← Chapters

နတ်မိမယ်လင်းလုံ

Vol. 101 Ch. 1501

နတ်မိမယ်လင်းလုံ

Vol. 101 Ch. 1501

“မင်းက ငါ့ကိုသတ်မယ်ဆိုရင် မင်းတို့အားလုံးလည်း သေရလိမ့်မယ်”

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်က ဆူဇီမို၏ လက်ဖဝါးထဲမှာ ဖမ်းချုပ်ခံထားရပြီး ဟိန်းဟောက်လိုက်၏။

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး ယိမ်းယိုင်သွားခြင်း မရှိပေ။ သူ၏ လက်ဖဝါးထဲရှိ အလင်းလုံးထဲကနေ မိစ္ဆာချီအလင်းတန်းများက ဖြန့်ကြက်ထွက်ပေါ်လာပြီး နတ်ဘုရားမျိုးနွယ် အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်ကို လျင်မြန်စွာ ရစ်ပတ်ကာ ထိုသူ၏ ဝိညာဥ်ကို ရှာဖွေလိုက်၏။

“အား...”

နတ်ဘုရားမျိုးနွယ် အမျိုးသားက နာကျင်သောအမူအရာကို ထုတ်ပြလာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ကွေးညွှတ်၍ အဆက်မပြတ်တုန်ခါနေ၏။

ဆူဇီမို၏ စိတ်ထဲသို့ မြင်ကွင်းများစွာက တလိပ်လိပ်တိုးဝင်လာ၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုး၏ ဟန့်တားနှောက်ယှက်မှုကြောင့် ထိုမြင်ကွင်းများက မှုန်ရီဝေဝါးနေ၏။ သို့သော်လည်း ထိုအမျိုသား၏ မှတ်ဉာဏ်များထဲရှိ ပတ်ဝန်းကျင်များအားလုံးသည် ဆူဇီမိုအတွက် အရမ်းကို စိမ်းသက်နေ၏။

အဲ့ဒီမှာ လျှို့ဝှက်ဆန်းကြယ်သော စာလုံးများ ထူးဆန်းသောအဆောက်အအုံများနှင့် ထူးခြားသော ဘာသာစကားတစ်မျိုး ရှိလေသည်။

တကယ်တော့... ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ကျယ်ပြောပြီး မရေမတွက်နိုင်သော ရှုပ်ထွေးဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေ၏။

အဲ့ဒီမှာ ဆူဇီမိုခြေမချဘူးသော နယ်မြေဒေသများစွာ ရှိလေသည်။ နယ်မြေဒေသတချို့တွင် ဤကဲ့သို့သော မြင်ကွင်းများရှိနေမည်ဆိုပါက အဲ့ဒါက မထူးဆန်းပေ။

ဖောင်း...

သိပ်မကြာခင်... နတ်ဘုရားမျိုးနွယ် အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်က ပေါက်ကွဲထွက်သွား၏။

ဝိညာဥ်ရှာဖွေခြင်းက ကျရှုံးသွားလေပြီ။

ဖြစ်စဥ်တစ်ခုလုံးသည် အရမ်းကိုတိုတောင်းပြီး ဆူဇီမိုသည် အသုံးဝင်သော မည်သည့်သတင်းအချက်အလက်မှ မရှိခဲ့ပေ။

နန်းကြည်နှင့် အဆုံးစွန်မီးက လျှောက်လှမ်းလာခဲ့ကြ၏။

သူတို့နှစ်ယောက်စလုံးသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။

သူတို့သည် စောစောက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသော်လည်း ခဏမျှအနားယူပြီးနောက် သူတို့က လှုပ်ရှားသွားလာနိုင်ကြပြီဖြစ်၏။

“အဲ့ဒါဘယ်လိုလဲ... မင်းက အဲ့ဒီကနေ တစ်ခုခုရလိုက်သလား”

အဆုံးစွန်မီးက မေးလိုက်၏။

ဆူဇီမိုက ခေါင်းခါပြပြီး ပြောလိုက်၏။

“ဒီနတ်ဘုရားမျိုးနွယ်သက်ရှိရဲ့ နောက်ခံက နည်းနည်းတော့ထူးဆန်းတယ်... ကျုပ်အဲ့ဒါကို အခုမပြောနိုင်ဘူး... ဒါပေမဲ့သူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက လာတာမဟုတ်ဘူး”

“သခင်လေး... စီနီယာအဆုံးစွန်မီး ဒီကို မြန်မြန်လာကြည့်ဦး”

ထိုစဥ်မှာပင် နန်းကြည်က မလှမ်းမကမ်းရှိ နံရံ၏အစပ်သို့ လျှောက်လှမ်းသွားပြီး ရုတ်တရက်အော်ပြောလိုက်၏။

ဆူဇီမိုနှင့် အဆုံးစွန်မီးက ထိုနေရာသို့ လျှောက်လှမ်းသွားပြီး မော့ကြည့်လိုက်၏။

နံရံပေါ်တွင် စာလုံးများစွာရှိလေသည်။ သို့သော်လည်း သူတို့ကို ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များက ဖုံးအုပ်ထားပြီး ရှင်းလင်းစွာ မတွေ့မြင်နိုင်ပေ။

ဆူဇီမိုသည် သူ၏ အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်းပြီး ဓမ္မစွမ်းအားများကိူ တလိပ်လိပ်တက်လာစေကာ ဖုန်မှုန့်များကို ဖယ်ရှား၍ ကြော့ရှင်းလှပသော စာလုံးများကို ထွက်ပေါ်လာစေ၏။

စာလုံးများကို အတန်းလိုက် သေသပ်စွာ ရေးသားထားလေသည်။ ပထမဆုံး စာကြောင်းက တိုတောင်းလေသည်။

‘ငါက လင်းလုံပဲ’

ထိုစကားလုံးများကို နတ်မိမယ်လင်းလုံက ချန်ထားခဲ့ခြင်းဖြစ်၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီး ဆက်လက်၍ ဖတ်ရှုလိုက်၏။

အတန်ကြာပြီးနောက် သူတို့သုံးယောက်သည် နံရံပေါ်ရှိ သတင်းအချက်အလက်များကို ဖတ်ရှုပြီးသွားပြီဖြစ်ပြီး အကြည့်ချင်းဖလှယ်ကာ စိတ်ခံစားချက်များ မြင့်တက်လာသည့်ပုံပေါ်လာ၏။

“နတ်မိမယ်လင်းလုံက တကယ့်ကို ကောင်းမွန်တဲ့ရည်ရွယ်ချက်ရှိခဲ့တာပဲ”

နန်းကြည်က သက်ပြင်းချလိုက်၏။

အဆုံးစွန်မီးကလည်း ခေါင်းညိတ်လိုက်၏။

“ဒီလိုမျိုး အမျိုးသမီးတစ်ယောက်ကပဲ ထာဝရလူသားဧကရာဇ်နဲ့ ထိုက်တန်မှုရှိလိမ့်မယ်လို့ ငါထင်တယ်... နတ်မိမယ်လင်းလုံက ဧကရာဇ်ဘွဲ့ကို မခံယူနိုင်ခဲ့ပေမဲ့ သူမရဲ့ နာမည်က သမိုင်းတစ်လျှောက် ပျံ့နှံ့နေခဲ့တာ အံ့ဩစရာမရှိတော့ဘူး”

နတ်မိမယ်လင်းလုံ၏ သတင်းအချက်အလက်မှတစ်ဆင့် ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ဤလျှို့ဝှက်ကုန်းမြေ၏ ဇာစ်မြစ်ကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၏။

အဲ့ဒါသည် ရှေး​ဟောင်းခေတ်စစ်ပွဲ ဖြစ်ပွားခဲ့သည့်အချိန်သို့ ပြန်သွားရပေမည်။ ထိုစဥ်တုန်းက လူသားမျိုးနွယ်သည် တဖြည်းဖြည်းရှုံးနိမ့်လာနေ၏။ ထိုအချိန်တုန်းက လူသားဧကရာဇ်သည် သူ၏ အထွတ်အထိပ်သို့ မရောက်ရှိသေးဘဲ ကမ္ဘာဦးမျိုးနွယ်များ၏ ဧကရာဇ်များကို မဖိနှိမ်နိုင်သေးပေ။

ကမ္ဘာဦးမျိုးနွယ်များ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လူသားပညာရှင်များက ကြီးမားစွာ ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့နေရ၏။

နတ်မိမယ်လင်းလုံကတော့ ရှေးဟောင်းဧကရာဇ်များ သူတို့၏ ဒဏ်ရာများကို ပြန်လည်ကုသနိုင်ဖို့အတွက် ကမ္ဘာဦးဂမ္ဘီရဆေးပင်များကို ရှာဖွေရင်း ခွန်လွင်အပျက်အစီးနယ်မြေသို့ ရောက်ရှိလာခဲ့၏။

ခွန်လွင်အပျက်အစီးနယ်မြေမှာ ခွန်လွင်အဟန့်အတား တည်ရှိလေသည်။

သူမ၏ စွမ်းအားကြီးမားသော ဉာဏ်ပညာနှင့်အတူ နတ်မိမယ်လင်းလုံသည် အဟန့်အတားမှာရှိသည့် အားနည်းချက်တစ်ခုကို သတိပြုမိခဲ့ပြီး ထိုအချက်ကိုအသုံးချကာ ခွန်လွင်အပျက်အစီးနယ်မြေနှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့၏။

အဲ့ဒါသည် ဤလျှို့ဝှက်ကုန်းမြေ၏ ကနဦးပုံစံ ဖြစ်ခဲ့လေသည်။

သို့သော်လည်း နတ်မိမယ်လင်းလုံသည် ဤလျှို့ဝှက်ကုန်းမြေကို ဖွင့်လှစ်ခဲ့သည့်အကြောင်းရင်းမှာ ခွန်လွင်အပျက်အစီးနယ်မြေကို ဝင်ရောက်ဖို့သာလျှင် မဟုတ်ပေ။

သူမ၏ အစစ်အမှန်ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်အတွက် ထွက်ပေါက်တစ်ခု ချန်ထားခဲ့ချင်သောကြောင့်ဖြစ်၏။

လူသားမျိုးနွယ်သည် ရှေးဟောင်းခေတ်စစ်ပွဲမှာ ရှုံးနိမ့်သွားမည်ဆိုလျှင် ခွန်လွင်အပျက်အစီးနယ်မြေက သူတို့၏ နောက်ဆုံးထွက်ပေါက်ဖြစ်လာပေလိမ့်မည်။

အကြောင်းမှာ ဤနေရာသည် ကမ္ဘာဦးမျိုးနွယ်များ၏ တားမြစ်ကုန်းမြေတစ်ခုဖြစ်နေသောကြောင့်ပင်။

သူတို့သည် ဤနေရာသို့ ဆုတ်ခွာလာနိုင်သည်နှင့်အမျှ သူတို့သည် အနည်းဆုံးတော့ လူသားမျိုးနွယ်၏ မျိုးဆက်သွေးကို ထိန်းသိမ်းစောင့်ရှောင်နိုင်မည်ဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ်များ၏ ဖျက်ဆီးခံရခြင်းမရှိဘဲ သူတို့၏ ယဥ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ပေလိမ့်မည်။

ဤလျှို့ဝှက်ကုန်းမြေမှာတော့ ခွန်လွင်အပျက်အစီးနယ်မြေသို့ ဆုတ်ခွာလာမည့် လူသားများအတွက် များပြားလှစွာသော ဓမ္မလက်နက်များ ၊ ကျင့်ကြံရေးနည်းစနစ်များ ၊ လျှို့ဝှက်အတတ်များနှင့် လောကဆိုင်ရာ ရတနာများကို ပြင်ဆင်ပေးထားခဲ့လေသည်။

လူသားမျိုးနွယ်သည် ထိုအခြေအနေသို့ အမှန်တကယ်ရောက်ရှိခဲ့မည်ဆိုလျှင် သူတို့သည် ရှင်သန်ကျန်ရစ်သူ မရှိသလောက်နီးပါးနှင့် ကြီးမားစွာပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့နေရပေလိမ့်မည်။

ထိုဓမ္မလက်နက်များ ၊ ကျင့်ကြံရေးနည်းစနစ်များ ၊ လျှို့ဝှက်အတတ်များနှင့် လောကဆိုင်ရာ ရတနာများနှင့်ဆိုပါက သူတို့သည် လူသားမျိုးနွယ်ကို ကာကွယ်ပေးပြီး သူတို့၏ ယဥ်ကျေးမှုအမွေအနှစ်များကို ဆက်လက်၍ လက်ဆင့်ကမ်းနိုင်ပေလိမ့်မည်။ သူတို့သည် ခွန်အားကို စုဆောင်းပြီး နောက်တစ်ဖန် ပြန်လည်ဦးမော့လာဖို့အတွက် အခွင်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနိုင်ပေလိမ့်မည်။

နတ်မိမယ်လင်းလုံသည် ထိုရတနာများကို သူမနှင့်အတူ သယ်ဆောင်သွားဖို့ မရွေးချယ်ခဲ့ပေ။

အကြောင်းမှာ သူမသည် ရှေးဟောင်းခေတ်စစ်ပွဲကနေ သေချာပေါက် နောက်ပြန်ဆုတ်မည် မဟုတ်သောကြောင့်ပင်။

သူမသည် လူသားဧကရာဇ် ၊ ရှေးဟောင်းဧကရာဇ်များနှင့်အတူ အဆုံးထိ တိုက်ခိုက်မည်ဖြစ်သောကြောင့်ပင်။ သူမ၏ သွေးတစ်စက်ကျန်သည်အထိ သူမသည် လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာကို ကာကွယ်ပြီး နောင်တရခြင်းမရှိပဲ သေဆုံးနိုင်လေသည်။

နတ်မိမယ်လင်းလုံ ဤနေရာကနေ ထွက်ခွာခဲ့စဥ်က သူမသည် သေဖို့အတွက် ပြင်ဆင်ထားခဲ့ပြီးလေပြီ။

ဤနေရာမှာရှိသော စကားလုံးများကို နတ်မိမယ်လင်းလုံက နောင်ဆုံးအနေဖြင့် ချန်ထားခဲ့ခြင်းဖြစ်၏။

ထိုနေရာအရောက်တွင် ဆူဇီမိုတို့သုံးယောက်သည် လှုပ်ရှားယိမ်းယိုင်သွားပြီး သူတို့၏ နှလုံးသားထဲမှာ အထင်ကြီးလေးစားမှုက ဖြစ်ပေါ်လာ၏။

သူတို့သုံးယောက်သည် နံရံဘက်သို့ တစ်ပြိုင်နက်တည်း အလေးအနက် ဦးညွှတ်လိုက်ကြ၏

ထိုဦးညွှတ်မှုသည် ​ရှေးဟောင်းခေတ်ဧကရာဇ်များကို အရိုအသေပေးခြင်းဖြစ်၏။

ထိုဦးညွှတ်မှုသည် ထာဝရလူသားဧကရာဇ်အတွက်ဖြစ်၏။

ထိုဦးညွှတ်မှုသည် နတ်မိမယ်လင်းလုံအတွက်ဖြစ်၏။

အဲ့ဒါအပြင် ထိုဦးညွှတ်မှုသည် ရှေးဟောင်းခေတ်စစ်ပွဲမှာ ကျဆုံးခဲ့ကြသော မရေမတွက်နိုင်သည့် စီနီယာများအတွက်ဖြစ်၏။

သူတို့က ဘယ်သူဘယ်ဝါဆိုတာကို ယခုအချိန်မှာ သိချင်မှ သိကြပေတော့မည်။ သူတို့၏ မျိုးရိုးနာမည်များ သို့မဟုတ် မှတ်တမ်းမှတ်ရာများ ကျန်ရှိချင်မှ ကျန်ရှိပေတော့မည်။ သို့သော်လည်း သူတို့၏ ခံယူချက် ၊ အသက်သွေးများနှင့် မယိမ်းမယိုင်သော စိတ်ဝိညာဥ်တို့က သမိုင်းတစ်လျှောက် လူသားမျိုးနွယ်၏ ဂုဏ်ကျက်သရေကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်၏။

ဆူဇီမိုတို့သုံးယောက်သည် မတ်တတ်ထရပ်ပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြ၏။

အနည်းဆုံးတော့ ရှေးဟောင်းခေတ်စစ်ပွဲမှာ အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိမသွားခဲ့ပေ။

လူသားဧကရာဇ်က မြင့်မာတိုးတက်၍ ပြိုင်ဘက်ကင်းလာခဲ့ပြီး ကမ္ဘာဦးမျိုးနွယ်များကို ဖိနှိမ်ကာ ရှေးဟောင်းခေတ်စစ်ပွဲတွင် လူသားမျိုးနွယ်က နောက်ဆုံးအနိုင်ရရှိခဲ့လေသည်။

နတ်မိမယ်လင်းလုံသည် ဤနေရာကို အသုံးချစရာ မလိုအပ်ခဲ့ပေ။ အဲ့ဒါကြောင့်လည်း ဤနေရာက ယခုအချိန်ထိ ချိပ်ပိတ်ခံထားရခြင်းဖြစ်၏။

နံရံပေါ်ရှိ စကားလုံးများနောက်တွင် နတိမိမယ်လင်းလုံက နောက်ထပ် သတင်းအချက်အလက်တချို့ကို ချန်ထားရစ်ခဲ့လေသည်။ အဲ့ဒါက...

‘ငါက... ခွန်လွင်အပျက်အစီးနယ်မြေမှာ ရက်အနည်းငယ်ကြာ နေခဲ့ပြီး ကမ္ဘာဦးစစ်ပွဲရဲ့ သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်...ဒါပေမဲ့ အခုချိန်မှာ လူသားမျိုးနွယ်ရဲ့အခြေအနေက သေရေးရှင်ရေးဖြစ်နေတဲ့အတွက် ငါက အဲ့ဒီအချက်အလက်တွေကို စစ်ဆေးဖော်ထုတ်ဖို့အတွက် အချိန်မရခဲ့ဘူး’

‘ကမ္ဘာဦးခေတ်စစ်ပွဲနဲ့ပတ်သက်ပြီး ကောလာဟလတွေနဲ့ မကိုက်ညီတဲ့ တခြားအကြောင်းအရာတွေ ရှိခဲ့တဲ့ပုံပဲ’

အဲ့ဒီမှာ စကားလုံးများစွာ မရှိသော်လည်း အရေးကြီးသော သတင်းအချက်များ ပါဝင်လေသည်။

သူမသည် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိလျှင် နတ်မိမယ်လင်းလုံသည် အဓိပ္ပါယ်မရှိ ရောက်တတ်ရာရာစကားများကို သေချာပေါက် ချန်ထားခဲ့လိမ့်မည် မဟုတ်ပေ။

သူမ၏ မျိုးဆက်များအတွင် ဤကဲ့သို့သော သတိပေးချက်ကိုပင် ချန်ထားရစ်ခဲ့လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုတို့သုံးယောက်သည် အတွေးလွန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

ကမ္ဘာဦးခေတ်စစ်ပွဲက ယခုအချိန်နှင့် အရမ်းကို ဝေးကွာလွန်းသွားခဲ့ပြီဖြစ်၏။

အတိတ်ကာလတုန်းက ဘာတွေဖြစ်ပျက်ခဲ့သည်ကို မည်သူကမှ မသိရှိခဲ့ကြပေ။ ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို ခွန်လွင်အပျက်အစီးနယ်မြေမှာသာ တွေ့ရှိနိုင်ကောင်းလေသည်။

ထိုစကားလုံးများ၏ အဆုံးသတ်၌ ညဝိညာဥ်၏ အကြောင်းပင်လျှင် ပါရှိလေသည်။

ညဝိညာဥ်သည် တဗူးတစ်မျိုးဖြစ်ပြီး နတ်မိမယ်လင်းလုံထံကနေ ပုန်းကွယ်နိုင်ခြင်း မရှိခဲ့ပေ။

အစကတော့ နတ်မိမယ်လင်းလုံ၏ အစီအစဥ်သည် ညဝိညာဥ်ကို ထျန်ဟွမ်းကုန်းမြေတိုက်ကြီးသို့ ပြန်ခေါ်သွားပြီး ကမ္ဘာဦးမျိုးနွယ်များနှင့် ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် ၎င်းကို ပြုစုပျိုးထောင်ပေးဖို့ဖြစ်၏။

ဤလျှို့ဝှက်ကုန်းမြေတွင် ခွန်လွင်ကလန်သားများ သေဆုံးခဲ့ရသည့် အကြောင်းအရင်းမှာ နတ်မိမယ်လင်းလုံသည် ညဝိညာဥ်ကို ခေါ်ထုတ်လာခဲ့သောကြောင့်ဖြစ်၏။ သူတို့သည် ဤနေရာအထိ သူမနောက်ကို အမဲလိုက်ခဲ့ကြပြီးနောက် ဤနေရာမှာ သူမ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရ၏။

သို့သော်လည်း နတ်မိမယ်လင်းလုံသည် မထွက်ခွင်ခင် နောက်ဆုံး အခိုက်အတန့်မှာ သူမ၏ စိတ်ကို ပြောင်းလဲခဲ့၏။

ပထမတစ်ချက် ညဝိညာဥ်သည် ကြီးထွားဖို့အတွက် အလွန်ကြာမြင့်သော အချိန်ကာလတစ်ခုကို သေချာပေါက် လိုအပ်ပေလိမ့်မည်။

ထိုအချိန်တုန်းက ရှေးဟောင်းခေတ်စစ်ပွဲသည် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ညဝိညာဥ်ကြီးထွားလာသည်ကို စောင့်ဆိုင်းဖို့အတွက် အချိန်မရတော့ပေ။

ဒုတိယတစ်ချက်... နတ်မိမယ်လင်းလုံသည်လည်း စိုးရိမ်ပူပန်နေခဲ့၏။

သူမသည် ညဝိညာဥ်ကို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ခေါ်ဆောင်သွားမည်ဆိုလျှင် ၎င်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ဒုက္ခပေးလာနိုင်ပြီး သူမကလည်း အပြစ်သားတစ်ယောက်ဖြစ်သွားနိုင်လေသည်။

နတ်မိမယ်လင်းလုံသည် ညဝိညာဥ်ကို ခွန်လွင်အပျက်အစီးနယ်မြေသို့လည်း ပြန်မပို့ချင်ခဲ့ပေ။

သူမသည် အတန်ကြာအောင် စဥ်းစားတွေးတောပြီးနောက် ညဝိညာဥ်ကို ဤနေရာမှာ ထားခဲ့ကာ သူ့ဘာသာသူ ရှင်သန်ကြီးထွားစေခဲ့၏။

နှစ်ပေါင်းများစွာကြာပြီးနောက် ညဝိညာဥ်သည် အဆုံးစွန်မီး၏ အကူအညီနှင့်အတူ ဤနေရာကနေ ထွက်ခွာကာ ဒီဘက်မျိုးဆက်တွင် ပြန်လည်ပေါ်ထွက်လာခဲ့၏။

All Chapters