွေ့လျားသွား၏။
သူတို့သည် ခြံဝန်းတစ်ခုထဲမှာ လူတစ်ယောက်ကို တွေ့မြင်လိုက်သောအခါ သီဖန်းနှင့် အခြားသုံးယောက်သည် မယုံကြည်နိုင်နှင့်အတူ နေရာမှာပင် ငေးမောမှင်တက်သွားကြ၏။
အဲ့ဒီလူက...
“အထီးကျန်သိုင်းသခင်”
သီဖန်းသည် ပထမဆုံး တုံ့ပြန်မှုရှိလာပြီး အော်ပြောလိုက်၏။
အခြားသုံးယောက်သည် ဆူဇီမို၏ ပန်းချီကားကိုသာ တွေ့မြင်ဖူးလေသည်။ သို့သော်လည်း သီဖန်းသည် ထိုသူကို သတ်ဖြတ်ဖို့အတွက် သူကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပြီး ဆူဇီမိုကို ချက်ချင်းပင် မှတ်မိနိုင်လေသည်။
“လက်စသတ်တော့ မင်းက ဒီနေရာမှာ လာပုန်းနေတာကိုး”
ချန်ယွီ၏ အကြည့်က သိပ်သည်းအားကောင်းလာခဲ့၏။ အစကတော့ သူတို့လေးယောက်သည် ပင်ယန်းမြို့သို့ စိတ်ပြေလက်ပျောက်ရောက်လာပြီး သူတို့၏ အမျက်ဒေါသများကို ဖြေဖျောက်ရန် မော်တယ်များကို သတ်ဖြတ်ချင်ရုံသာဖြစ်၏။
ယခုတော့... သူတို့သည် ပင်ယန်းမြို့မှာ ဆူဇီမိုနှင့် တည့်တည့်လာတိုးနေလေသည်။
ရွှစ်...
လှစ်ခနဲဆို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က သိုင်းတာအိုပင်မခန္ဓာ၏ စံအိမ်ထက်သို့ ချက်ချင်းပင် ရောက်ရှိလာ၏။ သူ၏အကြည့်က ထက်ရှနေ၏။ အဲ့ဒါက ဓားအလင်းတန်းများထက်ပင် ပိုမို၍ ထက်ရှနေ၏။
“အားလုံးပဲ... ပစ်မှတ်က ဒီနေရာမှာရှိနေပြီ... သူ့ကို ထွက်ပြေးမသွားစေနဲ့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“တစ်ခုခုတော့လွဲနေတယ်”
သီဖန်းက မျက်မှောင်ကြုတ်၍ သိုင်းတာအိုပင်မခန္ဓာကို စေ့စေ့အကဲခတ်ကြည့်နေ၏။
ဤလူက အထီးကျန်သိုင်းသခင်နှင့် ချွတ်စွပ်တူလေသည်။ သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သီဖန်းသည် သိုင်းတာအိုပင်မခန္ဓာထံမှ တစ်မူထူးခြားသော အော်ရာတစ်ခုကို ခံစားမိနေ၏။
ထိုအော်ရာကနေ သူပင်လျှင် ရင်တထိတ်ထိတ်ခံစားရလေသည်။
သို့သော်လည်း... သူ ၊ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုး ချန်ယွီတို့က စံအိမ်ထက်သို့ ရောက်ရှိလာကြဆဲဖြစ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်နှင့်အတူ ဝန်းရံပိတ်ဆို့လိုက်ကြ၏။
“အထီးကျန်သိုင်းသခင်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီက သွားဖြီးလိုက်၏။
“မင်းက... သိပ်သည်းပြင်းထန်တဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ ပဟေဠိနန်းတော်မှာ ထကြွသောင်းကျန်းပြီး ပဟေဠိနန်းတော်ရဲ့နန်းတော်အရှင်ကိုပါ ဖိနှိမ်နိုင်ခဲ့တယ်လို့ ငါကြားထားတယ်... ဒီနေ့ မင်းဘာလုပ်နိုင်လဲ ကြည့်ရသေးတာပေါ့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်... နှစ်၂၀အတွင်းမှာ မင်းရဲ့ကျင့်ကြံမှုက လုံးဝတိုးတက်မလာခဲ့ဘူးပဲ... မင်းက အစောပိုင်း ပေါင်းစည်းခန္ဓာအဆင့်မှာပဲ ရှိနေသေးတယ်ဆိုတော့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာကလည်း အနည်းငယ် စိတ်လက်ပေါ့ပါးသွား၏။
ကံကောင်းထောက်မစွာဖြင့် အထီးကျန်သိုင်းသခင်၏ ကျင့်ကြံမှုက တိုးတက်မလာခဲ့ပေ။
“အထီးကျန်သိုင်းသခင်... ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကို ထုတ်ပေးလိုက်... အဲ့ဒါဆိုရင် ငါမင်းရဲ့အလောင်းကို မပျက်မစီးထားပေးနိုင်တယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က အေးစက်စွာ ပြောလိုက်၏။
“အို...”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသီကြွယ်ပေါ်သို့ ကျဆင်းလာ၏။ သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး တီးတိုးရေရွတ်လိုက်၏။
“တော်တော်အားကောင်းတဲ့ ဓားချီနဲ့ ကြွယ်ဝတဲ့ သတ်ဖြတ်လိုစိတ်ပဲ”
ထိုဓားချီနှင့် သတ်ဖြတ်လိုစိတ်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် ဆင်တူသော်လည်း အဲ့ဒီမှာ သိသာသော ကွာခြားချက်တစ်ခုရှိနေ၏။
“မင်းက... ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို ကျင့်ကြံထားတဲ့ပုံပဲ”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံး၍ ခေါငိးညိတ်လိုင်၏။
“မင်းက အချိန်မှန်ရောက်လာခဲ့တာပဲ... ငါက မင်းကို တကူးတကလိုက်ရှာနေစရာမလိုတော့ဘူး”
“မင်းကလည်း ငါ့ရဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ကို လိုချင်နေတာလား”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်သည် သိုင်းတာအိုပင်မခန္ဓာ ဆိုလိုသည့်အဓိပ္ပါယ်ကို သိရှိလိုက်ပြီး သူ၏ အမူအရာက ပိုမို၍အေးစက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်ကို ဆက်လက်၍ ကြည့်မနေတော့ပေ။ သူက သီဖန်းဘက်သို့လှည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“သီဖန်း... တိရိစ္ဆာန်ကောင်... တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေနဲ့ မင်းက ငါ့ကိုနှစ်ကြိမ်တိုင်တိုင်သတ်ဖို့ ကြိုးစားခဲ့တယ်... မင်းကလည်း ဒီနေ့အချိန်မှန်ရောက်လာခဲ့တာပဲ”
သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်ပြီး မြေပြင်ကို ညင်သာစွာ ဆောင့်နင်းလိုက်၏။
ရွှစ်...
ချက်ချင်းပင် အကာအရံအလွှာများက စံအိမ်အတွင်းကနေ ထွက်ပေါ်လာပြီး ပင်ယန်းမြို့ကို ထိုနေရာနှင့် ပိုင်းခြားထားလိုက်၏။
“ဟမ်”
သီဖန်းနှင့် အခြားသုံးယောက်သည် တုန်လှုပ်သွားပြီး သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ချက်ချင်းပင် ဆင့်ခေါ်ထုတ်လိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စိုဘိုးဘေးချန်ယွီက သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမကြယ်တာရာတူတစ်စုံကို ထုတ်ယူလိုက်၏။
ထိုကြယ်တာရာတူတစ်စုံကို ကောင်းကင်ထက်ကနေ ကြွေကျလာသော ကြယ်များကနေ ပြုလုပ်ထားခြင်းဖြစ်၏။ တူတစ်လက်ချင်းစီသည် အလွန်တရာသိပ်သည်းလေးလံပြီး တောင်တစ်လုံးကိုပင် ချေမွဖျက်ဆီးပစ်နိုင်၏။
“အထီးကျန်သိုင်းသခင်က အနီးကပ်တိုက်ခိုက်ရေးမှာ ပြိုင်ဘက်ကင်းတယ်လို့ ငါကြားထားတယ်... မင်းက တကယ်ပဲ... အစွမ်းအစရှိတာလား အလကားသက်သက် နာမည်ကြီးနေတာလားဆိုတာ ငါစမ်းကြည့်ရသေးတာပေါ့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီက ဟိန်းဟောက်၍ သူ၏မျိုးဆက်သွေးကို လှည့်ပတ်ကာ ဆူနာမီသွေးအဆင့်သို့ ချက်ချင်းပင် ရောက်ရှိလာစေ၏။
ရှပ်... ရှပ်... ရှပ်...
သူသည် သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းလာ၏။ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း လောကတစ်ခုလုံးက တုန်ခါသွား၏။
ခြေလှမ်းသုံးလှမ်းမျှနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီသည် သိုင်းတာအိုပင်မခန္ဓာရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ထိုခြေသုံးလှမ်း လှမ်းပြီးနောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီ၏ အော်ရာက ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိလာခဲ့လေပြီ။
“ငါ့ရဲ့တူတွေကို ခံယူကြည့်လိုက်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီ၏ အသံက ခေါင်းလောင်းသံကဲ့သို့ မြည်ဟည်းလာပြီး သူ့လက်ထဲရှိ ကြယ်တာရာတူများကို လွှဲယမ်းကာ သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းထံသို့ ပစ်ရိုက်ချလိုက်၏။
ကြယ်တာရာတူများသည် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထက် အဆများစွာ ပိုမိုကြီးမားလေသည်။
ကြီးမားသောအရိပ်တစ်ခုက ကောင်းကင်ပြိုကျလာသည့်အလား လွှမ်းခြုံကျဆင်းလာခဲ့၏။
“တိုက်...”
တစ်ချိန်တည်းမှာပင် သီဖန်းက ခပ်အုပ်အုပ်အော်လိုက်လေသည်။
ဓမ္မစွမ်းအားများသည် သူ့ခန္ဓာကိုယ်တွင်းကနေ တလိပ်လိပ်ထိုးတက်လာပြီး သူ၏ လက်ဖဝါးကို လေဟာနယ်ကိုဖြတ်၍ ဆန့်ထုတ်လိုက်၏။ အဲ့ဒါသည် လေထဲမှာ ဧရာမကြိတ်ဆံကျောက်တစ်ခု ဖြစ်ပေါ်လာသည့်အလား သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ဖိချေကျဆင်းလာ၏။
မဟာကစဉ့်ကလျားအမြုတေလက်ဝါး...
“ရောင်ဝါဝင်းပြောင်နေရောင်...”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး ကျိန်းစပ်နေသောအလင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အဲ့ဒီမှာ မရေမတွက်နိုင်သော အလင်းတန်းများ ပါဝင်လေသည်။
အလင်းတန်းတစ်ခုချင်းစီမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သည့် ကြောက်စရာကောင်းသော စွမ်းရည်တစ်ခုပါဝင်လေသည်။
“ကမ္ဘာမြေရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်တဲ့အခါ နဂါး ၊ မြွေတို့က ထွက်ပေါ်လာလိမ့်မယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသီကြွယ်က ညင်သာစွာ ရွတ်ဆိုပြီး သူ၏ ဓားလက်ချောင်းကို ပူးကပ်ကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ရွှစ်...
အဆုံးမဲ့သော ဓားချီများက ချက်ချင်းပင် စုဝေးလာပြီး ဧရာမဓားတစ်လက်ကို ဖြစ်ပေါ်လာစေ၏။ ၎င်းသည် ကြမ်းကြုတ်ခက်ထန်ပြီး မိုးကောင်းကင်ထက်မှာ အပေါက်တစ်ပေါက် ထိုးဖောက်ချင်သည့်အလား ထင်ရကာ ကြောက်စရာကောင်းသော စွမ်းပကားနှင့်အတူ ဆင်းသက်လာခဲ့၏။
ဓားသည် နတ်နဂါးတစ်ကောင်ကဲ့သို့ ဆင်းသက်လာပြီး အရာရာတိုင်းကို လှီးဖြတ်ချင်နေသည့်အလား လောကကို ငုံ့ကြည့်နေ၏။