← Chapters

ဝမ်လင်း KTVသွားရအောင်

Vol. 56 Ch. 835

ဝမ်လင်း KTVသွားရအောင်

Vol. 56 Ch. 835

ဝမ်ကျန်းနှင့် လျူချင်းရီကို ကနဦး ဆက်ဆံပြီးနောက်တွင် အင်မော်တယ်ထုန်ရာသည် နတ်ဘုရားနယ်မြေရှိ နေထိုင်သူများ၏ တွေးခေါ်ပုံများကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

အထူးသဖြင့် ၎င်းတို့သည် ထူးချွန်သောအချိန်တွင် ထူးချွန်ကြပြီး နွေးထွေးသောအချိန်တွင် နွေးထွေးကြသည်။

တကယ်တမ်းတွင် လူသားများ၏ အနှစ်သာရသည် အထက်ကမ္ဘာနှင့် အောက်ကမ္ဘာဟူ၍ မခွဲခြားဘဲ အတူတူပင် ဖြစ်သည်။

အထက်ကမ္ဘာရှိ နတ်ဘုရားနယ်မြေသည် ကျင့်ကြံသူများအတွက် ပိုမို အဆင့်မြင့်သောနယ်မြေ ဖြစ်သောကြောင့် ပို၍ဆွဲဆောင်မှုရှိသည်။

ရှေးပဝေသဏီ ကတည်းကပင် သာမန်လူဖြစ်စေ ကျင့်ကြံသူဖြစ်စေ လူတိုင်းသည် ပိုမိုကောင်းမွန်သော အရာကိုသာ အစဉ်အမြဲ လိုချင်ခဲ့ကြသည်။

ယင်းမှာ လူသားတို့ တိုးတက်ပြောင်းလဲလာခဲ့ရသည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

ဝမ်ကျန်း၏ စစ်ကြေညာချက်ကို ကြားပြီးနောက်တွင် လျူချင်းရီက ဒေါသထွက်လာခဲ့သည်။

“ဝမ်ကျန်းနဲ့ အချိန်ညှိလိုက်တော့.. ငါဒီကောင့်ကို တော်တော်လေး တီးချင်နေပြီ.. ဒီကောင် တော်တော်လေး မာနကြီးတာပဲ.. ဘာတဲ့ ငါနဲ့ယှဉ်ပြိုင်ဖို့ လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကိုပဲ သုံးမယ် ဟုတ်လား.. အင်မော်တယ်ထုန်ရာ.. ငါသူ့ကိုဘယ်လိုဆုံးမသင့်လဲ”

“စိတ်လျော့ပါ လျူမိန်းကလေး”

အင်မော်တယ်ထုန်ရာက ရယ်မော၍ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး စိတ်အေးအေးထားဖို့ လိုအပ်တယ်.. ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က အဲဒီ အထက်တန်းကျောင်းမှာ တက်ရောက်နေတယ်.. မင်းတို့တွေအဲဒီမှာ ရန်ဖြစ်မယ်ဆို မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖိနှိပ်ထားမှဖြစ်မယ်.. မဟုတ်ရင် အခြားသူတွေကို အန္တရာယ်ဖြစ်စေလိမ့်မယ်”

အင်မော်တယ်အရှင်မြတ်အဆင့်ထက် မြင့်မားသည့် အနန္တတန်ခိုးရှင်နှစ်ပါးသာ အမှတ်၆၀ အထက်တန်းကျောင်းတွင်တိုက်ခိုက်ကြမည်ဆိုလျှင် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများ အနေဖြင့် သူတို့၏ အော်ရာဖြင့်ပင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် အမှန်တကယ်ပင် သင်္ချိုင်းကုန်း ဖြစ်သွားပေလိမ့်မည်။

အဓိကအချက်မှာ အင်မော်တယ်ထုန်ရာ အနေဖြင့် ဝမ်လင်းနှင့်ဆက်သွယ်ရန် အခွင့်အရေးရှာဖို့ လိုအပ်နေပါသေးသည်။

ယခုအခါတွင် စာမေးပွဲနီးကပ်နေပြီ ဖြစ်သောကြောင့် ဝမ်လင်းက ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် စိတ်အားထက်သန်လိမ့်မည် မဟုတ်ဟု အင်မော်တယ်ထုန်ရာ မှန်းဆမိခဲ့သည်။

ဝမ်လင်းက နတ်ဘုရားနယ်မြေနှင့် ပတ်သက်ပြီး ဝမ်ကျန်းကိုမေးချင်သည်ဟု ယခင်က ပြောခဲ့ဖူးသည်။

သို့သော် စာမေးပွဲကြောင့် ဝမ်ကျန်းအား အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။

ဤသည်ကပင် ဝမ်ကျန်း ယခုအချိန်ထိ ဝေ့ကျစ်၏ နေရာ၌ သောင်တင်နေရသည့် အကြောင်းရင်း ဖြစ်သည်။

အဆုံးသတ်တွင် ဝမ်လင်းသည် စီမံဆောင်ရွက်ပေးရမည့်သူဖြစ်နေသည်။

အမှတ်၆၀ အထက်တန်းကျောင်းကို သူရွေးချယ်ခဲ့ရသည့်အကြောင်းအရင်းမှာ အလွန်ပင် ရိုးရှင်းသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းမှလွဲ၍ ဤအနန္တတန်ခိုးရှင်နှစ်ပါးကို ဖိနှိပ်နိုင်မည့်သူ အောက်ကမ္ဘာ၌ မရှိသောကြောင့်ဖြစ်သည်။

စာသင်နှစ်၏ ၁၅ပတ်မြောက် ကြာသပတေးနေ့သည် ဩဂုတ်လ ၁၀ရက်နေ့ ဖြစ်သည်။

စာမေးပွဲများမှာ မနက်ဖြန်သောကြာနေ့တွင် စတင်မည် ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

ကျောင်းက ယခုတစ်ကြိမ်တွင် အတန်းချိန်များကို ဆိုင်းငံ့ထားသောကြောင့် ကျောင်းသားများသည် စာမေးပွဲဖြေဆိုပြီးသည်နှင့် နောက်ထပ်ဖြေဆိုရမည့် ဘာသာရပ်များကို ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် အိမ်သို့ ပြန်သွားနိုင်ပြီ ဖြစ်သည်။

သို့သော် ကျောင်းသာအများစုသည် ဤအချိန်ကို စာလေ့လာရန် အသုံးမချချင်ကြပေ။

အမှတ်၆၀အထက်တန်းကျောင်းတွင် အလွန်တင်းကျပ်သော အချိန်ဇယားများရှိသည်။

ကျောင်းသားအများစုက ဆိုင်းငံ့ထားသော အတန်းချိန်များမှ အားလပ်ချိန်များကို စာမေးပွဲ ဖြေဆိုပြီးနောက် အနားယူရန် အချိန်များအဖြစ် ရှုမြင်ခဲ့ကြသည်။

ကျောင်းဆင်းသောအခါ ဝမ်လင်းက သူ၏စာမေးပွဲအမှတ်များကို မည်ကဲ့သို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမလဲ ဆိုသည်ကို စဉ်းစားနေစဉ်တွင် ကော်ဟောက်နှင့် အခြားသောအတန်းဖော်အများအပြားသည် မနက်ဖြန်အတွက် အစီအစဉ်ဆွဲနေပြီ ဖြစ်သည်။

ဝမ်လင်း စာသင်ခန်းထဲမှ ထွက်ခွာခါနီးတွင် ကော်ဟောက်က သူ့ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

ဝမ်လင်း “……….”

ကော်ဟောက် “ဝမ်လင်း.. မနက်ဖြန် ငါတို့ KTVသွားကြရအောင်”

အမှတ်၆၀ အထက်တန်းကျောင်း၏ ဘေးတွင် KTVတစ်ခုရှိသည်။

ထိုသူဌေးက အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းသားဟောင်း တစ်ဦး ဖြစ်သောကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ဆိုလျှင် အထူးလျှော့ဈေးများ ပေးလေ့ရှိသည်ဟု သူကြားဖူးသည်။

ထိုသူဌေးက ကျောင်းသားများ လာလျှင် KTV၏ ဆက်ရှင်ကြေးကို အနည်းငယ်မျှသာ ယူတတ်သည်။

ယနေ့ခေတ် KTVအများစုသည် နေရာလွတ် ချဲ့ထွင်ခြင်းနည်းစနစ်များကို အသုံးပြုထားကြသည်။

ထို့ကြောင့် အခန်းငယ်များနှင့် အခန်းကြီးများ၏ ဈေးနှုန်းကွာခြားချက်မှာ ယခင်ခေတ်က KTVများကဲ့သို့ ကြီးကြီးမားမား မဟုတ်တော့ပေ။

ယနေ့ခေတ် KTVများတွင် အများဆုံး ကုန်ကျစရိတ်မှာ အမျိုးသမီးများ၏ ဝန်ဆောင်မှုကို ယူခြင်း ဖြစ်သည်။

သို့သော် ကျောင်းသားများအနေဖြင့် စိတ်ပြေလျော့ရန်အတွက်သာ သီချင်းလာဆိုခြင်း ဖြစ်သောကြောင့် ထိုစရိတ်စကမျိုး မကုန်ကျခဲ့ပေ။

ဟုတ်ပါသည်၊ ဝမ်လင်းက KTVတွင် ကုန်ကျမည့်ပမာဏကို ညိုညင်ခဲ့ခြင်းမရှိပေ။

သို့သော် KTVကို တစ်ခေါက်သွားသော ကုန်ကျစရိတ်သည် ခေါက်ဆွဲခြောက်ထုပ် အများအပြားကို ဝယ်စား၍ရပေသည်။

ဝမ်လင်း၏ အတန်းဖော်အဖြစ် စာသင်နှစ် တစ်လျှောက်လုံး အချိန်ဖြုန်းပြီးနောက်တွင် ကော်ဟောက်သည် ဝမ်လင်းကအပြင်ထွက်ရန် အလွန်ဝန်လေးသူ ဖြစ်ကြောင်း ကောင်းစွာသိရှိခဲ့သည်။

သို့သော် သူတို့အတန်းတွင် ယောက်ျားလေး အများအပြား မရှိခဲ့ပေ။

ကော်ဟောက်က စောစောကပင် သူတို့ထဲမှ တချို့ကို မေးမြန်းခဲ့သော်လည်း အားလုံးက ငြင်းဆိုခဲ့ကြသည်။

ကာရာအိုကေ ဆိုသည်မှာ လူများလေ ပိုပျော်ဖို့ ကောင်းလေ ဖြစ်သည်။

မြေပဲလေး “စွန်းရုံနဲ့ လင်းရှောင်ယု တို့ကို ငါမေးခဲ့သေးတယ်.. သူတို့က ရှော့ပင်း ထွက်မယ်လို့ ငါကို ပြန်ပြောတယ်.. ငါတို့ ဖန့်ရှင်းနဲ့ ကျန်းပိုင်တို့ကို ဖိတ်ခေါ်လိုက်ရင် မကောင်းဘူးလား”

မြေပဲလေး၏စကားကို နားထောင်ရင်း စွန်းရုံ ဟူသည့် အမည်ကိုကြားလိုက်သည်နှင့် ဝမ်လင်းက ရုတ်တရက် အေးခဲသွားသည်။

သူတို့ အတန်းထဲတွင် စွန်းရုံဟု ခေါ်သည့် မိန်းကလေးတစ်ယောက် ရှိနေသည်ကို သူသတိရလိုက်သည်။

“ဒီဖိတ်ခေါ်ချက်က အလုပ်ဖြစ်လောက်တယ်”

ချန်းချောင်က ခေါင်းညိတ်လိုက်ပြီး ဝမ်လင်း၏ ပုခုံးပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်သည်။

“ဝမ်လင်း မင်းငါတို့ကို ငြင်းမှာ မဟုတ်ဘူးဆိုတာ ငါတို့ကောင်းကောင်းသိတယ်.. ဟုတ်တယ်မလား”

ဝမ်လင်း “……….”

ပုံမှန်အားဖြင့် KTVသို့သွားခြင်းက သူ့အတွက် မဖြစ်နိုင်သည့် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

သို့သော် အတန်းဖော်များ၏ လှိုက်လှိုက်လှဲလှဲ စည်းရုံးမှုကြောင့် သူ့အနေဖြင့် KTVသို့သွားရန် သဘောတူရုံသာ ရှိတော့သည်။

ထိုနေ့၏ ညနေခင်းမှာပင် ကော်ဟောက်သည် KTVအတွက် ချက်ဂရုတစ်ခုကို ပြုလုပ်ခဲ့သည်။

ထိုချက်ဂရုမှလူများသည် မနက်ဖြန်KTV သွားမည့်သူများ ဖြစ်သည်။

နေ့လည်စာနှင့် သစ်သီးတစ်ပွဲ အပါအဝင် လူတစ်ဦးသည် 48HNY ကျသင့်မည် ဖြစ်သည်။

ဤကုန်ကျစရိတ်က လုံးဝ ဈေးမကြီးသော်လည်း တွက်ချက်ပြီးနောက်တွင် 48HNYသည် ခေါက်ဆွဲခြောက် တစ်ဒါဇင်ကို ဝယ်နိုင်သည်ဟု သိလိုက်ရပြီး အနည်းငယ် ဖြုန်းတီးမိသကဲ့သို့ ဝမ်လင်း ခံစားခဲ့ရသည်။

မိနစ်အနည်းငယ် အကြာတွင် ချန်းချောင်းသည် ချက်ဂရုသို့ သတင်းတစ်ပုဒ်ကို မျှဝေခဲ့သည်။

“အို မြတ်စွာဘုရား.. ဒါက ဆရာ ဝူကျန်းကျွင်းရဲ့ အယ်လ်ဘမ်လား”

မြေပဲလေးက မှင်တက်နေခဲ့သည်။

“ဆရာ ဝူကျန်းကျွင်းက ကျောင်းဆရာ မဟုတ်ဘူးလား.. သူကဘယ်လိုဖြစ်ပြီး အယ်လ်ဘမ် ထွက်လာရတာလဲ”

ကော်ဟောက်က ရယ်မောလိုက်သည်။

“ဆရာ ဝူကျန်းကျွင်းက ဒေါသဓမ္မရာဂျာ ဝူရီဖန်းရဲ့ တပည့်လေ.. သူ့ဆရာရဲ့အမွေကို ဆက်ခံတာက ဘာများ ထူးဆန်းနေလို့လဲ”

မကြာသေးမီက ပြုလုပ်ခဲ့သည့် နွေရာသီစခန်းသွင်း လေ့လာရေးတွင် ဆရာဝူကျန်းကျွင်းသည် ဒေါသဓမ္မရာဂျာ ဝူရီဖန်းထံမှ အမွေဆက်ခံခဲ့သည့် ထူးခြားသော အသံလှိုင်း နည်းစနစ်ဖြင့် ကျောင်းသားအားလုံးကို လေးလေးနက်နက် စွဲမက်သွားစေခဲ့သည်။

ဆိုရလျှင် ဝူကျန်းကျွင့်သည် အမှန်တကယ် ထူးချွန်သူတစ်ယောက် ဖြစ်သည်။

ကော်ဟောက် “ဆရာ ဝူကျန်းကျွင့်က ဆရာ မဖြစ်ခင်မှာ အိုင်ဒေါအဆိုတော်တစ်ယောက် အနေနဲ့ ပွဲဦးထွက်ခဲ့ဖူးတယ်.. သူ့ရဲ့ ဖျော်ဖြေတင်ဆက်မှုပုံစံက သူ့ဆရာ ဒေါသဓမ္မရာဂျာ ဝူရီဖန်းလိုပဲ.. အထူးခြားဆုံး အင်္ဂါရပ်က ဂီတသံကို အတင်အချလုပ်ပြီး အီလက်ထရောနစ် တီးခတ်မှုတွေကို အသုံးပြုတာပဲ.. သူ့ရဲ့ တင်ဆက်မှုက နားဆင်သူတွေကို ခေါင်းကိုက်တဲ့အထိ ဖြစ်စေခဲ့တယ်”

ဝမ်လင်းက ချန်းချောင် မျှဝေထားသောလင့်ကို ဖွင့်ကြည့်လိုက်သည်။

ဝူကျန်းကျွင်း၏ အချို့သောသီချင်းများသည် အဆင့်သတ်မှတ်ချက် အလွန်မြင့်မားသည်ကို သူမြင်ခဲ့ရသည်။

သို့သော်မှတ်ချက်ကဏ္ဍတွင်မူ သံသယများစွာ ဖြစ်ပေါ်စေခဲ့သည်။

“ဝူကျန်းကျွင်းက ဘယ်သူလဲ.. ဒီအဆိုတော်အကြောင်း တစ်ခါမှ မကြားဖူးဘူး.. နောက်ပြီး ဒီအယ်လ်ဘမ် တစ်ခုလုံးက အီလက်ထရောနစ် ဂီတသံစဉ်တွေချည်းပဲလား”

“ဒီအဆိုတော်က အဆင့်သတ်မှတ်ချက်တွေ မြင့်အောင် နံပါတ်တွေကို ဝယ်ယူခဲ့တာ ဖြစ်ရမယ်.. ဝူကျန်းကျွင့်ရဲ့ ပရိတ်သတ်တွေအနေနဲ့ ဒီလိုလုပ်ရပ်ကို ရပ်တန့်ဖို့ တောင်းဆိုသင့်တယ်.. မဟုတ်ရင် မင်းတို့ရဲ့ အဆိုတော်က တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိမှာမဟုတ်ဘူး”

ထုံးစံအတိုင်းပင် ပြဿနာ ဖြစ်လာသည်နှင့်အမျှ အဆိုတော်ကို ကာကွယ်သည့် ပရိတ်သတ်များက သဘာဝအတိုင်းရှိနေဆဲ ဖြစ်သည်။

“ဝူဝူအကြောင်း မင်းဘယ်လောက်သိလို့လဲ.. ဝူဝူကဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားခဲ့တယ် ဆိုတာ မင်းတို့သိလား.. သူက အဖျား60ဒီဂရီ ရှိနေတာတောင် သီချင်းဆိုဖို့အကောင်းဆုံး ကြိုးစားခဲ့တယ်.. ဝူဝူက သူ့ရဲ့ ပရိသတ်တွေကို စပရိုက်တိုက်ဖို့ အတွက် ဒီအယ်လ်ဘမ်ကို ၃နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်.. ဒီအယ်လ်ဘမ်က ငါတို့အတွက် လုပ်ပေးခဲ့တာပဲ.. ငါတို့တွေ အပြင်သွားတဲ့အခါကျရင် အားပြန်သွင်းနိုင်တဲ့ မှော်ရတနာတွေကို ယူဆောင်သွားစရာ မလိုတော့ဘူး.. ဝူဝူ သီဆိုတဲ့ အီလက်ထရောနစ်ဂီတသံကို ဖွင့်ထားသရွေ့ မှော်ရတနာတွေက အလိုအလျောက် အားပြန်သွင်းနိုင်တယ်”

ဝမ်လင်း “………..”

ထိုအကြောင်းအရာကို မြင်လျှင် ဝမ်လင်းက သီချင်း၏ အင်ထရိုကို ဖွင့်လိုက်သည်။

ထိုခဏမှာပင် မယုံနိုင်စရာ မြင်ကွင်းတစ်ခုက ဖြစ်ပျက်လာခဲ့သည်။

သူ့လက်ပတ်နာရီမှ လျှပ်စစ်ဓာတ်အားက တဖြည်းဖြည်း အားပြန်ပြည့်လာခဲ့သည်။

အပိုင်း(၈၃၅) ပြီး၏

All Chapters