← Chapters

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ဖိနှိမ်ခြင်း

Vol. 100 Ch. 1499

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ဖိနှိမ်ခြင်း

Vol. 100 Ch. 1499

“ဇီမို... မင်းရောက်လာပြီပဲ”

အဆုံးစွန်မီးက ပြုံးပြလိုက်၏။

“ငါအဆင်ပြေပါတယ်... ခဏလောက် အနားယူပြီးရင် ငါပြန်ကောင်းသွားမှာ... သတိထားဦး အဲ့ဒီလူက နတ်ဘုရားမျိုးနွယ်ရဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ပဲ... အားမနည်းဘူး”

“အင်း”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“နောက်ပြီး...”

အဆုံးစွန်မီးက ဆက်ပြောလိုက်၏။

“ဒါက... နတ်မိမယ်လင်းလုံ ဖွင့်လှစ်ခဲ့တဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုဖြစ်နိုင်တယ်... အဲ့ဒါက ခွန်လွင်အဟန့်အတားကို ဖြတ်ကျော်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးနဲ့ ခွန်လွင်အပျက်အစီးနယ်မြေကို ပေါင်းကူးပေးထားတာပဲ”

“ဒီမှာရှိတဲ့ လူတွေက ဒီလျှို့ဝှက်လမ်းကြောင်းရဲ့တည်ရှိမှုကို အခုပဲ ရှာဖွေတွေ့ရှိထားတာ.. သူတို့က လှုပ်ရှားမှု ပြုလုပ်လာပြီဆိုမှတော့ ငါတို့က သူတို့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးလို့ မရတော့ဘူး”

အဆုံးစွန်မီးနှင့် အခြားသူများသည် နတ်မိမယ်လင်းလုံက ဤလျှို့ဝှက်ကုန်းမြေကို ဘာကြောင့်ဖွင့်လှစ်ခဲ့သလဲ မသိရှိကြသော်လည်း သူမလုပ်ရပ်၏ နောက်ကွယ်မှာ အကြောင်းပြချက်ကောင်းတစ်ခု ရှိရမည်ဟု သူတို့က ယုံကြည်လေသည်။

ဒါ့အပြင် ဤလူများ ​ဤနေရာကနေ ထွက်ပြေးလွတ်မြောက်သွားသည်နှင့် ပို၍ပင်ကြီးမားသော ပြဿနာတစ်ခုကို ဤလူများက သေချာပေါက် ပြန်လည်ယူဆောင်ပေးလာပေလိမ့်မည်။

ဤပြဿနာကို တစ်ခါတည်းအပြီးတိုင်ဖြေရှင်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ဤကလန်သားများအားလုံးကို ဤနေရာမှာ သတ်ဖြတ်ပစ်ဖို့သာဖြစ်၏။

“ဟဲဟဲ...”

ဘေးဘက်တွင်ရှိသော ခေါင်းကိုးလုံးနတ်သူငယ်သည် သူ၏ ငေးငိုင်နေရာကနေ နိုးထလာခဲ့ပြီဖြစ်ပြီး သူ၏ ဒဏ်ရာအများစုကလည်း သက်သာပျောက်ကင်းလာခဲ့ပြီဖြစ်၏။ ထိုစကားကို ကြားသောအခါ သူက လှောင်ရယ်မိလေသည်။

“နောက်ပိုင်းအဆင့် ပေါင်းစည်းခန္ဓာတစ်ယောက်က ငါတို့အားလုံးကို သတ်ချင်နေတာလား။”

အသောကသစ်သား၏ ကြီးမားသော အပိုင်းကို စုပ်ယူသန့်စင်ပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုက နောက်ပိုင်းပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူသည် အဆင့်သေးနှစ်ဆင့်ကို ဆက်တိုက်ကျော်ဖျက်ခဲ့လေသည်။

သူက ပုံမှန်အတိုင်းကျင့်ကြံမည်ဆိုလျှင် အနည်းဆုံး နှစ်ပေါင်းတစ်ထောင် အချိန်မယူပဲ ဤအဆင့်ထိ မြင့်မားတိုးတက်လာဖို့ မဖြစ်နိုင်ပေ။

အသောကသစ်သားတွင် ပါဝင်သော စွမ်းအားက အရမ်းကို သန့်စင်ကြီးမားပြီး အဲ့ဒါက ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် လုံးဝယှဥ်နိုင်လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အသောကသစ်သား၏ စွမ်းအားကို ပြီးပြည့်စုံစွာ စုပ်ယူနိုင်လေသည်။

“နတ်ဘုရားမျိုးနွယ်လား”

ဆူဇီမိုက မလှမ်းမကမ်းတွင် ရှိသော နတ်ဘုရားမျိုးနွယ် အမျိုးသားကိုကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

နတ်ဘုရားမျိုးနွယ်ဝင်များက ခွန်လွင်အပျက်အစီးနယ်မြေမှာ ဘာကြောင့်ရှိနေရတာလဲ ။

ထိုအခိုက်အတန့်တွင် နန်းကြည်ကလည်း လူးလဲ၍ ကျုံးထလာပြီး ဆူဇီမိုဘေးသို့ ရောက်ရှိလာကာ အနည်းငယ်ဦးညွှတ်လိုက်၏။

“သခင်လေး”

“မင်းက ဟိုပုရွက်ဆိတ်ရဲ့ တပည့်လား”

နတ်ဘုရားမျိုးနွယ် အမျိုးသားက ဆူဇီမိုကိုကြည့်ပြီး ယုံကြည်မှုရှိရှိ ပြုံးပြလိုက်၏။

“ငါက... မင်းရဲ့ဆရာကို ဖိနှိမ်ဖို့အတွက် ခုတ်ချက်တစ်ချက်ပဲ အသုံးပြုခဲ့ရတယ်... ငါက မင်းကိုဖိနှိမ်ဖို့ဆိုရင် လက်ညိုးတစ်ချောင်းက လုံလောက်လိမ့်မယ်ထင်တယ်”

“ဟုတ်ပါ့မလား”

အမူအရာကင်းမဲ့စွာဖြင့်ပင် ဆူဇီမိုက နတ်ဘုရားမျိုးနွယ် အမျိုးသားထံသို့ လျှောက်လှမ်းလာပြီး ဂရုမထားဟန်ဖြင့်ပြောလိုက်၏။

“မင်း... ကြိုးစားကြည့်လေ”

နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်နှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေဖြင့် နတ်ဘုရားမျိုးနွယ် အမျိုးသားသည် ဆူဇီမိုကို လုံးဝအတည်အတံ့မှတ်ယူခြင်း မရှိပေ။ တကယ်ကို သူပြောသည့်အတိုင်းပင် သူက သူ၏လက်ညိုးကို ဆန့်ထုတ်ပြီး ဆူဇီမိုပေါ်သို့ ဖိချလိုက်၏။

အဲ့ဒါသည် လက်ညိုးတစ်ချောင်းဟု ဆိုသော်လည်း ထိုလက်ညိုးသည် ကောင်းကင်ထိုးဖောက်ကျောက်တိုင်နှင့် ဆင်တူသော ရွှေရောင်သွေးချီဖြင့် ပြည့်လျှမ်းနေလေသည်။ ၎င်းသည် တုန်လှုပ်စရာကောင်းသော အော်ရာနှင့်အတူ ဆူဇီမိုပေါ်သို့ ဖိချေကျဆင်းလာ၏။

ဆူဇီမိုက တည်ငြိမ်သောအမူအရာတစ်ခုရှိနေ၏။ ထိုလက်ညိုး၏ ဖိနှိမ်မှုနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှု တစ်စွန်းတစ်စမှ ရှိမနေပေ။ တကယ်ဆို... သူက ရှောင်တိမ်းဖို့ပင် စိတ်ကူးမရှိပေ။

လက်ညိုးက သူ၏ ဦးခေါင်းနှင့် ထိတွေ့တော့မည့်ဆဲဆဲဖြစ်၏။

ရုတ်တရက် ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်၏။ လှစ်ခနဲဆို... သူသည် နတ်ဘုရားမျိုးနွယ် အမျိုးသား၏ လက်ညိုးကို ဖမ်းဆွဲလိုက်၏။

“ဟမ်...”

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ စွမ်းအားက ပိတ်ဆို့တားဆီးခံလိုက်ရပြီး သူက ဆက်လက်၍ ဖိမချနိုင်တော့ပေ။

သူသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ လက်ညိုးကို ပြန်လည်ရုပ်သိမ်းချင်၏။

သို့သော်လည်း သူ၏လက်ညိုးကို ဆူဇီမိုက တင်းကျပ်စွာဖမ်းဆုပ်ထားပြီဖြစ်ပြီး တုပ်တုပ်မျှ မလှုပ်နိုင်တော့ပေ။

သူ့အနေဖြင့် အဲ့ဒါက ပြန်ဆွဲနုတ်ဖို့က မဖြစ်နိုင်တော့ပေ။

ဖျောက်...

ထိုစဥ်မှာပင် အက်ကွဲသံတစ်သံက ထွက်ပေါ်လာ၏။

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ မျက်လုံးက ပြုးကျယ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ နာကျင်သောအမူအရာတစ်ခုကို ထုတ်ဖော်ပြသလာ၏။

“အား...”

နောက်ဆုံးမှာတော့ နတ်ဘုရားမျိုးနွယ် အမျိုးသားသည် ဆက်လက်၍ သည်းမခံနိုင်တော့ပဲ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ် အမျိုးသား၏ လက်ညိုးကို ချိုးပစ်လိုက်ပြီဖြစ်၏။

နတ်ဘုရားမျိုးနွယ် အမျိုးသားသည် ရူးသွပ်စွာ နောက်သို့ ခုန်ဆုတ်လိုက်သော်လည်း ဆူဇီမိုက သူ၏ လက်ညိုးကို ဖမ်းဆုပ်ထားပြီး လွှတ်မပေးပေ။

ရှီး...

သွေးရောင်က ဖြာလက်သွား၏။

ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုက သူ၏လက်ညိုးကို ကြိတ်ချေနေပုံရ၏။

“ပုရွက်ဆိတ်... မင်းက ငါ့ရဲ့နတ်ဘုရားခန္ဓာကို ဘယ်လိုတောင် ထိခိုက်အောင်လုပ်ရဲတာလဲ”

နတ်ဘုရားမျိုးနွယ် အမျိုးသားက ဒေါသတကြီးအမူအရာဖြင့် ဟိန်းဟောက်ပြောဆိုလိုက်၏။

အဲ့ဒါသည် လက်ချောင်းတစ်ချောင်းမျှ ဆုံးရှုံးရခြင်းသာဖြစ်ပြီး တစ်ခဏအတွင်းမှာပင် အဲ့ဒါကိုပြန်ပေါက်စေနိုင်၏။ သို့သော်လည်း လက်ချောင်းဆယ်ချောင်းစလုံးသည် လူတစ်ယောက်၏ နှလုံးသားနှင့် ချိတ်ဆက်ထားပြီး လက်တစ်ချောင်း ဆုံးရှုံးရခြင်း၏ နာကျင်မှုက မခံမရပ်နိုင်အောင်ပင်။

ဒါ့အပြင် နတ်ဘုရားမျိုးနွယ် အမျိုးသားသည် တစ်စုံတစ်ယောက်က သူ့ကို ထိခိုက်အောင် လုပ်လာနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“ဒီလောက်အားနည်းနေတာ... ဘယ်လိုအစုတ်အပြတ် နတ်ဘုရားခန္ဓာလဲ”

ဆူဇီမိုက အေးစက်စွာလှောင်ရယ်၍ ရပ်တန့်ခြင်းမရှိပဲ ဆက်လက်ချဥ်းကပ်ကာ အလွန်တရာကြောက်စရာကောင်းသော ဖိအားတစ်ခုကို ထုတ်ဖော်လိုက်၏။

“အလင်းခုတ်ချက်”

နတ်ဘုရားမျိုးနွယ် အမျိုးသားက သူ၏ ဓားကို လက်နှစ်ဖြင့်ဆုပ်ကိုင်ပြီး သူ၏ သွေးချီမှ ဆူနာမီအသံနှင့်အတူ ဆူဇီမိုထံသို့ ခုတ်ပိုင်းချလိုက်၏။

ထိုခုတ်ချက်ကနေ ထွက်ပေါ်လာသောစွမ်းအားသည် အရမ်းကို သန်မာလေသည်။

ဓားက ပြိုးပြိုးပြက်ပြက် ပုံစံဖြင့် ဝင်းလက်တောက်ပလာ၏။

အဲ့ဒါသည် နန်းကြည်၏ မျိုးဆက်သွေးနယ်မြေကို ဖျက်ဆီးပြီး အဆုံးစွန်မီးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သော ဓားချက်ဖြစ်လေသည်။

“ဟမ့်...”

သိပ်သည်းပြင်းထန်၍ ကြမ်းကြုတ်ခက်ထန်သော ခုတ်ချက်နှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက ရှောင်တိမ်ခြင်းပင် မရှိပေ။ ထိုအစား သူ၏ လက်ကိုဆန့်ထုတ်ပြီး ဧရာမရွှေရောင်ဓားကို ဖမ်းဆွဲလိုက်၏။

“မင်းကတော့... သေချင်နေတာပဲ”

နတ်ဘုရားမျိုးနွယ်အမျိုးသား၏ အမူအရာက အေးစက်လာ၏။ အစိမ်းရောင်ဝတ်အမျိုးသားသည် သူ၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးဓမ္မလက်နက်ကို လက်ဗလာဖြင့် ခံယူလိုခြင်းမှာ သက်သက်သေချင်နေခြင်းမျှသာဖြစ်၏။

သူသည် ထိုခုတ်ချက်နဲ့အတူ အစိမ်းရောင်ဝတ်လူကို နှစ်ပိုင်း ပြတ်ကျအောင် ခုတ်ပိုင်းနိုင်သည်ဟု ယုံကြည်မှုရှိလေသည်။

ဘန်း...

သူ့အတွေးမဆုံးသေးခင်မှာပင် ရွှေရောင်ဓားက ဆူဇီမို၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်မိသွားပြီဖြစ်၏။

သူမျှော်လင့်ထားသော မည်သည့်အရာကမှ ဖြစ်ပျက်မလာခဲ့ပေ။

ဆူဇီမို၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ကျသွားခြင်း မရှိသလို... သူ၏ လက်ဖဝါးကပင် အကောင်းတိုင်းရှိနေ၏။

အသောကသစ်သားကို စုပ်ယူခြင်းနှင့် သန့်စင်ခြင်းက သူ၏ ကျင့်ကြံမှုအဆင့်ကို တိုးမြင့်လာစေရုံမျှသာ မကပေ။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည်လည်း အလျင်အမြန် တိုးတက်ကြီးထွားလာပြီး ပိုမိုသန်မာလာခဲ့၏။

ခေါင်းကိုးလုံးနတ်သူငယ်နှင့် ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားပြီး သူတို့၏ မေးရိုးများက အောက်သို့ပြုတ်ကျလုနီးပါးဖြစ်သွား၏။

“မဖြစ်နိုင်တာ”

နတ်ဘုရားမျိုးနွယ် အမျိုးသားက တုန်လှုပ်စွာဖြင့် အံအားတသင့် ရေရွတ်လိုက်၏။

သူ၏ ဓားကို အစိမ်းရောင်ဝတ်လူက သူ၏ ကိုယ်ကာယာသက်သက်ဖြင့် ပိတ်ဆို့တားဆီးခဲ့လေသည်။

သူ၏ နတ်ဘုရားခန္ဓာနှင့်ပင်လျှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်တစ်ခု၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤလူက သူ့ရဲ့ခန္ဓာကိုယ်ကို ဒီလောက်ထိသန်မာနေအောင် ဘယ်လိုတောင် ကျင့်ကြံထားတာလဲ။

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“မင်းက ကလေးကလားနည်းလမ်းတွေနဲ့များ ငါ့ကို သတ်ချင်သေးတယ်ပေါ့”

နတ်ဘုရားမျိုးနွယ် အမျိုးသားက စိတ်အာရုံအနည်းငယ်ပျက်ယွင်းသွားစဥ်မှာ ထိုအခွင့်အလမ်းကို ချိန်ဆပြီး ဆူဇီမိုက ရှေ့သို့တက်လှမ်းကာ သူ၏ လက်ဖဝါးကိုလွှဲ၍ နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ခေါင်းကို ပစ်ရိုက်ချလိုက်၏။

ထိုလက်ဖဝါးသည် ခံ့ညားထည်ဝါသော အော်ရာတစ်ခုနှင့်အတူ လေထဲတွင် ဧရာမချိပ်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရပ်တန့်မရနိုင်ပေ။

နတ်ဘုရားမျိုးနွယ် အမျိုးသားက ထိတ်လန့်တကြားဖြစ်သွားပြီး သူ့လက်ထဲရှိ ဧရာမဓားကို ချက်ချင်းပင် စွန့်လွှတ်လိုက်၏။ သူ၏ခန္ဓာကိုယ်က နောက်သို့ အလျင်အမြန်ဆုတ်ခွာသွားပြီး သူ၏ ဦးခေါင်းကို အပြင်းအထန်လှန်ချကာ ဧရာမချိပ်စည်းကို ရှောင်တိမ်းလိုက်၏။

ဘုန်း...

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ မျက်နှာက လေထဲရှိ ဧရာမချိပ်စည်းကို ရှောင်တိမ်းလိုက်နိုင်၏။

သို့သော်လည်း ဧရာမချိပ်စည်းသည် သူ၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာဆဲ ဖြစ်၏။

သူသည် ချက်ချင်းပင် မြေကြီးပေါ်သို့ ပစ်လဲကျသွားပြီး ဧရာမတွင်းချိုင့်တစ်ချိုင့်ကို ဖြစ်ပေါ်လာစေ၏။

ဖျောက်... ဖျောက်... ဖျောက်...

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ရွှေရောင်ချပ်ဝတ်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး ၎င်းက အပိုင်းပိုင်းကြေမွသွား၏။

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

သူ၏ ကိုယ်ကျပ်ချပ်ဝတ်၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ဆူဇီမို၏ စောစောက လက်ဝါးရိုက်ချက်သည် သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းကြေမွသွားစေပေလိမ့်မည်။

ရှပ်... ရှပ်... ရှပ်....

နတ်ဘုရားမျိုးနွယ် အမျိုးသားအတွက် ဆူဇီမို၏ ခြေလှမ်းများက သေမင်းခေါ်သံနှင့် တူနေလေသည်။ သူသည် ဤနေရာမှာ ဤမျှအထိ ကြောက်စရာကောင်းပြီး စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ယခုအချိန်တွင် သူက ဤနေရာကနေထွက်ခွာပြီး ယနေ့ဖြစ်ပျက်ခဲ့သည့်အကြောင်းကို သူ၏ ကလန်သားများကို သတင်းပေးနိုင်ဖို့သာ စိတ်ရှိတော့လေသည်။

ဤကဲ့သို့ စွမ်းအားကြီးသော တည်ရှိမှုတစ်ခုသည် ခွန်လွင်အပျက်အစီးနယ်မြေမှာ ဘယ်လိုအပြောင်းအလဲတွေကို ဖန်တီးလာနိုင်မလဲ မည်သူကမှ မသိနိုင်ပေ။

ရွှစ်...

နတ်ဘုရားမျိုးနွယ် အမျိုးသားသည် သူ၏ သွေးချီကို နောက်တစ်ဖန်လှည့်ပတ်ပြီး တွင်းချိုင့်ထဲကနေ ခုန်တက်လိုက်၏။

သူက ထွက်မပြေးနိုင်ခင်မှာပင် သူ၏ အမြင်အာရုံက ဝေဝါးသွားပြီး ပုံရိပ်တစ်ခုက သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ဆူဇီမိုသည် စကားပြော၍ အချိန်ဖြုန်းခြင်း သို့မဟုတ် သူ့ကို အသက်ရှုခွင့်ပင်ပေးခြင်း မရှိပေ။

သူ၏ လက်ပြန်လွှဲရိုက်ချက်နှင့်အတူ သူက နောက်တစ်ဖန်ပစ်ရိုက်ချလိုက်ပြီဖြစ်၏။

All Chapters