သီဖန်း၏ သေဆုံးမှု
Vol. 100 Ch. 1494
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ စက္ခနည်းစနစ်က သုံးစားရနိုင်ဘဲ သူက စဦးအရေးနိမ့်သွားခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ရှေ့သို့ တက်လှမ်းလာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်က သူ၏ဓားကို မြှောက်ပြီး ရှေ့သို့ ထိုးသွင်းလိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး ဓားဖျားကို ရှောင်တိမ်းကာ သူ၏ လက်ညိုးကို ညင်သာစွာ လှုပ်ရှား၍ ဓားကြောရိုးကို တောက်ထုတ်လိုက်၏။
အဲဒါက ဓားကိုယ်ထည်၏ အကျွတ်ဆတ်ဆုံးအပိုင်း ဖြစ်လေသည်။
ဓားက ပြင်းထန်စွာ တုန်ခါသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ တောက်ချက်တစ်ချက်ဖြင့် နှစ်ပိုင်းကျိုးလုနီးပါး ဖြစ်သွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်သည် သူ၏ မူပိုင်ဓမ္မလက်နက်ကို ဆက်လက်၍ ဆုပ်ကိုင်မထားနိုင်တော့ဘဲ အဲဒါက သူ၏ လက်ထဲကနေ စင်ထွက်သွား၏။ သိုင်းတာအိုပင်မခန္ဓာက စင်ထွက်လာသော ဓားကို ညင်သာစွာ သဲ့ယူပြီး လက်ပြန်ထိုးသွင်းလိုက်၏။
ဖောက်…
သိုင်းတာအိုပင်မခန္ဓာ၏ ခွန်အားနှင့် သူ၏ တိုက်ခိုက်မှု အရှိန်အဟုန်အရ… ထိုဓားချက်သည် တုန်လှုပ်စရာကောင်းသော သေစေနိုင်စွမ်းအားကို ထုတ်ဖော်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်သည် လုံးဝ မရှောင်တိမ်းနိုင်ဘဲ သူ၏ ရင်ဘတ်က သူ၏ မူပိုင်ဓမ္မလက်နက်ဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။
အဲဒါက ပြီးဆုံးမသွားသေးပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
သူ၏ မူပိုင်ဓမ္မလက်နက်သည် သူ၏ ရင်ဘတ်ထဲမှာ ပေါက်ကွဲထွက်တော့မည်ကဲ့သို့ သူက ခံစားလာရ၏။
အဲဒီမှာ စဉ်းစားနေဖို့ အချိန်မရပေ။
လှစ်ခနဲဆို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ အမြုတေစိတ်ဝိညာဉ်က သူ၏ ဦးခေါင်းထိပ်ကနေ ထွက်ပြေးလာခဲ့၏။
ဖောင်း…
ထိုစဉ်မှာပင်.. သူ၏ မူပိုင်ဓမ္မလက်နက်သည် အပိုင်းပိုင်းအတစ်တစ် ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ထိုးခွဲပစ်လိုက်၏။
သူက မတုံ့ပြန်နိုင်ခင်မှာပင်.. ကြီးမားသော အရိပ်တစ်ခုက သူ့အပေါ်ကို လွှမ်းခြုံလာ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏လက်ကို ဆန့်ထုတ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ အမြုတေစိတ်ဝိညာဉ်ကို သူ၏ လက်ဖဝါးထဲမှာ ဖမ်းဆုပ်လိုက်၏။
“သတ်”
အထီးကျန်သိုင်းသခင်သည် သူ့ကို လုံးဝလွှတ်ပေးမည် မဟုတ်ဟု သီဖန်းက နားလည်သဘောပေါက်သွား၏။ သူသည် မဆင်မခြင် ပြုမူလှုပ်ရှားလာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ကာ ဓမ္မပညာရပ်ငါးခုနှင့် လျှို့ဝှက်အတတ်တစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင်… သူ၏ သိုလှောင်အိတ်ကို လက်ဖြင့်ထိပြီး ဓမ္မလက်နက် ၁၀ ခုကျော်ကို ပစ်ထုတ်လိုက်၏။
ဓမ္မပညာရပ်များ၊ လျှို့ဝှက်အတတ်များနှင့် ဓမ္မလက်နက်များသည် ကောင်းကင်တစ်ခွင် အုပ်မိုးလာပြီး သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်လာခဲ့၏။
“နောက်ဆုံးအနေနဲ့ ရုန်းကန်ခြင်းပဲ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေ အမူအရာတစ်ခု ရှိနေ၏။
“မင်းက ငါ့ဆီက ထိုးချက်တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး”
ဘုန်း..
သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်ပြီဖြစ်၏။
ထိုထိုးချက်သည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်ပြီး လေထဲရှိ ဓမ္မပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို ချက်ချင်းပင် ဆွဲယူနှစ်မြုပ်ကာ သူတို့ကို တစ်စွန်းတစ်စမကျန် ဝါးမျိုပစ်လိုက်၏။
ဓမ္မလက်နက် ၁၀ ခုကျော်သည်လည်း သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားခဲ့၏။ သူတို့ ပြုတ်ကျလာသောအခါ သူတို့က အရောင်အဝါက မှေးမှိန်၍ သုံးစားမရအောင် ပျက်စီးသွားခဲ့လေပြီ။
“သီဖန်း.. မင်းက ပြီးသွားပြီ”
သိုင်းတာအိုပင်မခန္ဓာက သီဖန်းကို ငုံ့ကြည့်လိုက်၏။
သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ဓမ္မဝိသေသ အဆင့်မှာ ရှိနေခဲ့ပြီး ယက္ခယုနှင့် တိုက်ခိုက်ခဲ့စဉ်က သူသည် ထိုသူကို ဖိနှိမ်ဖို့အတွက် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်အသုံးပြုခဲ့၏။
သို့သော် ယခု သူက ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာခဲ့ပြီး သူ၏ မျိုးဆက်သွေးနယ်မြေကိုပင် ထုတ်ဖော်အသုံးပြုစရာ မလိုတော့ပေ။
ဘုန်း…
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ ပစ်ထိုးချလိုက်၏။
သီဖန်းက ကာကွယ်ရေးအဆောင်တစ်ခုကို အလောတကြီး ချိုးချေလိုက်၏။
သူသည် အရင်တုန်းက ရှေးဟောင်းအပျက်အစီးနယ်မြေများကို စူးစမ်းရှာဖွေရင်း ထိုကာကွယ်ရေးအဆောင်ကို ရရှိလာခဲ့ခြင်း ဖြစ်၏။ အဲဒါသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၁၀ ယောက်၏ တိုက်ခိုက်မှုများကို ခုခံပေးနိုင်လေသည်။
သို့သော်လည်း.. ထိုကာကွယ်ရေးအဆောင်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။
ဖျောက်… ဖျောက်… ဖျောက်…
ကာကွယ်ရေးအဆောင်က ကြေမွသွား၏။
သို့သော်လည်း.. ထိုထိုးချက်၏ တုန်ခါလှိုင်းက တစ်မူထူးခြားအောင် ကြောက်စရာကောင်းနေဆဲဖြစ်၏။
သီဖန်း၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားပြီး သူက ရုပ်ပျက်ဆင်းပျက် သွေးမြူလုံးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။
ဖောက်…
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ တက်လှမ်းပြီး သီဖန်း၏ နှာရောင်ကို သူ၏ လက်ညိုးဖြင့် ညင်သာစွာ တောက်လိုက်၏။
သီဖန်းသည် လုံးဝ ခုခံနိုင်ခြင်း မရှိဘဲ သူ၏ ဦးခေါင်းက သိုင်းတာအိုပင်မခန္ဓာ၏ လက်ချောင်းများဖြင့် ချက်ချင်းပင် ထိုးဖောက်ခြင်း ခံရကာ သွေးများက တစ်စက်စက် စီးကျလာ၏။
ရုတ်တရက်.. အလွန်တရာ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။
သီဖန်းသည် သူက သေရတော့မည်ဆိုတာကို သိသွားပြီး အရှက်ခွဲ မခံရချင်ပေ။ အဲဒါကြောင့် သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို မဆင်မခြင် လှည့်ပတ်ပြီး သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးကာ နေရာမှာပင် သတ်သေချင်လေသည်။
“ဟမ်”
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်၏။
“မင်းက ငါ့ရှေ့မှာ သတ်သေချင်သေးတာလား.. ငါက မင်းကို သေစေချင်မှပဲ မင်းသေလို့ ရမယ်… ငါက မသေစေချင်သေးဘူးဆိုရင် မင်းက မင်းကိုယ်မင်း သတ်သေလို့တောင် မရဘူး”
ထိုစကားကို ကြားသောအခါ သီဖန်းသည် မျှော်လင့်ချက် လုံးဝပျက်သုဉ်းသွားခဲ့ပြီဖြစ်၏။
မချိတင်ကဲ့ ပူဆွေးဝမ်းနည်းသည့် ခံစားချက်တစ်ခုက သူ၏ ရင်ထဲမှာ လှိုက်တက်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေဖြင့် သူသည် သူ၏ သေခြင်းရှင်ခြင်းကိုပင် မထိန်းချုပ်နိုင်တော့ပေ။
“အထီးကျန်သိုင်းသခင်.. မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
သီဖန်းက မုန်းတီးစွာဖြင့် မေးလိုက်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ယွီနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာသည် အထီးကျန်သိုင်းသခင်နှင့် ရန်ငြိုးရန်စ အနည်းငယ်သာ ရှိသော်လည်း သူတို့သည် ရက်စက်ပြတ်သားစွာဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရ၏။
သို့သော်လည်း.. သူနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်ကို အထီးကျန်သိုင်းသခင်က အသက်ရှင်လျက် ချန်ထားလေသည်။
အထီးကျန်သိုင်းသခင်သည် သနားကြင်နာတတ်သော လူတစ်ယောက် သေချာပေါက် မဟုတ်ပေ။
ဖြစ်နိုင်တာက…
သီဖန်းသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွား၏။
“အထီးကျန်သိုင်းသခင်.. မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
ရုတ်တရက်.. သီဖန်းသည် ဟိန်းဟောက်၍ သူ၏ အစွမ်းကုန်ရှိသမျှဖြင့် ရုန်းကန်လိုက်၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲရှိ အလင်းလုံးထဲမှ နက်မှောင်နေသော ချိန်းကြိုးမျှင်များက ပေါ်ထွက်လာပြီး သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ အမြုတေစိတ်ဝိညာဉ်များကို ရစ်ပတ်လိုက်၏။
ဝိညာဉ်ရှာဖွေခြင်းအတတ်…
သိုင်းတာအိုပင်မခန္ဓာသည် တာအိုအမွေအနှစ်ကုန်းမြေရှိ အမွေအနှစ် ၃၀ကျော်ကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။
သူသည် သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်ကို ချန်ထားရစ်ရသည့် အကြောင်းရင်းမှာ သူက သူတို့၏ လျှို့ဝှက်အတတ်များကို ရယူချင်သောကြောင့် ဖြစ်၏။
ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်သည် သိုင်းတာအိုပင်မခန္ဓာ ရယူချင်နေသည့် တစ်စုံတစ်ရာဖြစ်၏။
ဝိညာဉ်ရှာဖွေခြင်းအတတ်က စတင်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ မှတ်ဉာဏ်များထဲမှာ နစ်မျောသွားပြီး သုံးစားမရသော သတင်းအချက်အလက်များကို ကျော်လွှားကာ သူတို့ကို အလျင်အမြန် လှန်လှောရှာဖွေနေ၏။
ခဏကြာပြီးနောက်… သီဖန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီကြွယ်၏ အမြုတေစိတ်ဝိညာဉ်များက အသက်ဓာတ် ကင်းမဲ့သော အမူအရာများနှင့်အတူ မှေးမှိန်ကျလာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်များသည် ယခုအခါ သူတို့၏ မှတ်ဉာဏ်များကို ပျောက်ဆုံးသွားသည့် အရူးများပမာ ဖြစ်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ဤဝိညာဉ်ရှာဖွေခြင်းကနေ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။
မဟာကစဉ့်ကလျား အမြုတေလက်ဝါးနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို သိုင်းတာအိုပင်မခန္ဓာက ရရှိသွားခဲ့ပြီဖြစ်၏။
ယခုအချိန်တွင် သိုင်းတာအိုပင်မခန္ဓာသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး သူ၏ ကျင့်ကြံမှုအမြန်နှုန်းက သိသိသာသာ နှေးကွေးသွားခဲ့၏။
သူက သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်ချင်သည်ဆိုလျှင်.. အရိုးရှင်းဆုံး နည်းလမ်းမှာ သိုင်းတာအိုမီးဖိုကို အသုံးပြုပြီး ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို အဆက်မပြတ် အရည်ဖျော်ဖို့ဖြစ်၏။
သူသည် ထိုကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို သူ့ကိုယ်ပိုင် အသိအမြင်များအဖြစ် ပြောင်းလဲပစ်ရပေမည်။
ယခုအချိန်တွင်.. သိုင်းတာအိုပင်မခန္ဓာသည် ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်နှစ်ခုဖြစ်သော မဟာကစဉ့်ကလျား အမြုတေလက်ဝါးနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို ရရှိသွားခဲ့ပြီဖြစ်၏။ သူသည် ထိုပညာရပ်များကို သန့်စင်နိုင်သည်နှင့်အမျှ သူ၏ ခွန်အားက သေချာပေါက် နောက်တစ်ဖန် တိုးမြင့်လာပေလိမ့်မည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ သိုလှောင်အိတ်များထဲမှာလည်း ပစ္စည်းကောင်းတချို့ သေချာပေါက် ရှိနေပေမည်။
“အဲဒါက ဆိုးတဲ့ အကြံအစည်တစ်ခုတော့ မဟုတ်ဘူးပဲ”
သိုင်းတာအိုပင်မခန္ဓာက အတွေးနက်စွာဖြင့် သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။
ပင်ယန်းမြို့က သိပ်မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။
. . . . . .
အဆုံးစွန်အနောက်ဘက်၊ ခွန်လွင်အပျက်အစီးနယ်မြေတွင်…
ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ခွန်လွင်အပျက်အစီးနယ်မြေ၏ လျှို့ဝှက်ကုန်းမြေတစ်ခုမှာ သီးခြားအထိုင်ချ ကျင့်ကြံနေခဲ့သည်မှာ နှစ်နှစ်ဆယ် ကြာသွားခဲ့လေပြီ။
ကြီးမားသော အာသောက သစ်သားပိုင်းထဲတွင် ပါဝင်သော စွမ်းအားက အရမ်းကို သိပ်သည်းပြင်းထန်ကာ ပေါကြွယ်ဝလွန်းလေသည်။ ဆူဇီမိုသည် အဲဒါကို သန့်စင်စုပ်ယူရင်း ငါးနှစ်မြောက်မှာ သူသည် အလယ်အလတ်ပေါင်းစည်းခန္ဓာအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့၏။
သို့သော်လည်း.. အဲဒါသည် အာသောက သစ်သားမှ သေးငယ်သော စွမ်းအားအစိတ်အပိုင်းတစ်ခုကိုသာ သန့်စင်ရသေးလေသည်။
ဆူဇီမိုသည် ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ကျင့်ကြံခဲ့၏။
ဆယ်နှစ်မြောက်မှာ.. နန်းကြည်သည် အဆင့်ချိုးဖျက်တက်လှမ်းပြီး အလယ်အလတ် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်နိုင်ခဲ့၏။
ဆယ့်ခြောက်နှစ်မြောက်မှာ.. အဆုံးစွန်မီးသည် အဆင့်ချိုးဖျက်တက်လှမ်းပြီး နောက်ပိုင်းပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်နိုင်ခဲ့၏။
ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာပြီးနောက်.. ကျင့်ကြံခြင်းက အလွန်တရာ ခက်ခဲလာခဲ့၏။
နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ ကျင့်ကြံပြီးနောက်.. သူတို့၏ ကျင့်ကြံမှုက တိုးတက်မလာဘူးဆိုလျှင်တောင် အဲဒါက သာမန်သာ ဖြစ်၏။
သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာဆိုလျှင်.. ကြီးမားသော အခွင့်အလမ်းများနှင့် တွေ့ကြုံရမည်ဆိုလျှင်တောင် အဆုံးစွန်မီးနှင့် နန်းကြည်အနေဖြင့် နှစ်နှစ်ဆယ်မျှနှင့် အဆင့်သေးတစ်ခုကို ချိုးဖျက်တက်လှမ်းနိုင်ဖို့က ခဲယဉ်းလေသည်။
သို့သော်လည်း.. အဆုံးစွန်မီးနှင့် နန်းကြည်သည် သေခြင်းရှင်ခြင်း တိုက်ပွဲများကို အဆက်မပြတ် တွေ့ကြုံဖြတ်ကျော်ပြီးနောက်.. ခွန်လွင်အပျက်အစီးနယ်မြေမှာ အလျင်အမြန် တိုးတက်ကြီးထွားလာခဲ့၏။
နှစ်နှစ်ဆယ်က အလျင်အမြန် ကုန်ဆုံးသွားပြီး ဆူဇီမိုသည် အာသောက သစ်သားကို သန့်စင်ရင်း ဆက်လက်ကျင့်ကြံနေဆဲဖြစ်၏။
သူသည် အာသောက သစ်သား၏ စွမ်းအားအများစုကို စုပ်ယူသန့်စင်ပြီးသွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင်.. သူ၏ ကျင့်ကြံမှုအဆင့်က အလယ်အလတ် ပေါင်းစည်းခန္ဓာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် ခြေလှမ်းတစ်လှမ်းသာ လိုတော့လေသည်။
အဆုံးစွန်မီးနှင့် နန်းကြည်သည် သူတို့၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ကြပြီဖြစ်၏။
ဆူဇီမိုနှင့် မတူဘဲ သူတို့နှစ်ယောက်မှာ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူပြီး ကျင့်ကြံဖို့အတွက် အာသောက သစ်သားကဲ့သို့ ရတနာတစ်ခု မရှိပေ။
သို့သော်လည်း သူတို့နှစ်ယောက်သည် ဆူဇီမိုဘေးမှာ နေပြီး သူ၏ကျင့်ကြံမှု အဆုံးသတ်သည်အထိ စောင့်ဆိုင်းနေကြ၏။
ဤနေ့တွင်…
အစက ကျင့်ကြံနေသော နန်းကြည်သည် ရုတ်တရက် သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
“ဟမ်”
သိပ်မကြာခင်.. အဆုံးစွန်မီးကလည်း သူ၏မျက်လုံးကို ဖွင့်ပြီး မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။
“တစ်ယောက်ယောက်ကတော့ ဒီကို လာနေပြီ”