ပြင်းထန်သော တိုက်ပွဲ
Vol. 100 Ch. 1496
“ဟားဟား”
ခွန်လွင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက အော်ဟစ်ရယ်မောလိုက်၏။
“ငါတို့က ဒီလမ်းကြောင်းကို သိသွားပြီဆိုမှတော့ ငါတို့က ခွန်လွင်အပျက်အစီးနယ်မြေကနေ ထွက်နိုင်ပြီပေါ့”
“ဒါပေါ့”
နောက်ထပ် ခွန်လွင်ကလန်သားတစ်ယောက်က ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်တို့က နောက်ဆုံးမှာ ဒီနေရာကနေ ထွက်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ပြန်နိုင်ပြီ.. ကျုပ်တို့က မဟာယာနအဆင့်ကို တက်လှမ်းပြီး အစစ်အမှန် မျိုးနွယ်စုခေါင်းဆောင်တွေ ဖြစ်လာနိုင်တော့မယ်”
ခွန်လွင်အပျက်အစီးနယ်မြေမှာ ကြောက်စရာကောင်းသော ကမ္ဘာဦးစစ်ပွဲကြောင့် ကြွင်းကျန်ရစ်သော နတ်ဘုရားစွမ်းအားများသည် တားမြစ်နယ်မြေဒေသများကို ဖြစ်ပေါ်လာစေခဲ့၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ ဤနေရာသို့ ဝင်ရောက်လာလျှင် နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပေလိမ့်မည်။
ခွန်လွင်အပျက်အစီးနယ်မြေတွင် မည်သူမဆို မဟာယာနအဆင့်ကို တက်လှမ်းဖို့က ပို၍ပင် မဖြစ်နိုင်ပေ။
အကြောင်းမှာ သူတို့သည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်သည်နှင့်အမျှ နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာပေလိမ့်မည်။
ဆိုလိုသည်မှာ.. သူတို့သည် မဟာယာနအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့မည်ဆိုလျှင်တောင် ဖြစ်ပေါ်လာမည့် နတ်ဘုရားစွမ်းအားမုန်တိုင်းကြောင့် သူတို့သည် ချက်ချင်းပင် သေဆုံးရပြီး အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခံရပေလိမ့်မည်။
“အားလုံးပဲ.. ကျုပ်တို့က တကယ်ပဲ ထျန်ဟွန်ကုန်းမြေတိုက်ကြီးက လာခဲ့တာ… ဒါပေမဲ့ ကျုပ်တို့တွေက ခင်ဗျားတို့တွေနဲ့ ခွန်လွင်အပျက်အစီးနယ်မြေအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး”
အဆုံးစွန်မီး၏ အမူအရာက တည်ငြိမ်နေ၏။ သူသည် ခွန်လွင်ကလန်သားများနှင့် မဆင်မခြင် အတိုက်အခံပြုလုပ်လိုခြင်း မရှိဘဲ ယဉ်ကျေးပျူငှာစွာ ပြောဆိုလိုက်၏။
ခွန်လွင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက လှောင်ရယ်လိုက်၏။
“အပြင်လူတွေက သနားညှာတာခြင်းမရှိ သတ်ဖြတ်ခံရမယ်”
“သူတို့ကို သတ်”
ခွန်လွင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သူ၏ လက်ကို ဝှေ့ယမ်းပြီး အဆုံးစွန်မီးနှင့် နန်းကြည်ကို လုံးဝ အတည်အတံ့မှတ်ယူခြင်း မရှိပေ။
အဆုံးစွန်မီး၏ အမူအရာကလည်း အေးစက်လာခဲ့၏။
ထျန်ဟွန်ကုန်းမြေတိုက်ကြီးမှာ သူသည် နယ်မြေဒေသတစ်ခုကို အုပ်စိုးနိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ သူ မွေးဖွားပေါ်ထွက်လာပြီး တိုက်ပွဲအချို့ အပြီး၌ သူက ပို၍ပင် နာမည်ကြီးကျော်ကြားလာခဲ့၏။
သူသည် ခွန်လွင်အပျက်အစီးနယ်မြေကို ရောက်ရောက်ချင်း ခွန်လွင်မျိုးနွယ်ဝင်များနှင့် ပဋိပက္ခမဖြစ်ချင်သောကြောင့်သာ သူက ယဉ်ကျေးစွာ ပြောဆိုနေခဲ့ခြင်းဖြစ်၏။
သို့သော်လည်း.. ခွန်လွင်မျိုးနွယ်က သူ့ကို သတ်ဖြတ်ချင်သည်ဆိုမှတော့ သူကလည်း သူတို့ကို ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။
“ဟမ်”
အဆုံးစွန်မီးကလည်း လှောင်ရယ်လိုက်၏။
“ငါ့ကို သတ်ဖို့ မင်းတို့မှာ ဘာအစွမ်းအစရှိလဲ ကြည့်ရသေးတာပေါ့”
သူ့စကား မဆုံးသေးခင်မှာပင်.. ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူတို့ထဲမှ တစ်ယောက်သည် အမွေးထူထူ ကြမ်းတမ်းသော လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အဆုံးစွန်မီး၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
“တောကောင်.. မင်း ငါ့ရှေ့မှာ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ရဲတာလဲ”
အဆုံးစွန်မီးက ဟိန်းဟောက်ပြီး သူ၏ နှာရောင်က တောက်ပသွား၏။ သွေးနီရောင် မီးဖိုတစ်လုံးက ပျံသန်းထွက်ပေါ်လာပြီး ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်ဆီသို့ ပစ်ဝင်လာခဲ့၏။
ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်သည် အဲဒါက ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ နားလည်သွားပြီး အလွန်တရာ လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူသည် နောက်ဆုံး အခိုက်အတန့်မှာ သူ၏ နည်းဗျူဟာကို ပြောင်းလဲပြီး ဝင်ရောက်လာသော မီးဖိုထံသို့ သူ၏ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့်အတူ ပစ်ထိုးချလိုက်၏။
ဘုန်း…
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်၏ လက်သီးသည် အဆုံးစွန်မီး၏ မူပိုင်ဓမ္မလက်နက်နှင့် ထိတွေ့ရိုက်ခတ်သွား၏။
“အား…”
ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်က နာကျင်သွားသော အမူအရာနှင့်အတူ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သူ၏ လက်သီးသည် အဆုံးစွန်မီး၏ မူပိုင်ဓမ္မလက်နက်နှင့် ထိတွေ့သွားပြီး သူ၏ အရိုးများနှင့် အရွတ်များက ကွဲထွက်ကုန်သကဲ့သို့ ခံစားလိုက်ရ၏။ နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီး သူ၏ လက်ဖဝါးက ချက်ချင်းပင် ယောင်ကိုင်းသွား၏။
အဲဒါက ပြီးဆုံးမသွားသေးပေ။
သွေးနီရောင်မီးဖိုကနေ ဒေါသူပုန်ထနေသော မီးတောက်များက ရုန်းကန်ထွက်ပေါ်လာပြီး ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်၏ လက်သီးဆီသို့ တလိပ်လိပ်တက်လာ၏။
ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်၏ လက်တံပေါ်ရှိ သားမွေးများက ချက်ချင်းပင် လောင်ကျွမ်းပြာကျသွား၏။
မီးတောက်များ၏ ပြင်းထန်မှုက ထိုသူ၏ အသားများကိုပင် လောင်ကျွမ်းသွားစေ၏။
သားရဲချီက တလိပ်လိပ်တက်လာာပြီး လတ်ဆတ်သော သွေးများက မီးတောက်များပေါ်သို့ ဖြန်းပက်ကျဆင်းလာ၏။
သို့သော်လည်း သွေးနီရောင်မီးတောက်သည် ငြိမ်းသေမည့် မည်သည့်လက္ခဏာမှ မပြသဘဲ အားကောင်းပြင်းထန်နေဆဲဖြစ်၏။ တစ်ခဏအတွင်းမှာပင် ၎င်းက ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်ကို လွှမ်းခြုံသွား၏။
“ဂါး”
ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်သည် ဟိန်းဟောက်၍ သူ၏ မျိုးဆက်သွေးကို အကန့်အသတ်ထိ လှည့်ပတ်ကာ သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲချင်လေသည်။
သူက လူသားမဟုတ်ပေ။
သူ၏ တိုက်ခိုက်ရည်ခွန်အားကို သူ၏ အစစ်အမှန်ပုံစံမှာသာ ၎င်း၏ အကန့်အသတ်ထိ ထုတ်ဖော်နိုင်ပေလိမ့်မည်။
သို့သော်လည်း အဆုံးစွန်မီးက သူ့ကို ထိုအခွင့်အရေး လုံးဝမပေးတော့ပေ။
အဆုံးစွန်မီးသည် သူ၏ လက်ဖဝါးထဲမှာ မနှိုင်းယှဉ်သာအောင် ကြွယ်ဝသော ဓမ္မစွမ်းအားတစ်ခုကို စုစည်းပြီး ချက်ချင်းပင် မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် လှံတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
ထိုလှံတံသည် လုံးဝ နီရဲနေပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။
ရွှစ်..
အဆုံးစွန်မီးက သူ၏ လက်ကို လွှဲကာ ပစ်ထုတ်လိုက်၏။
လှံတံက အနီရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး ထိုသူ၏ ရင်ဘတ်ကို ထိုးဖောက်ကာ ကြောက်စရာကောင်းသော မီးတောက်များကို ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာစေ၏။
မီးတောက်များက အတွင်းအပြင် လောင်ကျွမ်းလာ၏။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင်.. ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်၏ ကိုယ်တွင်းအင်္ဂါများက လောင်ကျွမ်းသွားလေသည်။
“အား… အ.. အား..”
ထိုသူက ဒေါသူပုန်ထနေသော မီးတောက်များကြားမှာ ရုန်းကန်၍ သွေးပျက်ချောက်ချားဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သို့သော်လည်း သူသည် နောက်ဆုံးမှာတော့ အဲဒါကို တောင့်မခံနိုင်တော့ပေ။
သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ရုန်းထွက်လာခဲ့၏။ သို့သော်လည်း ၎င်းသည် မီးတောက်များဖြင့် အလျင်အမြန် ဝါးမျိုခြင်း ခံရပြီး နေရာမှာပင် ပြာကျကာ သေဆုံးသွား၏။
သူတို့နှစ်ယောက်စလုံးသည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိကြသော်လည်း.. ဤခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်သည် အဆုံးစွန်မီးကို လုံးဝ မယှဉ်နိုင်ပေ။
နန်းကြည်ထံသို့ ခုန်ဝင်လာသော နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ထိုသည်ကို မြင်သောအခါ တိတ်တဆိတ် ထိတ်လန့်သွား၏။
သူသည် မဆင်မခြင် ပြုမူရဲခြင်း မရှိတော့ဘဲ လေထဲမှာပင် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီဖြစ်၏။
“ဂါး “
အဲဒါက တောခွေးတစ်ကောင်နှင့် ဆင်တူသော သားရဲတောကောင်တစ်ကောင် ဖြစ်လေသည်။
သို့သော်လည်း ဤသားရဲတောကောင်၏ မျိုးဆက်သွေးအော်ရာက များစွာပို၍ ကြောက်စရာကောင်းလေသည်။ ၎င်း၏ အကြည့်က ကြောက်စရာကောင်းပြီး အလွန်တရာ ကြမ်းကြုတ်ခက်ထန်လေသည်။
ထိုသားရဲတောကောင်၏ တစ်ကိုယ်လုံးကို ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ထက်ရှသော လက်သည်းများနှင့် သွားစွယ်များ ပါရှိလေသည်။
၎င်းသည် ပေါ့ပါးဖျတ်လတ်ပြီး တုန်လှုပ်စရာကောင်းသော အမြန်နှုန်းကို ပိုင်ဆိုင်လေသည်။
အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေသော ကြမ်းကြုတ်တောကောင် ယာကျိ ဖြစ်လေသည်။
ယာကျိသည် ကြမ်းကြုတ်ခက်ထန်၍ သွေးဆာရက်စက်ရုံသာမကဘဲ ၎င်းက အလွန်တရာ အငြိုးအတေး ကြီးမားလေသည်။
ယာကျိသည် ၎င်း၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲပြီး ၎င်း၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ နန်းကြည်ရှေ့သို့ ရောက်ရှိလာပြီး ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ သူမထံသို့ ကိုက်ချလိုက်၏။
နန်းကြည်က အလွန်တရာ အားနည်းသည့်ပုံပေါ်ပြီး သူမ၏ ခန္ဓာကိုယ်က ယာကျိ၏ လက်မောင်းလုံးလောက်ပင် တုတ်ခိုင်ခြင်း မရှိပေ။
ထိုကိုက်ချက်တစ်ချက်က နန်းကြည်ကို ချက်ချင်းပင် စုတ်ပြဲသွားစေနိုင်၏။
မလှမ်းမကမ်းတွင်.. အဖြူရောင်ဝတ်လူက စိတ်ဝင်စားမှုနှင့် ဟန်လုပ်အပြုံးတစ်ခုနှင့်အတူ အရာရာတိုင်းကို ကြည့်နေ၏။
နန်းကြည်၏ အမူအရာက တည်ငြိမ်နေပြီး သူမ၏ မျက်ဝန်းထဲမှာ မည်သည့် ကြောက်ရွံ့မှုတို့မှ ရှိမနေပေ။ ယာကျိက ရှေ့သို့ ခုန်ဝင်လာသည့် အချိန်မှာပင် သူမက တိုက်ခိုက်လိုက်ပြီဖြစ်၏။
ဘုန်း… ဘုန်း…
နန်းကြည်၏ ခန္ဓာကိုယ်ထဲမှ ဆူနာမီအသံတစ်သံက ထွက်ပေါ်လာ၏။
ရွှေရောင်သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး ယာကျိ၏ မျိုးဆက်သွေးကို ချက်ချင်းပင် ဖိနှိမ်လိုက်၏။
နန်းကြည်သည် သူမ၏ ဖြူဖွေးသွယ်လျသော လက်ဖဝါးကို ဆန့်ထုတ်ပြီး ယာကျိ၏ ဦးခေါင်းကို အပေါ်ကနေ ဖိချလိုက်၏။
ဘုန်း..
ယာကျိက ခေါင်းငိုက်စိုက်ကျသွားပြီး မြေပြင်က ပြင်းထန်စွာ တုန်ခါ၍ ကြီးမားသော တွင်းချိုင့်တစ်ချိုင့်ကို ဖြစ်ပေါ်သွားစေ၏။
ယာကျိ၏ ပါးစပ်သည် သွေးများဖြင့် ပြည့်နှက်လာပြီး ၎င်း၏ ထက်ရှသော သွားအများစုက ကျိုးကြေမွသွားလေသည်။
“ဟမ်”
ခွန်လွင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက မျက်မှောင် အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
“နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေးလား”
သူသည် အဖြူရောင်ဝတ် အမျိုးသားကို အလိုလိုလှည့်ကြည့်လိုက်၏။
အဖြူရောင်ဝတ်လူက ညင်သာစွာ ပြုံးပြလိုက်၏။
“အဲဒါက မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ နတ်ဘုရားမျိုးနွယ်ရဲ့ အဆက်အနွယ် ကပြားတစ်ယောက်ပါပဲ”
ခဏမျှ ရပ်တန့်ပြီးနောက်.. သူက ဆက်ပြောလိုက်၏။
“ဒါပေမဲ့.. အဲဒီအမျိုးသမီးက အရမ်းကို ထူးချွန်တယ်… သူ့မှာ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေး တစ်ဝက်ပဲ ရှိတာတောင် ဒီလောက် အတိုင်းအတာထိ ကျင့်ကြံနိုင်ခဲ့တယ်ဆိုတာ.. တကယ့်ကို ရှားရှားပါးပါးပဲ”
အဖြူရောင်ဝတ်လူ ထိုသို့ပြောပြီးနောက်.. တစ်ဖက်တွင်ရှိသော တိုက်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။
ယာကျိသည် လူးလဲကာ ကျုံးထချင်လေသည်။ သို့သော်လည်း ၎င်းသည် နန်းကြည်၏ လက်ဖဝါးဖြင့် ဖိနှိမ်ခြင်းကနေ ရုန်းမထွက်နိုင်ပေ။
သူ့ကို ဖိနှိမ်ထားသည်က လက်ဖဝါးတစ်ဖက် မဟုတ်ဘဲ မကိုင်လှုပ်နိုင်သော တောင်တစ်လုံး ဖြစ်နေသည့်အလားပင်။
ဖောင်း…
သူမ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်ပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာကာ ယာကျိ၏ ဦးခေါင်းကို ချက်ချင်းပင် ထိုးဖောက်သွား၏။
မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်၏ ကြီးမားသော ခန္ဓာကိုယ်က ခဏမျှ ငြိမ်သက်သွားပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပစ်လဲကျသွား၏။ ဖုန်များက တထောင်းထောင်း ထလာပြီး ၎င်းက နေရာမှာပင် သေဆုံးသွားခဲ့လေပြီ။
အဆုံးစွန်မီးနှင့် နန်းကြည်၏ တိုက်ခိုက်ရည်ခွန်အားအရ.. တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ကြမည်ဆိုလျှင် ပေါင်းစည်းခန္ဓာအဆင့်မှာ သူတို့ကို အနိုင်ယူနိုင်သည့်သူက မရှိသလောက်ပင်။
သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အချို့ထက်ပင် ကျော်လွန်နေခဲ့လေပြီ။
ရွှစ်.. ရွှစ်.. ရွှစ်..
မလှုပ်မယှက်ရှိနေသော အဖြူရောင်ဝတ်လူက လွဲလျှင် ခွန်လွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အပါအဝင် ခွန်လွင်ကလန်သား ၁၃ယောက်သည် ရှေ့သို့ တက်လာပြီး အဆုံးစွန်မီးနှင့် နန်းကြည်ကို ဝန်းရံပိတ်ဆို့လိုက်ကြ၏။