← Chapters

ဝမ်လင်းထံမှလက်ဆောင်

Vol. 56 Ch. 829

ဝမ်လင်းထံမှလက်ဆောင်

Vol. 56 Ch. 829

မိဘခေါ်ခိုင်းခြင်းသည် တာဝန်ခံ ဆရာများ၏ သာမန် နည်းစနစ်တစ်ခု ဖြစ်သည်။

အများအားဖြင့် မိဘများထံ ဆက်သွယ်သောအခါတွင် ကျောင်းသားများသည် စိတ်အနှောက်အယှက်ဖြစ်နိုင်သည်။

သို့လည်း တစ်ခါတစ်ရံတွင် ဤလှည့်ကွက်သည် ကျောင်းသားများ၏ အပြုအမူကို ပြုပြင်ရန် ထူးထူးခြားခြား အသုံးဝင်တတ်၏။

အလယ်တန်း ကျောင်းသားများသည် မိဘများကို ခေါ်ခိုင်းသည့် ဆရာများကို ဆိုးဆိုးရွားရွား တုံ့ပြန်တတ်သည်။

အထက်တန်းရောက်လျှင်မူ အခြေအနေအနည်းငယ် ပိုကောင်းလာ၏။

အထူးသဖြင့် လက်ရွေးစင် အတန်းရှိ ကလေးများသည် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားကောင်းသင့်သည်ဟု ဆရာမဖန် အမြဲ ယုံကြည်ခဲ့သည်။

ဟုတ်ပါသည်၊ မိဘခေါ်ခိုင်းခြင်းသည် ခြောက်လှန့်သည့် နည်းဗျူဟာသက်သက်သာ ဖြစ်သည်။

ကျောင်းသားတစ်ယောက် သဘောထားကို ပြင်သရွေ့ ဆရာက ရုတ်သိမ်းပေးလိမ့်မည်သာ။

သို့သော် ဆရာမဖန်က မတူပေ။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ရှေ့ဆောင်ဆရာတစ်ဦးအနေဖြင့် ဆရာမဖန်သည် ဆရာမဖန်ဟုသာ ပြောနိုင်တော့သည်။

မိဘခေါ်ခိုင်းခြင်းမရှိလျှင်ပင် မိဘကိုဖုန်းဆက်၍ လှမ်းတိုင်မည့်သူမျိုး ဖြစ်သည်။

ဝမ်လင်းက ဆရာမဖန်၏ စရိုက်ကို ကောင်းစွာ နားလည်သည်။

အဆုံးသတ်တွင် သူက ဆရာမဖန်ကို စာသင်နှစ် တစ်ဝက် နီးပါးလောက် သိလာခဲ့သည် မဟုတ်လော။

ဆရာမဖန်က ယခုအချိန်တွင် ဝမ်လင်း၏ မိဘများကို ဖုန်းခေါ်ရန် ရွေးချယ်ခြင်းသည် သူ့ကို အသုံးချ၍ ကျန်ရှိသည့် ကျောင်းသားများကိုပါ သွယ်ဝိုက်၍ သတိပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ဝမ်လင်းက သူ့အပြစ်နှင့်သူမို့ မကန့်ကွက်နိုင်ခဲ့ပေ။

အပြစ်တင်ချင်လျှင် အန္တိမလူသတ်ဘုရင်၏အစွမ်းကိုအကဲခတ်ချင်သည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။

စောစောကသာ သိခဲ့လျှင် သူက အန္တိမလူသတ်ဘုရင်ကို ပါးရိုက်ပြီး ပြဿနာကို အလျင်အမြန် ဖြေရှင်းလိမ့်မည် ဖြစ်သည်။

ဆရာမဖန်၏ ပြစ်တင်ဆုံးမမှုက အလွန်ထိရောက်သည်။

အစောပိုင်းက အတန်းထဲတွင် စိတ်မပါလက်မပါ ဖြစ်နေသော ကော်ဟောက် နှင့် ချန်းချောင် တို့က ချက်ချင်းပင် တိုက်ပွဲဝင်စစ်သည်များကဲ့သို့ တက်တက်ကြွကြွ ဖြစ်သွားကြသည်။

အဆုံးသတ်တွင် ဆရာမဖန်၏ တာအိုအဆောင်လက်ဖွဲ့ သင်ခန်းစာသည် သဟဇာတဖြစ်ပြီး အေးအေးလူလူ ပြီးဆုံးသွားခဲ့သည်။

အတန်းပြီးသောအခါ ဆရာမဖန်သည် စာမေးပွဲစာရွက်များကို လက်တွင်ကိုင်ကာ ရုံးခန်းသို့ ပြန်လာခဲ့သည်။

ဆရာမဖန် ထွက်သွားသည်နှင့် ချန်းချောင်တို့လူစုက ဝမ်လင်းဆီသို့ ရောက်လာကြပြီး ပခုံးကို လက်ဖြင့် ပုတ်ကာ နှစ်သိမ့်လိုက်ကြသည်။

ချန်းချောင်"ဝမ်းနည်းပါတယ် ငါတို့လင်းလေး"

ကော်ဟောက် "ငါ အရမ်းစိတ်မကောင်း ဖြစ်မိတယ်"

မြေပဲလေး"အတန်းဖော်ဝမ်လင်း သနားပါတယ်.. မင်းရဲ့မိဘတွေကတော့ မင်းကို ဗြောတီးတော့မှာပဲ.."

“…...........”

ဝမ်လင်းက သူ့မိဘတွေ သူ့ကို မရိုက်နိုင်ဟု ပြောဖို့ တွေးနေသော်လည်း အဆုံးသတ်တွင် နှုတ်ဆိတ်၍သာ နေခဲ့သည်။

ဖေဖေဝမ်နှင့် မေမေဝမ်က သူ့ကို ဘယ်တော့မှ ရိုက်နှက်မှာ မဟုတ်တာ သေချာသည်။

ပထမအချက်မှာ ဝမ်မောင်နှံသည် မည်သည့်အကြမ်းဖက်မှုမျိုးကို မဆို မှားယွင်းသည်ဟူသော အယူအဆကို လက်ခံထားကြသောကြောင့် ဖြစ်၏။

အထူးသဖြင့် ကလေးတွေကို ပညာပေးသည့်အခါတွင် အကြောင်းပြချက်ဖြင့် ရှင်းပြပြီး စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုမျိုး ပေးသင့်သည်ဟု လက်ခံထားကြသည်။

ဆိုရလျှင် ကောင်းမွန်သော ဆက်ဆံရေးသည် အရေးကြီးဆုံးအရာ ဖြစ်နေဆဲပင်။

အကယ်၍ ဤလောကရှိလူများသည် တစ်ဦးနှင့်တစ်ဦး ကောင်းစွာ ပြောဆိုဆက်ဆံနိုင်လျှင် ဘေးအန္တရာယ်များစွာကို ရှောင်ရှားနိုင်မည် မဟုတ်ပါလား။

"လောကကြီးက အရမ်းလှတယ်.. မင်းက ဘာလို့ ဒီလောက် ညစ်ပတ်ချင်ရတာလဲ"

….............

ဆရာမဖန်က ဝမ်လင်း၏ မိဘများကို ရှာဖွေခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

ထို့အပြင် သူမသည် ယခင်ကလည်း ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ အထူးတလည် သွားရောက်လည်ပတ်ခဲ့ဖူးသည်။

နောက်ဆုံးအကြိမ်က မိဘဆရာ အစည်းအဝေးကို ဗုံးပစ်စီနီယာ အင်မော်တယ်က တက်ရောက်ခဲ့သည်။

အပြန်အလှန်အားဖြင့် ဝမ်လင်းက ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်တွင် ကျောက်သရဲ ​မျက်နှာဖုံးကို စောင့်ကြပ်ခဲ့ပြီး သူတော်စင်ဆယ်ပါးကို တားဆီးပေးခဲ့သည်။

ဆရာမဖန်က ဖေဖေဝမ်ကို လှမ်းခေါ်လျှင် သိပ်ဒုက္ခဖြစ်မည် မဟုတ်ပေ။

သို့သော် သူမသည် နောက်ဆုံးအကြိမ်က ဝမ်မိသားစု အိမ်ငယ်လေးဆီ လည်ပတ်ပြီးနောက်တွင် ဖိုးဖိုးဝမ်၏ ဖုန်းနံပါတ်ကို အထူးတလည် သိမ်းဆည်းထားခဲ့သည်။

ဤတစ်ကြိမ်တွင် သူမက ဖိုးဖိုးဝမ်ကို တိုက်ရိုက် ခေါ်ဆိုနိုင်ဖွယ်ရှိသောကြောင့် ဝမ်လင်းက မည်သည့်အရာကိုမျှ အတုမလုပ်နိုင်တော့ပေ။

ထိုအကြောင်းကို ဗုံးပစ်စီနီယာ အင်မော်တယ် သိသွားသောအခါတွင် သူသည်လည်း အားကိုးရာမဲ့သလို ခံစားခဲ့ရသည်။

"ညီနောင်လင်း.. မင်းအဆင်ပြေရဲ့လား..."

ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းထံ မက်ဆေ့ချ်ပို့လိုက်သည်။

ဝမ်လင်း“........…”

ဗုံးပစ်စီနီယာအင်မော်တယ်၏ စိတ်ထဲတွင် ဖိုးဖိုးဝမ်သည် ဝမ်မိသားစု အိမ်ငယ်လေးတွင် အစွမ်းထက်ဆုံး ဖြစ်သည်။

ထို့အပြင် သူသည် ယခုအချိန်အထိ စီနီယာကြီးဝမ် သဲလွန်စပေးသည့် ဘရိုကိုလီ၏ လျှို့ဝှက်ချက်ကို နားလည်ရန် ကြိုးစားနေရဆဲ ဖြစ်၏။

ကျောင်းဆင်းချိန်တွင် အန္တိမလူသတ်ဘုရင်ကိစ္စက အတော်လေး အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။

ဗိုလ်ချုပ်ဆယ်ပါး၏ တည်ရှိမှုနှင့် ဝမ်လင်း၏ အကူအညီကြောင့် ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနား တစ်ခုလုံးသည် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

အန္တိမလူသတ်ဘုရင်ကို မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ခေါင်းဆောင် ဗုံးပစ်စီနီယာအင်မော်တယ်က ကိုယ်တိုင်ကိုယ်ကျ ဆုံးမခဲ့သည်။

သို့သော်လည်း ပြင်ပကမ္ဘာက မူလစိတ်ဝိညာဉ်နယ်ပယ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို မမြင်ရသောကြောင့် အန္တိမလူသတ်ဘုရင်ကို အနိုင်ယူခဲ့သူမှာ ဗိုလ်ချုပ်ရီ ဖြစ်သည်ဟူ၍သာ သတ်မှတ်ခဲ့ကြသည်။

သို့သော် ဗိုလ်ချုပ်ဆယ်ပါးကမူ အခြေအနေ၏ အမှန်တရားကို အစအဆုံး မြင်ခဲ့ရသည်။

၎င်းတို့အားလုံးက ဤဒဏ္ဍာရီလာ သေမင်းတမန်စီနီယာ (ဝါ) မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ခေါင်းဆောင် မည်မျှ အားကောင်းသည်ကို ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။

သူတို့က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့် ဟွာရှို့မဟာမိတ်အဖွဲ့ တို့ကို ပိုမိုနီးကပ်စွာ အတူတကွ လုပ်ဆောင်ရန် တွေးခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဟွာရှို့ မဟာမိတ်အဖွဲ့သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှု ရှယ်ယာရှင် ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်ရှိ ခွန်အားက အလွန်တရာ အားနည်းသည်ကို ဝမ်လင်း သတိပြုမိသည်။

၎င်းက ဗိုလ်ချုပ် ဆယ်ပါးနှင့် မကြာခဏ ထိတွေ့ ဆက်ဆံခံရလျှင် အနှေးနှင့်အမြန် ဆိုသလို ဖော်ထုတ်ခံရမည့် အန္တရာယ်ရှိနေသည်။

ထို့ကြောင့် ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။

ထိုအချက်ကို ဗုံးပစ်စီနီယာအင်မော်တယ် ပင်လျှင် သတိမပြုမိခဲ့ပေ။

ဝမ်လင်းက ထိုညနေခင်းတွင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ညစာစားပွဲသို့ တက်ရောက်ရန် အစပိုင်းတွင် စီစဉ်ခဲ့သည်။

သို့သော်လည်း ဆရာမဖန်က သူ့မိသားစုကို ခေါ်လိုသောကြောင့် သူ့စိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။

ဧည့်ခံပွဲက နေ့လယ်ပိုင်း အခမ်းအနားနှင့် ကွဲပြားသည်။

ကောင်းကင် အဆင့်ဂိုဏ်း အောက်ရှိ မီဒီယာများနှင့် ဂိုဏ်းခေါင်းဆောင်များ မပါဝင်ခဲ့ပေ။

ကောင်းကင်အဆင့် ဂိုဏ်းဝင်များသာ မဟာဗျူဟာလှည့်ဖြားမှုရုံး၏ ပွဲသို့ တက်ရောက်နိုင်သည်။

ဗိုလ်ချုပ် ဆယ်ယောက်သည် အန္တိမလူသတ်ဘုရင် နှင့် ဆက်ဆံရာတွင် အလွန်သတိထားခဲ့ကြသည်။

ဗိုလ်ချုပ်ရီ နှင့် ဗိုလ်ချုပ်ကျန်းသာ ဧည့်ခံပွဲတွင် ကျန်ရစ်ခဲ့ပြီး ကျန်ရှစ်ဦးက အန္တိမလူသတ်ဘုရင်ကို အဝေးသို့ ခေါ်ဆောင်သွားချိန်တွင် စောင့်ကြည့်ရန် လိုက်သွားခဲ့ကြသည်။

ဤအစီအစဥ်က အနည်းငယ် အလွန်အကျွံ ဖြစ်ပုံပေါ်သော်လည်း အမှန်တကယ်တွင် လုံးဝ လိုအပ်သည်။

အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ် နေရာ၌ရှိသူ၏ ဘဝသည် ယခုအခါတွင် ကြိုးတန်းပေါ်၌ ရှိနေပြီ ဖြစ်သည်။

သူက ကောင်းကင်တာအို ကန့်သတ်ခံထားရသော ဝမ်ကျန်း ကဲ့သို့ပင် ယခုအချိန်တွင် မည်သည့် မှော်စွမ်းရည်ကိုမှ မသုံးနိုင်တော့ပေ။

ဝမ်လင်းက ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ထဲမှ အန္တိမလူသတ်ဘုရင်၏ ဝိညာဉ် မဖယ်ရှားမီ နောက်ဆုံးအခိုက်အတန့်တွင် ကောင်းကင်တာအိုကို အသုံးပြု၍ ကန့်သတ်ချက်ကို ချလိုက်သောကြောင့် ဖြစ်သည်။

ယခုအခါတွင် အန္တိမလူသတ်ဘုရင်သည် ရုန်းကန်ရန် ခွန်အားပင် မရှိတော့ပေ။

ဆွေးနွေးပြီးနောက်တွင် ဗိုလ်ချုပ်ဆယ်ယောက်သည် လူသတ်ဘုရင်ကို ချက်ချင်းမသတ်သေးပေ။

သူတို့က အခြေခံအားဖြင့် နောက်ကွယ်မှလူ မည်သူမည်ဝါဖြစ်သည်ကို စိတ်ကူးမိကြသော်လည်း နောက်ကွယ်မှ လူကို အနှောင့်အယှက်ပေးရန် အတွက် အန္တိမလူသတ်ဘုရင်ကို အသုံးချချင်သေး၏။

ပွဲကစတော့မည်။

ထွင်ထျန်းဟာနှင့်ငွေရောင်လေး တို့က အတွင်းဘက်ရှိ ထိုင်ခုံနေရာတွင် ထိုင်နေကြသည်။

ထွင်ထျန်းဟာ "ဒီညအတွက် မီနူးက ဘာလဲ.. ဝုတ်”

ငွေရောင်လေးက သူ့ပါးစပ်ကို လက်ဖြင့် ဖုံးကာ၍ အလွန်တိုးညှင်းသော အသံဖြင့်

"စားစရာတွေက ကောင်းကင်တာအို ဘရိုကိုလီ ရောစပ်သုပ်..

အဓိကဟင်းလျာက.. ဘရိုကိုလီပြုတ် နှင့် ဘရိုကိုလီ စပါဂတီ.. ဟင်းချိုက လတ်ဆတ်တဲ့ ဘရိုကိုလီဟင်းချို.. အချိုပွဲက ကောင်းကင်တာအို ဘရိုကိုလီနှင်းရေခဲ... အင်း တခြားဟင်းပွဲတွေလဲ ရှိသေးတယ်.. ဒါပေမယ့် ငါပြောခဲ့တဲ့ ဟင်းတွေကတော့ မီနူးထဲမှာ ကျိန်းသေပါဝင်တယ်"

ထွင်ထျန်းဟာ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာရှိနေသည်။

အကြောင်းတစ်ခုခုကြောင့် သူက “ဘရိုကိုလီ” ဟူသော စကားလုံးကို ကြားလိုက်တိုင်းတွင် ရှေးဟောင်း ရေတွင်း၏ မျက်နှာပြင်ကဲ့သို့ ငြိမ်သက်နေခဲ့၏။

ဘရိုကိုလီသည် အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။

ထွင်ထျန်းဟာသည်လည်း တစ်ကိုယ်လုံး စိမ်းနေ၏။

ယင်းက တကယ့်လိုက်ဖက်မှု တစ်ခုပင်။

“ဧည့်သည်တော်တို့.. ဒီကောင်းကင်တာအို ဘရိုကိုလီက ငါတို့ မဟာဗျူဟာလှည့်ဖြားမှုရုံးက တီထွင်စိုက်ပျိုးခဲ့တဲ့အရာပဲ.. ငါအရင်ဆုံး စားပြပါ့မယ်"

ထိုစကားကိုပြောပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ဘရိုကိုလီ တစ်တုံးကို တူဖြင့် ညှပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

ဧည့်သည်တွေအားလုံးက သူတို့ရှေ့ရှိ ဘရိုကိုလီ ရောစပ်သုပ်ကို ကြည့်ပြီး “အရသာမရှိလောက်ဘူး”ဟူသော အမူအရာဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိုက်ကြည့်နေကြ၏။

သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ် ဘရိုကိုလီကို ပါးစပ်ထဲ မျိုချလိုက်သည့်အချိန်မှာပင် ကောင်းကင်၌ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

တစ်ခဏတာအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူ အားလုံးသည် ကောင်းကင်ကို မော့ကြည့်ကာ အေးခဲသွားသလို ခံစားလိုက်ရသည်။

အပိုင်း(၈၂၉) ပြီး၏

All Chapters