← Chapters

လျှပ်စစ်ရှော့အနုပညာ

Vol. 56 Ch. 838

လျှပ်စစ်ရှော့အနုပညာ

Vol. 56 Ch. 838

ယန်ဟွိုက်သည် လူနာ ကုသမှုခံယူနေစဥ် အတွင်း အသံသွင်းတတ်သည့် အလေ့အထ ရှိသည်။

ယင်းမှာ “လူနာများ” ၏ နာကျင်မှုကို အရသာ ခံစားလိုခြင်းကြောင့် မဟုတ်ဘဲ လျှပ်စစ်ကုထုံးတွင် အကောင်းဆုံး လုပ်ဆောင်လိုခြင်းကြောင့် သက်သက်သာ ဖြစ်သည်။

ကုသမှုတစ်ခုစီတွင် ကျင့်ကြံခြင်း နယ်ပယ်အဆင့်ကို လိုက်၍ ဓာတ်အားထွက်ရှိမှုကို ပြောင်းလဲပေးရ၏။

ယေဘုယျအားဖြင့် ပြောရလျှင် ဆေးဘက်ဆိုင်ရာ စက်ကိရိယာကို အသက်သွင်းလိုက်သောအခါတွင် ၎င်းသည် နာကျင်မှုကို ဖြစ်ပေါ်စေသော်လည်း ယင်းမှာ လူတစ်ဦးကို သတ်ပစ်ခြင်းအထိ မဟုတ်ဘဲ အကောင်းဆုံးရလဒ် ထွက်ပေါ်ရန် အတွက်သာ ဖြစ်သည်။

ကုသရေးဌာနကို စတင်ဖွင့်လှစ်ချိန်တွင် သူ၏ ဘိုးဘေးများသည် ဆေးဘက်ဆိုင်ရာ စက်ကိရိယာ၏ ဗို့အား အထွက်နှုန်းကို မထိန်းနိုင်သဖြင့် လူအများအပြားကို မတော်တဆ ဓာတ်လိုက် သေဆုံးသွားစေခဲ့ပြီး ကုသရေးဌာနကို အချိန်အတော်ကြာ ဒုက္ခရောက်စေခဲ့သည်။

သို့သော် ထိုကဲ့သို့ ကိစ္စမျိုး ကြုံလာတိုင်း တခြားလူနာများ၏ မိသားစုများက ဒုက္ခပေးသည့်သူများကို အဆုံးစွန်ထိ နှောင့်ယှက်တတ်ကြသည်။

သူတို့၏ အမြင်တွင် ဤနေရာသို့ ရောက်လာသည့် ကလေးများသည် မျှော်လင့်ချက်မဲ့နေပြီ ဖြစ်၏။

ထို့ကြောင့် ဤကဲ့သို့ ကုသရေးနည်းလမ်းသည် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

ပုံမှန်မဟုတ်သော အမူအကျင့်များကို ပြုပြင်ပေးသော ကုထုံးဆရာများ အနေဖြင့် ယန်ဟွိုက်၏ ဘိုးဘေးများသည် ဤမိသားစုများ၏ ပံ့ပိုးမှုကြောင့် ကုသရေးနယ်ပယ်တွင် ထိပ်တန်းစာရင်းဝင်များ ဖြစ်ခဲ့ကြသည်။

သူတို့က နေ့စဥ်နေ့တိုင်း လက်ဆောင်ပစ္စည်းများ လက်ခံကြရပြီး ချီးမွမ်းကိုးကွယ်ခံခဲ့ရ၏။

တစ်စုံတစ်ယောက်က သူတို့ကို ပြဿနာကို ရှာရန် လာလျှင်ပင် ထိုလူများသည် ပြဿနာများကို ကိုယ်စားဖြေရှင်းပေးမည် ဖြစ်သည်။

ယန်မိသားစုအနေဖြင့် သူတို့၏ လူနာများကို ကုသပေးရုံကလွဲ၍ ဘာကိုမှ စိတ်ပူစရာမလိုတော့ပေ။

"ဒါက တန်ဖိုးရှိတဲ့ ဗီဒီယိုဒေတာပါ.. မစ္စတာလုံမင် အနေနဲ့ အဲဒါကိုကြည့်ပြီးရင် လျှို့ဝှက်ထားပေးမယ်လို့ ငါမျှော်လင့်ပါတယ်"

ယန်ဟွိုက်က ဒီဗီဒီချပ်ကို ထုတ်ပေးလိုက်ပြီး လုံမင်ကို ပြုံးပြလိုက်သည်။

တစ်ချိန်တည်းမှာပင် ယန်ဟွိုက်၏ ဒီဗီဒီချပ်က ထူးခြားကြောင်း လုံမင် သတိပြုမိလိုက်သည်။

၎င်းက မီးနှင့်ရေကို ခံနိုင်ရည်ရှိပြီး ဖုန်မှုန့်များကိုပင် ခံနိုင်ရည်ရှိသောပစ္စည်းဖြင့် ပြုလုပ်ထား၏။

ဒီဗီဒီချပ်၏ မျက်နှာပြင်တွင် အညစ်အကြေးများ မရှိပေ။

ယန်ဟွိုက်က ဒီဗီဒီကို စက်ထဲသို့ တွန်းထည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ကံမကောင်းစွာနဲ့ အဲဒီခေတ်က ဒီလိုမျိုး နည်းပညာတွေ မရှိခဲ့ဘူး.. မဟုတ်ရင် ငါ့ဘိုးဘေးတွေ စုဆောင်းထားတဲ့ ဒေတာတွေက မီးလောင်ကျွမ်းသွားမှာ မဟုတ်ဘူး"

လုံမင်က တိတ်ဆိတ်နေခဲ့ပြီး ဖန်သားပြင်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

စက်က အလွန်လျင်မြန်စွာပင် ဒီဗီဒီကို ဖတ်လိုက်သည်။

အဖြူရောင် လက်တိုအင်္ကျီကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

ယန်ဟွိုက် ကိုယ်တိုင်သာ မပြောခဲ့လျှင် ထိုလူငယ်သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ဒုဂိုဏ်းချုပ် တစ်ဦး ဖြစ်ကြောင်း လုံမင် ယုံကြည်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။

ဗီဒီယို ထဲတွင် လူငယ်လေး၏ ခြေလက်လေးဖက်လုံးကို လူထွားကြီးငါးယောက်က ချုပ်နှောင်ထားသည်။

လေးယောက်က သူ့လက်များနှင့် ခြေထောက်များကို ကိုင်ထားစဥ် တစ်ယောက်က ပါးစပ်ထဲတွင် ဘောလုံးလေး တစ်လုံးကို ထည့်လိုက်သည်။

ယင်းမှာ ဆေးကုသမှု ခံယူနေစဉ် လျှာကို မကိုက်မိစေရန် ဖြစ်၏။

ထို့နောက်တွင် လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များကို ချက်ချင်းဆိုသလို ချည်နှောင်လိုက်ကြသည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူက သန်မာတဲ့ ကျင့်ကြံသူ တစ်ယောက်ဖြစ်လို့ အထူးကုသပေးခဲ့တယ်.. သူ့ကို သံကြိုးတွေနဲ့ ချုပ်နှောင်ထားတဲ့အပြင် ပိုပြီးစိတ်ချမှုရှိအောင် လူတွေနဲ့ပါ ချုပ်ထားခဲ့တယ်”

ယန်ဟွိုက်က အသေအချာ ရှင်းပြခဲ့သည်။

ဗီဒီယိုထဲတွင် လူငယ်ကို အသုံးပြုနေသည့် ဆေးဘက်ဆိုင်ရာစက်ကိရိယာမှာ လုံမင်၏ ရှေ့တွင် ရှိနေသောစက် ဖြစ်သည်။

ထိုစက်က ကြည့်လိုက်လျှင် အထူးအဆန်း မဟုတ်သော်လည်း ကြောက်စရာကောင်းသော စွမ်းအားများရှိ၏။

"မင်းရဲ့အမှားကို ဝန်ခံလား"

ဗီဒီယိုထဲတွင် ယန်ဟွိုက်က လူငယ်ကို ဖြည်းညင်းစွာ ပြောလိုက်သည်။

သူ၏အသံမှာ ရေခဲဂူတစ်ခုလို အေးစက်နေ၏။

တိတ်ဆိတ်သော ဆေးကုခန်းထဲတွင် ချုပ်နှောင်မှုကိုဆန့်ကျင်နေသည့် ဒုဂိုဏ်းချုပ်၏ အော်ဟစ်ဆဲဆိုသံများသာ ရှိတော့သည်။

ဆေးဘက်ဆိုင်ရာ စက်ကိရိယာ၏ လျှပ်စစ်သေနတ်ငယ် ထိပ်တွင် လျှပ်စစ်အသံက စူးစူးဝါးဝါး မြည်လာသည်။

“ဘောလုံးကို ထုတ်ပေးလိုက် သူပြောပါစေ”

ယန်ဟွိုက်က အမိန့်ပေးလိုက်သည်။

ကုသမှုတစ်ခုစီက ဆယ်စက္ကန့်မှ သုံးဆယ် စက္ကန့်မျှသာ ကြာသော်လည်း လူငယ်၏ ခေါင်းသည် ချွေးများထွက်နေပြီ ဖြစ်သည်။

သူ၏ မျက်နှာက အခေါင်းထဲမှ ထွက်လာသည့် ဖုတ်ကောင်ကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။

"ငါ့ကို ဒီပို့လိုက်တဲ့သူက ခွေးမသား ဂိုဏ်းချုပ်လား"

လက်ထောက်ဂိုဏ်းခေါင်းဆောင်က ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း မသိသော်လည်း နိုးထလာပြီးနောက်တွင် လက်ရှိအခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

"အဖြေမှားတယ်"

ယန်ဟွိုက်က စက်ကို ပြန်ဖွင့်လိုက်ပြီး လျှပ်စစ်သေနတ်ငယ်ထိပ်ဖြင့် ဂွေးကျိကို တို့လိုက်သည်။

လျှပ်စစ်စီးကြောင်း တစ်ခုက ဂွေးကျိကနေ ဦးနှောက်ဆီသို့ ချက်ခြင်း စီးဆင်းသွားပြီး ဦးနှောက်၏ သွေးကြောများကနေ ကျောရိုးမှ ခန္ဓာကိုယ်အနှံ့သို့ မရပ်မနား ပျံ့နှံ့သွားခဲ့သည်။

ထိုခဏတွင် လူငယ်၏ ဂွေးကျိကနေ အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။

“ဒါက…”

ဖန်သားပြင်ကနေ လုံမင်က အသားကင်နံ့ကို မထင်မှတ်ပဲ ရရှိခဲ့သည်။

“ဒါက နောက်ဆုံးပေါ် အသံသွင်းနည်းပညာပါ.. အနံ့တွေကိုတောင် ဖမ်းထားနိုင်တယ်လေ”

ယန်ဟွိုက်က ပြန်ဖြေလိုက်သည်။

လုံမင် “…..........”

ဗီဒီယိုထဲတွင် ယန်ဟွိုက်က လူငယ်ကို ပြောလိုက်သည်။

"ဒီနေရာမှာ သင်က မေးခွန်းအားလုံးကို တိကျစွာ ဖြေဆိုရမှာ ဖြစ်တယ်.. မေးသမျှမေးခွန်းကို ဖြေကြားပေးရမှာ ဖြစ်ပြီး သင့်အဖြေက မှန်ကန်မှရမယ် မဟုတ်ရင်တော့ နောက်တစ်ကြိမ် ကုသမှုခံယူရမှာ ဖြစ်တယ်"

“ဒုဂိုဏ်းချုပ်.. မင်းရဲ့အမှားကို တတ်နိုင်သမျှ ဝန်ခံလိုက်တာ ပိုကောင်းလိမ့်မယ်.. ဟုတ်ပါတယ် မင်းအနေနဲ့ ကုသမှုကို ဆက်လက် ခံယူဖို့လည်း ရွေးချယ်နိုင်တယ်"

ယန်ဟွိုက်က လက်များကို ရပ်တန့်လိုက်ပြီး လူငယ်ကို ရှင်းလင်းပြတ်သားစွာ ရှင်းပြလိုက်ရာ လူငယ်က ယန်ဟွိုက် ပြောသမျှကို နားလည်နိုင်ခဲ့သည်။

ယန်ဟွိုက် “ပထမအကြိမ် ကုသမှု ပက်ကေ့ချ်အရ ရက်သုံးဆယ်ကြာ မကုမနေရ ဆက်တိုက် ကုသမှုကို ခံယူရမှာ ဖြစ်တယ်.. ပထမဆယ်ရက်မှာ မင်းက တစ်နေ့ကို စက္ကန့် ၃၆၀၀ လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်တိုက်ခံရမယ်.. အဲဒီနောက်ပိုင်းမှာ စက္ကန့် 3,600 ကနေ 7,200 စက္ကန့်အထိ တဖြည်းဖြည်း တိုးလာလိမ့်မယ်”

ဒုဂိုဏ်းချုပ် "ဒါက ကုသတာလား ဒါမှမဟုတ် နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာလား"

သူစကားမဆုံးခင်မှာပင် လျှပ်စစ်စီးကြောင်းတစ်ခုက ထပ်ထွက်လာသည်။

Zzzz...

ယန်ဟွိုက် "မင်းအမှားကိုဝန်ခံလား"

ဒုဂိုဏ်းချုပ်"အခွံမာသီး ငါးလုံးကိတ်က တကယ်အရသာရှိတာပဲ"

Zzzz...

"မင်း အနာဂတ်မှာ ဂိုဏ်းချုပ်ကို အာခံဦးမှာလား"

"ငါက ဒုဂိုဏ်းချုပ်ပါ.. သူငါ့ကို ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး.. သူ သေချာပေါက် ဝဋ်​ပြန်လည်လိမ့်မယ်"

Zzzz…

"မင်းက တကယ်ပဲ အခွံမာသီးလမုန့်ကို ကြိုက်တာလား"

"ဟမ့်.. သစ်သီးပန်ကိတ်တွေပဲ စားတတ်တဲ့ မင်းလိုလူတွေက မျက်စိကန်းနေတာလား"

Zzzz…

"မင်းက နတ်ဆိုးပဲ.. မင်းဆီကို အနှေးနဲ့အမြန် ဆိုသလို ကြမ္မာဆိုး ကျရောက်လာလိမ့်မယ်.. အဲဒီအခါ မင်းတကယ် ရုန်းကန်ရလိမ့်မယ်.. ငါ မင်းကို ကျိန်စာတိုက်မယ်.. မင်းသေချာပေါက် ရုန်းကန်စေရမယ်"

Zzzz..

လုံမင် “…........”

မရေမတွက်နိုင်သော လျှပ်စစ်ရှော့ခ်တိုက်မှုကြောင့် နောက်ဆုံးတွင် လူငယ်က မေ့လဲသွားခဲ့သည်။

ထိုအချိန်တွင် လုံမင်သည် အသားကင်နှင့်တူသော အနံ့တစ်မျိုးကို ရနေပြီ ဖြစ်၏။

ထိုအချိန်တွင် လူသန်ကြီးများသည် ချုပ်နှောင်မှုကို ဖြေလျော့လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဒုဂိုဏ်းချုပ်က မေ့လဲသွား၍ ဖြစ်သည်။

"ဒေါက်တာယန်.. ငါတို့ နှိပ်စက်တာ နည်းနည်း များသွားပြီ ထင်တယ်.. တကယ်ဆို အခွံမာသီးလမုန့်ကလည်း အဆင်ပြေတာပဲလေ"

"မေဘေး မင်းပါ ကုသခံချင်လို့လား"

“.......…”

"ဒါပေမယ့် ဒေါက်တာယန်.. ဒီမစ္စတာ ဒုဂိုဏ်းချုပ်ရဲ့အသားက ကျက်သွားပြီထင်တယ်..."

ယန်ဟွိုက်က အနံ့ခံရန် မတ်တတ်ရပ်လိုက်သည်။

ထို့နောက် လူငယ်၏ပါးပြင်ကို နမ်းရန် သူ့လျှာကို ထုတ်လိုက်သည်။

“အင်း နည်းနည်းပါးပါးလောက်ပါပဲ"

လူတိုင်း "….........."

ယန်ဟွိုက် “သူ့ကို ဆေးထိုးပြီး နှိုးလိုက်.. ပြီးရင် ကုသမှုကို ဆက်လုပ်ပါ.. မကြာသေးမီက လူနာများစွာကို ခေါ်ယူခဲ့တဲ့အတွက် ငါတို့ရဲ့ စားသောက်စရိတ်က မိုးထိမြင့်တက်လာခဲ့တယ်.. ဒုဂိုဏ်းချုပ်ရဲ့ ကုသမှုက ဆက်လက် ကျရှုံးနေမယ် ဆိုရင်တော့ ငွေချွေတာဖို့အတွက် သူ့ကို လျှပ်စစ်ရှော့ခ်တိုက်ပြီး ချက်ပြုတ်လိုက်တော့မယ်..သူက ငါတို့အတွက် ရိက္ခာ ဖြစ်လာလိမ့်မယ်”

“…...........”

အပိုင်း(၈၃၈) ပြီး၏

All Chapters