← Chapters

နတ်ဘုရားကုန်းမြေတိုက်

Vol. 101 Ch. 1508

နတ်ဘုရားကုန်းမြေတိုက်

Vol. 101 Ch. 1508

“ဒီတောင်ကြားက...”

နန်းကြည်သည် သူမ၏ ခေါင်းကို အနည်းငယ်လှည့်ပြီး တီးတိုးရေရွတ်လိုက်၏ ။

“နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားလို့ ခေါ်တဲ့ တောင်ကြားတစ်ခုရှိတယ်လို့ ခွန်လွင်အရှင်ပြောတာ ကြားမိတယ်...အဲ့ဒါက ဒီနေရာများဖြစ်နေမလား”

“ဖြစ်နိုင်လောက်တယ်”

အဆုံးစွန်မီးက ခေါင်းညိတ်ပြလိုက်၏။

သူတို့သုံးယောက်၏ အကြည့်က သက်တံ့ရောင်လိုဏ်ဂူထဲကနေ လျှောက်လှမ်းထွက်လာနေသော လူတစ်ချို့ပေါ်ရောက်ရှိသွား၏။

သူတို့၏ သွင်ပြင်လက္ခဏာများက အရမ်းကို သိသာထင်ရှားလေသည်။

သူတို့က ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိပြီး အရပ်အမောင်းမြင့်မားကာ ရုပ်ရည်ချောမောကြလေသည်။

နတ်ဘုရားမျိုးနွယ်...

သူတို့သုံးယောက်သည် အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်မှုကို တွေ့မြင်လိုက်ကြရ၏။

ပန်းချီကားက ရိုးရှင်း၍ သာမန်သာဖြစ်ပြီး အဲ့ဒါကိုသာဖော်ပြထားလေသည်။

သို့သော်လည်း ပန်းချီကား၏ အောက်ဘက်တွင် သေးငယ်သော စာတစ်ကြောင်းကို ရေးထိုးထား၏။

ဆူဇီမိုသည် အလိုလိုကြည့်၍ တီးတိုးရေရွတ်လိုက်၏။

“နတ်ဘုရားကုန်းမြေတိုက်”

“အဲ့ဒါဘာအဓိပ္ပါယ်လဲ”

အဆုံးစွန်မီးနှင့် နန်းကြည်က တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။

သူက တီးတိုးရေရွတ်ရင်း ရှေ့သို့ လျှောက်လှမ်းကာ ဒုတိယမြောက်ပန်းချီကားကို ကြည့်လိုက်၏။

ဤပန်းချီကား၏ ပုံစံက သိသိသာသာ ပြောင်းလဲသွားလေပြီ။

အဲ့ဒါသည် တောင်ကြားထဲမျာပင် ရှိနေသေးသော်လည်း ထိုတောင်ကြားက သွေးများဖြင့်နီစွေးနေပြီး အလောင်းများစွာက တောင်ကြားထဲမှာ ပုံထပ်နေ၏။

ထိုအလောင်းများအားလုံးသည် နတ်ဘုရားမျိုးနွယ်များ၏ အလောင်းများဖြစ်၏။ နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အလောင်းများထက်တွင် ကြောက်စရာကောင်းသော သားရဲတောကောင်နှစ်ကောင် မတ်တတ်ရပ်နေပြီး သူတို့သည် သက်တံ့ရောင်ဖန်သားရှိရာဘက်သို့ ဟိန်းဟောက်နေကြ၏။

အဲ့ဒါက ပန်းချီကားတစ်ခုသာဖြစ်သော်လည်း သူတို့သုံးယောက်သည် ထိုသားရဲတောကောင်များ၏ ကြောက်စရာကောင်းသောအော်ရာကို ခံစားမိနိုင်ကြဆဲ ဖြစ်၏။ သူတို့သည် နံရံထဲကနေ ဖောက်ထွက်လာနိုင်သည့်အလား တုန်လှုပ်စရာကောင်းနေ၏။

သူတို့သုံးယောက်က တူန်လှုပ်သွားကြ၏။

အကြောင်းမှာ ကြောက်စရာကောင်းသော ထိုသားရဲတောကောင်များသည် ညဝိညာဥ်၏ အစစ်အမှန်ခန္ဓာနှင့် အတိအကျတူညီနေသောကြောင့်ပင်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက များစွာပိုမိုကြီးမားလေသည်။

သူတို့ထဲမှတစ်ကောင်သည် ခရမ်းရောင်ဖြစ်ပြီး အ​တော်လေးသွယ်လျလေသည်။

သူတို့ထဲမှတစ်ယောက်ကတော့ ရွှေရောင်ဖြစ်ပြီး အလွန်တရာ တုတ်ခိုင်သော ခန္ဓာကိုယ်ရှိလေသည်။

အဲ့ဒါက ကမ္ဘာဦးတဗူး ဟို့ ဖြစ်လေသည်။

ဒါ့အပြင်... အဲ့ဒီမှာ ဟို့နှစ်ကောင်ရှိလေသည်။

အထီးတစ်ကောင်နှင့် အမတစ်ကောင်...

အဆုံးစွန်မီးသည် ခဏမျှမှင်သက်သွားပြီးနောက် အံ့အားတသင့်ရေရွတ်လိုက်၏။

“ဘုရားရေ... ကမ္ဘာဦးခေတ်မှာတုန်းက တဗူးမျိုးနွယ်မှာ ဟို့နှစ်ကောင်ရှိခဲ့တာပဲ”

တောင်ကြား၏ အဆုံးသတ်၌ သက်တံ့ရောင်ဖြင့် တောက်ပနေသော လိုဏ်ဂူထဲကနေ နတ်ဘုရားမျိုးနွယ် သက်ရှိများက ထွက်လာနေကြဆဲ ဖြစ်၏။

နတ်ဘုရားမျိုးနွယ် သက်ရှိများသည် လိုဏ်ဂူထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ဟို့နှစ်ကောင်ရှိရာသို့ ပြေးဝင်နေကြ၏။

မြင်ကွင်းက အေးခဲရပ်တန့်သွား၏။

ပန်းချီကားက အသက်ဝင်လာလေသည်။ သူတို့သုံးယောက်သည် ၎င်း၏ရှေ့မှာ မတ်ရပ်လိုက်သောအခါ သူတို့သည် အချိန်မြစ်ကိုဆန်တက်၍ ကမ္ဘာဦးခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလား တိုက်ပွဲများကို ကိုယ်တိုင်တွေ့ကြုံနေရသလို ခံစားနေရလေသည်။

သို့သော်လည်း သူတို့၏ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာ၏။

ဆူဇီမိုက ငုံ့ကြည့်လိုက်၏။

ပန်းချီကား၏ အောက်ဘက်တွင် သေးငယ်သောစာတစ်ကြောင်း ရှိနေပြန်လေသည်။

“နတ်ဘုရားမျိုးနွယ် ကျူးကျော်ဝင်ရောက်လာခြင်း”

နန်းကြည်သည် ထိုစကားလုံးကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။

ဆူဇီမိုနှင့် အဆုံးစွန်မီးကလည်း အံအားသင့်မှင်တက်သွားကြ၏။

သူတို့နှစ်ယောက်သည် ပထမပန်းချီကားကို အလိုလိုပြန်လှည့်ကြည့်လိုက်ကြ၏။

ပန်းချီကားနှစ်ခုကို ချိတ်ဆက်ခြင်းကနေ ထွက်ပေါ်လာသော သတင်းအချက်အလက်က အရမ်းကို များပြားလေသည်။

ခဏမျှငြိမ်သက်နေပြီးနောက် အဆုံးစွန်မီးက ကြိုးစား၍ ပြောလိုက်၏။

“အဲ့ဒီနတ်ဘုရားကုန်းမြေတိုက်ဆိုတာက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးနဲ့ ဆင်တူတဲ့ တည်ရှိမှုနေရာတစ်ခု ဖြစ်နေမလား”

“ဖြစ်နိုင်လောက်တယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“စကြာဝဠာက အကန့်အသတ်မဲ့ပြီး ကျယ်ပြန့်တယ်... အဲ့ဒီမှာ ထျန်ဟွမ်ကုန်းမြေတိုက်လို လောကပေါင်းများစွာရှိနေလိမ့်မယ်”

တစ်နည်းအားဖြင့်ဆိုလျှင် နတ်ဘုရားမျိုးနွယ်သည် ထျန်ဟွန်ကုန်းမြေတိုက်ကြီး၏ မူလဇာစ်မြစ် မျိုးနွယ်ဝင်များ မဟုတ်ပေ။

သူတို့က အစစ်မှန်အပြင်လူများဖြစ်ကြ၏။

ထိုသို့ဖြင့် အချက်အလက်များစွာကို ရှင်းပြလာနိုင်၏။

နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ကျင့်ကြံမှုနည်းစနစ်များသည် ထျန်ဟွမ်ကုန်မြေတိုက်ကြီးရှိ အမျိုးမျိုးသော မျိုးနွယ်စုများနှင့် အလွန်တရာ ကွဲပြားလေသည်။

နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကို နိုးထစေပြီးနောက် သူဆို့သည် မျိုးဆက်သွေးနယ်မြေတစ်ခုကို အလိုလိုကျင့်ကြံလာနိုင်မည်ဖြစ်၏။

နတ်မိမယ်လင်းလုံ ချန်ထားရစ်ခဲ့သော မှတ်တမ်းများတွင် ကမ္ဘာဦးခေတ်မှာ ကမ္ဘာဦးမျိုးနွယ် ၈စု ရှိခဲ့ပြီး ထိုထဲတွင် နတ်ဘုရားမျိုးနွယ် မပါဝင်ကြောင်း ဖော်ပြထား၏။

အကြောင်းမှာ နတ်ဘုရားမျိုးနွယ်သည် အစတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ရှိမနေခဲ့သောကြောင့်ပင်။

ဆူဇီမိုသတ်ခဲ့သော နတ်ဘုရားမျိုးနွယ်အမျိုးသား၏ သိုလှောင်အိတ်ထဲရှိ ထူးဆန်းသောစာလုံးများသည် နတ်ဘုရားမျိုးနွယ်ဘာသာစကား ဖြစ်ရပေမည်။

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ မှတ်ဉာဏ်များထဲရှိ လောကသည် နတ်ဘုရားကုန်းမြေတိုက် ဖြစ်ပေလိမ့်မည်။

အဆုံးစွန်မီးသည် ဒုတိယမြော​က် ပန်းချီကားထဲရှိ သက်တံရောင်လိုဏ်ဂူကိုကြည့်ပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။

“အဲ့ဒါကိုကြည့်ရတာ... အဲ့ဒီလိုဏ်ဂူက ထျန်ဟွမ်းကုန်းမြေတိုက်နဲ့ နတ်ဘုရားကုန်းမြေတိုက်ကို ချိတ်ဆက်ပေးထားတဲ့ ဥမင်ဖြစ်လိမ့်မယ်... အဲ့ဒီနေရာကို ဖြတ်ကျော်ပြီးမှပဲ... နတ်ဘုရားမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်၍ ဆက်လက်ကြည့်ရှုလိုက်၏။

တတိယမြောက်ပန်းချီကားသည် နက်ရှိုင်းသော တောင်ကြားကို ဖော်ပြနေဆဲ ဖြစ်သော်လည်း အဲ့ဒီနေရာမှာ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိနေ၏။

ခရမ်းရောင်ဟို့နှင့် ရွှေရောင်ဟို့သည် တစ်ယောက်ကိုတစ်ယောက်မှီ၍ တောင်ကြားထိပ်မှာ ထိုင်နေကြ၏။

သူတို့နှစ်ယောက်သည် ဥတစ်လုံးကို တိတ်တဆိတ် ထွေးပိုက်ထားကြ၏။

တောင်ကြား၏ အခြားတစ်ဘက်၌ နတ်ဘုရားမျိုးနွယ် သက်ရှိများက ထိတ်လန့်တကြား ပြေးလွှားနေကြ၏။

တတိယမြောက်ပန်းချီကား၏ အောက်ဘက်တွင် သေးငယ်သောစာတစ်ကြောင်းရှိနေ၏။

“ဂမ္ဘီရဟို့တို့ရဲ့သား”

အဆုံးစွန်မီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီခရမ်းရောင်ဟို့က သားတစ်ယောက်ကိုမွေးဖွားပြီး ရွှေရောင်ဟို့က သူ့ကိုနေ့နေ့ညည စောင့်ရှောက်နေတဲ့ပုံပဲ... နတ်ဘုရားမျိုးနွယ်သက်ရှိတချို့က အဲ့ဒါကို အခွင့်ကောင်းကိုယူပြီး ဥမင်ကိုဖြတ်ကျော်ပြီးတော့ ထျန်ဟွမ်ကုန်းမြေတိုက်ထဲကို ကျူးကျော်ဝင်ရောက်လာကြတာပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဤပန်းချီကားများမှတစ်ဆင့် ကမ္ဘာဦးခေတ်၏ အ​ဖြစ်အပျက်များကို ချိတ်ဆက်ကြည့်နိုင်လေသည်။ သူတို့သုံးယောက်သည် ရှေ့သို့ဆက်တက်လာခဲ့ပြီး စတုတ္ထမြောက်ပန်းချီကားကို ကြည့်လိုက်ကြ၏။

နောက်ဆုံးမှာတော့ စတုတ္ထမြောက်ပန်းချီကားထဲတွင် တောင်ကြားကို မတွေ့မြင်ရတော့ပေ။ အဲ့ဒီမှာ များစွာသော သက်ရှိများကို ရေးဆွဲထား၏။ နတ်ဘုရားမျိုးနွယ် အပြင် နဂါးမျိုးနွယ် ၊ ခွန်မျိုးနွယ်နှင့် အခြားသော ကမ္ဘာဦးမျိုးနွယ်များသည် ထိုပန်းချီကားထဲတွင် ပါဝင်နေ၏။

ထိုမျှသာမက စတုတ္ထမြောက်ပန်းချီကားထဲမှာ ဂမ္ဘီရဟို့နှင့် မတိမ်းမယိမ်းမှာရှိသော အော်ရာများနှင့်အတူ နောက်ထပ်ကြောက်စရာကောင်းသော သားရဲတောကောင်နှစ်ကောင်ပါဝင်နေ၏။

တဗူးနဂါးဖီးနစ်...

တဗူးခွန်ဖန်း...

ကမ္ဘာဦးမျိုးနွယ်များစွာသည် စုစည်းမိနေကြပြီး နတ်ဘုရားမျိုးနွယ် သက်ရှိတချို့က သူတို့၏အလယ်မှာ မတ်တတ်ရပ်နေ၏။ နတ်ဘုရားမျိုးနွယ်သက်ရှိတချို့သည် ဘေးပတ်လည်ရှိ ကမ္ဘာဦးမျိုးနွယ်များ ၊ နဂါးဖီးနစ် ၊ ခွန်ဖန်းတို့နှင့် စကားပြောဆိုနေသည့်အလားပင်။

စတုတ္ထမြောက်ပန်းချီကား၏ အောက်ဘက်တွင်လည်း သေးငယ်သော စာကြောင်းတစ်ကြောင်းရေးထိုးထား၏။

“နတ်ဘုရားမျိုးနွယ်၏ သွေးထိုးလှုံ့ဆော်မှု”

ထိုနေရာအရောက်တွင် သူတို့သည်နောက်ထပ်ဆက်ကြည့်စရာမလိုပဲ ကိစ္စများစွာက ရှင်းလင်းသွားခဲ့လေပြီ။

ကမ္ဘာဦးခေတ်တုန်းက ဟို့သည် သွေးဆာရက်စက်၍ မောက်မာကောင်းမောက်မာခဲ့ပေလိမ့်မည်။ သူသည် ကမ္ဘာဦးမျိုးနွယ်များ၊ နဂါးဖီးနစ်နှင့် ခွန်ဖန်းတို့နှင့် အတိုက်အခံဖြစ်ခဲ့ကောင်း ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော်လည်း ကမ္ဘာဦးခေတ်စစ်ပွဲကို အမှန်တကယ်ဖြစ်စေခဲ့သူမှာ နတ်ဘုရားမျိုးနွယ် ဖြစ်လေသည်။

နတ်ဘုရားမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်ခြင်းသည် နောက်ထပ် လူမှုအဖွဲ့အစည်းတစ်ခု၏ ကျူးကျော်ဝင်ရောက်ခြင်းဖြစ်၏။ သူတို့ကို မတားဆီးနိုင်ခဲ့ဘူးဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ယဥ်ကျေးမှူအမွေအနှစ်သည် လုံးဝပျောက်ကွယ်သွားမည်ဖြစ်ပြီး အခြားသော မျိုးနွယ်စုများအားလုံးသည် နတ်ဘုရားမျိုးနွယ်၏ ကျွန်ပြုခြင်းကို ခံရပေလိမ့်မည်။

ဂမ္ဘီရဟို့သည် ဤကိစ္စက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ နားလည်ထားပြီး သူက နတ်ဘုရားမျိုးနွယ်ကို တားဆီးဖို့အတွက် ခွန်လွင်နယ်မြေကို စောင့်ကြပ်ခဲ့ခြင်းဖြစ်လေသည်။ သို့သော်လည်း ဂမ္ဘီရဟို့များက သားတစ်ယောက်ကို မွေးဖွားလိုက်သောကြောင့် နတ်ဘုရားမျိုးနွယ်သည် အဲ့ဒါကို အခွင့်ကောင်းယူကာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

သူတို့သည် ဂမ္ဘီရဟို့နှင့် စစ်ပွဲအကြီးအကျယ်ဖြစ်ပွားစေဖို့အတွက် အခြားသောတဗူးနှစ်ကောင်နှင့် ကမ္ဘာဦးမျိုးနွယ် ၈စု တို့ကို သွေးထိုးလှုံ့ဆော်ခဲ့လေသည်။ အဲ့ဒီနောက် ကမ္ဘာတုန်လောက်သော ကမ္ဘာဦးခေတ်စစ်ပွဲက ပေါ်ထွက်လာခဲ့၏။

နန်းကြည်၏ အမူအရာက အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ ကိုယ်ထဲတွင် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက စီးဆင်းနေ၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အကြီးကျယ်ဆုံးသော ကပ်ဆိုးကို ဖြစ်ပေါ်စေခဲ့ပြီး တဗူးသုံးမျိုးနှင့် မရေမတွက်နိုင်သော မျိုးနွယ်စုများကို သွယ်ဝိုက်၍ ဖျက်ဆီးခဲ့သူများမှာ သူမ၏ ဘိုးဘေးများဖြစ်နေလေသည်။

ပဉ္စမမြောက်ပန်းချီကား...

ပန်းချီကားထဲရှိမြင်ကွင်းက ခွန်လွင်တောင်ကြောရိုးပေါ်သို့ ရွေ့လျားသွားခဲ့လေပြီ။

ရွှေရောင်ဟို့အထီးသည် ခွန်လွင်တောင်ထွတ်ကို ကာကွယ်ခုခံပေးနေ၏။ သူ၏ ဦးဆောင်မှုအောက်တွင် သိပ်သည်းပြင်းထန်သော သားရဲချီများနှင့် ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ သားရဲတောကောင်လေးကောင်ရှိနေ၏။

သားရဲတောကောင်လေးကောင်၏ အောက်ဘက်တွင် မရေမတွက်နိုင်သော သတ္တဝါများရှိနေကြ၏။

ထောင်နှင့်ချီသော မျိုးနွယ်စုများကြားမှာ သူတို့ထဲမှများစွာက ဂမ္ဘီရဟို့ဘက်ကနေ ရပ်တည်ခဲ့ကြ၏။

ဆူဇီမို၏ အကြည့်က အနည်းငယ်သိပ်သည်းကျစ်လျစ်သွားပြီး သူ၏အကြည့်သည် ဂမ္ဘီရဟို့၏ ဦးဆောင်မှုအောက်ရှိ သားရဲတောကောင်တစ်ကောင်ပေါ်သို့ ဆင်းသက်သွား၏။

ဤသားရဲတောကောင်က တစ်မူထူးခြားလေသည်။

၎င်းသည် ဆိတ်တစ်ကောင်၏ ခန္ဓာကိုယ် ၊ လူတစ်ယောက်၏ မျက်နှာ ၊ ၎င်း၏ ချိုင်းအောက်ဘက်ရှိ မျက်လုံးတစ်စုံ ၊ ကျားတစ်ကောင်၏ သွားများနှင့် လူသားတစ်ယောက်၏ လက်များရှိလေသည်။ ၎င်းက တစ်ကိုယ်လုံး အညိုရောင်သန်းနေပြီး ၎င်း၏ ပါးစပ်ပေါက်က အလွန်တရာကြောက်စရာကောင်းကာ ၎င်း၏ ဦးခေါင်းနောက်ဘက်နီးပါးထိပြန့်ကားနေ၏။ ၎င်းသည် သက်ရှိသန်းပေါင်းများစွာကို ဝါးမျိုပစ်နိုင်သည့်အလားပင်။

“ငါသိပြီ”

ဆူဇီမိုက ထိုသားရဲတောကောင်ကို လက်ညိုးထိုးပြီး ရုတ်တရက်ပြောလိုက်လေသည်။

“ခွန်လွင်အရှင်က ထောင်ထျဲတစ်ကောင်ဖြစ်လိမ့်မယ်... ဒီထောင်ထျဲက ခွန်လွင်အရှင်ရဲ့ ဘိုးဘေးဖြစ်လိမ့်မယ်”

ထောင်ထျဲသည် အလွန်တရာအစားကြူးပြီး အရာရာတိုင်းကို ဝါးမျိုနိုင်လေသည်။

ဒဏ္ဍာရီအရ ထောင်ထျဲသည် ထကြွသောင်းကျန်းလာသောအခါ ၎င်းသည် ကမ္ဘာဦးမျိုးနွယ်ဝင်များကိုပင် စားသောက်ရဲလေသည်။

ဒါ့အပြင် ထောင်ထျဲက အလွန်တရာအစားကြူးလေသည်။

နဂါးမျိုးနွယ်နှင့် ခွန်မျိုးနွယ်ကဲ့သို့ ကမ္ဘာဦးမျိုးနွယ်များပင်လျှင် သူ၏အစားကြီးမှုကို မယှဥ်နိုင်ပေ။

ကမ္ဘာဦးခေတ်မှာတုန်းက နာမည်ဆိုးဖြင့် ကျော်ကြားသော ထောင်ထျဲသည် ကမ္ဘာဦးမျိုးနွယ်များထက် သေချာပေါက် အားမနည်းပေ။ သူတို့၏အရေအတွက်က နည်းပါးလွန်းသောကြောင့်သာမဟုတ်လျှင် ထောင်ထျဲမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်များကြားမှာ အဆင့်အတန်းတူစွာ ရပ်တည်နိုင်ပေလိမ့်မည်။

All Chapters