သတ်ဖြတ်ခြင်း
Vol. 100 Ch. 1493
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရ၏။
ထိုသည်ကို မြင်သောအခါ သီဖန်းနှင့် အခြားနှစ်ယောက်သည် ပျက်ယွင်းလာသော အမူအရာများနှင့်အတူ ပို၍ပင် ထိတ်လန့်ကြောက်ရွံ့လာခဲ့၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ ဖြစ်လာပြီးကတည်းက သူတို့သည် ဤကဲ့သို့သော ကြီးမားသည့် အန္တရာယ်နှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် အဆင့်မြင့် ရှေးဟောင်းတိုက်ပွဲမြေမှာ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နေပြီး အလွယ်တကူ ပေါ်ထွက်မလာတတ်ကြပေ။ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အသန်မာဆုံး တည်ရှိမှုများ ဖြစ်ကြ၏။
ဒါ့အပြင် သူတို့သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကြားမှာ အသန်မာဆုံး ပြိုင်စံရှားများ ဖြစ်လေသည်။ သူတို့ကို ဘယ်သူကများ ခြိမ်းခြောက်နိုင်ပါ့မလဲ။
ယနေ့မှာတော့ သူတို့သုံးယောက်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီက အထီးကျန်သိုင်းသခင်၏ ထိုးချက်ဖြင့် သေသည့်တိုင်အောင် ထိုးနှက်ခံလိုက်ရသည်ကို တွေ့မြင်သောအခါ.. သူတို့သည် သူတို့၏ သေခြင်းတရားကို တွေ့မြင်လိုက်ရသည့်အလား ခေါင်းနပန်းကြီးလာကြ၏။
ဘန်း… ဘန်း… ဘန်း..
သီဖန်းနှင့် အခြားနှစ်ယောက်သည် ပတ်ဝန်းကျင် အကာအရံအလွှာကို ရူးသွပ်စွာ တိုက်ခိုက်နေကြ၏။ သူတို့သည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်လေသည်။
“မင်းတို့တွေက မလိုအပ်ဘဲ ဘာလို့ ရုန်းကန်နေကြတာလဲ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့က ဒီနေရာမှာ ရှိတဲ့ အာကာသချိပ်စည်းကို ချိူးဖျက်နိုင်မယ်ဆိုရင်တောင်.. မင်းတို့က ငါ့လက်ကနေ လွတ်နိုင်မှာမို့လား”
ထိုစကားလုံးများက သီဖန်းနှင့် အခြားနှစ်ယောက်၏ ရင်ထဲရှိ နောက်ဆုံး မျှော်လင့်ချက်ကို ကြေမွပျက်စီးသွားစေ၏။
သူတို့သည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်မည်ဆိုလျှင်တောင် သူတို့သည် အထီးကျန်သိုင်းသခင်၏ ပင်မခန္ဓာကနေ လွတ်မြောက်နိုင်ပါ့မလား… သူတို့၏ စိတ်ထဲကနေ မေးခွန်းထုတ်လိုက်ကြ၏။
သူတို့သုံးယောက်သည် အနည်းငယ် စိတ်အာရုံပျက်ယွင်းသွားစဉ်မှာပင်.. သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ ရှေ့သို့ တစ်ခဏချင်း ရောက်ရှိလာ၏။
“မင်းကလည်း သေရမယ်”
သိုင်းတာအိုပင်မခန္ဓာက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာကို သေမိန့်ချမှတ်လိုက်သည့်အလား.. သာမန်ကာလျှံကာ ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်..”
သူက ပြေးစရာနေရာ မရှိတော့ဘူးဆိုတာကို သိလိုက်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ အံကို တင်းတင်းကြိတ်လိုက်၏။
“မင်း အရမ်းများသွားပြီ.. ငါ့မှာ တခြား ဘာဝှက်ဖဲမှ မရှိတော့ဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား”
သူ့စကား မဆုံးသေးခင်မှာပင်.. သူ၏ မျိုးဆက်သွေးကို ရူးသွပ်စွာ လှည့်ပတ်လိုက်၏။
ဝေါ.. ဝေါ.. ဝေါ..
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ ခန္ဓာကိုယ်ထဲမှာ ဆူနာမီအသံက ထွက်ပေါ်လာ၏။
အဲဒါတင် မကပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ အော်ရာကလည်း အလျင်အမြန် မြင့်တက်လာနေဆဲဖြစ်၏။
“ကောင်းကင်နဲ့မြေကြီး မီးပဒေသာ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက အော်ဟစ်လိုက်၏။
ရွှစ်…
ကြယ်များဖြင့် လင်းလက်နေသည့် ကောင်းကင်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ နောက်မှာ ပေါ်ထွက်လာပြီး ကောင်းကင်ဘုံကြယ် ၃၆စင်းက ဝင်းလက်တောက်ပလာ၏။
“မျိုးဆက်သွေးနယ်မြေလား”
သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ် နှစ်ယောက်စလုံးသည် ထိုသည်ကို မြင်သောအခါ အံ့အားသင့် တုန်လှုပ်သည့် အမူအရာများ ထွက်ပေါ်လာကြ၏။
သူတို့သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာနှင့် သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုသူက ဤကဲ့သို့သော ဝှက်ဖဲတစ်ခုအား ဖုံးကွယ်ထားသည်ကို သူတို့က မသိရှိခဲ့ကြပေ။
သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ် ဂုဏ်ယူဝံ့ကြွားမှု အရှိဆုံးဖြစ်သည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီပင်လျှင် မျိုးဆက်သွေးနယ်မြေတစ်ခုကို မကျင့်ကြံနိုင်ခဲ့ပေ။
သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ မျက်ဝန်းထဲရှိ အံ့အားသင့် တုန်လှုပ်မှုများက ထွက်ပေါ်လာကာစဖြစ်ပြီး အဲဒီနောက် တစ်ခဏချင်းမှာပင် ထိုနေရာမှာ အဆုံးမဲ့ အကြောက်တရားများက အစားထိုးဝင်ရောက်လာ၏။
သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်လေပြီ။
အဲဒီမှာ မည်သည့် ဓမ္မပညာရပ် သို့မဟုတ် လျှို့ဝှက်အတတ်မှ မပါရှိဘဲ အဲဒါက ရိုးရှင်းသော ထိုးချက်တစ်ချက်မျှသာ ဖြစ်၏။
ဘုန်း..
အဲဒီမှာ ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။
ကောင်းကင်ထက်ရှိ ကောင်းကင်ဘုံကြယ် ၃၆ စင်းက ကြေမွပျက်စီးသွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ အမူအရာက အဆက်မပြတ် ပြောင်းလဲသွားပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရ၏။
သူ ခြေတစ်လှမ်းဆုတ်တိုင်း သူသည် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်နေရ၏။
ဘုန်း.. ဘုန်း..
မျိုးဆက်သွေးနယ်မြေသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရ၏။
သူက ပြိုင်ဘက်ကင်းနေလေပြီ။
သူတို့ဘက်မှာ မည်သည့်အခွင့်အရေးမှ မကျန်ရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်ပြသခဲ့သော စွမ်းအားသည် သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်ကို စိတ်ပျက်အားငယ်သွားစေ၏။
တကယ်ဆို.. သူတို့နှစ်ယောက်သည် ခုခံဖို့ သတ္တိကိုပင် စုစည်း၍ မရနိုင်တော့ပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ မျိုးဆက်သွေးနယ်မြေက ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်သည် သိပ်သည်းပြင်းထန်သော ထိခတ်မှုကို လက်ခံရရှိလိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏။
“အထီးကျန်သိုင်းသခင်.. မင်း… “
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာက စကားပြောမည့်ဆဲဆဲမှာပင်… သိုင်းတာအိုပင်မခန္ဓာက သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူက သူ့ကို စကားဆက်ပြောဖို့ပင် အခွင့်အရေး မပေးဘဲ သူ၏ ဖြူဖွေးသော လက်ဖဝါးကို ဆန့်ထုတ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ ဦးခေါင်းကို ညင်သာစွာ ရိုက်ပုတ်လိုက်၏။
ဖြောင်း…
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ အကြည့်က ချက်ချင်းပင် မှေးမှိတ်သွား၏။
သူ၏ ဦးခေါင်းက အကောင်းအတိုင်း ကျန်ရှိနေသေး၏။
သို့သော်လည်း သူ၏ အသိစိတ်သည် သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရပြီး ကြေမွသွားလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ဖျက်ဆီးခံလိုက်ရပြီး သူက သေဆုံးသွားလေပြီ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ ရုပ်အလောင်းက လေထဲကနေ ပြုတ်ကျလာခဲ့၏။
ထိုးချက်နှစ်ချက်နှင့် လက်ဝါးရိုက်ချက်အပြီး၌ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်က သေဆုံးသွားခဲ့လေပြီ။
သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်သည် အရာရာတိုင်းကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး သူတို့၏ ခြေလက်များက အေးစက်လာ၏။
ထိုအခိုက်အတန့်တွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ မာန်မာနက လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ကျင့်ကြံရေးလောက၏ အထွတ်အထိပ် တည်ရှိမှုများဖြစ်ပြီး ပင်ယန်းမြို့ရှိ မော်တယ်များကို အတွေးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်၏။
သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်မှာ မော်တယ်များနှင့် လုံးဝ မခြားနားတော့ပေ။
သူတို့၏ အတိတ်ကာလက ဂုဏ်ကျက်သရေများနှင့် နာမည်ဂုဏ်သတင်းများ အားလုံးသည် ဤအခိုက်အတန့်မှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေပြီ။
ထိုစဉ်မှာပင်.. သိုင်းတာအိုပင်မခန္ဓာက သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်ဘက်သို့ လှည့်ကြည့်လိုက်၏။
“သီဖန်း..”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းက ငါ့ကို သတ်ဖို့ နှစ်ကြိမ်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘူး.. ဒါပေမဲ့ ငါတစ်ကြိမ်တိုက်ခိုက်တာနဲ့ မင်းသေရမယ်”
တစ်ခါတုန်းက သူ၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါ အရာမရောက်ခဲ့သော ထိုတည်ရှိမှုသည် ယနေ့မှာ ဤမျှအထိ စွမ်းအားကြီးမားလာလိမ့်မည်ဟု သီဖန်းက ထင်မှတ်မထားခဲ့ပေ။
တကယ် ဆို.. ယခုအချိန်မှာ ထိုသူသည် သူ့ကို အထင်အမြင်သေးနိုင်ပြီး သူ၏ သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်ပေးနိုင်လေသည်။
အရင်တုန်းက တာအိုအမွေအနှစ်ကုန်းမြေကို သူ အတင်းအကျပ် ချိုးဖျက်ဝင်ရောက်ပြီး အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့စဉ်က ထိုသူသည် ကူကယ်ရာမဲ့နေခဲ့၏။
ဖန်တီးခြင်းကြာပဒုမ္မာပင်လျှင် သူ့လက်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့၏။
အဲဒါက နှစ်ပေါင်း ဘယ်လောက်များများ ကြာသေးလို့လဲ။
အထီးကျန်သိုင်းသခင်က ဤမျှအတိုင်းအတာထိ အမှန်တကယ် ကြီးထွားလာခဲ့ပြီဆိုတော့… ။
“အထီးကျန်သိုင်းသခင်…”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ အမူအရာက မရေမရာ ပြောင်းလဲသွား၏။ ရုတ်တရက် သူက ပြောလိုက်၏။
“ငါက မင်းနဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ မရှိခဲ့ဘူး.. ငါ ဒီတစ်ခေါက် လိုက်လာတယ်ဆိုတာ မင်းရဲ့ ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်အတွက်ပဲ”
“မင်းက ငါ့အသက်ကို ဒီနေ့ ချမ်းသာပေးမယ်ဆိုရင်.. ငါက ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို ငါ့ရဲ့ လက်နှစ်ဖက်နဲ့ ကမ်းပေးမယ်”
သူသည် လုံလောက်သည့် ကမ်းလှမ်းမှုကို မပြုလုပ်နိုင်သရွေ့.. အထီးကျန်သိုင်းသခင်၏ စိတ်ကို လှုပ်ခတ်စေနိုင်မည် မဟုတ်ကြောင်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က ကောင်းကောင်းသိလိုက်ပြီဖြစ်၏။
အဲဒါကြောင့် သူသည် ကံအပေါ် ပုံအပ်ရမည့် မည်သည့်မျှော်လင့်ချက်မှ မထားရှိတော့ဘဲ ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို ထုတ်ပေးဖို့အတွက် စတင်ကမ်းလှမ်းလာ၏။
“ဒါပေါ့.. ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိခဲ့ဘူး”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“’ဒါပေမဲ့.. မင်းက ပင်ယန်းမြို့မှာ ရှိတဲ့ မော်တယ်တွေ အားလုံးကို သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုမှတော့ ငါ မင်းကို အသက်ရှင်လျက် မထားနိုင်တော့ဘူး”
“ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကတော့.. မင်း အဲဒါကို ထုတ်မပေးလည်း ငါ့ဘာသာငါ ယူနိုင်တယ်”
သူ့စကား မဆုံးသေးခင်မှာပင်.. သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီဖြစ်၏။
ရွှစ်…
မသိလိုက်မသိဘာသာနှင့်ပင်.. သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ရှေ့သို့ ပစ်ထိုးချလိုက်၏။
အခြားသူများအတွက်တော့ သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးချက်သည် မည်သည့် အပိုလှုပ်ရှားမှုမှ မရှိဘဲ သာမန်အဆန်ဆုံး လက်သီးနည်းစနစ်သာ ဖြစ်၏။
သို့သော်လည်း အဲဒါကို ထိပ်တိုက်ရင်ဆိုင်ရပြီးမှ ထိုထိုးချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ အမှန်တကယ် ခံစားမိနိုင်၏။
ထိုထိုးချက်ကနေ ထွက်ပေါ်လာသော စိတ်စွမ်းအားဖိအားသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ တာအိုနှလုံးသားကို ပြိုလဲကျလုနီးပါး ဖြစ်စေ၏။
သူ၏ မြင်ကွင်းထဲတွင် သိုင်းတာအိုပင်မခန္ဓာကို ဆက်လက်၍ မတွေ့မြင်ရတော့ပေ။ အဲဒီမှာ ထိုးချက်တစ်ချက်သာလျှင် ရှိတော့လေသည်။
ဇီး..
ဓားတေးသံက ထွက်ပေါ်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က သူ၏ ဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်လိုက်ပြီဖြစ်၏။
ထက်ရှသော အနားစောင်းနှင့်အတူ ဓားကို ထိုးသွင်းလိုက်သောအခါ သူ၏ လက်နှင့် လက်ကောက်ဝတ်မှာ လှုပ်ရှားမှုများစွာ ရှိမလာခဲ့ပေ။
ချွမ်း..
ဓား၏ ထက်ရှမှုသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ထိခတ်မိသောအခါ.. သတ္တုချင်း ထိခတ်သံကို ကြားလိုက်ရ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ လက်တစ်ဖက်လုံးက ထုံကျင်သွား၏။
“သတ်”
ရုတ်တရက်.. သူ၏မျက်လုံးက ဓားအလင်းတန်းတစ်ခုနှင့်အတူ တောက်ပလာခဲ့၏။
ဓားအလင်းတန်းသည် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးနှစ်ဖက်ရှိရာသို့ တိုးဝင်လာ၏။
စက္ခုနည်းစနစ်..
သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေကြ၏။
စက္ခုနည်းစနစ်၏ ရုန်းကန်ပေါက်ကွဲအားက ချက်ချင်းပင် ရောက်ရှိလာ၏။
သိုင်းတာအိုပင်မခန္ဓာသည် မရှောင်တိမ်းနိုင်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် သရော်တော်တော် အမူအရာတစ်ခု ရှိနေပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်ရုံမျှသာ ဖြစ်၏။
ချွမ်း..
စက္ခုနည်းစနစ် ဓားအလင်းတန်းသည် သိုင်းတာအိုပင်မခန္ဓာ၏ မျက်ရစ်နှင့် ထိတွေ့ရိုက်ခတ်သွားပြီး ၎င်းကို ထိုးဖောက်နိုင်ခြင်း မရှိဘဲ ခပ်ဖျော့ဖျော့ အဖြူရောင် ဒဏ်ချက်တစ်ခုကိုသာ ကျန်ရစ်ခဲ့စေ၏။
အဲဒါကို ဒဏ်ရာတစ်ခုဟုပင် မဆိုနိုင်ပေ။
နောက်ခဏ၌.. သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် သူက သတ်ဖြတ်တော့ပေမည်။