ဝမ်လင်း၏ ဆုံးမခြင်း
Vol. 56 Ch. 827
လူအများသည် သူတို့၏ ကံတရားထက် ကျော်လွန်သည့်အရာများကို ယုံကြည်ရန် အမြဲတမ်းခက်ခဲလေ့ ရှိသည်။
များသောအားဖြင့် လူသားများသည် ၎င်းတို့ နားလည်နိုင်စွမ်းရှိသောအရာများကိုသာ ယုံကြည်ရန် နှစ်သက်ကြသည်။
ထို့ကြောင့် လူသတ်ဘုရင်က မြေပြင်မှ ထလာသောအခါ ဆိုးရွားသော ခံစားချက်တစ်ခု ရရှိခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ရုတ်ချည်းပြောင်းလဲသွားသော အသွင်အပြင်နှင့် အစွမ်းသတ္တိကို စကားလုံးများဖြင့်ပင် ဖော်ပြ၍မရပေ။
ယင်းက သူ့တွက်တာသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က လက်ချောင်းလေး တစ်ချောင်း လှုပ်ရုံမျှဖြင့် စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူ့ကို ဒါဇင်များစွာသော တောင်များကိုဖြတ်၍ ပျံသန်းစေခဲ့သည်။
ဗိုလ်ချုပ်ကျန်း သည်လည်း ဤမြင်ကွင်းကို အိပ်မက်တစ်ခုလိုပင် ခံစားမိသည်။
ထိုအချိန်တွင် သူက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
ဤ ဗုံးပစ် စီနီယာ အင်မော်တယ်က ရိုးရှင်းသောလူ မဟုတ်ကြောင်း အင်မော်တယ် စစ်သင်္ဘောအတွင်း ဆွေးနွေးကာကောက်ချက်ချခဲ့သော်လည်း ၎င်း၏စွမ်းအားကို မျက်စိဖြင့် တပ်အပ်မြင်ရသောအခါတွင် ထိတ်လန့်သွားခဲ့သည်။
အကယ်၍ အန္တိမလူသတ်ဘုရင်သာ မပေါ်လာခဲ့လျှင် ဗိုလ်ချုပ်ဆယ်ဦးသည် ဗုံးပစ်စီနီယာ အင်မော်တယ်က မည်မျှအဆင့်မြင့်မားသည့် ကျင့်ကြံသူမှန်း လုံးဝ သိနိုင်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်ကျန်းသည် သံသယအချို့ရှိခဲ့သည်။
ယုတ္တိဗေဒအရ ပြောရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် သူ့ကိုယ်သူ ကောင်းစွာ ဖုံးကွယ်ထားပြီးပြီး ဖြစ်သည်။
သို့ဆိုလျှင် ယနေ့ကဲ့သို့ အချိန်မျိုးတွင် လူတိုင်းရှေ့၌ သူ့ကိုယ်သူ ထုတ်ဖော်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့ရသနည်း။
သေချာသည်မှာ ဗိုလ်ချုပ်ကျန်း စိတ်ကူးထားသလောက် မရှုပ်ထွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ယနေ့သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အခမ်းအနားဖြစ်ပြီး လူတစ်ဦးသည် ပြဿနာရှာရန် ရောက်ရှိလာသည်။
ဂိုဏ်းခေါင်းဆောင်အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ် ကိုယ်တိုင် ရှေ့ထွက် ဖြေရှင်းခြင်းမှာ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်မှု ရှိနေ၏။
ယခင်က အန္တိမလူသတ်ဘုရင်သည် ယခုကဲ့သို့ ခက်ခဲသော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးပေ။
တောင်တန်းများကို ဆက်တိုက်ဖြတ်ကျော်ပြီးနောက် သူ၏ ပြုတ်ကျလာမှုသည် ဖုန်မှုန့်များကို တထောင်းထောင်း ထစေခဲ့သည်။
မြေပြင်မှ ထလိုက်သောအခါတွင် သူ့ခြေထောက်များက ထိန်းမနိုင်သိမ်းမရ လှုပ်ယမ်းသွားသည်ကိုပင် သူခံစားရသည်။
ဤအရာက ဓားသူတော်စင်၏ ခန္ဓာကိုယ်ဖြစ်သည်ကို သိရှိထားရမည် ဖြစ်သည်။
အကာအကွယ် အတားအဆီးကို တမင်တကာ မပြုလုပ်ထားလျှင်ပင် ခန္ဓာကိုယ်ကို ဓားချီဖြင့် ကာကွယ်ထားသည်။
ယုတ္တိဗေဒအရပြောရရင် မြေပြင်ပေါ်ပြုတ်ကျခြင်းမျှဖြင့် မထိခိုက်သင့်ပေ။
သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်ချောင်းသည် သူ့ဝိညာဉ်ကို တိုက်ရိုက် ပွတ်တိုက်သွားခဲ့ပြီ ဖြစ်သည်။
ဓားသူတော်စင်၏ ခန္ဓာကိုယ်က ဒဏ်ရာကင်းမဲ့နေပုံရသော်လည်း အန္တိမလူသတ်ဘုရင်ကမူ သေလုမြောပါး ခံစားလိုက်ရသည်။
အန္တိမ လူသတ်ဘုရင် ခေါင်းကို မော့လိုက်သောအခါတွင် တစ္ဆေသရဲအသွင်ကို တွေ့လိုက်ရသလို အေးစက်သော ချွေးများ ကျဆင်းလာသည်။
"ဆက်တိုက်ချင်သေးလား"
ဗုံးပစ်စီနီယာအင်မော်တယ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
အန္တိမလူသတ်ဘုရင်က ဗုံးပစ်စီနီယာအင်မော်တယ်၏ လှုပ်ရှားမှုများကို လုံးဝ လိုက်မမီခဲ့ပေ။
သူက သူ့ကိုယ်သူ မျက်မမြင် ဖြစ်နေသလားဟုပင် လေးလေးနက်နက် တွေးမိခဲ့သည်။
အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ် အနေဖြင့် တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ဖမ်းယူရန် မျက်လုံးနည်းစနစ်များကိုပင် အသုံးမချလိုက်ရပေ။
ယင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ လှုပ်ရှားမှု မည်မျှမြန်ဆန်ကြောင်း လက်တွေ့ သက်သေပြနေသည်။
ဤလူက အန္တိမလူသတ်ဘုရင်က ကြုံတွေ့ဖူးသမျှ ပြိုင်ဘက်များထဲတွင် အထူးဆန်းဆုံး ဖြစ်ကြောင်း ဝန်ခံရပေမည်။
ဗုံးပစ်စီနီယာအင်မော်တယ်၏ အော်ရာသည် ဤမတိုင်မီက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်တွင် ထင်ရှားစွာရှိနေခဲ့သည်။
ယင်းက လုံးဝ ဟန်ဆောင်ထားခြင်း မဟုတ်သလိုပင်။
သို့သော် ရုတ်တရက်ကြီး တခြားလူတစ်ယောက်လို ဖြစ်သွားခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အရင်ကတည်းကပင် ခွန်အားများကို တမင်တကာ ဖုံးကွယ်ထားခဲ့ပါသလော။
ဤနှစ်များတစ်လျှောက်လုံးတွင် လူသတ်ဘုရင်သည် ကျင့်ကြံသူပေါင်းများစွာကို မြင်ဖူးခဲ့သည်။
သူက ၎င်းတို့ခွန်အား တမင်တကာ ဝှက်ထားသလား ဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် အတပ် ပြောပြနိုင်ခဲ့သည်။
ဤအရာက သူ၏အတွေ့အကြုံအရ အလိုအလျောက် ဖြစ်ပေါ်လာသော အထူးစွမ်းရည်တစ်ခုဟု ယူဆနိုင်သည်။
"မင်းကိုယ်တိုင်နဲ့ မင်းရဲ့ရန်သူကို နားလည်ရင် အောင်ပွဲတိုင်းက မင်းအတွက် ဖြစ်လိမ့်မယ်"
ယနေ့ သူ၏ လက်စားချေမှုအတွက် ညဦးစီးမှူးအဖွဲ့နှင့် ပူးပေါင်းဖို့ပင် တုံ့ဆိုင်းမနေခဲ့ပေ။
ဗိုလ်ချုပ်ဆယ်ယောက်ကို တစ်ယောက်ချင်း ရင်ဆိုင်ပြီး ၎င်းတို့ကို အရှက်ရအောင်လုပ်နိုင်သည်ဟု သူ့ကိုယ်သူ လွန်စွာယုံကြည်မှုရှိသည်။
သူက အန္တိမလူသတ်ဘုရင် ဖြစ်သည်။
သူက ကျရှုံးမှုကို ဘယ်သောအခါမှ မတွေးထားသလို ကြိုတင်ပြင်ဆင်မှုလည်းမရှိပေ။
သို့သော် မဟာသေမင်းတမန် စီနီယာဟု လူသိများသော ဤမဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ခေါင်းဆောင်က အခြေအနေကို အလှည့်အပြောင်း တစ်ခု ဖြစ်လာစေလိမ့်မည်ဟု သူဘယ်သောအခါမှ မမျှော်လင့်ထားပေ။
"ဆက်ချင်သေးလား"
ဗုံးပစ်စီနီယာအင်မော်တယ်က ထပ်မေးလိုက်သည်။
"စိတ်ဝင်စားစရာပဲ.. တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်.. အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သူတစ်ယောက်နဲ့ မတိုက်ခိုက်ရတာ တော်တော်လေး ကြာခဲ့ပြီ"
လူသတ်ဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူ့စိတ်ထဲတွင်မူ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ရန် ဗျူဟာချနေခဲ့၏။
သူ ယခုလုပ်ရမည့် ပထမဆုံးအရာမှာ သူ့ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ကန့်သတ်ရန် ဖြစ်သည်။
သူရှုံးနိမ့်ရသည့် အကြောင်းရင်းမှာ ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းမရှိခြင်းနှင့် များစွာသက်ဆိုင်သည်ဟု သူခံစားခဲ့ရသည်။
တစ်ဖက်သား၏ အားသာသောအချက်မှာ အရှိန်အဟုန် ဖြစ်သည်။
နှစ်ဦးကြား အကွာအဝေးကို ထိန်းထားနိုင်သ၍ သူ့အနေဖြင့် တစ်ဖက်သား၏ တိုက်ခိုက်မှုများကို အားနည်းအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။
ဤသည်က စံပြုလောက်သော တိုက်ခိုက်ရေး ဗျူဟာ ဖြစ်၏။
အန္တိမလူသတ်ဘုရင်က မရေမတွက်နိုင်သော တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည်။
သူက မတူညီသော တိုက်ပွဲအခြေအနေများကို လိုက်လျောညီထွေဖြစ်အောင် လျင်မြန်စွာ လုပ်ဆောင်နိုင်သည့် အရည်အချင်း ရှိသည်။
ယင်းကလည်း အန္တိမလူသတ်ဘုရင်ကို ပြိုင်ဘက်များ အနိုင်ယူရန်ခက်ခဲသည့် အကြောင်းရင်းဖြစ်သည်။
အန္တိမလူသတ်ဘုရင်သည် တစ်ချိန်က ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့တွင် အမှုထမ်းခဲ့ဖူး၏။
ထိုအချိန်ကတည်းက သူသည် ထောက်လှမ်းမှုကို ရှောင်လွှဲရန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို ကျင့်ကြံခဲ့သည်။
တကယ်တော့ အန္တိမလူသတ်ဘုရင်တွင် အခြားနာမည်ပြောင်တစ်ခု ရှိသည်။
ယင်းမှာ "ခမ်းနားသော အင်မော်တယ် အရှက်တရား" ဖြစ်၏။
ဝမ်လင်းက အန္တိမလူသတ်ဘုရင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။
သူ့မှာ အချိန်တွေ အများကြီး ရှိပါသေးသည်။
အန္တိမလူသတ်ဘုရင်၏ နဖူးကို တောက်လိုက်သည်မှာ စက္ကန့်သုံးဆယ်သာ ကြာသေး၏။
ထိုအချိန်တွင် အန္တိမလူသတ်ဘုရင်သည် ဝမ်လင်းနှင့် တတ်နိုင်သမျှ ဝေးဝေးနေရန် ကြိုးစားရင်း မူလစိတ်ဝိညာဉ်နယ်ပယ်ကို ထိန်းချုပ်နေသည်။
ဝမ်လင်းက ရုတ်တရက် သူ့ပခုံးပေါ်သို့ ဖိအားတစ်ခု တိုးလာသလို ခံစားလိုက်ရသည်။
“ဆွဲငင်အား ကန့်သတ်ချက်”
ဝမ်လင်း မျက်ခုံးပင့်လိုက်သည်။
အန္တိမ လူသတ်ဘုရင်က သူ၏ လှုပ်ရှားမှုများကို ကန့်သတ်ရန် ကြိုးစားနေသည်မှာ ထင်ရှားနေ၏။
သို့သော် ကံမကောင်းစွာပဲ ဤဆွဲငင်အားသည် ဝမ်လင်း အတွက် အသုံးမ၀င်ပေ။
အန္တိမလူသတ်ဘုရင်က သူရင်ဆိုင်နေရသည့်သူ အကြောင်း လုံးဝမသိခဲ့ချေ။
ကောင်းကင်မှာ ရပ်နေချိန် သူတို့ကြားတွင် အကွာအဝေး တစ်ခု ခြားထားပြီး ဓားတာအို စွမ်းရည်များကို ဆက်တိုက် ထုတ်ဖော်ခဲ့သည်။
"အကန့်အသတ်မဲ့ဓားတာအို ဓားစက်ကွင်း"
"အကန့်အသတ်မရှိသောဓားတာအို ဓားခွန်အားတိုးမြင့်"
"အကန့်အသတ်မဲ့ဓားတာအို အစွန်းရောက်ဓား အဆင့်မြှင့်တင်"
"အကန့်အသတ်မဲ့ဓားတာအို ဖျက်ဆီးနိုင်သော ဓားချီ လာလမ်းအတိုင်းပြန် "
"အကန့်အသတ်မဲ့ဓားတာအို နတ်ဆိုးသဘောထား ဆန့်ကျင်"
"အကန့်အသတ်မဲ့ဓားတာအို ဒဏ်ရာဆန့်ကျင် ဓားချီ"
…..............
ဆယ်စက္ကန့် သို့မဟုတ် ထိုထက် တိုတောင်းသော အချိန်အတွင်း အန္တိမလူသတ်ဘုရင်သည် ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို သူအလိုရှိတိုင်း လုပ်ဆောင်ရန် ငှားရမ်းခဲ့ပြီး အပိုထပ်ဆောင်း ကန့်သတ်မှု စွမ်းရည်များကို ဆယ်ခုထက် မနည်းပြုလုပ်ခဲ့သည်။
ထိုစွမ်းရည်များသည် အကန့်အသတ်မဲ့ ဓားတာအိုမှ ဆင်းသက်လာခြင်းဖြစ်သည်။
ထိုအချိန်တွင် ဓားချီ၏ သက်ရောက်မှုများကြောင့် အန္တိမလူသတ်ဘုရင်၏ ခန္ဓာကိုယ်သည် ထူထဲစွာ ရစ်ပတ်ထားသည့် ပင့်ကူအိမ် တစ်ခုလို ဖြစ်နေသည်။
ဤမြင်ကွင်းကို မြင်လျှင် ဝမ်လင်းက ရူးသွပ်တော့မလိုပင် ခံစားလိုက်ရသည်။
"အရင်က မင်းကို ငါလျှော့တွက်ခဲ့တယ်.. ဒါပေမယ့် ငါ့ရဲ့ နောက်ထပ် တိုက်ခိုက်မှုတွေကြောင့် သေသွားခဲ့ရင် ငါ့ကို အပြစ်မတင်ပါနဲ့.. ငါလူသတ်ဘုရင်က ဘယ်သူ့ကိုမှ ညှာတာလေ့မရှိဘူး"
အန္တိမလူသတ်ဘုရင်က ပြောလိုက်သည်။
သူ နောက်မဆုတ်တော့ပေ၊
မူလက သူသည် စစ်ပွဲသူတော်စင်ကို မူလ စိတ်ဝိညာဉ်နယ်ပယ်အတွင်း ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ရန် စီစဉ်ခဲ့သော်လည်း ဤကဲ့သို့ ပြောင်းလဲမှုမျိုး ပေါ်လာမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
ဤတိုက်ပွဲသည် အချိန်ကြာလာလေလေ သူ့အတွက် နစ်နာလာလေလေ ဖြစ်လာလိမ့်မည် ဖြစ်သည်။
သူ၏ လက်စားချေရန် ပစ်မှတ်မှာ ဗိုလ်ချုပ်ဆယ်ဦး ဖြစ်သည်။
သို့သော် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ခေါင်းဆောင်ကိုပါ ရှင်းထုတ်ပေးမည်ဟု ညဦးစီးမှူးအဖွဲ့ကို ကတိပေးခဲ့သည်။
တစ်နည်းဆိုရသော် သူသည် မဟာသေမင်းသမန် စီနီယာကို ရှင်းပစ်ရန် ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်၏။
သို့သော် ယခုတိုက်ပွဲတွင် မဟာသေမင်းတမန် စီနီယာက အခက်တွေ့အောင် လုပ်ဆောင်နေသောကြောင့် အန္တိမလူသတ်ဘုရင်သည် သူအနိုင်ရပါက ချက်ချင်း မသတ်သေးဘဲ သူတတ်ကျွမ်းထားသမျှ နှိပ်စက်နည်းများဖြင့် ရှစ်ဆယ့်တစ်ရက်ကြာ ညှဉ်းပန်းနှိပ်စက်မည်ဟု တွေးထားခဲ့သည်။
"မင်းကိုသေအောင်နှိပ်စက်မယ်"
ယခင်ကဲ့သို့ပင် လူသတ်ဘုရင်သည် အင်အားအလုံးအရင်းဖြင့် ခုန်ထွက်သွားသည်။
သူ့ဓားက ကောင်းကင်နှင့် ချိတ်ဆက်ထားသည့် ဓားတိုင်လုံး ပုံစံအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး လေထဲသို့ တိုးဝင်လာကာ အဖျက်စွမ်းအားကြီးမားစွာဖြင့် ရှေ့သို့ တိုးထွက်လာခဲ့သည်။
ဤဓားဖြင့် တိုက်ခိုက်မှုသည် အရှိန်အဟုန် အလွန်ကြီးမားခဲ့သည်။
သို့သော် ဝမ်လင်းသည် သက်ပြင်းသာ ခပ်မျဥ်းမျဥ်း ချလိုက်သည်။
ယင်းက သက်ပြင်းချရုံမျှသာ ဖြစ်သော်လည်း ငှက်သန်းပေါင်းများစွာ၏ အော်ဟစ်သံကဲ့သို့ ဗုံးပစ်စီနီယာအင်မော်တယ် ခန္ဓာကိုယ်မှ လမ်းကြောင်းအရပ်ရပ်သို့ ပျံ့နှံ့သွားသည့် ထူးထူးခြားခြား သန့်စင်သောအသံလှိုင်းကို ထုတ်လွှတ်ပေးခဲ့သည်။
စက္ကန့်ပိုင်းလေး အတွင်းမှာပင် အန္တိမလူသတ်ဘုရင်၏ တိုက်ခိုက်မှုသည် ဘာမှမဖြစ်ခဲ့သလို လေထဲတွင် လွင့်မျောသွား၏။
လူသတ်ဘုရင်၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ဓားချီ များစွာသည်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
“ဒါက…”
စစ်ပွဲသူတော်စင် နှင့် လူသတ်ဘုရင်တို့ နှစ်ဦးစလုံး အံသြသွားကြသည်။
"ထူးခြားတဲ့ အသံလှိုင်း အကျိုးသက်ရောက်မှုရှိတဲ့ ခန်ဘန်းရှိုးခူး ဟော်ခီပဲ"
{ခန်ဘန်းရှိုးခူးဟော်ခီ= ပတ်ဝန်းကျင်ကမ္ဘာကို ထိန်းချုပ်နိုင်တဲ့ ဆဌမအာရုံအစွမ်း}
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဝမ်လင်းက ပြောလိုက်သည်။
"ငါက အဲဒါကို ဆန်းကြယ် အသံလှိုင်း ခန်ဘန်းနည်းစနစ်လို့ အမည်ပေးထားတယ်"
ဗိုလ်ချုပ်ကျန်း “…......”
လူသတ်ဘုရင် “…........”
“ခုနက မင်းအလှည့်ဆိုတော့ အခုက ငါ့အလှည့်ပဲ မဟုတ်လား"
နောက်ထပ် တစ်စက္ကန့်တွင် ဝမ်လင်းက လူသတ်သမားဘုရင်ကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် အန္တိမလူသတ်ဘုရင်သည် အလွန်ကြောက်လန့်သွားပြီး ခေါင်းမှခြေဖျားအထိ အေးစက်ကာ အတွင်းခံဘောင်းဘီပင် စိုစွတ်လာခဲ့သည်။
အပိုင်း(၈၂၇) ပြီး၏