← Chapters

နဝမမြောက်ဦးခေါင်းခွံ

Vol. 83 Ch. 1273

နဝမမြောက်ဦးခေါင်းခွံ

Vol. 83 Ch. 1273

တောင်တန်းပင်လယ်ဒေသကြီး၏ ကောင်းကင်သည် ဝေဝါးသွားသည်။ လေနှင့် တိမ်တိုက်များသည် လှုပ်ရှားထကြွလာပြီး မြေပြင်သည် တုန်ယင်သွားသည်။ မရေမတွက်နိုင်သော သားရဲများက ဟိန်းဟောက်လိုက်ကြသည်။

၎င်းတို့၏ အသံက အတူတကွ ပေါင်းစည်းသွားပြီး နောက်ဆုံးမှာတော့ တိမ်တိုက်များကို ဖောက်ထွင်းသွားသည်။ ယင်းက ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။

ထိုဟိန်းသံထဲမှာ ဝမ်းနည်းဖွယ်ကောင်းသော စိတ်ဆန္ဒနှင့် နာကျည်းမုန်းတီးမှု ပါရှိသည်။

ဤသည်မှာ ၎င်းတို့က ကောင်းကင်နှင့်မြေပြင်ကို ၎င်းတို့အပေါ် တရားမမျှတသည့်အတွက် အပြစ်တင်နေသည့်အလားပင်။

၎င်းတို့က သစ္စာဖောက်ခဲ့သည့် မျိုးနွယ်ဝင်များကို အပြစ်တင်နေပြီး ထိုသစ္စာဖောက်များကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်ပေးခဲ့သည့် ၎င်းတို့၏ သောက်ရေးမပါသော သစ္စာတရားကိုလည်း အပြစ်တင်နေကြသည်။

ထိုအရာအားလုံးက တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲအားလုံး၏ ဝိညာဉ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေဟန် ရ၏။ ၎င်းတို့၏ သွေးမျိုးဆက်ထဲမှာ ၎င်းတို့ကိုယ်တိုင် သတိမပြုမိသော အမုန်းတရားက ကိန်းအောင်းနေသည်။ ယခု ကျူးလီတားမြစ်ဇုန်မှ ပျံ့လွင့်လာသော စွမ်းအင်လှိုင်းအတတ်အကျက အိပ်ပျော်နေသော ထိုအမုန်းတရားကို ပြန်နိုးထလာစေသည်။

မဟာအမဲလိုက်ပွဲတော်ထဲမှာ ပြိုင်ပွဲဝင်နေကြသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများသည် အမူအရာ ပြောင်းလဲသွားကြသည်။ တချို့သည် အံ့ဩသွားကြပြီး တချို့သည် ချောက်ချားသွားကြသည်။ စိတ်ခံစားချက်အမျိုးမျိုးသည် သူတို့၏ နှလုံးသားထဲမှာ မုန်တိုင်းတစ်ခုပမာ ပေါ်လျှိုးလာသည်။

“ ဘာဖြစ်တာလဲ ”

“ တောင်တန်းပင်လယ်ဒေသကြီးက ဘာဖြစ်လို့ ရုတ်တရက် တုန်လှုပ်လာတာလဲ ”

“ ကြောက်စရာကောင်းတဲ့ သားရဲကြီးတွေ နိုးထလာတာများလား ”

သာမန်ကျင့်ကြံသူများသာ ထိတ်လန့်သွားကြခြင်း မဟုတ်ပေ။ တောင်တန်းပင်လယ်ဒေသကြီးထဲကို ရောက်နေသည့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံများသည်ပင် ထိတ်လန့်သွားကြသည်။

ဂျိဒုန်းဇီသည် ကျူးလီတားမြစ်ဇုန်ကို ကြည့်လိုက်သည့်အခါ နှလုံးတုန်သွားသည်။ တစ်ချိန်တည်းမှာ တခြားဧရိယာထဲတွင် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် တင်ပျဉ်ခွေထိုင်နေသော ဖန်းရှီရွှမ်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ အမူအရာက ပြောင်းလဲသွားပြီး ကျူးလီတားမြစ်ဇုန်၏ ဦးတည်ရာဆီသို့ မြန်ဆန်စွာ လှည့်ကြည့်လိုက်သည်။

တဖြည်းဖြည်း သူ၏ အမူအရာက တည်ကြည်လေးနက်သွားပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။

“ စွမ်းအင်ဇစ်မြစ်က ကျူးလီတားမြစ်ဇုန်ကပဲ ”

“ အဲ့ဒီမှာ… ဘာဖြစ်သွားတာလဲ ”

စိတ်မသက်မသာဖြစ်‌သော ခံစားမှုသည် ဖန်းရှီရွှမ်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အတွေ့အကြုံဖြစ်စေ သို့မဟုတ် သူကြားဖူးသော အရာဖြစ်စေ ယခင်က တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသော မြင်ကွင်းတစ်ခုက ဤအခိုက်အတန့်မှာ ဖြစ်ပေါ်လာသည်။

ထျန်းမိုဇီနှင့် ထုန်ရှီရှန်းလည်း ရှိသေးသည်။ သူတို့အားလုံး၏ အကျင့်စရိုက်က မတူညီကြသော်လည်း ကျူးလီတားမြစ်ဇုန်မှ ထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းအတတ်အကျကြောင့် တူညီသော မုန်တိုင်းက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

စိတ်မသက်မသာဖြစ်သော ခံစားမှုသည် ပိုပြီးပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာ တောင်တန်းပင်လယ်ဒေသကြီးထဲမှ အောက်ပိုင်းစက်ဝန်းထဲဝယ် ရှန်းချီခြင်္သေ့နယ်မြေထဲတွင် ပုံရိပ်တစ်ခုက မြန်ဆန်စွာ ပြေးလွှားနေသည်။

ထိုပုံရိပ်သည် အလွန်မြန်ဆန်သည်။ သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုလူက အကြောင်းအရင်းတချို့ကြောင့် ညစ်ပတ်စုတ်ပြတ်နေကြောင်း မြင်နိုင်လိမ့်မည်။

ထိုလူသည် အားညိုဖြစ်သည်။

သူသည်လည်း ကျူးလီတားမြစ်ဇုန်မှ ကြီးမားသော စွမ်းအင်လှိုင်းလှုပ်ခတ်မှုကို ခံစားမိသွားသည်။ သူက မြန်ဆန်စွာ ပြေးလွှားနေရင်း ကောင်းကင်ကို မော့ကြည့်လျက် ခန့်မှန်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။

“ အဲ့ဒါက ဂျူနီယာညီလေးရဲ့ လက်ချက်လို့ ငါဘာလို့ ခံစားနေမိတာလဲ ”

အားညိုသည် မျက်တောင်ခတ်လိုက်ပြီး သူ့ဘာသာ တွေးတောလိုက်သည်။ ဂျူနီယာညီလေးက သူ့ဆီသို့ ရောက်မလာရခြင်းမှာ ပိုပြီးကောင်းမွန်သော ရတနာတစ်ခုကို ရှာတွေ့သောကြောင့် ဖြစ်နိုင်သည်ဟု သူခံစားမိသည်။

သူက ထိုသို့စဉ်းစားနေစဉ် စူးရှသော လေခွင်းသံသည် သူ့အနောက်မှ ပျံ့လွင့်လာသည်။ ကျောက်စိမ်းသဖွယ် ဖြူဖွေးသော မျက်နှာနှင့် လူငယ်တစ်ယောက်သည် အားညို၏ အနောက်မှ တောထဲမှ တစ်ဟုန်ထိုး ပျံသန်းထွက်လာသည်။

လောကကြီးက ပြောင်းလဲနေသော်လည်း ထိုလူငယ်၏ မျက်လုံးထဲမှာ ယင်းက ဘာမှမဟုတ်ပုံပေါ်သည်။ အားညိုတစ်ယောက်တည်းသာ သူ၏ မျက်လုံးထဲမှာ ရှိဟန်ရသည်။

ထို့ကြောင့် သူက ထွက်ပေါ်လာပြီးနောက် အားညိုနောက်သို့ ဆက်ပြီး လိုက်ဖမ်းသည်။

အကယ်၍ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများသာ ဤနေရာမှာရှိမည်ဆိုလျှင် ထိုလူငယ်က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံဖြစ်သော ရွှမ်မီးလျှံဖြစ်ကြောင်း မှတ်မိလိမ့်မည်။

နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံအနေဖြင့် သူ၏ အဆင့်အတန်းနှင့် သရုပ်သည် အလွန်အမင်း မြင့်မားသည်။ လက်ရှိမျိုးဆက်ထဲတွင် မည်သူမှ သူ့ကို ရန်မစဝံ့ကြချေ။ ထို့ကြောင့် ရွှမ်မီးလျှံက တစ်စုံတစ်ယောက်နောက်သို့ သဲကြီးမဲကြီး လိုက်ဖမ်းနေခြင်းသည် ဖြစ်တောင့်ဖြစ်ခဲကိစ္စ ဖြစ်သည်။

သို့သော်လည်း ထိုအဖြစ်အပျက်က ဤနေရာမှာ ဖြစ်ပေါ်လာသည်။

အရေးကြီးဆုံးမှာ တောထဲမှ ထွက်ပေါ်လာသော ရွှမ်မီးလျှံ၏ အဝတ်အစားသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသည်။ သူ၏ အမူအရာသည် မည်းမှောင်နေပြီး သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။ ဤသည်မှာ အားညိုနှင့် သူ့ကြားမှာ ကမ္ဘာမကျေနိုင်သော ရန်ငြိုးရန်စ ရှိသည့်အလားပင်။

ထိုသို့ကိစ္စမျိုးသည် အလွန်ရှားပါးသည်။

“ ယန်ဇီ… မင်းဘာလို့ ငါ့လို ယောင်္ကျားတစ်ယောက်အနောက်ကို သဲကြီးမဲကြီး လိုက်နေတာလဲ… ငါ့နှလုံးသားကို တစ်စုံတစ်ယောက်ဆီ ပေးပြီးသွားပြီ… မင်း လက်လျော့လိုက်ပါတော့ ”

အားညို၏ အသံထဲမှာ စက်ဆုပ်ရွံရှာမှုနှင့် စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။

သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး တခြားတောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ သို့သော်လည်း ရူးသွပ်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ့အနောက်ကို လိုက်ဖမ်းနေသော ရွှမ်မီးလျှံသည် အားညို၏ စကားကို ကြားသောအခါ သူ၏ မျက်လုံးက သွေးရောင်လွှမ်းသွားသည်။ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပိုပြီးအားကောင်းလာသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး အားညိုနောက်သို့ ဆက်ပြီး လိုက်ဖမ်းသည်။

ထိုသို့ဖြင့် စွမ်းအင်လှိုင်းများနှင့် မုန်တိုင်းများသည် တောင်တန်းပင်လယ်ဒေသကြီးတစ်ခုလုံးမှာ ထွက်ပေါ်လာကြသည်။

ထိုမုန်တိုင်း၏ ဇစ်မြစ်ဖြစ်သော ကျူးလီတားမြစ်ဇုန်ထဲတွင် ရွှီချင်းသည် နှလုံးတုန်နေသည်။

စိမ့်တောမြေ၏ ပေတစ်သောင်းအောက်မှ နတ်စင်၏ တုန်ခါမှုနှင့် ယင်းထံမှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် သူ့ကို အလွန်သေးနုတ်သွားစေသည်။ သူက ဆူနာမီလှိုင်းလုံးများကြားထဲမှ လှေငယ်လေးတစ်စင်းပမာ ခံစားမိသွားသည်။ ဤသည်မှာ သူက ထိုအရှိန်အဝါကြောင့် အပိုင်းပိုင်းအစစ ပြိုကွဲသွားတော့မည့်အလားပင်။

ရှင်းလင်းစွာပင် နောက်ဆုံးဦးခေါင်းခွံကို ဆယ်ယူခြင်းသည် နတ်စင်ကို အပြောင်းအလဲဖြစ်ပေါ်စေခဲ့သည်။ ဤသည်မှာ သူက မထိတွေ့သင့်သော အရာတစ်ခုကို ထိတွေ့လိုက်သည့်အလားပင်။

အကယ်၍ သူက ယင်းကို ပယ်ဖျက်ချင်သည်ဆိုလျှင် အလွန်ရိုးရှင်းပေသည်။ သူက ဦးခေါင်းခွံအား ဆယ်ယူခြင်းကို လက်လျော့လိုက်ရုံသာ လိုအပ်သည်။

သို့သော်လည်း သူ့မှာ ဦးခေါင်းခွံရှစ်ခုထိ ရှိပြီးပြီဖြစ်သည်။ သူက နောက်ဆုံးဦးခေါင်းခွံတစ်ခုကိုသာ လိုအပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက လက်မလျော့နိုင်ပေ။

အထူးသဖြင့် အကယ်၍ သူသာ နဝမမြောက်ဦးခေါင်းခွံကို ဆယ်ယူနိုင်မည်ဆိုလျှင် ဦးခေါင်းခွံကိုးခုစလုံးမှာ ထူးဆန်းသော အပြောင်းအလဲတချို့ ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ပြင်းထန်စွာ သူခံစားနေမိသည်။

ထို့ပြင် ထိုအပြောင်းအလဲက လုံးဝမသေးငယ်ကြောင်း သူအာရုံမိသည်။

သို့သော်လည်း နဝမမြောက်ဦးခေါင်းခွံကို ရရှိရန် ပေးဆပ်ရမည့် တန်ဖိုးသည် မသေးငယ်ပေ။

သူက နဝမမြောက်ဦးခေါင်းခွံကို အတင်းအဓမ္မ ဆည်ယူမည်ဆိုလျှင် အစောနကထက် အဆပေါင်းများစွာ ပိုပြီးကြောက်စရာကောင်းသော အရှိန်အဝါက နတ်စင်ထဲမှ သေချာပေါက် ထွက်ပေါ်လာလိမ့်မည်။

နီလာနတ်သမီးထက် သာလွန်သော နတ်ဘုရားတစ်ပါးဖြင့် ရင်ဆိုင်ရသည့်အခါ သူ့မှာ ခုခံရန် အခွင့်အရေးသေးသေးလေးပင် မရှိကြောင်း ရွှီချင်း နားလည်သည်။

အကယ်၍ သူသာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ သမိုင်းကြောင်းကို မသိထားဘူးဆိုလျှင် တုံ့ဆိုင်းခြင်းမရှိဘဲ လက်လျော့လိမ့်မည်။

မည်သို့ဖြစ်ပါစေ သူ၏ အသက်ထက် ပိုပြီးအရေးကြီးသောအရာ မရှိပေ။

သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အပေါ် သူ၏ နားလည်ထားမှုကြောင့် ကျားပါးစပ်ထဲမှ အစာကို မလုယက်နိုင်ခြင်း မဟုတ်ကြောင်း ရွှီချင်း စဉ်းစားမိသည်။

ထို့ကြောင့် သူက အကျိုးအမြတ်ကို စဉ်းစားချင့်ချိန်လိုက်သည့်အခါ စိမ့်တောမြေ၏ ပေတစ်သောင်းအောက်မှ မြင်ကွင်းက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ နတ်စင်ကို နတ်ဘုရားသုံးပါးက ဖိနှိပ်ထားတယ်… နတ်စင်ရဲ့ တုန်ခါမှုက နတ်ဘုရားသုံးပါးရဲ့ ချိပ်တံဆိပ်ကို သေချာပေါက် လှုံ့ဆော်လိမ့်မယ် ”

“ အတိတ်မှာ ပင့်ကူနတ်ဘုရားနဲ့ နတ်ဘုရားသုံးပါးကြားမှာ သေချာပေါက် အဖြစ်အပျက်တစ်ခု ရှိရမယ်… ”

ထိုသို့တွေးမိသောအခါ စိတ်ဓာတ်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုထဲမှာ အားညိုကဲ့သို့ ရူးသွပ်သော အရိပ်အယောင် တစ်စွန်းတစ်စလည်း ရှိသည်။

တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်သည် စည်းမျဉ်းများအတိုင်း မလုပ်ဆောင်သင့်ပေ။ စွန့်စားမှုကို ပြုလုပ်သင့်သည့် အချိန်အခါလည်း ရှိသည်။

ကြောက်စရာကောင်းသော ထိုအရှိန်အဝါအောက်မှာ ရေတွင်းထဲမှ လကို မျှားခြင်းက ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။ အားညို၏ စည်းချအစီအရင်သည်ပင် ပြိုကွဲပျက်စီးလာနေသည်။ အခွင့်အရေးသည် မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားတော့မည်။

ရွှီချင်းသည် ဆက်ပြီး တုံ့ဆိုင်းမနေတော့ပေ။ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် နတ်ဘုရားအစွမ်းသည် တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်လာသည်။ ယင်းက ကြီးမားသော အင်အားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရေတွင်းထဲမှ လကို မျှားခြင်း၏ နတ်ဘုရားအစွမ်းဖြင့် ပေါင်းစပ်သွားသည်။ ရွှီချင်းသည် နောက်ဆုံးဦးခေါင်းခွံကို အစွမ်းကုန်သုံး၍ ဆည်ယူလိုက်သည်။

ဝုန်းခနဲမြည်သံ ထွက်ပေါ်လာသည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။ ထိုသို့အတင်းအဓမ္မ ဆည်ယူခြင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ အစိတ်အပိုင်းအများစုကို အက်ကွဲသွားစေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များက ထွက်ပေါ်လာကြပြီး သွေးသည် သူ့တစ်ကိုယ်လုံးမှာ ရွှဲဆိုသွားသည်။

သို့သော်လည်း ထိုသို့တန်ဖိုးကို ပေးချေပြီးနောက် နဝမမြောက်ဦးခေါင်းခွံသည် သူ၏ ညာလက်ထဲမှ ရေအိုင်ထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် ဦးခေါင်းခွံကို ဆည်ယူပြီးသည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ဝါးမျိုလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က လေထဲသို့ တိုက်ရိုက် မြှောက်တတ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ပိုပြီးကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများသည် စိမ့်တောမြေအောက်မှ ထွက်ပေါ်လာပြီး ကောင်းကင်အထိ တစ်ဟုန်ထိုး ပျံတတ်သွားသည်။

ကောင်းကင်သည် အက်ကွဲသွားပြီး မြေပြင်သည် ပြိုကျပျက်စီးသွားသည်။

ဤသည်မှာ ကမ္ဘာဖျက်ကပ်ဘေးက ဆင်းသက်လာသည့်အလားပင်။

ရှေးခေတ်ကာလမှ ဖြတ်သန်းလာဟန်ရသော ရေရွတ်သံသည် မြေပြင်၏ အနက်ပိုင်းထဲမှ ပဲ့တင်ထပ်လာသည်။ စိမ့်တောမြေသည် တိုက်ရိုက် သက်ရောက်ခံလိုက်ရပြီး တုန်ယင်သွားသည်။ ဧရာမဝဲကတော့တစ်ခုသည် မြေပြင်ပေါ်မှာ ထွက်ပေါ်လာသည်။

ထိုဝဲကတော့သည် ဝုန်းခနဲမြည်ဟိန်းသွားပြီး လှည့်ပတ်သွားကာ စိမ့်တောမြေအားလုံးကို လှုံ့ဆော်လိုက်သည်။ အစတွင် ဝဲကတော့သည် အနည်းငယ် နှေးကွေးပြီး ပေတစ်ထောင်အကျယ်အဝန်းသာ ရှိသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ဝဲကတော့သည် အလွန်အံ့ဖွယ်ကောင်းလာပြီး ပေထောင်သောင်းချီသော အကျယ်အဝန်းသို့ ချက်ချင်း ရောက်ရှိသွားသည်။

နောက်ဆုံးမှာတော့ ယင်းက ကျူးလီတားမြစ်ဇုန်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာသည်။ ရွှံ့မြေသည် အက်ကွဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားသည်။

စိမ့်တောမြေ၏ ပေတစ်သောင်းအောက်မှ အံ့ဖွယ်မြင်ကွင်းသည် ထိုဝဲကတော့အတွင်းမှာ ချက်ချင်း ထွက်ပေါ်လာသည်။

လှိုင်ဂူသည် ထွက်ပေါ်လာသည်။

နတ်စင်သည်လည်း ထွက်ပေါ်လာပြီး အပေါ်သို့ မြှောက်တတ်သွားနေသည်။

နတ်စင်မှ ထုတ်လွှတ်နေသော ရောင်ခြည်အလင်းသည် ကောင်းကင်ကို လင်းထိန်သွားစေသည်။ ကျူးလီမြူခိုးသည် စတင်လွင့်ပြယ်သွားနေသည်။

နတ်စင်မှ ထွက်ပေါ်နေသော ရေရွတ်သံများသည် တောင်တန်းပင်လယ်ဒေသကြီး၏ နေရာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများက နတ်စင်ကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။

ချက်ချင်းဆိုသလို သားရဲများ၏ ဟိန်းဟောက်သံများနှင့် အော်ညည်းသံများသည် ပိုပြီးကျယ်လောင်လာသည်။ တောင်တန်းပင်လယ်ဒေသကြီးထဲမှ ကျင့်ကြံသူများ၏ ဝိညာဉ်သည် အပြင်းအထန် တုန်လှုပ်သွားကြသည်။

တောင်တန်းပင်လယ်ဒေသကြီးသည် လုံးဝ ပရမ်းပတာဖြစ်သွားသည်။

ထိုအရာအားလုံး၏ ဇစ်မြစ်ဖြစ်သော ပင့်ကူနတ်ဘုရားရုပ်တုသည်တော့ ကမ္ဘာကိုဖျက်ဆီးမည့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ၎င်းထံမှ ပြန်လည်ရှင်သန်နေသော လက္ခဏာများသည် ပိုပြီးထင်ရှားလာသည်။

၎င်း၏ ဦးခေါင်းပေါ်မှ နေနတ်ဘုရား၏ စွမ်းအား၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ မီးလျှံလ၏ အရှိန်အဝါနှင့် ၎င်း၏ ဘေးပတ်ဝန်းကျင်မှ မီးလျှံကြယ်၏ အငွေ့အသက်သည် တဖြည်းဖြည်း စတင်အားနည်းလာပြီး ဖယ်ရှားခံနေရသည့် လက္ခဏာများ ပြလာသည်။

၎င်း၏ မျက်တောင်သည်ပင် လှုပ်ခါလာသည်။ ဤသည်မှာ ၎င်းက မျက်လုံးတော်ကို ဖွင့်လှစ်တော့မည့်အလားပင်။

ဤသည်ကို ရွှီချင်းမြင်သောအခါ သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ ယခုအချိန်မှာ သူ၏ ခန္ဓာကိုယ်က ဝဲကတော့၏ အပေါ်မှာရှိသည်။ သူက အရှိန်မြှင့်တင်လိုက်သည့်အခါ ပမာဏများပြားသော မီးခိုးရောင်မြူခိုးသည် နေရာတိုင်းမှ ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံလိုက်ကာ အားဖြည့်ပေးလိုက်သည်။

သို့သော်လည်း ထိုမျှအားဖြည့်ပေးမှုသည် ပင့်ကူနတ်ဘုရားကို ဆန့်ကျင်ရန် သူ့အတွက် အများကြီး အထောက်အကူမဖြစ်ပေ။

ပင့်ကူနတ်ဘုရား၏ ပြန်လည်ရှင်သန်နေသော စိတ်ဆန္ဒအောက်မှာ ကြီးမားသော ဆွဲငင်အားသည် ၎င်းထံမှ ထွက်ပေါ်လာသည်။ ထိုဆွဲငင်အားသည် ရွှီချင်းကို လွှမ်းခြုံသွားပြီး သူ့ကို လေထဲမှာ မရွေ့လျားနိုင်အောင် ကန့်သတ်လိုက်သည်။ ယင်းအစား သူက ထိုဆွဲငင်အားကြောင့် အနောက်သို့ အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရသည်။

ဤသည်မှာ သူက ဦးခေါင်းခွံကို လက်မလျော့ဘဲ ဤနေရာမှ ထွက်သွားရန် မည်သို့မှ မဖြစ်နိုင်သည့်အလားပင်။

“ မဟုတ်မှ ငါ့ရဲ့ ခန့်မှန်းမှုက မှားယွင်းသွားတာလား… ပင့်ကူနတ်ဘုရားနဲ့ နတ်ဘုရားသုံးပါးကြားမှာ တကယ်ပဲ ဘာမှမဖြစ်ခဲ့ဘူးလား ”

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းအတွက် ဦးခေါင်းခွံကို လက်လျော့ရန်မှတပါး တခြားရွေးချယ်စရာမရှိတော့ပေ။ သို့သော်လည်း နောက်အခိုက်အတန့်မှာ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

မီးလျှံနေ၏ အစွမ်းမှ ဖြစ်ပေါ်လာသော ပင့်ကူနတ်ဘုရားရုပ်တု၏ နဖူးပေါ်မှ သစ်ကိုင်းသည် ရုတ်တရက် အရှေ့သို့ တစ်လက်မခန့် ထပ်တိုးဝင်သွားပြီး ထွန်းလင်းတောက်ပလာသည်။ သစ်ကိုင်းသည် စူးရှတောက်ပလာသည်။

ထိုအလင်းသည် နေလုံးနှင့်ဆင်တူပြီး အလွန်အမင်း တောက်ပသည်။ ထိုအလင်းရောင်က လောကတစ်ခွင် ပျံ့နှံ့သွားသည့်အခါ အစစ်အမှန်နေလုံးတစ်လုံးက ပင့်ကူနတ်ဘုရားရုပ်တု၏ နဖူးပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာသည့်အလား ရွှီချင်း ခံစားမိသွားသည်။

နာကျင်သော အော်ဟစ်သံသည် ပင့်ကူနတ်ဘုရားထံမှ ထွက်ပေါ်လာသည်။

ထိုအသံက ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည့်အခိုက် သူ၏ စိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး သူက သွေးတစ်ပွက်အန်လိုက်ရသည်။ သူက ထိုအော်သံကို မတောင့်ခံနိုင်ပေ။

ကံကောင်းစွာဖြင့် ခရမ်းသလင်းကျောက်ထဲတွင် ဦးခေါင်းခွံကိုးခုစလုံး ပြည့်စုံသွားသောကြောင့် မီးခိုးရောင်မြူခိုးက ရွှီချင်းဖြင့် အပြည့်အဝ ပေါင်းစပ်သွားသည်။ သို့ဖြစ်၍ သူက လေထဲမှာ ပျံ့လွင့်နေသော အော်သံကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိသည်။

တစ်ချိန်တည်းမှာ ပင့်ကူနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသော မီးလျှံလ၏ ရေခဲလှံလေးချောင်းသည် ပိုပြီးစူးရှလာသည်။ အလွန်ပြင်းထန်သော အအေးဓာတ်က ထိုရေခဲလှံလေးချောင်းထံမှ ပျံ့နှံ့ထွက်လာပြီး ထပ်ဆင့်ပုံရိပ်များက ပင့်ကူနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ထိုထပ်ဆင့်ပုံရိပ်များသည် နောက်ထပ်ရေခဲလှံလေးချောင်းအဖြစ် ပြောင်းလဲသွားကာ ပင့်ကူနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိုးစိုက်သွားကြသည်။

ပင့်ကူနတ်ဘုရား၏ အော်ညည်းသံသည် ပိုပြီးကျယ်လောင်လာသည်။

မီးလျှံကြယ်၏ ရွှံ့ပန်းအိုးရှစ်လုံးသည်လည်း အရွယ်အစား ပိုပြီးကြီးမားလာပြီး ပိုပြီးလေးလံလာကြသည်။ ယင်းတို့က ပင့်ကူနတ်ဘုရား၏ ခြေချောင်းများကို ပိုပြီးကြမ်းတမ်းစွာ ဖိနှိပ်လိုက်ကြသည်။

ထိုအခါ မြန်ဆန်စွာ လှည့်ပတ်နေသော ဧရာမဝဲကတော့သည် ချက်ချင်း ရပ်တန့်သွားသည်။ အပြင်လောကတွင် အပြည့်အဝ ထွက်ပေါ်လာတော့မည့် နတ်စင်သည် ချက်ချင်း အပြင်းအထန် တုန်ယင်သွားသည်။ နတ်ဘုရားသုံးပါး၏ စွမ်းအင်အောက်မှာ နတ်စင်သည် အပေါ်သို့ ဆက်လက် မမြှောက်တတ်နိုင်တော့ဘဲ လှိုင်ဂူထဲသို့ ပြန်ဆင်းသက်သွားရသည်။

တစ်ချိန်တည်းမှာ နတ်စင်ထံမှ ဆွဲငင်အားသည်လည်း ပျောက်ကွယ်သွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြင်းအထန် တုန်ရီနေသည်။ ပင့်ကူနတ်ဘုရား၏ အစောနက အော်ညည်းသံကြောင့် သူက ကြီးမားသော နာကျင်မှုဒဏ်ကို ခံစားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်သည် ဆက်လက် ပြိုကွဲပျက်စီးနေပြီး သူ၏ ဝိညာဉ်သည် မှေးမှိန်လာနေသည်။

မီးခိုးရောင်မြူခိုး၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် စောစောကတည်းက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အဝေးသို့ ပျံသန်းသွားရန် အစွမ်းကုန် အသုံးပြုလိုက်သည်။

နောက်ဆုံးမှာတော့ သူက ဝဲကတော့၏ နယ်နိမိတ်ထဲမှ ထွက်ခွာသွားပြီး ပေတစ်ထောင်အဝေးမှာ ပြန်ပေါ်လာသည်။

ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေဘဲ သတိမလစ်သွားစေရန် လျှာကိုက်လိုက်သည်။ သူက လက်ကျန်အသိစိတ်ကို အားပြု၍ အဝေးသို့ အရှိန်မြှင့်တင်လိုက်သည်။

သူက ကီလိုမီတာ(၅၀)အဝေးသို့ ရောက်ရှိသွားသည့်အခါ အလွန်ကျယ်ပြောသော စွမ်းအင်လှိုင်းအတတ်အကျများသည် သူ့အနောက်မှ ပျံ့လွင့်ထွက်လာကြသည်။ ထို့နောက်တွင် အလွန်အံ့ဖွယ်ကောင်းသော နတ်ဘုရားဖိအားသုံးခုသည် တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြသည်။

ရွှီချင်းက ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူ၏ အသက်ရှူမှုသည် ရပ်တန့်သွားသည်။

ကီလိုမီတာ(၅၀)အဝေး၌ ပင့်ကူနတ်ဘုရား၏ နတ်စင်တည်ရှိသော ဝဲကတော့၏ ကောင်းကင်ပေါ်တွင် လောကကြီးကို တုန်လှုပ်သွားစေမည့် အံ့ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ဧရာမနတ်စင်သုံးခုသည် လေထဲမှာ ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာကြသည်။

နတ်စင်တစ်ခုသည် စစ်ရထားလုံးနှင့်ဆင်တူပြီး နေကို ဌာပနာအဖြစ် ထားရှိသည်။

တခြားနတ်စင်တစ်ခုသည် ဖီးနစ်နန်းတော်နှင့်ဆင်တူပြီး လကို ဌာပနာအဖြစ် ထားရှိသည်။

နောက်ဆုံးနတ်စင်သည် အနီရောင်ဝေါယာဉ်နှင့်ဆင်တူပြီး ကြယ်ကို ဌာပနာအဖြစ် ထားရှိသည်။

နတ်စင်သုံးခုက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည့်အခိုက် ရွှေရောင်အလင်းသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

ယင်းတို့က ပင့်ကူနတ်ဘုရား၏ နတ်စင်ကို အကြမ်းပတမ်း ဖိနှိပ်လိုက်ကြသည်။

All Chapters