အင်မော်တယ်ထုန်ရာရဲ့ သမားရိုးကျ မဟုတ်သောနည်းလမ်း
Vol. 56 Ch. 834
အမှန်တရားက ဤကဲ့သို့ဖြစ်နေမည်ဟု အင်မော်တယ်ထုန်ရာ လုံးဝ မထင်မိပေ။
အင်မော်တယ်ထုန်ရာ "ဒါဆို လျူမိန်းကလေးက ဝမ်ကျန်းကိုလိုက်ဖမ်းနေရတဲ့ အကြောင်းအရင်း အစစ်အမှန်က သူ့ကိုရိုက်နှက်ဖို့ပေါ့.. ဟုတ်လား "
လျူချင်းရီက သူမ၏ခြေထောက်များကို နှိပ်နယ်ရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ.. မဟုတ်ရင် ကျွန်မက ဘာလို့သူ့ကို အပင်ပန်းခံပြီး လိုက်ဖမ်းနေရမှာလဲ"
အင်မော်တယ်ထုန်ရာ ".........."
လျူချင်းရီ "ဒီကောင်ဝမ်ကျန်းက ငါသူ့ကို ကြိုက်လို့ လိုက်ရှာနေတယ်လို့များ ထင်နေတာလား.. ဒါက အရမ်းရူးသွပ်တဲ့ အတွေးအခေါ်ပဲ.. ငါတို့ လျူမိသားစုက ဝမ်မိသားစုလောက် အဆင့်မမြင့်တာတော့ မှန်ပါတယ်.. ဒါပေမဲ့ ငါတို့ လျူမိသားစုက အားကောင်းလာတဲ့အချိန်မှာ ငါတို့က ထိပ်တန်းမိသားစု ၃စုစာရင်းထဲမှာ ပါဝင်နိုင်ခဲ့ပြီး ဝမ်မိသားစုကို ဖြုတ်ချလုနီးပါးဖြစ်သွားခဲ့တာကိုတော့ သူသိထားသင့်တယ်.. တစ်ချိန်တုန်းကတော့ သူ့ရဲ့ဝမ်မိသားစုက အံ့ဩဖို့ကောင်းလောက်အောင် တန်ခိုးထွားခဲ့တယ်.. ဝမ်မိသားစုရဲ့ ပထမဆုံး အကြီးအကဲက ကိုးဆကြယ်ရဲ့ တည်ထောင်သူ ဖြစ်တယ်လို့လည်း ဆိုကြတယ်.. ဒါပေမဲ့ လက်ရှိမှာတော့ ဝမ်မိသားစုက ကိုးဆကြယ်ကိုအုပ်စိုးဖို့ လုံလောက်တဲ့အင်အား မရှိတော့ဘူး.. သူတို့နဲ့ ကူမိသားစုကြားမှာ ကြီးမားတဲ့ ကွာဟချက်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့ပြီ.. ဝမ်မိသားစုရဲ့ မျိုးဆက်သစ်တွေက သူတို့မိသားစုရဲ့အနေအထားကို အားကိုးပြီး ဘယ်တုန်းကမှ ကျားကုပ်ကျားခဲ မကြိုးစားခဲ့ကြဘူး.. သူတို့မိသားစုကပဲ ကိုးဆကြယ်ကို ထာဝရအုပ်စိုးနိုင်မယ်လို့ ထင်နေခဲ့ကြတယ်.. အဆုံးသတ်မှာတော့ ဝမ်မိသားစုက ပြိုလဲသွားပြီး ဩဇာအာဏာ ကျဆင်းသွားခဲ့တယ်.. ဒါကြောင့်ပဲ ဝမ်မိသားစုက ဒီမင်္ဂလာကိစ္စကို အလေးအနက် ထားနေကြတာပဲ"
အင်မော်တယ်ထုန်ရာ "အင်း"
အင်မော်တယ်ထုန်ရာက ကိုးဆကြယ်ရှိ မိသားစုများကြားမှ အင်အားပြိုင်ဆိုင်မှုကို နားမလည်သော်လည်း လျူချင်းရီ၏ စကားကို နားထောင်ပြီးနောက်တွင် အတော်လေး စိတ်ဝင်စားလာခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ သူမကို လုံးဝ အနှောင့်အယှက်မပြုနိုင်မှန်း ကောင်းစွာသိသည်။
လျူချင်းရီက အချိန်အတော်ကြာသည်အထိ မေ့မျောနေခဲ့၍ သူမ၏ နှလုံးသားထဲတွင် ဖိနှိပ်ထားသော ခံစားချက်များကို တစ်ကြိမ်တစ်ခါမျှ ထုတ်မပြောနိုင်ခဲ့ပေ။
ထို့ကြောင့် လျူချင်းရီ ပြောသမျှကို အင်မော်တယ်ထုန်ရာက မတားမြစ်ဘဲ ရေလိုက်ငါးလိုက် နေပေးနေခြင်း ဖြစ်သည်။
"ဒါပေမဲ့ ဝမ်မိသားစုက ဒီကိစ္စကို အလေးအနက်ထားလာတဲ့အချိန်မှာ အရမ်းကို နောက်ကျသွားခဲ့ပြီ.. အစပိုင်းမှာတော့ ကူမိသားစုနဲ့ ဝမ်မိသားစုကြားက ကွာဟချက်က ဒီလောက်မကြီးမားသေးဘူး.. ဝမ်မိသားစုရဲ့ ပေါ့လျော့မှုကြောင့်သာ ကူမိသားစုက အင်အားကြီးမားလာခဲ့ပြီး အဆုံးသတ်မှာ ဝမ်မိသားစုရဲ့ နေရာကို ရယူသွားနိုင်ခဲ့တာပဲ"
ထိုစကားကို ပြောပြီးနောက် လျူချင်းရီက ခပ်ထေ့ထေ့ရယ်မောလိုက်သည်။
"ဟင်းဟင်း.. ဒါကြောင့်ပဲ ဝမ်မိသားစုက ကျွန်မတို့ လျူမိသားစုနဲ့ အိမ်ထောင် မဟာမိတ်လုပ်ဖို့ စဉ်းစားခဲ့တာပေါ့.. အပြင်မှာ ပြန့်နေတဲ့ စကားအရတော့ အိမ်ထောင်ရေးမဟာမိတ်အကြောင်း သိလိုက်ရတဲ့အချိန်မှာ ကျွန်မတို့ လျူမိသားစုက ဝမ်မိသားစုရဲ့ ပေါင်ကို ပွေ့ဖက်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်သွားခဲ့ပြီး အဘိုးကို မြင်ရတဲ့ မြေးတစ်ယောက်လို ဖြစ်သွားတယ်ဆိုပဲ.. ဒါပေမဲ့ ကျွန်မအမြင်အရပြောရရင် ကျွန်မတို့က အဘိုးဖြစ်ပြီး ဝမ်မိသားစုက မြေးလေးပဲ.. ဒီဝမ်ကျန်းဆိုတဲ့ ကောင်က လုံးဝ မောင်လေးအဆင့်ပဲ"
အင်မော်တယ်ထုန်ရာ ".........."
လျူချင်းရီ "ဒါကြောင့် ဒီအောက်ကမ္ဘာကို လာရတဲ့ ငါ့ရဲ့နံပါတ်၁ ရည်ရွယ်ချက်က ကလိမ်ကကျစ်ကောင်ကို ရိုက်နှက်ဖို့ပဲ မဟုတ်ဘူး.. ဒီကလိမ်ကကျစ်ဝမ်ကို သတ်မလို့ပဲ"
လျူချင်းရီ၏ စကားကိုနားထောင်ပြီးနောက်တွင် အင်မော်တယ်ထုန်ရာက သူမ ခြေထောက်အတော်လေး သက်သာသွားပုံ ပေါ်သည်ကို သတိထားမိသည်။
ယခုအခါတွင် ကုတင်ပေါ်၌ သူမ၏တံတောင်များက ခြေချောင်းများကို ထိနိုင်လောက်သည်အထိ ပျော့ပျောင်းနေပြီ ဖြစ်သည်။
အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။
ဤမိန်းကလေးက အလွန်ပင် သနားဖွယ်ကောင်းသည်။
သူမက အလွန်ပင် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးဖြစ်သည်။
ထို့ပြင် သူမ၏ ရင်သားကလည်း A-cup ဆိုဒ် မဟုတ်ခဲ့ပေ။
ရင်သားက တင်းရင်းဖွံ့ထွားပြီး ဆွဲဆောင်မှုရှိသည်။
ထို့ပြင် သူမက ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရည်နှင့် ပေါ်လွင်သော ကောက်ကြောင်းများကိုပါ ပိုင်ဆိုင်ထားသည်။
သူမကို အကဲခတ်ရသည်မှာ အလွန်ပင် ပြောင်းလွယ်ပြင်လွယ် ရှိပြီး အသစ်အဆန်းများကို သင်ယူနိုင်သည်မှာ သေချာသည်။
"လျူမိန်းကလေး မင်းနိုးလာပြီဆိုတော့ မင်းရဲ့ အောက်ပိုင်းကို ပြန်ကောင်းလာဖို့အတွက် အချိန်တစ်ခုတော့ ယူရလိမ့်မယ်.. ငါအခု မင်းရဲ့ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးမယ့် လက်ဖက်ရည် တစ်ခွက်ကို သွားဖျော်လိုက်ဦးမယ်"
အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။
လျူချင်းရီက အင်မော်တယ်ထုန်ရာကို သူစိမ်းတစ်ယောက်လို သဘောမထားခဲ့ပေ။
"ကျွန်မကို အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်မ ဒီကျေးဇူးကို သေချာပေါက်ပြန်ဆပ်ပါ့မယ်"
အင်မော်တယ်ထုန်ရာက ရယ်မောလိုက်သည်။
တကယ်တမ်းတွင် လက်ဖက်ရည်သွားဖျော်မည် ဆိုသည်မှာ ဆင်ခြေမျှသာ ဖြစ်သည်။
စင်စစ် သူမ နိုးထလာပြီဆိုသည်ကို တစ်ဖက်လူအား ပြောပြရန် ဖြစ်သည်။
သူက နတ်ဘုရားနယ်မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဝမ်ကျန်းနှင့် ဖလှယ်ရာတွင် လျူချင်းရီနှင့် ပတ်သက်သည့် အပ်ဒိတ်များ သို့မဟုတ် အချက်အလက် တစ်စုံတစ်ရာ ရှိပါက ဦးစွာ အကြောင်းကြားမည်ဟု ကတိပြုထားခဲ့သည်။
ဆိုရိုးစကားတစ်ခုလည်း ရှိသေးသည် မဟုတ်လော။
{ဘုရားကျောင်း၁၀ ကျောင်းကို ဖြိုခွဲခြင်းသည် အိမ်ထောင်ပြုသည်ထက် သာ၍ကောင်းသည်}
ထိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ခံစားချက်မရှိကြသော်လည်း အင်မော်တယ်ထုန်ရာက ထိုနှစ်ယောက်ကို တွဲစေချင်နေခဲ့သည်။
သို့ရာတွင် ထိုနှစ်ယောက်ကို ပုံမှန်နည်းလမ်းဖြင့် အောင်သွယ်နိုင်မည်တော့ မဟုတ်လောက်ပေ။
သူတို့နှစ်ဦးလုံးက အပေါ်ယံကြည့်လျှင် ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အချိန်အတော်ကြာ ပေါင်းသင်းကြည့်လျှင် နွေးထွေးသောစိတ်ဓာတ်မျိုး ရှိသူများ ဖြစ်ကြောင်း အင်မော်တယ်ထုန်ရာက သိမြင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် အတတ်နိုင်ဆုံး အောင်သွယ်ပေးရပေမည်။
အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုသည်မှာမူ အဆုံးသတ်တွင် ဤလူနှစ်ယောက်၏ ကံကြမ္မာအပေါ်သာ မူတည်နေသည် မဟုတ်ပါလား။
အင်မော်တယ်ထုန်ရာက ဆေးကုခန်းမှ ထွက်လာပြီးနောက်တွင် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
ထိုအခါမှ သူက အောင်သွယ်တော် မဟုတ်ဘဲ အဂ္ဂိရတ်သမား တစ်ယောက် ဖြစ်ကြောင်း အသိဝင်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤကမ္ဘာကြီး၌ အခြားသောအရာများနှင့် အာရုံလွဲနေသူ အများအပြားရှိနေသည် မဟုတ်ပါလော။
နောက်ထပ် ၁၀မိနစ်အကြာတွင် ဝမ်ကျန်းသည် လျူချင်းရီ နိုးလာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
အင်မော်တယ်ထုန်ရာက သူမ နိုးထလာပြီးနောက်တွင် ပြောဆိုခဲ့သည့် စကားများအား ဝမ်ကျန်းကို ပြန်လည် ဖောက်သည်ချလိုက်သည်။
ဖုန်းခေါ်ဆိုမှု၏ တစ်ဖက်မှ ဝမ်ကျန်း၏ လက်သည် ကြိုးဖုန်းကို ကိုင်ထားရင်း တုန်လှုပ်သွားခဲ့သည်။
“သူမက တကယ်ပဲ အဲဒီလိုပြောလိုက်တာလား”
ဝမ်ကျန်း၏မျက်နှာတွင် ချွေးများဖြင့် ပြည့်နှက်နေသည်။
ဝမ်လင်းသာ ဝမ်ကျန်း၏ ခွန်အားကို စည်းတံဆိပ်ခတ်ထားခြင်းမရှိလျှင် ဖုန်းက ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
အင်မော်တယ်ထုန်ရာ “ဟုတ်တယ်.. လျူမိန်းကလေးက အခုပဲ အဲဒီလိုပြောခဲ့တာ.. မင်းအနေနဲ့ စိတ်လျှော့လိုက်ပါတော့ ဝမ်ကျန်းရေ.. လျူမိန်းကလေးက မင်းကို ဘာခံစားချက်မှမရှိဘူး.. ဒါ့အပြင် မင်းကို သတ်တောင် သတ်ပစ်ချင်နေသေးတယ်”
အင်မော်တယ်ထုန်ရာ၏စကားက သူ၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် အဆုံးသတ်တွင် ဝမ်ကျန်းက ပေါက်ကွဲသွားခဲ့သည်။
“လခွမ်း.. ဒီအမျိုးသမီးက သူ့ကိုယ်သူ ဘာထင်နေတာလဲ.. ငါတို့ ဝမ်မိသားစုက ဘယ်လိုလုပ်ပြီး မြေးဖြစ်နိုင်မှာလဲ.. ဟမ့် သူမတို့ လျူမိသားစုက အဘိုးပေါ့လေ.. ဟုတ်လား.. အဲဒီအချိန်တုန်းက ငါတို့ ဝမ်မိသားစုဆီက ငွေကြေးအကူအညီသာမရခဲ့ရင် သူတို့ရဲ့လျူမိသားစုက ထိပ်တန်းမိသားစု စာရင်းမှာ ရပ်တည်နိုင်မှာတောင် မဟုတ်ဘူး”
အင်မော်တယ်ထုန်ရာ “စိတ်အေးအေးထားပါ မစ္စတာဝမ်ကျန်း.. လျူမိန်းကလေးက အခုမှနိုးထလာတာ ဆိုတော့ စိတ်နည်းနည်းလွတ်နေတာ ဖြစ်နိုင်ပါတယ်”
“ဟမ့်.. ဒီမိန်းမက မီးနဲ့ ကစားချင်နေတာပဲ”
ဝမ်ကျန်းက ဝေ့ကျစ်၏ ဆိုဖာကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။
“မင်းသူမကို ဖုန်းပေးလိုက်စမ်း.. ငါသူမနဲ့ စကားပြောချင်တယ်”
အင်မော်တယ်ထုန်ရာ “ဒါပေမဲ့ မစ္စတာဝမ်ကျန်း.. မင်းအောက်ကမ္ဘာမှာရှိနေတာ သူမကို မသိစေချင်ဘူးဆို”
ဝမ်ကျန်း “ငါက သူမ ငါ့ကိုချစ်တယ်လို့ ထင်နေခဲ့တယ်.. ငါ့ကိုသတ်ချင်နေမယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး.. သူမ ဘယ်ကနေ သတ္တိတွေ ရလာတာလဲ.. ကြည့်ရတာ အထက်ကမ္ဘာမှာ ငါခြုံခိုတိုက်ခိုက်ခံခဲ့ရတာတွေက သူမရဲ့လက်ချက် ဖြစ်ပုံရတယ်.. ငါ့အနေနဲ့ ဒီကောင်မကို သင်ခန်းစာမပေးလို့ မဖြစ်တော့ဘူး.. ကောင်းပြီလေ.. သူမကို ဖုန်းပေးစရာလည်း မလိုပါဘူး.. ငါ့ကိုအနိုင်ရမယ်လို့ ယုံကြည်မှုရှိရင် အချိန်မရွေး ပြိုင်ဆိုင်လို့ရတယ်လို့ သူမကို ပြောလိုက်.. သူက မိန်းကလေးဆိုတော့ ငါကအကျောပေးတဲ့ အနေနဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကိုပဲ အသုံးပြုမယ်.. အဲဒီလို အကျောပေးမယ် ဆိုရင်တောင် ငါကသူမကို အနိုင်ယူနိုင်နေတုန်းပဲ.. ငါတို့ ပြိုင်ပွဲကျရင် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို သက်သေအဖြစ် လုပ်ပေးဖို့ တောင်းဆိုပါရစေ”
အင်မော်တယ်ထုန်ရာ “……….”
ဝမ်ကျန်း “ပေါက်ကရတွေ ပြောချင်ရင် အာကာသအပြင်ဘက်မှာ ဖျင်ကုန်းပြီးသွားအော်လို့ သူမကိုပြောလိုက်”
အင်မော်တယ်ထုန်ရာ “ကောင်းပါပြီ”
မိနစ်အတော်ကြာပြီးနောက်တွင် ကုသခန်းထဲရှိ လျူချင်းရီသည် ဒေါသအလွန်ထွက်ပြီး အိပ်ရာထဲမှ ငေါက်ခနဲထထိုင်လိုက်ရာ သူမ၏ နူးညံ့သည့်ရင်သားများက ပြင်းထန်စွာလှုပ်ယမ်းသွားခဲ့သည်။
“ဟုတ်လား.. သူတကယ်ပဲ အဲဒီလိုပြောတာလား”
အင်မော်တယ်ထုန်ရာ “ဟုတ်တယ်.. ဝမ်ကျန်းက ငါ့ကို အခုပဲအဲဒီလိုပြောခဲ့တယ်.. မင်းအခု အေးအေးဆေးဆေး နေနိုင်ပြီ လျူမိန်းကလေး.. ဝမ်ကျန်းက မင်းအပေါ်မှာ ဘာခံစားချက်မှမရှိဘူး.. မင်းကိုတောင် တိုက်ခိုက်ချင်နေသေးတယ်”
မခံနိုင်အောင် ပြောဆိုခံရပြီးလျှင် ပြန်လည်၍ တုံ့ပြန်တတ်သည်မှာ လူ့သဘာဝဖြစ်ကြောင်း အင်မော်တယ်ထုန်ရာက သိသည်။
အရာအားလုံးသည် သူစီစဉ်သည့် အတိုင်း ဖြစ်လာခဲ့သည်။
လျူမိန်းကလေး “ချီးထုပ်ပဲ.. ဒီအမှိုက်ကောင်က ဘာတွေနားလည်လို့လဲ.. ငါတို့ လျူမိသားစုက ဝမ်မိသားစုဆီကနေ အကူအညီကို ဘယ်တုန်းက ရယူခဲ့ဖူးလို့လဲ.. အဲဒါက ချေးငွေပဲ.. ချေးငွေဆိုတာ ဘာလဲသိလား.. ငါတို့ လျူမိသားစုက အဲဒီချေးငွေကို အတိုးနဲ့တောင် ပြန်ဆပ်ခဲ့ရတယ်.. ပြီးတော့ ငါတို့က အဲဒီပိုက်ဆံကို အကြေဆပ်ပြီးတာ ကြာခဲ့ပြီ.. ထားပါ ဒင်းက ငါ့ကို စိန်ခေါ်ချင်တယ်ဟုတ်လား.. ကောင်းပြီလေ ဘယ်သူက ဘယ်သူ့ကို သတ်မယ်ဆိုတာ ကြည့်ကြသေးတာပေါ့.. အင်မော်တယ်ထုန်ရာ.. ပြိုင်ပွဲကျင်းပဖို့ အတွက် နေရာတစ်ခုကို အကြံပေးလို့ရမလား”
အင်မော်တယ်ထုန်ရာက ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။
“အမှတ်၆၀ အထက်တန်းကျောင်းဆိုရင်ရော ဘယ်လိုသဘောရလဲ”
အပိုင်း(၈၃၄) ပြီး၏