← Chapters

ခွန်လွင်အရှင်

Vol. 101 Ch. 1503

ခွန်လွင်အရှင်

Vol. 101 Ch. 1503

သူတို့သုံးယောက်သည် ရှေ့သို့ ဆက်လာခဲ့ကြ၏။

တစ်နာရီခန့် လျှောက်လှမ်းလာပြီးသော်လည်း.. သူတို့သည် ခွန်လွင်မျိုးနွယ်ဝင်များ၏ မည်သည့် အရိပ်လက္ခဏာကိုမှ မတွေ့မြင်ရပေ။

“ထူးဆန်းတယ်.. ခွန်လွင်မျိုးနွယ်တွေက ဘယ်ကိုရောက်နေကြတာလဲ”

အဆုံးစွန်မီးက တွေဝေသွား၏။

“ဟိုမှာ.. နောက်ထပ် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးတစ်လုံး”

နန်းကြည်က လှည့်ပတ်ကြည့်ရှုရင်း မလှမ်းမကမ်းမှာ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို တွေ့မြင်မိသွား၏။

ခဏမျှ ရပ်တန့်ပြီးနောက်.. သူမက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်မတို့ သုံးယောက်စလုံးမှာ အဲဒါ ရှိနေပြီပဲ… ဒီရတနာကို ကျွန်မတို့က ထပ်ပြီးစားသုံးလို့ အကျိုးမရှိတော့ဘူး”

“မပူနဲ့”

ဆူဇီမိုက ပြောလိုက်၏။

“အဲဒါကို ယူလိုက်.. မင်းက ဒီနေရာကနေ ထွက်ခွာပြီးရင် ထျန်ဟွမ်ကုန်းမြေတိုက်က မိတ်ဆွေဟောင်းတချို့ကို လက်ဆောင်ပေးလို့ ရတာပဲ”

“အဲဒါ ဟုတ်သားပဲ”

အဆုံးစွန်မီးကလည်း ခေါင်းညိတ်လိုက်၏။

ခွန်လွင်အပျက်အစီးနယ်မြေမှာ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများအတွက် မည်သူကမှ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာဆို အမျိုးမျိုးသော ဂိုဏ်းကြီးများ၊ အဖွဲ့အစည်းကြီးများနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် အဲဒါအတွက် အသေအကြေ သေချာပေါက် တိုက်ခိုက်ကြပေလိမ့်မည်။

နန်းကြည်က ရှေ့သို့ လျှောက်လှမ်းသွား၏။

သိပ်မကြာခင်.. ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး ရုတ်တရက် ပြောလိုက်၏။

“နန်းကြည်.. ပြန်လာခဲ့”

“အမ်”

နန်းကြည်သည် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဆူဇီမိုက သတိပေးနေသည်ကို သူမက ပြောနိုင်လေသည်။

ထင်မှတ်ထားသည့်အတိုင်းပင်။

မလှမ်းမကမ်းကနေ ပုံရိပ်များစွာက လျှောက်လှမ်းလာကြ၏။ ခေါင်းဆောင်ဖြစ်သူ နှစ်ယောက်က စွမ်းအားကြီးမားသော အော်ရာများ ရှိပြီး ပေါင်းစည်းခန္ဓာအဆင့်ဖြစ်ကာ သူတို့၏ နောက်တွင် ဓမ္မဝိသေသ တာအိုအရှင်များ ရှိနေ၏။

သူတို့ အားလုံးသည် ဆူဇီမိုနှင့် အခြားနှစ်ယောက် ရှိရာသို့ ကြမ်းကြုတ်သော အော်ရာများနှင့်အတူ လျှောက်လှမ်းလာကြ၏။ တစ်ခဏအတွင်းမှာပင်.. သူတို့သည် ရောက်ရှိလာကြပြီး ရန်လိုသော အမူအရာများနှင့်အတူ သူတို့သုံးယောက်ကို ဝိုင်းပတ်လိုက်ကြ၏။

သူထင်တာ မမှားဘူးဆိုလျှင် အဲဒါက ခွန်လွင်မျိုးနွယ်ဝင်များ ဖြစ်ရပေမည်။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။ ခွန်လွင်မျိုးနွယ်ဝင်များ အားလုံးသည် သူတို့၏ ခါးမှာ မီးခိုးရောင် ဖဲကြိုးများကို စည်းနှောင်ထားကြ၏။ သူတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က လျှို့ဝှက်ကုန်းမြေသို့ ဝင်ရောက်ခဲ့သော ခွန်လွင်မျိုးနွယ်ဝင်များနှင့် တစ်ဖွဲ့တည်း ဖြစ်ပေလိမ့်မည်။

“ကျူးကျော်သူတွေ…”

ဘယ်ဘက်တွင် ရှိသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က အေးစက်စက် အမူအရာနှင့် ရက်စက်ကြမ်းကြုတ်သော အကြည့်နှင့်အတူ ရုတ်တရက် အော်ပြောလိုက်၏။

“ဟုတ်တယ်.. ငါတို့က ထျန်ဟွမ်ကုန်းမြေတိုက်က လာခဲ့တာပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူတို့၏ ဝတ်စားဆင်ယင်ပုံဖြစ်စေ.. သူတို့၏ အော်ရာများဖြစ်စေ… သူတို့သုံးယောက်သည် ဤနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်လာသော ခွန်လွင်မျိုးနွယ်ဝင်များနှင့် အရမ်းကို ကွာခြားလေသည်။

“ကျူးကျော်သူတွေ.. ခွန်လွင်အပျက်အစီးနယ်မြေကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်သူမဆို သနားညှာတာမှုမရှိ သတ်ဖြတ်ခံရမယ်”

ညာဘက်တွင် ရှိသော ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်က သူ၏လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

ဘေးပတ်လည်မှာရှိသော ဓမ္မဝိသေသ တာအိုအရှင်များသည် သူတို့၏ ဓမ္မပညာရပ်များကို ဆင့်ခေါ်ပြီး သူတို့၏ လက်နက်များကို ထုတ်ယူကာ တိုက်ခိုက်ချင်လေသည်။

“ဟမ့်”

ဆူဇီမိုက အေးစက်စွာ နှစ်တစ်ချက်မှုတ်၍ သူ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်၏။

ဇီ… ဇီး…

သူ၏ လက်ချောင်းထိပ်ဖျားကနေ ကျိန်းစပ်နေသော ဓားချီတစ်ခုက ပစ်လွင့်ထွက်ပေါ်လာခဲ့၏။ အဲဒါက ပြန့်ကားသွားသော အဖြူရောင် အလင်းတစ်ခုဖြစ်ပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒက တလိပ်လိပ် ထိုးတက်ကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက် ရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ၏ ထက်ရှမှုသည် သူတို့နှစ်ယောက်စလုံးကို တုန်လှုပ်ချောက်ချားစေ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် အရူးအမူး ရှောင်တိမ်းပြီး နောက်ဆုတ်လိုက်ကြသော်လည်း သူတို့သည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကို မရှောင်တိမ်းနိုင်​ပေ။

ဖြီး..

လတ်ဆတ်သော သွေးများက ပန်းထွက်လာခဲ့၏။

လက်နှစ်ဖက်သည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီဖြင့် ပိုင်းဖြတ်ခြင်း ခံလိုက်ရပြီး လေထဲသို့ မြောက်တက်လာ၏။

ကြောက်စရာအကောင်းဆုံးအချက်မှာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီမှာ ပါဝင်သော ထက်ရှမှုနှင့် အဖျက်စွမ်းအားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို သူတို့၏ လက်များ ပြန်မပေါက်စေနိုင်အောင် အကျိုးသက်ရောက်စေ၏။ သွေးများက သူတို့၏ ဒဏ်ရာများကနေ အဆက်မပြတ် ပန်းထွက်လာနေ၏။

“မင်း.. မင်း.. စောင့်နေလိုက်”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ထိတ်လန့်တကြား အမူအရာများ ရှိလာပြီး အဝေးသို့ ပြေးထွက်ကာ တစ်ခဏချင်း ပျောက်ကွယ်သွားကြ၏။

“ငါက အထီးကျန်သိုင်းသခင်ပဲ”

ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။

“မင်းတို့ ပြန်ရောက်ရင် ငါ့နာမည်ကို ပြောဖို့ မေ့မနေနဲ့”

အခြားသော ဓမ္မဝိသေသ တာအိုအရှင်များ၏ ဓမ္မပညာရပ်များက ယခုတင် ဆင့်ခေါ်ထားခါစဖြစ်ပြီး မထုတ်လွှတ်ရသေးပေ။ သို့သော်လည်း သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး သူတို့အားလုံးက ကြက်သေသေသွားကြ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က မတိုက်ခိုက်နိုင်ခင်မှာပင်.. သူတို့သည် ဓားချီနှစ်ခု၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကြောင့် ဆုတ်ခွာသွားရပြီဖြစ်၏။ သူတို့က ဘယ်လိုလုပ်ပြီး လှုပ်ရှားရဲပါတော့မလဲ။

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်သည် သူ၏ ဓမ္မလက်နက်နှင့် တိုက်ခိုက်လိုက်ခါစ ဖြစ်၏။

အဲဒါက ဆူဇီမိုနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင်.. ဓမ္မဝိသေသ တာအိုအရှင်သည် ၎င်း၏ လမ်းကြောင်းကို အလောတကြီး ပြောင်းလဲပြီး ဆူဇီမိုကို ရှောင်ရှားကာ သူ၏ ဓမ္မလက်နက်ကို ပြန်လည်ဆင့်ခေါ်လိုက်၏။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

ဓမ္မဝိသေသ တာအိုအရှင်များသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ဆူဇီမိုနှင့် အခြားနှစ်ယောက်၏ ရှေ့ကနေ သိပ်မကြာခင် ပျောက်ကွယ်သွားကြ၏။

ဆူဇီမိုသည် သူတို့နောက်သို့ လိုက်လံဖမ်းဆီးခြင်း မရှိပေ။

“ဇီမို… မင်းက ဘာလို့ တမင်သက်သက် ထိန်ချန်ပြီး သူတို့ကို လွှတ်ပေးလိုက်တာလဲ”

အဆုံးစွန်မီးက မေးလိုက်၏။

“ဒီလူတွေက ပိုပြီးတော့ သန်မာတဲ့ လူတွေကို သေချာပေါက် ပြန်ခေါ်လာလိမ့်မယ်”

ဆူဇီမိုသည် သူ၏ ခွန်အားအပြည့်နှင့် တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီနှစ်ခုသည် ထိုသူတို့၏ လက်နှစ်ဖက်ကိုသာ ဖြတ်တောက်ပစ်လိုက်လိမ့်မည် မဟုတ်ပေ။

“မပူပါနဲ့”

ဆူဇီမိုက လက်ကာပြလိုက်၏။

“ခွန်လွင်အပျက်အစီးနယ်မြေမှာ နတ်ဘုရားစွမ်းအားတွေကို အသုံးမပြုနိုင်ဘူး.. အဲ့တော့ ဒီမှာရှိတဲ့ အသန်မာဆုံး ပညာရှင်တွေက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အဆင့်မှာပဲ ရှိလိမ့်မယ်”

“တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေက ကျုပ်တို့ကို မခြိမ်းခြောက်နိုင်ဘူး”

ဆူဇီမို၏ လေသံက တည်ငြိမ်နေပြီး ယုံကြည်မှုဖြင့် ပြည့်နှက်နေ၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ အဆင့်တူချင်းမှာ သူ့ကို အမှန်တကယ် ယှဉ်နိုင်သည့်သူက မရှိသလောက်ပင်။

ခွန်လွင်အပျက်အစီးနယ်မြေသည် မရေမတွက်နိုင်သော ရတနာများ၊ ကျင့်ကြံရေးနည်းစနစ်များ၊ လျှို့ဝှက်အတတ်များနှင့်အတူ တစ်မူထူးခြားသော မြေပြင်အနေအထားတစ်ခု ဖြစ်ကာ များစွာသော ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများကို ပြုစုပျိုးထောင်ပေးနိုင်သော်လည်း ဆူဇီမိုသည် ထိုပြိုင်စံရှားများ အားလုံးကို ဖိနှိမ်နိုင်သည်ဟု ယုံကြည်မှု ရှိလေသည်။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“နောက်ပြီး.. ကျုပ်တို့က ခွန်လွင်အပျက်အစီးနယ်မြေမှာ ခွန်လွင်မျိုးနွယ်ဝင်တွေနဲ့ တွေ့ကြုံရဖို့က မလွဲမသွေပဲ.. အဲဒါက အခွင့်အရေးတစ်ခုလို့ ဆိုနိုင်တယ်”

တကယ်တော့ သူ့မှာ နောက်ထပ် အတွေးတစ်ခု ရှိနေ၏။

ညဝိညာဉ်..

ကောင်းကင်နှင့် မြေကြီးတောင်ကြား တိုက်ပွဲပြီးကတည်းက ညဝိညာဉ် ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကို မသိရတော့ဘဲ သူ၏ ကံကြမ္မာကိုလည်း မသိရပေ။

ညဝိညာဉ်က အသက်ရှင်နေဦးမည်ဆိုလျှင် သူသည် ခွန်လွင်အပျက်အစီးနယ်မြေမှာ ရှိနေဖို့ များလေသည်။

ဆူဇီမိုသည် စောစောက သူ၏ တာအိုဘွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့သည်မှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ အကူအညီဖြင့် သူရောက်ရှိလာသည့် သတင်းကို ပျံ့နှံ့စေချင်သောကြောင့် ဖြစ်၏။ ညဝိညာဉ်က ခွန်လွင်မျိုးနွယ်မှာ ရှိနေမည်ဆိုလျှင် သူ ရောက်ရှိလာသည်ကို သေချာပေါက် သိသွားပေလိမ့်မည်။

သူတို့သုံးယောက်က ရှေ့သို့ ဆက်လှမ်းလာခဲ့ကြ၏။

သိပ်မကြာခင်.. ပုံရိပ်များက မလှမ်းမကမ်းမှာ ပေါ်ထွက်လာ၏။

ဤတစ်ခေါက်မှာတော့ ဆယ်ယောက်ကျော်ကျော်သာလျှင် ရှိပြီး သူတို့၏ အော်ရာများက များစွာပိုမို သန်မာလာ၏။

ခေါင်းဆောင်ဖြစ်သူက မီးခိုးရောင် ဆံပင်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် ဖြစ်၏။ သူက ပိန်ပါးသော်လည်း သူ၏ သားရဲချီက တလိပ်လိပ်ထိုးတက်နေ၏။

သူ၏ နောက်ဘက်ရှိ ပုံရိပ် ၁၀ခုကျော်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။

စောစောက ဆူဇီမို၏ လက်ချက်ဖြင့် သူတို့၏ လက်များ ဖြတ်တောက်ခံလိုက်ရသည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကလည်း သူတို့၏ အလယ်မှာ ပါဝင်လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ လက်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြလေပြီ။

သူတို့နှစ်ယောက်ပေါ်ရှိ ဒဏ်ရာများကနေ ဓားချီကို ချေဖျက်ဖို့အတွက် ပညာရှင်တစ်ယောက်က ကူညီပေးခဲ့ခြင်းဖြစ်သည်မှာ သိသာလေသည်။

“အထီးကျန်သိုင်းသခင်က ဘယ်သူလဲ”

ဦးဆောင်လာသော မီးခိုးရောင် ဆံပင်နှင့် လူက ဖြည်းဖြည်းချင်း မေးလိုက်၏။

“ခေါင်းဆောင်.. အဲဒါ သူပဲ”

စောစောက ထွက်ပြေးလွတ်မြောက်သွားသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ထဲမှ တစ်ယောက်သည် အလောတကြီး ရှေ့ထွက်ပြီး ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။

“မင်းက အထီးကျန်သိုင်းသခင်လား”

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက သူ၏မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စက်အလင်းတစ်ခုနှင့် တောက်ပလာ၏။

ခဏနေပြီးနောက်.. သူက ရုတ်တရက် ပြောလိုက်၏။

“ငါ့နောက်က လိုက်ခဲ့… ဆရာက မင်းကို တွေ့ချင်နေတယ်”

“မင်းရဲ့ ဆရာက ဘယ်သူလဲ”

ဆူဇီမိုက မေးလိုက်၏။

“ငါတို့ရဲ့ ဆရာက ခွန်လွင်အပျက်အစီးနယ်မြေရဲ့ သခင် ခွန်လွင်အရှင်ပေါ့”

မီးခိုးရောင်ဆံပင်နှင့်လူက ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

“ငါ့နောက်က လိုက်ခဲ့… ငါ့ဆရာနဲ့ တွေ့ပြီးရင် မင်းသိသွားလိမ့်မယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အဆုံးစွန်မီးနှင့် နန်းကြည်ကို ခေါင်းညိတ်ပြလိုက်၏။

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက ရှေ့ကနေ ဦးဆောင်သွား၏။

ဆူဇီမိုနှင့် အခြားနှစ်ယောက်က နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။

လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် တကယ်ပင် ရင်ထိတ်၍ မျှော်လင့်နေမိ၏။

ညဝိညာဉ်၏ အစွမ်းအစအရ.. သူက ခွန်လွင်အရှင် ဖြစ်လာဖို့ အခွင့်များလေသည်။

အဲဒါက ညဝိညာဉ်များ ဖြစ်နေမလား။

လူတိုင်းသည် အလွန်တရာ မြန်ဆန်စွာဖြင့် လျှောက်လှမ်းနေကြ၏။

သူတို့သည် နှစ်နာရီခန့် လျှောက်လှမ်းပြီးသော်လည်း.. သူတို့သည် ခွန်လွင်ကလန်သားများစွာနှင့် မတွေ့ကြုံခဲ့ရပေ။

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ခွန်လွင်မျိုးနွယ်က ကြီးမားသင့်တယ်မလား.. ဘာလို့ မင်းတို့တွေ အနည်းအကျဉ်းလောက်ကိုပဲ တွေ့နေရတာလဲ”

“ဘာလို့လဲဆိုတော့… ငါတို့ ကလန်သား အများစုက သစ္စာဖောက်တွေကို ရှင်းလင်းပစ်ဖို့အတွက် သွားနေကြလို့ပဲ”

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက မှင်သေသေဖြင့် ပြောလိုက်၏။

ခဏမျှ ရပ်တန့်ပြီးနောက်.. သူက ဆက်ပြောလိုက်၏။

“ငါ့ဆရာနဲ့ တွေ့တဲ့အခါ.. မင်းတို့ရဲ့ အပြောအဆိုတွေကို သတိထား.. ငါ့ဆရာ ဒေါသထွက်လာရင် မင်းတို့ သုံးယောက်လုံး သေရလိမ့်မယ်”

All Chapters