← Chapters

မော့အင်မော်တယ်ရဲတိုက်၏ ငါးစာနှင့်ချိတ်

Vol. 56 Ch. 839

မော့အင်မော်တယ်ရဲတိုက်၏ ငါးစာနှင့်ချိတ်

Vol. 56 Ch. 839

မော့အင်မော်တယ်ရဲတိုက်သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသို့ တရားဝင် မ၀င်ရောက်မီ စုန့်ဟိုင်မြို့၏ အကြီးဆုံး မြေအောက်ထောက်လှမ်းရေး ကွန်ရက်တစ်ခု ဖြစ်ခဲ့ပြီး ကျင့်ကြံခြင်း လောကတွင် သတင်းအချက်အလက် ရောင်းချခြင်းလုပ်ငန်းဖြင့် နာမည်ကြီးခဲ့သည်။

ဟုတ်ပါသည်၊ မော့အင်မော်တယ် ရဲတိုက်ကို မသိမ်းသွင်းခင် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရှိ အဓိက အဖွဲ့ခေါင်းဆောင်အချို့သည် အလွန်အရေးကြီးသော အချက်တစ်ခုကို တွေ့ရှိခဲ့သည်။

မော့အင်မော်တယ် ရဲတိုက်မှ သတင်း ဝယ်ယူသည့် မည်သည့်အဖွဲ့အစည်းမဆို နောက်ဆုံးတွင် အဖမ်းခံခဲ့ရသည်ကို သူတို့ သတိပြုမိခဲ့၏။

ထို့ကြောင့် ဆွေးနွေးပြီးနောက်တွင် မော့အင်မော်တယ် ရဲတိုက်ကို စုန့်ဟိုင်မြို့ရှိ ၎င်းတို့၏ အခြေစိုက်စခန်းမှာပင် မြေအောက်လောကရှိ သတင်းအချက်အလက် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်စေခဲ့သည်။

ဟုတ်ပါသည်၊ ဤသည်က မဟာဗျူဟာ လှည့်ဖြားမှုရုံးနှင့် ဟွာရှို့မဟာမိတ်အဖွဲ့၏ တင်းကျပ်သည့် ပူးပေါင်းစောင့်ကြည့်မှုအောက်တွင် အရာအားလုံးကို အခြေခံကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သတင်းအချက်အလက်ကို ထုတ်ဖော်မဖော်၊ ရောင်းမရောင်းနှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ချမည့်သူမှာ မဟာဗျူဟာ လှည့်ဖြားမှုရုံးသာ ဖြစ်ပေလိမ့်မည်။

ဟွာရှို့ မဟာမိတ်အဖွဲ့က အမှောင်အင်အားစုများကို ထပ်မံနှိမ်နင်းပြီး ငါးကြီးများကို ဖမ်းရန်အတွက် ဉာဏ်ဆင်လိုက်ခြင်းပင် ဖြစ်၏။

သို့သော် ဤအခြေအနေက ကြာရှည်ခံမည် မဟုတ်ပေ။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ လက်အောက်သို့ မော့အင်မော်တယ် ရဲတိုက် ရောက်သွားသည်ကို လူအများစုက မသိခဲ့ကြသော်လည်း ဤအချက်သည် မည်သည့်အခါမျှ ပေါ်ပေါက်မည် မဟုတ်ကြောင်း မည်သူမျှ အာမခံနိုင်မည် မဟုတ်ချေ။

ပေါ်ပေါက်သွားသည်နှင့် သူတို့က ဤငါးဖမ်းနည်းကို အသုံးမပြုနိုင်တော့ပေ။

ထိုကိစ္စမတိုင်ခင် အနည်းဆုံး ငါးကြီးတစ်ကောင်လောက် ဖမ်းဆီးရမိလည်း မဆိုးလောက်သည် မဟုတ်လော။

အမှောင်နက်ဝေါ့ခ်၏ တည်ထောင်သူနှင့် အဓိက အမှောင်အင်အားစု ခေါင်းဆောင်အများအပြားသည် လက်ရှိတွင် ရပ်တည်နေဆဲ ဖြစ်ပြီး အလင်းတပ်ဖွဲ့များကြားတွင် ဆုကြေးထုတ်ခံထားရသည့် အဓိကပစ်မှတ်များ ဖြစ်သည်။

အန္တိမလူသတ်ဘုရင် နှင့် အဖြစ်အပျက်အပြီးတွင် ဗိုလ်ချုပ်ရီ နှင့် အခြားသူများသည် ယခုနှစ်တွင် အအောင်မြင်ဆုံး စွမ်းဆောင်ချက် ဖြစ်နိုင်သည်ဟု ခံစားချက်များ ရှိခဲ့ကြသည်။

အမှောင်နက်ဝေါ့ခ်တွင်သာမက အမှောင်အင်အားစုများကြားတွင် အန္တိမလူသတ်ဘုရင်၏ ဩဇာလွှမ်းမိုးမှု အနေအထားကြောင့် သူ၏ အဆုံးသတ်နိဂုံးသည် မြေအောက်လောက တစ်ခုလုံးနှင့် အမှောင်အင်အားစု တစ်ခုလုံးအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်၏။

ထမင်းကို တစ်ကြိမ်လျှင် တစ်လုတ်သာ စားနိုင်သည်၊ ခြေထောက်ကို တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပြီး စာရေးသားသောအခါတွင် တစ်ကြိမ်လျှင် စာလုံးတစ်လုံးစီသာ ရေးနိုင်မည်ဟူသော ဆိုရိုးရှိသည်။

ထိုဆိုရိုးအရ ကိစ္စအားလုံးသည် ဖြည်းညင်းစွာ တစ်ဆင့်ချင်း လုပ်ဆောင်ရမည့် အလုပ်များသာ ဖြစ်၏။

စာသင်နှစ်၏ ၁၅ ပတ်မြောက် စနေနေ့သည် သြဂုတ် ၁၂ ရက်နေ့ ဖြစ်သည်။

အမှတ် ၆၀ အထက်တန်းကျောင်း၊ ပထမနှစ်ဝက် စာမေးပွဲ၏ ဒုတိယနေ့ ဖြစ်သည်။

စာသင်နှစ်ကုန်ဆုံးရန်- တစ်ရက်အလို။

ကော်ဟောက်က ယနေ့ စာမေးပွဲ ဖြေပြီးနောက်တွင် စိတ်ခံစားချက် ကောင်းမွန်ပုံမရဘဲ အနည်းငယ် စိတ်ဓာတ်ကျနေသည်။

ချန်းချောင်"ကော်ဟောက်.. မင်း သောက်တလွဲ ဖြေခဲ့မိလို့လား"

ကော်ဟောက် "မင်းရဲ့ ချီးနယ်တဲ့ပါးစပ်ကိုပိတ်ထား"

ချန်းချောင် “….......”

မကြာသေးမီကစပြီး ကော်ဟောက်က ချန်းချောင် ပါးစပ်စီးသည်ကို သတိထားမိခဲ့သည်။

အခြားသူတစ်ဦးက သူ့ကို ထိုသို့ပြောလျှင် ကော်ဟောက်က ဟာသတစ်ခု အဖြစ်သာ မှတ်ယူမည် ​ဖြစ်သော်လည်း ချန်းချောင် ပြောလိုက်သောအခါတွင် ကော်ဟော်က ချက်ချင်း ဆိုသလို ထိတ်လန့်သွားခဲ့သည်။

ချန်းချောင်က လက်မြှောက်၍ ပြေလည်ရာပြေလည်ကြောင်း ပြောလိုက်သည်။

"ငါ့ စကားမှားသွားလို့ တောင်းပန်ပါတယ် ကော်ဟောက်... မင်းက စာမေးပွဲရမှတ်တွေက အရမ်းကောင်းမှာ သေချာတယ်.. ဘာသာရပ်အားလုံးက 90 ကျော်တွေကြီးပဲ”

ကော်ဟောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ကောင်းလိုက်တာ.. အရမ်း လက်ကီးရှိသွားပြီ.. ဘာသာရပ်အားလုံး အမှတ်ကောင်းမှာ သေချာသွားပြီကွ”

သို့သော် ထိုခဏတွင် ကော်ဟောက်က တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။

အကြောင်းရင်းမှာ ယခုတစ်ခေါက်တွင် အမှတ် 150 စနစ်ကို အသုံးပြုထားခြင်းကြောင့် ဖြစ်၏။

"လခွမ်း.. ချီးပါးစပ်ကြောင့် ငါ စာမေးပွဲကျတော့မှာပဲ"

ကော်ဟောက်က သူ့လက်ကို ရင်ဘတ်ပေါ်တင်လိုက်သည်။

သူက နှလုံးဖောက်တော့မလိုပင် ခံစားလိုက်ရသည်။

အချိန်အတော်ကြာပြီးမှ ကော်ဟောက်က သက်ပြင်းချကာ ပြောလိုက်သည်။

“ငါနဲ့ ရင်းနှီးတဲ့ ဦးလေးတစ်ယောက်ရှိတယ်.. သူက အသက်မပြည့်သေးပေမယ့် သူ့မိသားစုက သူ့ကို အတင်း လက်ထပ်ခိုင်းဖို့လုပ်နေတယ်.. အဲဒါ ကောင်းတယ်လို့ မင်းတို့ထင်လား"

မြေပဲလေး “ငါတို့ခံစားချက်ထက် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ရမဲ့ မင်းဦးလေးကရော ဘယ်လိုခံစားရလဲ”

ကော်ဟောက် "သူက မလက်မထပ်ချင်သေးဘူး.. သူက လုံလုံလောက်လောက် မကမြင်း ရသေးဘူးလေ.. လက်ထပ်ရမယ်ဆိုရင် သူ့ရဲ့ သောက်ရမ်းချောတဲ့ရုပ်က နှမြောစရာကြီး.. ရုပ်အားကိုးပြီး ကောင်မလေးတွေ အသည်းကို မကစားရသေးဘူး မဟုတ်လား "

"ဒါနဲ့ လက်ထပ်မှာက မင်းဦးလေးလေ.. မင်းက ဘာလို့ စိတ်မချမ်းမသာ ဖြစ်နေရတာလဲ.. မင်းက မင်းဦးလေးကို ကြိတ်ခိုက်နေတယ်လို့တော့ ငါတို့ကို မပြောနဲ့နော်”

ချန်းချောင်က စနောက်လိုက်သည်။

"မေဘေး.. မင်းပဲ ကြိတ်ခိုက်လိုက်.. တကယ်တော့ ငါက ဒီဦးလေးဆီကနေ မုန့်ဖိုးအမြဲရတယ်.. သူလက်ထပ်ရင် ငါ့ရမဲ့မုန့်ဖိုးက သူ့မိန်းမဆီ ရောက်သွားလိမ့်မယ်လေ"

ကော်ဟောက် သက်ပြင်းချလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ရက်က ဂိမ်းအိုက်တမ် ဝယ်ဖို့ သူပေးခဲ့တဲ့ ပိုက်ဆံကို ငါသုံးခဲ့တယ်... သူသာ မိန်းမရသွားရင် အနာဂတ်မှာ ငါ့ကို ဂိမ်းအိုင်တမ်တွေ ဘယ်သူ ဝယ်ပေးတော့မှာလဲ”

ဝမ်လင်း“…........”

ဤကျိုးကြောင်းဆင်ခြင်မှုက အလွန်အဓိပ္ပာယ်ရှိလှသည်။

“ဒါဆို အဆိုးဆုံးအပိုင်း မဟုတ်သေးဘူး”

ကော်ဟောက် မျက်မှောင်ကြုတ်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပိတ်ခဲ့တဲ့ ပြန်လည်ထူထောင်ရေးစင်တာက အခုထိ ဖွင့်ထားတုန်းပဲ.. သူ့မိသားစုက သူ့ကို အဲဒီကို ပို့ဖို့ စီစဉ်နေတယ်လို့ ဦးလေးက ပြောတယ်"

ချန်းချောင် “မဖြစ်နိုင်ပါဘူး… ဒီကိစ္စက အသေးအမွှားလေးပဲဟာ.. သူတို့ အဲဒီကို ပို့စရာလား”

ကော်ဟောက် "အဲလို အသေးအဖွဲကိစ္စ အတွက်နဲ့ပဲ လူတော်တော်များများကို အဲဒီနေရာကို ပို့ခံခဲ့ရပြီးပြီ"

ချန်းချောင်"မင်းရဲ့ ဦးလေးက သနားစရာပဲ"

“ဒီနေ့ ကျောင်းဆင်းရင် ကော်ဖီအတူသောက်ဖို့ ဦးလေးက ချိန်းထားတယ်.. ကဲ ငါအရင် သွားတော့မယ်.. ငါ့ရဲ့ ကံဆိုးတဲ့ ဦးလေးကို မင်းတို့ မြင်ဖူးအောင် ကျောင်းရှေ့မှာ လိုက်ကြည့်လို့ရတယ်”

ထိုအချိန်တွင် ကော်ဟောက်က သူ့အကြည့်ကို ဝမ်လင်း ဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"တကယ်တော့ ငါ့ဦးလေးက ဝမ်လင်းနဲ့ ခပ်ဆင်ဆင်တူတယ်"

ချန်းချောင် "ဘယ်အပိုင်းမှာ တူတာလဲ"

ကော်ဟောက် "ခံစားချက်မဲ့ ငါးမသာမျက်လုံး…"

ဝမ်လင်း “….........”

ကော်ဟောက်

"ဒါကြောင့် စာသင်နှစ်အစမှာ ဝမ်လင်းကို စတွေ့တုန်းက ရင်းနှီးတဲ့ ခံစားချက်ကို ရရှိခဲ့တာပဲ"

ဝမ်လင်း “…..........”

ထိုနေ့ စာမေးပွဲအပြီးတွင် အားလုံးက အိမ်ပြန်ခဲ့ကြသည်။

ကော်ဟောက်၏ ဦးလေးက သူ၏ မကျေနပ်မှုများကို ရင်ဖွင့်ရန် သူ့ကို ရှာနေသောကြောင့် ကော်ဟောက်က အရင်ဆုံး ထွက်သွားခဲ့သည်။

သူတို့တစ်ဖွဲ့လုံးကို လေကြောဖြင့် ထိန်းချုပ်နိုင်သူမှာ ကော်ဟောက်သာ ဖြစ်၏။

ယခုကော်ဟောက်မရှိ၍ သူတို့အားလုံးက အိမ်ပြန်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။

ဝမ်လင်းကမူ ထိုကိစ္စအတွက် အလွန်ပျော်ရွှင်နေခဲ့သည်။

အကြောင်းရင်းမှာ မနေ့ကသွားခဲ့သော KTVတွင် သူက အရှက်ကွဲလုနီးပါး ဖြစ်ခဲ့သောကြောင့်ပင်။

ကျောင်းတံခါးဝတွင် ဝမ်လင်းတို့က လက်ထပ်ရန် ဖိအားပေးခံရသော လူငယ်ကို တွေ့လိုက်ရသည်။

ကော်ဟောက် ပြောခဲ့သလိုပင်၊ သူ့ဦးလေးက ငယ်ရွယ်နုပျိုပြီး ရုပ်ရည် ချောမောသူ ဖြစ်၏။

အရေးကြီးဆုံးအချက်မှာ ကော်ဟောက် ပြောခဲ့သလို လူငယ်လေးတွင် ဝမ်လင်းနှင့် အလွန်တူသည့် မျက်လုံးတစ်စုံ ရှိနေခြင်းပင်။

လူငယ်က အနည်းငယ် ငိုထားပုံရသည်။

ကော်ဟောက် ထွက်လာသည်ကို မြင်လျှင် နီရဲနေသည့် သူ့မျက်လုံးများအား ဖုံးကွယ်ရန် နေကာမျက်မှန်ကို အလျင်အမြန် တပ်လိုက်၏။

မည်မျှပင် သနားစရာကောင်းလိုက်သနည်း။

ဝမ်လင်း သက်ပြင်းချလိုက်သည်။

သူက ချန်းချောင်၊ မြေပဲလေးတို့နှင့် လမ်းဆုံလမ်းခွတွင် လမ်းခွဲ၍ ထွက်လာစဉ် လူထွားကြီးနှစ်ဦးက သူ့သွားလမ်းကို ပိတ်ဆို့လိုက်သည်။

သူတို့ထဲမှ တစ်ယောက်က လက်ထဲမှ ဓါတ်ပုံကို ငုံ့ကြည့်ကာ ကျန်တစ်ယောက်ကို မေးလိုက်သည်။

"ဓာတ်ပုံထဲကလူက သူလား"

"ဟုတ်တယ်.. ဒီမျက်လုံးမျိုးကရှားတယ်.. မမှားနိုင်ပါဘူး.. သူ့ကိုဖမ်းလိုက်တော့"

ဝမ်လင်း "???"

ထို့နောက် လူနှစ်ယောက်က ဝမ်လင်း၏ ခေါင်းကို အိတ်အနက်ဖြင့် စွပ်ချလိုက်ပြီး ဗင်ကားပေါ်သို့ ဆွဲတင်လိုက်၏။

ထိုလူနှစ်ယောက်က ကော်ဟောက် စောစောက ပြောခဲ့သည့် ပြန်လည်ထူထောင်ရေး စင်တာမှ ဖြစ်နိုင်သည်ဟု ဝမ်လင်း ခန့်မှန်းမိခဲ့သည်။

ဤငတုံး နှစ်ကောင်က သူ့ကို တခြားတစ်ယောက်နှင့် အထင်မှားနေခြင်းသာ။

[ဟက်.. ဒီကောင်တွေ သတ္တိရှိသားပဲ]

အပိုင်း(၈၃၉) ပြီး၏

All Chapters