ကာကွယ်စောင့်ရှောက်သူများ
Vol. 101 Ch. 1509
ပဉ္စမမြောက်ပန်းချီကားမှာ ရွှေရောင်ဟို့သည် မျိုးနွယ်စုတစ်သောင်းကို ဦးဆောင်ပြီး ကမ္ဘာဦးမျိုးနွယ် ၈စုနှင့် အခြားသော မျိုးနွယ်ဝင်များစွာပါဝင်သည့် ကြီးမားသော စစ်တပ်ကြီးတစ်တပ်ကို ဦးဆောင်လာသော နဂါးဖီးနစ်နှင့် ခွန်ဖန်းတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထား၏။
အဲ့ဒါက ပန်းချီကားတစ်ချပ်သာဖြစ်သော်လည်း ၎င်းသည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ ခမ်းနားထည်ဝါသော မြင်ကွင်းကို ထင်ရှားစွာပြသပေးထား၏။
သူတို့သုံးယောက်စလုံးသည် နယ်မြေဒေသတစ်ခုကို အုပ်စိုးနိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။ ဒါ့အပြင် ဆူဇီမိုသည် သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတားဖြစ်ပြီး အဆင့်တူခြင်းမှာသာမက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကိုပင် ဖိနှိမ်နိုင်လေသည်။
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်မလာသေးသရွေ့ မည်သူမဆို သူ့ကိုဆန့်ကျင်တိုက်ခိုက်နိုင်ဖို့ ခက်ခဲလေသည်။
သို့သော်လည်း သူတို့သုံးယောက်သည် ခမ်းနားထည်ဝါသော ထိုစစ်မြေပြင်နှင့် တွေ့ဆုံရစဥ်မှာပင် ပုရွက်ဆိတ်များကဲ့သို့ သေးငယ်သွားသည်ဟု ခံစားရ၏။
ဤကဲ့သို့သော စစ်မြေပြင်မှာ သူတို့က သာမန်လူများသာ ဖြစ်နေပေလိမ့်မည်။
တိုက်ပွဲစတင်ဖြစ်ပွားသည်နှင့် သူတို့က နစ်မြုပ်သွားနိုင်လေသည်။
“ဘာလို့လဲ... ဂမ္ဘီရဟို့က အဲ့ဒါကို ဘာလို့ ရှင်းမပြခဲ့တာလဲ”
နန်းကြည်အနေဖြင့် ယခုအချိန်မှာ အဲ့ဒါကို လက်ခံဖို့ ခက်ခဲနေဆဲ ဖြစ်၏။
“အထင်အမြင်သေးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်”
ဆူဇီမိုက ပန်းချီကားထဲတွင် သူ၏ ခေါင်းကို မော့ပြီး ခွန်လွင်တောင်ထိပ်မှာ မတ်တတ်ရပ်နေသော ပုံရိပ်ကို ကြည့်လိုက်၏။ ကမ္ဘာဦးမျိုးနွယ် ၈စု ၏ စစ်တပ်နှင့်အတူ နဂါးဖီးနစ်နှင့် ခွန်ဖန်းကဲ့သို့ တဗူးနှစ်ကောင်နှင့် ရင်ဆိုင်နေရချိန်မှာတောင် သူက အကြောက်အလန့်ကင်းမဲ့နေဆဲ ဖြစ်၏။
ပန်းချီကားက အလွန်တရာအသက်ဝင်လေသည်။
တကယ်ဆို... ရွှေရောင်ဟို့၏ မျက်လုံးထဲမှာ မာန်မာန ၊ အထင်အမြင်သေးမှု ၊ အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ် တို့ကို အတိုင်းသားမြင်နိုင်လေသည်။
အဆုံးစွန်မီးကလည်း သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“အဲ့ဒီအချိန်တုန်းက တင်းမာနေတဲ့ အခြေအနေတွေအရ အဲ့ဒီကိစ္စကို စကားလုံးအနည်းငယ်နဲ့ ရှင်းပြဖို့က မဖြစ်နိုင်ဘူး”
ပဉ္စမမြောက်ပန်းချီကား၏ အောက်မှာ စာလုံးအချို့ ရေးထိုးထား၏။
“ကမ္ဘာဦးစစ်ပွဲ”
ရုတ်တရက် အဆုံးစွန်မီးက မျက်မှောင်ကြုတ်လိုက်၏။
“ထူးဆန်းတယ်... ဒီပန်းချီကားမှာ ခရမ်းရောင်ဟို့က ဘာလို့မပါတာလဲ...အဲ့ဒီပန်းချီဆရာရဲ့ ပန်းချီပညာအရဆို သူက ဒီလိုမျိုးအမှားတစ်ခုကို ပြုလုပ်မိစရာ အကြောင်းမရှိဘူး”
ဆူဇီမိုသည် ဆဋ္ဌမမြောက် ပန်းချီကားကို အလိုလိုကြည့်လိုက်၏။
ဆဋ္ဌမမြောက်ပန်းချီကားက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားကို နောက်ခံပြုထား၏။
ထိုတောင်ကြားမှာ သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ သားရဲတောကောင်တစ်ကောင်ရှိနေ၏။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျောပေးပြီး သက်တံရောင်လိုဏ်ဂူကို မျက်နှာမူကာ ဒေါသတကြီး ဟိန်းဟောက်နေ၏။
ထိုသားရဲတောကောင်က ခရမ်းရောင်ဟို့အမဖြစ်လေသည်။
မရေမတွက်နိုင်သော နတ်ဘုရားမျိုးနွယ်ဝင်များသည် ထိုလိုဏ်ဂူထဲကနေ တလိပ်လိပ်ထွက်လာနေကြ၏။
သူတို့ထဲမှအချို့သည် ရွှေရောင်အလင်းဖြင့်တောက်ပနေသော သိပ်သည်းလေးလံသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားကြ၏။
သူတို့ထဲမှအချို့သည် အတောင်ပံပါရှိသည့် ဧရာမပုတ်သင်များနှင့်ဆင်တူသော နတ်နဂါးများကို စီးနင်းလာကြ၏။
သူတို့ထဲမှအချို့သည် မြင့်မား၍ ချပ်ဝတ်တန်ဆာ ဆင်ယင်ထားသော မြင်းများကို စီးနင်းပြီး လှံတံများကို ကိုင်ဆွဲထားကြ၏။
အဲ့ဒါက နတ်ဘုရားမျိုးနွယ်၏ စစ်တပ်တစ်တပ်ဖြစ်၏။
ယခင်က နတ်ဘုရားမျိုးနွယ်သည် အကဲစမ်းနေခဲ့ခြင်းမျှသာဖြစ်၏။
ဤတစ်ခေါက်မှာတော့... နတ်ဘုရားမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို အမှန်တကယ် ကျူးကျော်စစ် ဆင်နွှဲလာခဲ့၏။
ရှေ့ကနေ ဦးဆောင်လာသော နတ်ဘုရားမျိုးနွယ် ပညာရှင်များသည် ကြောက်စရာကောင်းသော အော်ရာများရှိပြီး ပန်းချီကားကနေပင်လျှင် သူတို့သုံးယောက်ကို မွန်းကျပ်ဖွယ်ရာခံစားရစေ၏။
ထိုလူများက နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်များဖြစ်ကြ၏။
ဒါ့အပြင် သူတို့က တစ်ယောက်မကပေ။
ဤပန်းချီကား၏ အောက်ဘက်မှာလည်း ပဉ္စမမြောက် ပန်းချီကားကဲ့သို့ တူညီသောစာသားရှိနေ၏။
“ကမ္ဘာဦးစစ်ပွဲ”
“ငါသိပြီ”
အဆုံးစွန်မီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“နဂါးဖီးနစ် ၊ ခွန်ဖန်းနဲ့ ကမ္ဘာဦးမျိုးနွယ် ၈စုက ခွန်လွင်ဒေသကို ကမ္ဘာဦးစစ်ပွဲ လာဆင်နွှဲနေတဲ့အချိန်မှာပဲ နတ်ဘုရားမျိုးနွယ်ကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကျူးကျော်စစ်လာဆင်နေခဲ့ကြတာပဲ”
“လူတိုင်းက ခွန်လွင်ဒေသအပြင်ဘက်မှာရှိတဲ့ ကမ္ဘာတုန်လောက်ဖွယ်ရာတိုက်ပွဲအကြောင်းကိုပဲ သိခဲ့ကြတယ်... ဒါပေမဲ့ ခွန်လွင်ဒေသရဲ့ အနက်ပိုင်းထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျောပေးပြီး နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကို ကာကွယ်ပိတ်ဆို့ပေးနေတဲ့ ဂမ္ဘီရဟို့တစ်ကောင်ရှိနေခဲ့တာကို သူတို့မသိခဲ့ကြဘူး... သူက ခွန်လွင်ဒေသကို ကာကွယ်ဖို့အတွက် နတ်ဘုရားမျိုးနွယ် စစ်တပ်နဲ့ တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်”
“အဲ့ဒါက အစစ်အမှန် ကမ္ဘာဦးစစ်ပွဲပဲ”
သူတို့သုံးယောက်သည် အရာရာတိုင်းကို ငေးငိုင်စွာကြည့်နေရင်း ဘာကြောင့်ရယ်မသိ သူတို့၏ မျက်လုံးများက နီရဲလာ၏။
သမိုင်းတစ်လျှောက်တွင် တစ်ကမ္ဘာလုံးက ဂမ္ဘီရဟို့ကို အထင်အမြင်လွဲမှားနေခဲ့ကြ၏။
ဂမ္ဘီရဟို့က တဗူးတစ်ကောင်ဖြစ်၏။ သို့သော်လည်း သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားမဟုတ်ပဲ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကာကွယ်ပေးခဲ့သည့် အစစ်အမှန် နတ်ဘုရားတစ်ပါးဖြစ်လေသည်။
ဂမ္ဘီရဟို့နှစ်ကောင်က ခွန်လွင်ဒေသကို ခုခံကာကွယ်ပေးခဲ့ခြင်းမရှိလျှင် ထျန်ဟွမ်းကုန်းမြေတိုက်ကြီးမှာ ဘာတွေဖြစ်လာခဲ့မလဲ သူတို့သုံးယောက်က စဥ်းစားမကြည့်နိုင်ပေ။
ပန်းချီကားနှစ်ချပ်ရှေ့မှာ အတန်ကြာအောင် မတ်တတ်ရပ်နေပြီးမှ သူတို့သုံးယောက်သည် ရှေ့သို့ဆက်တက်ကာ သတ္တမမြောက် ပန်းချီကားရှေ့သို့ ရောက်ရှိလာကြ၏။
သတ္တမမြောက် ပန်းချီကားထဲကနေ အဲ့ဒါသည် ကမ္ဘာဦးခေတ်စစ်ပွဲအဆုံးသတ်ခဲ့ပုံကို အကြမ်းဖျင်း ဖော်ပြထား၏။
ခွန်လွင်တောင်ကျောရိုးသည် အပျက်အစီးပုံဘဝသို့ ကျရောက်သွား၏။ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး ကောင်းကင်ထက်မှာ သွေးများက နီစွေးနေ၏။
တောင်တန်းများနှင့် မြစ်များက ပြိုကျသွားပြီး မိုးကောင်းကင်က ထိုးဖောက်ခံရကာ ကြယ်များက ပျက်စီးနေ၏။
အဲ့ဒါက ချောက်ချားစရာ.. ဝမ်းနည်းစရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားတွင် နတ်ဘုရားမျိုးနွယ်၏ မရေမတွက်နိုင်သော အလောင်းများက ပုံထပ်နေ၏။
သက်တံရောင်လိုဏ်ဂူထဲကနေ မည်သည့်နတ်ဘုရားမျိုးနွယ်မှ ထပ်မံ၍ ထွက်မလာတော့ပေ။
ခရမ်းရောင်ဟို့သည် နတ်ဘုရားမျိုးနွယ်၏ မရေမတွက်နိုင်သော အလောင်းများကြားမှာ ခြေပစ်လက်ပစ် လဲကျနေ၏။ သူသည် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူ၏အသက်ဓာတ်အားက အလျင်အမြန်လျော့ကျလာနေသော်လည်း သူ၏မှေးမှိန်နေသော မျက်လုံးများက လိုဏ်ဂူပေါက်ဝကို အားမလျှော့စတမ်း စိုက်ကြည့်နေဆဲ ဖြစ်၏။
ရွှေရောင်ဟို့က ရှုံးနိမ့်သွားပြီး နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဆီသို့ ပြန်လည်ဆုတ်ခွာလာခဲ့ပြီဖြစ်ကာ ခရမ်းရောင်ဟို့နှင့် ရင်ဘောင်တန်းရပ်နေ၏။
နဂါးဖီးနစ်နှင့် ခွန်ဖန်းတဗူးတို့သည် ကမ္ဘာဦးမျိုးနွယ် ၈စု ကို ထားရစ်ခဲ့ပြီး ရွှေရောင်ဟို့နောက်သို့ ပြေးလိုက်လာခဲ့ကြ၏။ ဤနေရာသို့ ရောက်ရှိလာပြီးနောက် သူတို့သည် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ ဖြစ်ပျက်နေသည့်မြင်ကွင်းကို တွေ့မြင်သွားလေသည်။
တဗူးနှစ်ကောင်သည် အရာရာတိုင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့၏။
တဗူးနှစ်ကောင်းစလုံးသည် ဂမ္ဘီရဟို့နှစ်ကောင်ရှေ့မှာ နောင်တရစွာဖြင့် သူတို့၏ ခေါင်းများကို ငုံ့ထားကြ၏။
သို့သော်လည်း ကမ္ဘာဦးခေတ်စစ်ပွဲကို ပြန်လည်ပြင်ဆင်၍ မရတော့ပေ။
သူတို့နှစ်ယောက်စလုံးသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ကူကယ်ရာမဲ့နေခဲ့၏။
ဤတိုက်ပွဲက သူတို့၏ အသက်များအားလုံးကို အားအင်ကုန်ခန်းသွားစေခဲ့၏။
တိုက်ပွဲ၏ အဆုံးသတ်မှာပင် ခရမ်းရောင်ဟို့သည် လုံးဝနောက်ဆုတ်ခြင်းမရှိပဲ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ နတ်ဘုရားမျိုးနွယ် သက်ရှိများအားလုံးကို သတ်ဖြတ်ခဲ့လေသည်။
သတ္တမမြောက်ပန်းချီကား... တဗူးများသေဆုံးခြင်း...
နဂါးဖီးနစ် ၊ ခွန်ဖန်းနှင့် ဂမ္ဘီရဟို့နှစ်ကောင်သည် ဤတိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြ၏။
ဂမ္ဘီရဟို့နှစ်ကောင်က သေဆုံးသွားခဲ့၏။
အဲ့ဒီနောက်... မကြာခင် နဂါးဖီးနစ်နှင့် ခွန်ဖန်းသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သောကြောင့် သူတို့၏ ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ကျရှုံးသွားပြီး လောင်ကျွမ်းပြာကျသွားကြ၏။
နဂါးဖီးနစ်သည် သူ မသေခင်မှာ နောင်တများဖြင့် ပြည့်နှက်နေခဲ့ကြောင်း မီးပဒေသာနဂါးမဟာအကြီးအကဲက သူ့ကိုတစ်ခါ ပြောပြခဲ့ဖူးပြီး အကြောင်းရင်းကို ဆူဇီမိုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။
ထိုနောင်တသည် ဤတိုက်ပွဲကနေ ရရှိလာခဲ့သော သူ၏ ဒဏ်ရာများကြောင့် မဟုတ်ပေ။
အဲ့ဒါသည် နဂါးဖီးနစ်က ဂမ္ဘီရဟို့နှစ်ကောင်အပေါ် အပြစ်ရှိသလို ခံစားနေခဲ့ရသောကြောင့်ဖြစ်၏။
ကမ္ဘာဦးစစ်ပွဲကို နတ်ဘုရားမျိုးနွယ်က သွေးထိုးလှုံ့ဆော်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်း ဤဖြစ်ရပ်မှာ နဂါးဖီးနစ်နှင့် ခွန်ဖန်းသည်လည်း ကိုယ်ကျိုးရှာလိုစိတ် မရှိခဲ့သည်တော့ မဟုတ်ပေ။
ကမ္ဘာဦးခေတ်မှာတုန်းက သူတို့နှစ်ယောက်နှင့်အတူ ဂမ္ဘီရဟို့နှစ်ကောင်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အသန်မာဆုံး တည်ရှိမှုများဖြစ်ခဲ့၏။ နဂါးဖီးနစ်နှင့် ခွန်ဖန်းသည် သူတို့နှစ်ယောက်အပေါ် စိုးရိမ်ပူပန်နေခဲ့ပေမည်။
သူတို့နှစ်ယောက်မှာ ဂမ္ဘီရဟို့နှစ်ကောင်ကို ဖိနှိမ်ချင်မည့်အတွေး ရှိခဲ့ကောင်းရှိခဲ့ပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် သူတို့သည် နတ်ဘုရားမျိုးနွယ်၏ သွေးထိုးလှုံ့ဆော်ခြင်းမှာ နားယောင်သွားခဲ့ပြီး ကမ္ဘာဦးစစ်ပွဲကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
ဆူဇီမိုက သရော်လိုသည့်ဟန်ဖြင့် ရယ်မောလိုက်၏။
“တော်တော်သနားစရာကောင်းတဲ့ ဂမ္ဘီရဟို့နှစ်ကောင်ပဲ... သူတို့က ခွန်လွင်ဒေသနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကာကွယ်ပေးခဲ့တာတောင် နောက်ဆုံးမှာတော့ သူတို့က တစ်ကမ္ဘာလုံးရဲ့ အထင်အမြင်လွဲခြင်းကို ခံခဲ့ရတယ်”
“အဆိုးဝါးဆုံးအရာကတော့ သူတို့ရဲ့ မျိုးဆက်ကတောင် နောက်ပိုင်းမျိုးဆက်တွေရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ အမဲလိုက်ခြင်းကိုခံရပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သေလုနီးပါးဖြစ်ခဲ့ရတယ်”
“အဲ့ဒါတွေအားလုံးက နတ်ဘုရားမျိုးနွယ်ကြောင့်ပဲ”
အဆုံးစွန်မီးသည် သူ့မျက်လုံးထဲရှိ လျှံတက်လာသော အမျက်ဒေါသနှင့်အတူ မုန်းတီးစွာဖြင့် ပြောလိုက်၏။
နန်းကြည်က ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
သူမသည် ကမ္ဘာဦးခေတ်စစ်ပွဲနှင့် ဘာမှမပတ်သက်သော်လည်း သူမ၏ ကိုယ်ထဲတွင် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက လှည့်ပတ်စီးဆင်းနေ၏။
သူမသည် ညဝိညာဥ်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးအပေါ် အပြစ်ရှိသလိုခံစားရလေသည်။
သူတို့သုံးယောက်သည် ရှေ့သို့ဆက်တက်ပြီး အဋ္ဌမမြောက် ပန်းချီကားရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။
အဲ့ဒါက နောက်ဆုံး ပန်းချီကားလည်းဖြစ်၏။
ခွန်လွင်အပျက်အစီးဒေသ၏ အထက်တွင် ရွှေရောင်ဟို့နှင့် ခရမ်းရောင်ဟို့သည် သူတို့၏ နောက်ဆုံး ထွက်သက်များကို လောင်ကျွမ်းစေပြီး ခွန်လွင်ဒေသတစ်ခုလုံးကို လွှမ်းခြုံစေမည့် ကျိန်းစပ်နေသော အလင်းများကို ထုတ်ဖော်ခဲ့ကြ၏။
ဂမ္ဘီရဟို့နှစ်ကောင်သည် နက်ရှိုင်းသော နှမြောတမ်းတစိတ်နှင့် စိုးရိမ်ပူပန်မှုတို့နှင့်အတူ မလှမ်းမကမ်းတွင်ရှိသော ဂမ္ဘီရဟို့ဥကို ကြည့်နေခဲ့ကြ၏။
အဋ္ဌမမြောက် ပန်းချီကား၏ အောက်ဘက်တွင် ‘ခွန်လွင်အဟန့်အတား’ဟူသော စာလုံးကို ရေးထိုးထားလေသည်။
ထိုနေရာအရောက်တွင် ဆူဇီမို၏ မျက်လုံးထဲမှာ နားလည်သဘောပေါက်ခြင်းက ထင်ဟပ်လာ၏။
နောက်ဆုံးမှာ ခွန်လွင်အဟန့်အတား၏ ဇာစ်မြစ်ကို သူက နားလည်သဘောပေါက်သွားခဲ့၏။
နောက်ဆုံးမှာ သူသည် ထိုအဟန့်အတားတည်ရှိနေရခြင်း၏ အကြောင်းအရင်းကို နားလည်သဘောပေါက်သွားခဲ့၏။
တစ်ဘက်မှာတော့ ခွန်လွင်အဟန့်အတားသည် သက်တံရောင်လိုဏ်ဂူကို ချိပ်ပိတ်ပြီး နတ်ဘုရားမျိုးနွယ်များ နောက်တစ်ဖန်ကျူးကျော်ဝင်ရောက်လာခြင်းကို တားဆီးဖို့ဖြစ်၏။
အခြားတစ်ဘက်မှာတော့ အဲ့ဒါသည် ညဝိညာဥ်ကို ကာကွယ်ဖို့ဖြစ်၏။
ခွန်လွင်အဟန့်အတားတည်ရှိနေခြင်းနှင့်အတူ ခွန်လွင်အပျက်အစီးနယ်မြေက သီးခြားနေရာတစ်ခုဖြစ်လာပေလိမ့်မည်။
အပြင်ဘက်ရှိလူများက အထဲသို့ မဝင်ရောက်နိုင်သလို အထဲမှာရှိသော လူများကလည်း အပြင်သို့ မထွက်နိုင်ကြပေ။
ကမ္ဘာဦးမျိုးနွယ်များအနေဖြင့် ခွန်လွင်အပျက်အစီးနယ်မြေသို့ ဝင်ရောက်လာဖို့ ပို၍ပင် မဖြစ်နိုင်ပေ။
ကမ္ဘာဦးခေတ်စစ်ပွဲကနေ ကျန်ရစ်ခဲ့သောမျိုးနွယ်စုများသည် ဂမ္ဘရဟို့နှစ်ကောင်၏ နောက်လိုက်ငယ်သားများ ဖြစ်ခဲ့ကြလေသည်။ ညဝိညာဥ်သည် ဤကဲ့သို့ပတ်ဝန်းကျင်တစ်ခုမှာ ဘေးကင်းလုံခြုံစွာ ကြီးထွားနိုင်ပြီး တဗူးတစ်ကောင်ဖြစ်လာပေလိမ့်မည်။
ညဝိညာဥ်အနေဖြင့် သူကကြီးထွားလာပြီး ခွန်လွင်အပျက်အစီးနယ်မြေ၏ ယခင်အင်အားများကို စုစည်းကာ ခွန်လွင်အရှင်တစ်ပါး ဖြစ်လာနိုင်ပေလိမ့်မည်။