← Chapters

ခေါင်းဆောင်တပ်မှူးအသစ်

Vol. 101 Ch. 1505

ခေါင်းဆောင်တပ်မှူးအသစ်

Vol. 101 Ch. 1505

ဆူဇီမို၏အမူအရာက အေးစက်လာခဲ့၏။

ခွန်လွင်အရှင်သည် ညဝိညာဥ်မဟုတ်ဘူးဆိုလျှင် ဤခေါင်းဆောင်တပ်မှူးးဂိုရွှမ်သည် ညဝိညာဥ်နှင့် ဘာမှပတ်သက်ခြင်းမရှိဟု အဓိပ္ပါယ်ရလေသည်။ ဆူဇီမိုက ဤလူ့ကိုသတ်ဖို့အတွက် ဆက်လက်၍ ထိတ်ချန်နေတော့မည် မဟုတ်ပေ။

“မင်းက ငါ့ကို သတ်ချင်တာလား”

ဆူဇီမိုက သူ၏ လက်ကို ဆန့်ထုတ်ပြီး ဂိုရွှမ်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

ဂိုရွှမ်၏ ဦးခေါင်းပေါ်ရှိ ဆံပင်တိုင်းသည် မီးခိုးရောင်မြွေတစ်ကောင်ဖြစ်လေသည်။ သူတို့သည် ပြွတ်သိပ်၍ တုန်လှုပ်စရာကောင်းနေ၏။

“မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ”

ဆူဇီမိုက လက်ဗလာဖြင့် ဖမ်းဆွဲရဲသည်ကို တွေ့မြင်သောအခါ ဂိုရွှမ်က လှောင်ရယ်လိုက်၏။ သို့သော်လည်း သူ၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွား၏။

ဆူဇီမို၏ လက်ဖဝါးက သူ၏ ဦးခေါင်းဖြင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် အလွန်တရာ ထက်ရှသော ဓားချီတစ်ခုက သူ၏ လက်ဖဝါးကနေ ပေါက်ကွဲထွက်ပေါ်လာ၏။

ဇီ.... ဇီ.... ဇီ....

ဓားချီ၏ အလင်းတန်းများက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းပေါ်ရှိ မီးခိုးရောင်မြွေများကို ချက်ချင်းပင် ပိုင်းဖြတ်ကာ သွေးများကို ပန်းထွက်လာစေ၏။

ဂိုရွှမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး နောက်သို့ အလျင်အမြန်ဆုတ်ကာ ဆုတ်ဖြဲလာသည့် ဓားချီကနေ ရှောင်တိမ်းလိုက်လေသည်။ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး တစ်ခဏချင်းမှာပင် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။

အဲ့ဒါက မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင် ချိတ်မြွေဖြစ်လေသည်။

သို့သော်လည်း သူ၏ ကြီးမားသောခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်သည့် အခိုက်အတန့်မှာပင် ဆူဇီမိုက ချဥ်းကပ်လာခဲ့ပြီဖြစ်ပြီး သူ၏ ဦးခေါင်းကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။

ဘန်း..

ဂိုရွှမ် မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက သူ၏ ဦးခေါင်းကို ယစ်ပူဇော်စင်မြင့်ထက်သို့ ဖိချလိုက်ပြီဖြစ်၏။

ယစ်ပူဇော်စင်မြင့်ကို ဘယ်လိုပစ္စည်းများဖြင့် ဆောက်လုပ်ထားသလဲ မသိရသော်လည်း ၎င်းက ဖျက်ဆီး၍ မရနိုင်အောင် မာကြောပေ။

ချိတ်မြွေ၏ ဦးခေါင်းက ကြမ်းပြင်နှင့် ပစ်တိုက်သွားသောအခါ ယစ်ပူဇော်စင်မြင့်က အကောင်းတိုင်းကျန်ရှိလေသည်။ သို့သော်လည်း ချိတ်မြွေ၏ မျက်နှာက ပုံပျက်ပန်းပျက် တွန့်လိမ်သွားပြီး သူ၏ ဦးခေါင်းခွံက ကြေမွသွားလေသည်။

“ဟမ်...”

ခွန်လွင်အရှင်က အံ့အားသင့်မှု တစ်စွန်းတစ်စနှင့်အတူ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

အသန်မာဆုံး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကသာလျှင် သူ့လက်အောက်ရှိ စစ်တပ် ၁၀ တပ်ကို ဦးဆောင်ပြီး ခေါင်းဆောင်တပ်မှူးများ ဖြစ်လာနိုင်လေသည်။

ခေါင်းဆောင်တပ်မှုုးဆယ်ယောက်ကြားမှာ ဂိုရွှမ်သည် အသန်မာဆုံး မဟုတ်သော်လည်း သူက ထိပ်ဆုံးငါးယောက်ထဲမှာ ဝင်လေသည်။

ဒါ့အပြင် ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိနေ၏။

သို့သော်လည်း ဂိုရွှမ်ကတော့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်လေသည်။

နှစ်ဖက်စလုံးက တိုက်ခိုက်ဖလှယ်လိုက်သည့်အခိုက်မှာပင် ဂိုရွှမ်က အပြတ်အသတ်ရှုံးနိမ့်သွားရပြီဖြစ်၏။

ယစ်ပူဇော်စင်မြင့်အောက်မှ အုန်းအုန်းကျက်ကျက်အသံများကလည်း ထွက်ပေါ်လာ၏။

ခွန်လွင်မျိုးနွယ်ဝင်များ၏ နှလုံးသားထဲတွင် ခေါင်းဆောင်တပ်မှူးများ၏ အဆင့်အတန်းသည် ခွန်လွင်အရှင်ပြီးလျှင် ဒုတိယနေရာမှာရှိလေသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီသည် ပြိုင်ဘက်ကင်းပြီး စိန်ခေါ်၍ မရနိုင်ပေ။ သို့သော်လည်း သူတို့၏ ခေါင်းဆောင်တပ်မှူးက အပြင်လူတစ်ယောက်၏ ဖိနှိမ်ခြင်းကို ခံလိုက်ရလေပြီ။ အဲ့ဒါက ပြီးဆုံးမသွားသေးပေ။

ဂိုရွှမ်သည် လူလဲ၍ ကျုံးထချင်သော်လည်း ဆူဇီမိုက သူ့ကို ထိုအခွင့်အရေးမပေးတော့ပေ။ သူက ရှေ့သို့တက်လှမ်းပြီး ဂိုရွှမ်၏ ဦးခေါင်းကို ဆောင့်နင်းချလိုက်၏။

ဖြောင်း...

စင်မြင့်တစ်ခုလုံးက လှုပ်ခါသွား၏။

အားလုံး၏ အကြည့်အောက်မှာပင် ခွန်လွင်မျိုးနွယ်၏ မဟာခေါင်းဆောင်တပ်မှူးဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ဂိုရွှမ်သည် သူ၏ ဦးခေါင်းက ဆူဇီမို၏​ ခြေထောက်ဖြင့် နင်းချေခြင်းခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာတင် ပျက်စီးကာသေဆုံးသွားရ၏။

ချက်ချင်းပင် နေရာတစ်ခုလုံးက တိတ်ဆိတ်​ငြိမ်သက်သွားရ၏။

မည်သူကမှ ဤရလဒ်ကို ထင်မှတ်မထားကြပေ။

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်အနေဖြင့် သူသည် သူ၏ တိုက်ခိုက်ရည်ခွန်အားတစ်ဝက်ကို မထုတ်ဖော်နိုင်ခင်မှာပင် ဆူဇီမို၏ နင်းချေသတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ဂိုရွှမ်သည် ဆူဇီမိုက ဤကဲ့သို့ တိုက်ခိုက်ရဲလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အဲ့ဒါထက် ခွန်လွင်အပျက်အစီးနယ်မြေမှာ ခွန်လွင်အရှင်နှင့် အခြားလူတိုင်း၏ ရှေ့မှောက်မှာ ဆူဇီမိုက သူ့ကို သတ်ဖြတ်ရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“ကျူးကျော်သူ... မင်းကတော့ သေချင်နေပြီပဲ”

“ဂါး...”

“ဝေါင်း...”

အောက်ဘက်တွင်ရှိသော ခေါင်းဆောင်တပ်မှူးလေးယောက်က လျင်မြန်စွာတုံ့ပြန်၍ သူတို့၏ အစစ်အမှန်ပုံစံများသို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲလိုက်ကြ၏။ ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ သူတို့က ယစ်ပူဇော်စင်မြင့်ထက်သို့ ဆင်းသက်လာပြီး ဆူဇီမိုကို ဝန်းရံလိုက်ကြ၏။

“သူ့ကိုသတ်”

“သူ့ကိုသတ်...”

အောက်ဘက်ရှိ များစွာသော ခွန်လွင်ကလန်သားများက ငေးငိုင်နေရာကနေ တဖြည်းဖြည်း နိုးထလာကြ၏။ သူတို့၏ မျက်လုံးများက သွေးရောင်သန်းလာပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။

​ဖျောက်... ဖျောက်... ဖျောက်...

ထိုစဥ်မှာပင် တစ်စုံတစ်ယောက်က ညင်သာစွာ လက်ခုပ်တီးလိုက်၏။

ယစ်ပူဇော်စင်မြင့်၏ အထက်နှင့်အောက်ရှိ ဆူညံပွက်လောက်ရိုက်နေသောအသံများက သိပ်မကြာခင် ပျောက်ကွယ်သွား၏။

ခေါင်းဆောင်တပ်မှူးလေးယောက်ကလည်း တုန်လှုပ်သွားပြီ ကြောက်ရွံ့မှုတစ်စွန်းတစ်စနှင့်အတူ ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ကြ၏။

ခွန်လွင်အပျက်အစီးနယ်မြေတွင် လူတစ်ဦးတည်းကသာ ဤကဲ့သို့သော ဩဇာတိက္ကမကို ပိုင်ဆိုင်နိုင်လေသည်။

နဂါးပလ္လင်ပေါ်တွင် ခွန်လွင်အရှင်က လက်ခုပ်တီး၍ မသိမသာခေါင်းညိတ်ပြလိုက်၏။

“ရက်စက်တယ်... ကြမ်းကြုတ်တယ်... သန်မာတယ်... အဲ့ဒါကို ငါသဘောကျတယ်”

ခဏမျှရပ်တန့်ပြီးနောက် သူက ရုတ်တရက်မေးလိုက်၏။

“မင်းက အထီးကျန်သိုင်းသခင်လား”

“ဟုတ်တယ်”

ဆူဇီမိုက ပြန်​ဖြေလိုက်၏။

“မင်းတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ဘယ်လိုဝင်ရောက်လာတာလဲ”

ခွန်လွင်အရှင်က ထပ်မေးလိုက်၏။

“ခွန်လွင်အဟန့်အတားနဲ့ဆို သာမန်အခြေအနေမှာ မင်းတို့တွေက ဒီထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး”

“အစကတော့ ကျုပ်တို့က အပြင်ဘက်မှာ ပိတ်မိနေခဲ့တယ်… နောက်ပိုင်းမှာ ဘာ့ကြောင့်လည်းမသိဘူး... အဲ့ဒီအဟန့်အတားပေါ်မှာ ဆုံချက်တစ်ခုပေါ်ထွက်လာခဲ့တယ်... ကျုပ်တို့က အဲ့ဒီအခွင့်အရေးကို ချိန်ဆပြီး ခွန်လွင်အပျက်အစီးနယ်မြေထဲကို ဖြတ်ကျော်ဝင်ရောက်လာတာပဲ”

ဆူဇီမိုသည် ထိုကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီဖြစ်ပြီး လင်းလုံ၏ လျှို့ဝှက်ကုန်းမြေအကြောင်းကို ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။

“အို...”

ခွန်လွင်အရှင်က အမူအရာကင်းမဲ့နေဆဲဖြစ်ပြီး ထပ်မေးလိုက်၏။

“အဲ့ဒီဆုံချက်က ဘယ်နေရာမှာလဲ “

ဆူဇီမိုက ကြုံရာကျပန်းနေရာတစ်ခုကို လက်ညိုးထိုးပြလိုက်၏။

“အခုနေ အဲ့ဒါကိုသွားပြန်ရှာမယ်ဆိုရင်တောင် အသုံးမဝင်တော့ဘူး... ဆုံချက်က ပျောက်ကွယ်သွားခဲ့ပြီ”

“မင်းလိမ်နေတာပဲ”

ရုတ်တရက် ခွန်လွင်အရှင်၏ အကြည့်က မကောင်းဆိုးဝါးဆန်ဆန် အလင်းတစ်ချက်နှင့်အတူ သိပ်သည်းစုဖွဲ့လာ၏။

ခွန်လွင်အရှင်က ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူက နဂါးပလ္လင်ထက်ကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

အဲ့ဒါက အရမ်းကို မြန်ဆန်လေသည်။

အဆုံးစွန်မီးနှင့် နန်းကြည်က မတုံ့ပြန်နိုင်ခင်မှာပင် နတ်ဆိုးဆန်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုက သူတို့၏ ရှေ့သို့ ဆင်းသက်လာခဲ့ပြီဖြစ်၏။

“သတိထား”

ဆူဇီမိုက ဟိန်းဟောက်၍ သူ၏ လက်ကို သာမန်ကာလျှံကာ ဝေ့ယမ်းကာ အဆုံးစွန်မီးနှင့် နန်းကြည်ကို ဘေးဘက်သို့ တွန်းပို့လိုက်၏။ သူ၏ သွေးချီကို ပေါက်ကွဲထွက်ပေါ်လာစေပြီး သူ၏ ခန္ဓာကိုယ်မှ ဆူနာမီသံက မြည်ဟည်းလာ၏။

ဘန်း.... ဘန်း.. ဘန်း...

အဆုံးစွန်မီးနှင့် နန်းကြည်က သူတို့ကိုယ်သူတို့ ဟန်ချက်ထိန်းလိုက်သည့်အချိန်မှာ ခွန်လွင်အရှင်နှင့် ဆူဇီမိုက တိုက်ခိုက်နေကြပြီဖြစ်၏။

သူတို့နှစ်ယောက်သည် ယစ်ပူဇော်စင်မြင့်ထက်မှာ ရောထွေးနေကြပြီး အလွန်တရာ လျင်မြန်စွာဖြင့် တိုက်ခိုက်နေကြ၏။ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့က အနည်းဆုံး အကြိမ်တစ်ရာတိုက်ခိုက်ဖလှယ်ကြပြီးလေပြီ။

ခွန်လွင်အရှင်၏ မျိုးဆက်သွေးကလည်း ဆူနာမီသွေးအဆင့်သို့ ရောက်ရှိနေလေပြီ။

“ဒီခွန်လွင်အရှင်က တော်တော်သန်မာတာပဲ”

အဆုံးစွန်မီးက တိတ်တဆိတ် တုန်လှုပ်သွား၏။

ဆူဇီမိုသည် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်မထားသော်လည်း အနီးကပ်တိုက်ခိုက်ရေးမှာ ဤမျှအတိုင်းအတာအထိ သူ့ကိုယှဥ်နိုင်သည့်သူက မရှိသလောက်နီးပါးပင်။

အနည်းဆုံးတော့ သူနှင့် နန်းကြည်သည် ခွန်လွင်အရှင်ကို သေချာပေါက် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ရုတ်တရက်ဆိုသလို...

သူတို့နှစ်ယောက်က နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်ခွာလိုက်ကြ၏။

“ဟားဟားဟားဟား”

ရုတ်တရက် ခွန်လွင်အရှင်က သူ၏ ခေါင်းကိုမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏ပါးစပ်က ပြန့်ကားသွားပြီး သူ၏နားထင်စပ်သို့ပင် ရောက်လုနီးဖြစ်လေသည်။ သူက ကြောက်စရာကောင်းသော သွားစွယ်များကို ထုတ်ဖော်ပြသလိုက်၏။

“ကောင်းတယ်ဟေ့... ကောင်းတယ်”

ခွန်လွင်အရှင်၏ မျက်နှာပေါ်တွင် ဒေါသထွက်သည့် မည်သည့်အရိပ်အယောင်မှ မရှိပဲ သူကရယ်မောနေ၏။

ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့်ရှိပြီး ခွန်လွင်အရှင်ကို တိတ်တဆိတ် ကြည့်နေ၏။

“အထီးကျန်သိုင်းသခင်... မင်းတို့က ခွန်လွင်အပျက်အစီးနယ်မြေကို ဘာကြောင့်ရောက်လာတာလဲ”

ခွန်လွင်အရှင်က မေးလိုက်၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“ဒီနေရာမှာ ရတနာတွေအများကြီးရှိတယ်လို့ ကျုပ်ကြားထားတယ်... ကျုပ်တို့က ခွန်လွင်အပျက်အစီးနယ်မြေမှာ လောလောဆယ် ကျင့်ကြံချင်တယ်... ကျုပ်တို့က ကျုပ်တို့ရဲ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့အတွက် ဒီမှာရှိတဲ့ ရတနာတွေကို ငှားရမ်းအသုံးပြုချင်တယ်”

“ကောင်းပြီလေ”

ခွန်လွင်အရှင်က ပြောလိုက်၏။

“ခွန်လွင်အပျက်အစီးနယ်မြေမှာရှိတဲ့ ရတနာတွေအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်... မင်းလိုအပ်တယ်ဆိုရင် ငါက မင်းကို ထောက်ပံ့ပေးနိုင်တယ်”

“အို...”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်မေးလိုက်၏။

“ဘယ်လိုအပေးအယူနဲ့လဲ”

ခွန်လွင်အရှင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အခု... ဂိုရွှမ်က သေသွားပြီဆိုတော့... မင်းက အဲ့ဒီစစ်တပ်ရဲ့ ခေါင်းဆောင်တပ်မှူးအသစ်ဖြစ်လာမယ်... ငါကမင်းကို ငါ့နောက်လိုက်စေချင်ပြီး ခွန်လွင်အပျက်အစီးနယ်မြေရဲ့ သစ္စာဖောက်တွေကို သတ်ပေးစေချင်တယ်”

ယစ်ပူဇော်စင်မြင့်အောက်ဘက်မှာ အုန်းအုန်းကျက်ကျက်အသံများက ထွက်ပေါ်လာ၏။

ဂိုရွှမ် အသတ်ခံရပြီးနောက် သူ့အတွက် လက်စားချေပေးရမည့်အစား ခွန်လွင်အရှင်သည် ကျူးကျော်ဝင်ရောက်လာသူကို ခေါင်းဆောင်တပ်မှူးနေရာသို့ မြှင့်တင်ပေးလိုက်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

“နောက်ခံတွေ ဇာစ်မြစ်တွေကို ငါဂရုမစိုက်ဘူး... ငါဂရုစိုက်တာ မင်းရဲ့စွမ်းဆောင်ရည်ပဲ”

ခွန်လွင်အရှင်က ပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးရဲ့နေရာက အစွမ်းအစနဲ့ပဲဆိုင်တယ်... မင်းက ကျူးကျော်ဝင်ရောက်လာသူတစ်ယောက် ဆိုရင်တောင် ငါကမင်းကို မြင့်မြင့်မားမား သတ်မှတ်ပေးမယ်”

“သခင်... ခေါင်းဆောင်တပ်မှူးဂိုရွှမ်အသတ်ခံရတဲ့ ရန်ကြွေးကိုရော ဘယ်လိုလုပ်မှာလဲ”

စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က မနေနိုင်ပဲ ထွက်ရပ်ပြီးပြောလိုက်၏။

“မင်းက... ငါ့ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးလား”

ခွန်လွင်အရှင်က တစ်ချက်ဝေ့ကြည့်လိုက်၏။

“ကျုပ်...”

ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်က ကြောက်ရွံ့သွားသောအမူအရာနှင့်အတူ တုန်ယင်သွားပြီး ဆက်လက်၍ ပြောဆိုရဲခြင်းမရှိတော့ပေ။

“အဲ့ဒါဆိုလည်း သေလိုက်တော့”

ရုတ်တရက် ခွန်လွင်အရှင်က သူ၏ပါးစပ်ကို ဖွင့်ဟပြီး သိပ်သည်းပြင်းထန်သော စုပ်ယူအားတစ်ခုကို ထုတ်ဖော်လိုက်၏။ ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်သည် အဲ့ဒါကို မခုခံနိုင်ပဲ ခွန်လွင်အရှင်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

All Chapters