← Chapters

ပုန်ကန်သူများ၏ ခေါင်းဆောင်

Vol. 101 Ch. 1506

ပုန်ကန်သူများ၏ ခေါင်းဆောင်

Vol. 101 Ch. 1506

လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွား၏။

ဖျောက်.. ဖျောက်.. ဖျောက်…

ခွန်လွင်အရှင်၏ ပါးစပ်ထဲမှာ အရိုးများ ကြိတ်ချေခံရသည့် အသံက ချောက်ချားစရာကောင်းသော ပုံစံဖြင့် ထွက်ပေါ်လာ၏။

ခွန်လွင်အရှင်၏ သွားကြားကနေ နီရဲနေသော သွေးများက ဖြည်းဖြည်းချင်း စီးကျလာ၏။

ခွန်လွင်အရှင်သည် သူ၏ နှုတ်လမ်းကို လျှာဖြင့်သပ်ပြီး သွေးများကို မျိုချလိုက်၏။

ခွန်လွင်မျိုးနွယ် သက်ရှိများအားလုံးသည် ခွန်လွင်အရှင်ကို ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ကြည့်လိုက်ကြ၏။

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။

သူသည် ခေါင်းဆောင်တပ်မှူး၏ နေရာ သို့မဟုတ် သစ္စာဖောက်များအား ရှင်းလင်းရခြင်းကို စိတ်ဝင်စားခြင်း မရှိပေ။

သို့သော်လည်း နောက်တစ်ဖန် တွေးကြည့်ပြီးနောက်.. ဤကိစ္စမှာ သူ့အတွက် နစ်နာစရာ မရှိပေ။ ဒါ့အပြင် သူသည် ဤအခွင့်အလမ်းကို အသုံးချပြီး ခွန်လွင်အပျက်အစီးနယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုနားလည်သဘောပေါက်လာမည်ဖြစ်ပြီး ကမ္ဘာဦးစစ်ပွဲ၏ အမှန်တရားကိုပင် ရှာဖွေဖော်ထုတ်နိုင်ကောင်းလေသည်။

“အထီးကျန်သိုင်းသခင်… မင်း ဘယ်လိုထင်လဲ”

ခွန်လွင်အရှင်က ဖြည်းဖြည်းချင်း မေးလိုက်၏။

“ကိစ္စမရှိဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အကြည့်က မလှမ်းမကမ်းတွင်ရှိသော အဖြူရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိတချို့ထံ ရွေ့လျားသွားပြီး သာမန်ကာလျှံကာ ပုံစံဖြင့် မေးလိုက်၏။

“သူတို့တွေက…”

“သူတို့က ခွန်လွင်အပျက်အစီးနယ်မြေရဲ့ ဧည့်သည်တော်တွေပဲ… ငါ ရှာလာတဲ့ အကူတွေဆိုလည်း ဟုတ်တယ်”

ခွန်လွင်အရှင်သည် သတိကြီးကြီးထားပြီး သူတို့ အချို့သည် နတ်ဘုရားမျိုးနွယ်မှ လာခြင်းဖြစ်သည် ဟူသော အချက်ကို ထုတ်ဖော်ပြောခြင်း မရှိ​ပေ။

“ခွန်လွင်အပျက်အစီးနယ်မြေရဲ့ ပုန်ကန်သူတွေက ကိုင်တွယ်ရ အတော်လေး ခက်မယ့်ပုံပဲ.. ခင်ဗျားတောင်မှ သူတို့ကို မဖိနှိမ်နိုင်ဘဲ အကူအညီရှာရသေးတာလား”

ဆူဇီမိုက မျက်ခုံးပင့်၍ မေးလိုက်၏။

ခွန်လွင်အရှင်က လှောင်ရယ်လိုက်၏။

“သူတို့က ယင်ကောင်ငယ်လေးတွေပါ.. သူတို့ရဲ့ ခေါင်းဆောင်ကပဲ နည်းနည်းကိုင်တွယ်ရ ခက်နေတာ.. နောက်ပိုင်း သူ့ကိုတွေ့ရင် မင်းသိပါလိမ့်မယ်”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ပြုံးစစဖြင့် ပြောလိုက်၏။

”အထီးကျန်သိုင်းသခင်.. ငါ မင်းကို အထင်သေးတာတော့ မဟုတ်ဘူး… တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်ဆို.. မင်းတောင်မှ အဲဒီသစ္စာဖောက် ခေါင်းဆောင်ကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး”

“အို.. အဲဒါဆိုရင် ကျုပ်က ပိုတောင် တွေ့ချင်သွားပြီ”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

ခွန်လွင်အရှင်သည် သူ၏ စိတ်ကို တမင်သက်သက် ဆွပေးနေခြင်းဖြစ်သည်မှာ သိသာလေသည်။ ဆူဇီမိုသည် အဲဒါကို တွေ့ချင်သည်ဟု ပြောဆိုလိုက်သော်လည်း သူ၏ စိတ်က ယိမ်းယိုင်သွားခြင်း မရှိပေ။

“ကျုပ်တို့ ဘယ်အချိန် လှုပ်ရှားကြမလဲ”

ဆူဇီမိုက မေးလိုက်၏။

“မနက်ဖြန် မနက်ပေါ့.. အဲဒီ ပုန်ကုန်သူတွေကို နှိမ်နင်းဖို့အတွက် ငါကိုယ်တိုင် စစ်တပ်ကို ဦးဆောင်မှာ”

ခွန်လွင်အရှင်က ပြောလိုက်၏။

“မင်းက ဒီနေ့တော့ နားနေလိုက်ဦးပေါ့”

“ငါ့လူတို့.. ခေါင်းဆောင်တပ်မှူး အထီးကျန်သိုင်းသခင်ကို နားနေဖို့အတွက် နန်းတော်ဆီကို ခေါ်သွားပေးလိုက်.. ငါ့ရဲ့ နန်းတော်က အချောအလှဆုံးတစ်ယောက်ကို ခေါ်ပြီး ခေါင်းဆောင်တပ်မှူး အထီးကျန်သိုင်းသခင်ကို ဆုလာဘ်ချီးမြှင့်လိုက်”

ခွန်လွင်အရှင်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

“အဲဒါ မလိုပါဘူး”

ဆူဇီမိုက လက်ကာပြလိုက်၏။

သူတို့သုံးယောက်သည် နန်းတော်တစ်ခုဆီသို့ ခွန်လွင်ကလန်သားတစ်ယောက် နောက်ကနေ လိုက်ပါသွား​ကြ၏။ သိပ်မကြာမီ သူတို့သည် လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားကြ၏။

“ဒီအထီးကျန်သိုင်းသခင်က ထက်ရှပြီးတော့ သတ်ဖြတ်ရာမှာ ပြတ်သားတယ်… သူ့ကို ထိန်းချုပ်ရမှာ မလွယ်လောက်ဘူး… ခင်ဗျားက သူ့ကို ခင်ဗျားရဲ့ လက်အောက်မှာ တကယ်ပဲ ထားဖို့ ရည်ရွယ်နေတာလား”

အဖြူရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိက ခွန်လွင်အရှင် ဘေးသို့ လျှောက်လှမ်းလာပြီး ရုတ်တရက် မေးလိုက်၏။

ခွန်လွင်အရှင်က ညင်သာစွာ ပြုံးလိုက်၏။

“ဒီလူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အားမနည်းဘူး.. သူ့ကို သတ်ပစ်လိုက်ရမှာ နှမျောစရာပဲ… ကျုပ်တို့က အဲဒီတောကောင်ကို ကိုင်တွယ်ဖို့အတွက် သူ့ကို ဘာလို့ အသုံးမချရမှာလဲ”

“အဲဒီတိုက်ပွဲ ပြီးသွားတာနဲ့ သူကလည်း သေရလိမ့်မယ်”

ခွန်လွင်အရှင်က လောဘရမ္မက်တက်နေသော အမူအရာဖြင့် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

“နောက်ပြီး သူ့ဆီကနေ အရမ်းကို အားကောင်းပြီး လတ်ဆတ်တဲ့ သွေးချီအနံ့ကို ကျုပ်ရနေတယ်.. အဲဒီလူရဲ့ အသားက ကျုပ်အတွက် မဟာအားဆေးတစ်ခု ဖြစ်လိမ့်မယ်”

“ခင်ဗျားရဲ့ သွား မကျိုးအောင်လည်း သတိထားဦး”

နောက်ထပ် နတ်ဘုရားမျိုးနွယ်တစ်ယောက်က ရယ်မောပြောဆိုလိုက်၏။

“ဟီးဟီး”

ခွန်လွင်အရှင်က သွားဖြီးလိုက်၏။

“မပူပါနဲ့… စောစောက တိုက်ခိုက်ခဲ့တုန်းက ကျုပ်က ကျုပ်ရဲ့ ခွန်အား အပြည့်အဝကို အသုံးမပြုလိုက်ဘူး.. နောက်ပြီး ခင်ဗျားတို့တတွေလည်း ဒီမှာ ရှိနေတာပဲ.. ဟုတ်တယ်မလား.. အဲဒီ ကျူးကျော်သူ သုံးယောက်က ပြဿနာကောင်းကောင်း ရှာနိုင်မှာ မဟုတ်ပါဘူး”

ရုတ်တရက် နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်က ပြောလိုက်၏။

“ကျုပ်က တစ်ခုခုနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်”

“အို…”

ခွန်လွင်အရှင်က သူ့ကို ကြည့်လိုက်လေသည်။

နတ်ဘုရားမျိုးနွယ်သက်ရှိက လေးနက်စွာ ပြောလိုက်၏။

“အဲဒီတောကောင်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ပြန်ရောက်လာခဲ့တာ.. သူတို့ သုံးယောက်ကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ရောက်လာတာပဲ.. သူတို့က တစ်ယောက်ကိုတစ်ယောက် သိကျွမ်းနေကြမယ် ဆိုရင်ရော… “

ခွန်လွင်အရှင်က ရယ်မောလိုက်၏။

“လောကမှာ အဲ့လောက်ထိ တိုက်ဆိုင်တာ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ.. သူတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတယ်ဆိုတော့ရော ဘာဖြစ်လဲ… အဲဒီတောကောင်က သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး.. အထီးကျန်သိုင်းသခင်က အရူးမှ မဟုတ်တာ.. သူက အခြေအနေကို အကဲဖြတ်တတ်မယ်ဆိုရင် ဘယ်ဘက်ကို အကူအညီပေးသင့်သလဲ သိမှာပေါ့”

ခဏမျှ ရပ်တန့်ပြီးနောက်.. သူ့မျက်နှာပေါ်ရှိ အပြုံးကို ရုတ်သိမ်းကာ အေးစက်စွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့.. သူက တကယ်ပဲ မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေမယ်ဆိုရင်တော့ ကျုပ်က သူ့ကို ချက်ချင်းပဲ အရှင်လတ်လတ် ဝါးမျိုလိုက်မယ်”

. . . . .

ခွန်လွင်အပျက်အစီးနယ်မြေ၏ နန်းတော်တစ်ခုထဲတွင်…

ဆူဇီမိုသည် ခုတင်တစ်လုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သူ၏ နဖူးကို လက်ဖြင့်သပ်ကာ အလေးအနက် စဉ်းစားတွေးတောနေ၏။

အဆုံးစွန်မီးနှင့် နန်းကြည်သည် နန်းတော်၏ နေရာတိုင်းကို လှန်လှောရှာဖွေပြီးနောက်.. မည်သည့် အန္တရာယ် သို့မဟုတ် မည်သည့် ထူးခြားမှုကိုမှ မတွေ့ရတာ သေချာမှသာ ဆူဇီမိုဘေးသို့ ပြန်ရောက်လာကြ၏။

အဆုံးစွန်မီးက မေးလိုက်၏။

“ဇီမို.. မင်းက ပုန်ကန်သူတွေကို ရှင်းထုတ်ဖို့အတွက် အဲဒီ ခွန်လွင်အရှင်ကို တကယ်ပဲ ကူညီပေးဖို့ ရည်ရွယ်ထားတာလား.. သူက ကြမ်းကြုတ်ခက်ထန်ပြီးတော့ သွေးဆာရက်စက်တဲ့ပုံပဲ… သူက လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူး”

“ကျွန်မလည်း သဘောတူတယ်”

နန်းကြည်က ခေါင်းညိတ်ပြလိုက်၏။

“အဲဒီ ခွန်လွင်အရှင်က အပြောင်းအလဲမြန်ပြီးတော့ အချိန်မရွေး သတ်ဖြတ်လာနိုင်တယ်.. အခု သူက ရှင့်ကို ခေါင်းဆောင်တပ်မှူးနေရာ ပေးထားပေမဲ့ အဲဒီတိုက်ပွဲ ပြီးသွားတာနဲ့ သူက ရှင့်ဘက်ကို လှည့်ပြီး ရန်ရှာလာဖို့ များတယ်”

“အင်း”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ခင်ဗျားတို့ စိုးရိမ်ပူပန်နေတဲ့ အရာတွေကို ကျုပ်လည်း တွေးမိပါတယ်.. ခွန်လွင်အရှင်က ခွန်လွင်မျိုးနွယ်တစ်ခုလုံးကို အုပ်စိုးနိုင်တယ်ဆိုမှတော့ သူက သေချာပေါက် အားနည်းမှာ မဟုတ်ဘူး.. စောစောက တိုက်ခိုက်ခဲ့တုန်းက သူက သူ့ရဲ့ ခွန်အား အပြည့်အဝကို အသုံးမပြုခဲ့ဘူး”

“တကယ်တော့ ကျုပ်ကလည်း ထိန်ချန်ထားခဲ့တာပဲ”

“လောလောဆယ်.. သူတို့ အစီအစဉ်အတိုင်း လိုက်ပါပြီး အခြေအနေကို အရင်စစ်ဆေးကြည့်ရတာပေါ့.. အဲဒီအချိန်ကျရင် ကျုပ်တို့က သတိလေးထားပြီး မီးစင်ကြည့်ကရလိမ့်မယ်”

“ကောင်းပြီလေ.. မင်းက ပြင်ဆင်ထားပြီးပြီဆိုမှတော့ ငါက စိုးရိမ်မနေတော့ပါဘူး”

အဆုံးစွန်မီးက ခေါင်းညိတ်ပြလိုက်၏။

“ဒါနဲ့.. “

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

“အဲဒီခွန်လွင်အရှင်ရဲ့ အစစ်အမှန်ပုံစံကို ခင်ဗျားတို့တွေ မြင်နိုင်လား”

အဆုံးစွန်မီးနှင့် နန်းကြည်က သူတို့၏ ခေါင်းကို ခါယမ်းပြလိုက်၏။

“ခွန်လွင်အပျက်အစီးနယ်မြေမှာ လူတိုင်းကို ခြိမ်းခြောက်နိုင်ဖို့အတွက် သူ့ရဲ့ အစစ်အမှန်ပုံစံက သာမန် သားရဲတောကောင်တစ်ကောင်တော့ ဟုတ်မှာ မဟုတ်ဘူး”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

“အဲဒါက ကမ္ဘာဦးမျိုးနွယ်ထဲကများလား”

အဆုံးစွန်မီးက ပြောလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“မဟုတ်ဘူး.. စောစောက ယဇ်ပူဇော်စင်ပေါ်မှာ ကျုပ်ရဲ့ စိတ်ဝိညာဉ်အသိစိတ်နဲ့ စစ်ဆေးကြည့်ပြီးသွားပြီ.. ခွန်လွင်အပျက်အစီးနယ်မြေ တခြားကမ္ဘာဦးမျိုးနွယ်တွေ မရှိကြဘူး”

“ဒါပေမဲ့.. ခွန်လွင်အပျက်အစီးနယ်မြေမှာ နတ်ဘုရားမျိုးနွယ် ပေါ်ထွက်လာတာကတော့ ထူးဆန်းနေတယ်”

အဆုံးစွန်မီးနှင့် နန်းကြည်ကလည်း တွေဝေရှုပ်ထွေးသွားကြ၏။

ဒါ့အပြင်.. နတ်ဘုရားမျိုးနွယ် သက်ရှိသုံးယောက်သည် ဆူဇီမိုကို မသိရှိကြပေ။

တစ်နည်းအားဖြင့်ဆိုလျှင် ထိုနတ်ဘုရားမျိုးနွယ် သက်ရှိသုံးယောက်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ လာခြင်း မဟုတ်ပေ။

သို့သော်လည်း သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ လာခြင်း မဟုတ်လျှင် သူတို့က ဘယ်နေရာကနေ လာခဲ့ကြတာလဲ။

ရုတ်တရက်.. ဆူဇီမိုသည် ပုံပြောအဘိုးအို ပြောခဲ့သည့်အရာကို အမှတ်ရသွား၏။ ကမ္ဘာဦးခေတ်မှာတုန်းက ကမ္ဘာဦးမျိုးနွယ် ၈စုသာလျှင် ရှိခဲ့ပြီး နတ်ဘုရားမျိုးနွယ်က သူတို့ထဲမှာ မပါဝင်ခဲ့ပေ။

ကမ္ဘာဦးမျိုးနွယ် ၈စု… နတ်ဘုရားမျိုးနွယ်.. ခွန်လွင်.. တဗူးတွေနဲ့ ကမ္ဘာဦးစစ်ပွဲ…

နတ်ဘုရားမျိုးနွယ်သည် ကမ္ဘာဦးစစ်ပွဲမှာ အလွန်တရာ အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့လိမ့်မည်ဟု ဆူဇီမိုက ခံစားမိနေ၏။

နတ်ဘုရားမျိုးနွယ်သည် ကမ္ဘာဦးခေတ် စစ်ပွဲ၏ အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့အတွက် သော့ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်လေသည်။

“ဒါပေမဲ့.. အဲဒီ ခွန်လွင်အရှင်ရဲ့ စွမ်းအားကတော့ တော်တော်ကြောက်စရာကောင်းတယ်”

အဆုံးစွန်မီးက သက်ပြင်းချလိုက်၏။

“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဧကရာဇ်တွေကို ဖယ်ထားလိုက်မယ်ဆိုရင်.. အဲဒီ ခွန်လွင်အရှင်ရဲ့ စွမ်းအားက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘယ်ထိပ်သီးဂိုဏ်းကြီးထက်မဆို ပိုပြီး ကြောက်စရာကောင်းတယ်”

“ဘာပဲပြောပြော.. သူ့ရဲ့ ခွန်အားကို ခေတ်အဆက်ဆက် ကျစ်လစ်ခိုင်မာအောင် လုပ်လာခဲ့တာပဲ”

နန်းကြည်က ပြောလိုက်၏။

“ခွန်လွင်အပျက်အစီးနယ်မြေမှာ ပုန်ကန်သူတွေလည်း ရှိနေတယ်ဆိုတော့…”

အဆုံးစွန်မီးက ဆက်ပြောလိုက်၏။

“ကြည့်ရတာတော့.. ပုန်ကန်သူ စစ်တပ်ရဲ့ ခွန်အားကလည်း အားမနည်းလောက်ဘူး.. ခွန်လွင်အရှင်တောင်မှ ဒီလောက်ထိ ကြီးမားတဲ့ အင်အားတစ်ရပ်ကို စုဖွဲ့ထားရတယ်ဆိုတော့…”

“အဲဒီ ပုန်ကန်သူခေါင်းဆောင်က ခွန်လွင်အရှင်လို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး တစ်ယောက်ကိုတောင် ဆန့်ကျင်တိုက်ခိုက်နိုင်ပြီး သူ့ကို ကောင်းကောင်းအခက်တွေ့စေတယ်ဆိုတော့… “

“ဟမ့်”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။ အဲဒါက ဖြစ်နိုင်ချေတစ်ခု ဖြစ်၏။

“ဖြစ်နိုင်တာက….”

All Chapters