← Chapters

ဂမ္ဘီရ ဟို့တို့၏ သား

Vol. 101 Ch. 1510

ဂမ္ဘီရ ဟို့တို့၏ သား

Vol. 101 Ch. 1510

ဂမ္ဘီရ ဟို့နှစ်ကောင်သည် ပင်ပန်းဆင်းရဲခံစွာ အားထုတ်ခဲ့ပြီး သူတို့က သေရမည်ဆိုလျှင်တောင် နတ်ဘုရားမျိုးနွယ်နှင့် ညဝိညာဉ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့၏။ ထို့ကြောင့်ပင်လျှင် သူတို့၏ အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး ခွန်လွင်အဟန့်အတားကို ချန်ထားရစ်ခဲ့ကြခြင်းဖြစ်၏။

ကံဆိုးစွာနှင့်.. သေလောက်အောင် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုနှင့်အတူ နတ်မိမယ်လင်းလုံသည် ခွန်လွင်အပျက်အစီးနယ်မြေသို့ ဝင်ရောက်လာခဲ့ပြီး ညဝိညာဉ်ကို ခေါ်ဆောင်သွားခဲ့၏။ နတ်မိမယ်လင်းလုံက သူ့ကို လင်းလုံလျှို့ဝှက်ကုန်းမြေမှာ ချထားခဲ့လေသည်။

ညဝိညာဉ်သည် ဒီဘက်မျိုးဆက်မှာ ခွန်လွင်ဒေသသို့ ပြန်လည်ရောက်ရှိလာသောအခါ ခွန်လွင်အပျက်အစီးနယ်မြေက သူ၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်၍ မရှိတော့ပေ။

ဆူဇီမိုသည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ ပန်းချီကား ရှစ်ချပ်ကို ကြည့်ပြီး အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ပန်းချီကား ရှစ်ချပ်သည် သံသယများ အားလုံးကို ပြေလည်စေပြီး ကမ္ဘာဦးခေတ် စစ်ပွဲ၏ လျှို့ဝှက်ချက်များ အားလုံးကို ထုတ်ဖော်ပြသပေးနေ၏။

သို့သော်လည်း.. ပန်းချီကား ရှစ်ချပ်သည် ထိုတိုက်ပွဲ၏ ဝမ်းနည်းကြေကွဲစရာကောင်းသော နောက်ဆက်တွဲများကို ဖော်ပြထားခြင်း မရှိပေ။

ဤပန်းချီဆရာ၏ မဟာစုတ်ချက်များကြောင့်သာ မဟုတ်လျှင်.. သူတို့သည် ဤအပျက်အစီးနယ်မြေသို့ ရောက်ရှိလာပြီး ဤပန်းချီကား ရှစ်ချပ်ကို မြင်တွေ့ရခြင်းကြောင့်သာ မဟုတ်လျှင်.. ကမ္ဘာဦးခေတ် စစ်ပွဲ၏ အမှန်တရားကို ဘယ်သူကများ သိနိုင်ပါတော့မလဲ။

“ဂမ္ဘီရ ဟို့နှစ်ကောင်က နတ်ဘုရားမျိုးနွယ်ကို အရိုးထိတိုင် မုန်းတီးနေလိမ့်မယ်.. အဲဒါကြောင့်ပဲ သူတို့က ခွန်လွင်အဟန့်အတားမှာ ဒီလိုမျိုး သတ်ဖြတ်လိုစိတ်နဲ့ မကျေမချမ်းမှုတွေကို ချန်ထားရစ်ခဲ့တာပဲ”

နန်းကြည်က ညိုးငယ်စွာဖြင့် ပြောလိုက်၏။

ဆူဇီမိုနှင့် အဆုံးစွန်မီးနှင့် မတူဘဲ နန်းကြည်သည် ပန်းချီကား ရှစ်ချပ်ကို ကြည့်ရှုပြီးနောက်.. အလွန်တရာ ဆိုးဆိုးဝါးဝါး ခံစားနေရကာ သူမကိုယ်သူမ အဆက်မပြတ် အပြစ်တင်နေမိ၏။

သူမသည် နောက်နောင်.. ညဝိညာဉ်နှင့် ဆူဇီမိုကို ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့ပေ။

ကမ္ဘာဦးစစ်ပွဲကို ဖြစ်ပေါ်စေခဲ့သည်က သူမ၏ ဘိုးဘေးများ ဖြစ်လေသည်။

ညဝိညာဉ်၏ မိဘများက သွယ်ဝိုက်၍ သတ်ဖြတ်ခံခဲ့ရ၏။

မရေမတွက်နိုင်သော မျိုးနွယ်စုများက သွယ်ဝိုက်၍ သတ်ဖြတ်ခံခဲ့ရ၏။

မရေမတွက်နိုင်သော အပြစ်မဲ့သက်ရှိများသည် ဤအပျက်အစီးနယ်မြေမှာ မြုပ်နှံခံခဲ့ရ၏။

တကယ်ဆို.. နန်းကြည်သည် သူမ၏ ကိုယ်ထဲမှာ စီးဆင်းနေသော သွေးများက ညစ်ညမ်းသည်ဟုပင် ခံစားနေရ၏။

“နန်းကြည်.. အဲဒါက မင်းရဲ့ အမှား မဟုတ်ဘူး.. အများကြီး လျှောက်တွေးမနေနဲ့”

နန်းကြည်၏ ပြောင်းလဲသွားသော အမူအရာကို သတိထားမိပြီး ဆူဇီမိုက သူမကို နှစ်သိမ့်ပေးလိုက်၏။

နန်းကြည်က ကြိုးစား၍ ပြုံးပြလိုက်သော်လည်း ငေးငိုင်စွာဖြင့်ပင် သူမ၏ ခေါင်းကို ပြန်ငုံ့သွား၏။

“ငါ သိပြီ”

ထိုစဉ်မှာပင်.. အဆုံးစွန်မီးက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ညဝိညာဉ်ကို ရှေးဟောင်းခေတ်က လင်းလုံလျှို့ဝှက်ကုန်းမြေမှာ ချထားခဲ့တော့.. ခွန်လွင်အပျက်အစီးနယ်မြေက ခေါင်းဆောင်မဲ့သွားပြီး အဖွဲ့အစည်းဟောင်းတွေက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ခဲ့ကြလိမ့်မယ်… ထောင်ထျဲရဲ့ တိုက်ခိုက်ရည်ခွန်အားအရဆို.. သူက ခွန်လွင်အရှင်ဖြစ်လာဖို့ ဘာမှ မခက်ခဲဘူး”

“လက်ရှိ ခွန်လွင်အရှင်က အရင်တုန်းက ထောင်ထျဲရဲ့ မျိုးဆက်ဖြစ်ရမယ်”

“အခု ညဝိညာဉ်က ပြန်ရောက်လာ​ပြီး ခွန်လွင်မျိုးနွယ်ကို အုပ်စိုးချင်တယ်ဆိုတော့.. လက်ရှိ ထောင်ထျဲနဲ့ သူက ပဋိပက္ခ သေချာပေါက် ဖြစ်လာလိမ့်မယ်.. အဲဒါကြောင့်ပဲ သစ္စာဖောက်တွေကို သုတ်သင်တဲ့ တိုက်ပွဲလို့ ခေါ်တဲ့ အကြောင်းပြချက်က ပေါ်ထွက်လာတာပဲ”

ခဏမျှ ရပ်တန့်ပြီးနောက်.. အဆုံးစွန်မီးက ဆက်ပြောလိုက်၏။

“ဒါပေမဲ့.. အချိန်ကာလက အရမ်းကို ကြာမြင့်သွားခဲ့ပြီ… ဒီလောက် နှစ်တွေကြာပြီးမှ ထောင်ထျဲမျိုးနွယ်က ခွန်လွင်အပျက်အစီးနယ်မြေမှာ အန္တိမဩဇာတိက္ကမကို တည်ဆောက်ပြီးသွားလောက်ပြီ”

“ညဝိညာဉ်က ပြန်ရောက်လာတယ်ဆိုရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်.. ထောင်ထျဲက အတိတ်ကာလတုန်းက ဂမ္ဘီရ ဟို့ရဲ့ အင်အားစုတွေထဲက တစ်စိတ်တစ်ပိုင်းပဲ… ညဝိညာဉ်ကမှ အစစ်အမှန် ခွန်လွင်အရှင်ပဲ”

ထောင်ထျဲ၏ စကားများမှတစ်ဆင့် ခွန်လွင်အပျက်အစီးနယ်မြေမှာ ညဝိညာဉ်က တစ်ယောက်တည်း ရပ်တည်နေခြင်း မဟုတ်ကြောင်း သူတို့ သိထားကြ၏။

နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ပြီးတာတောင်.. ညဝိညာဉ်၏ ဘက်မှာ အခိုင်အမာ ရပ်တည်လိုသော ခွန်လွင်ကလန်သားများစွာက ကျန်ရှိနေကြဆဲဖြစ်၏။

“ငါ တစ်ခုပဲ သိချင်တယ်”

အဆုံးစွန်မီးက မျက်မှောင်ကြုတ်လိုက်၏။

“ထောင်ထျဲဘက်မှာ ရပ်တည်တဲ့ ခွန်လွင်မျိုးနွယ်ဝင်တွေက အရမ်းကို များပြားတယ်ဆိုပေမဲ့… ညဝိညာဉ်ရဲ့ အစွမ်းအစအရဆို သူက ဘယ်လိုလုပ် ရှုံးနိမ့်နိုင်ပါ့မလဲ”

သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်း​ပြီး ဆူဇီမိုက ခွန်လွင်အရှင် ပြောခဲ့သည့် စကားများကို ပြန်လည်အမှတ်ရလာကာ ရင်တစ်ချက်ထိတ်သွား၏။

“နတ်ဘုရားမျိုးနွယ်…”

“ဘယ်လို…”

အဆုံးစွန်မီးက အလိုလိုမေးလိုက်၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“ခွန်လွင်အရှင်က သူ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ဒီနေ့ ခွန်လွင်အပျက်အစီးနယ်မြေကို ရောက်လာမယ်လို့ ပြောထားတယ်… ဧည့်သည်တွေလို့ ခေါ်တဲ့သူတွေက နတ်ဘုရားမျိုးနွယ်ဝင်တွေ ဖြစ်ဖို့များတယ်”

“သက်တံရောင် လိုဏ်ဂူကို ချိပ်ပိတ်ထားတဲ့ ခွန်လွင်အဟန့်အတားက နတ်ဘုရားမျိုးနွယ်ဝင်တွေကို ဆက်ပြီးတော့ မတားဆီးနိုင်တော့ဘူးလို့ မင်းက ဆိုလိုချင်တာလား”

အဆုံးစွန်မီးက ရင်တစ်ချက်ထိတ်သွား၏။

“အဲဒါ ဖြစ်နိုင်တယ်”

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“ဘာပဲပြောပြော… အဲဒီအဟန့်အတားက ဖြစ်တည်လာခဲ့တာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီ.. သူ့ရဲ့ စွမ်းအားက ပျက်ပြယ်လာမယ်ဆိုရင် သိပ်ပြီး ထူးဆန်းမနေဘူး”

“ခင်ဗျားတို့ မှတ်မိသေးလား.. ကျုပ်တို့ ခွန်လွင်အဟန့်အတားဆီကို ပထမဆုံး ရောက်ရှိတုန်းက ကျုပ်က အဲဒါကို ဖြတ်ကျော်နိုင်ခဲ့တယ်”

အဆုံးစွန်မီးက ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက ဆက်ပြောလေသည်။

“ပုံမှန်အခြေအနေအောက်မှာဆို.. ဂမ္ဘီရ ဟို့နှစ်ကောင် သူတို့ရဲ့ အသက်ဓာတ်ကို လောင်ကျွမ်းစေ​ပြီး ချန်ထားရစ်ခဲ့တဲ့ အဟန့်အတားကို ကျုပ်တောင်မှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ အခုတော့.. ကျုပ်တောင်မှ အဲဒါကို ဖြတ်ကျော်နိုင်ခဲ့တယ် ဆိုမှတော့… နတ်ဘုရားမျိုးနွယ်ကလည်း အဲဒါကို ဖြတ်ကျော်နိုင်မယ်ဆိုရင် အံ့အားသင့်စရာ မရှိဘူး”

ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သူ၏မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာ၏။

“အဲဒီ ထောင်ထျဲက ခွန်လွင်အရှင်နေရာအတွက် ညဝိညာဉ်နဲ့ တိုက်ခိုက်ချင်တာဆိုရင် အဲဒါက ကြီးလေးတဲ့ ပြစ်မှုတစ်ခုလို့ မဆိုနိုင်သေးဘူး”

“ဒါပေမဲ့ သူက နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်တာကတော့… ဘယ်လိုမှ ခွင့်လွှတ်လို့ မရတဲ့ ပြစ်မှုပဲ”

အဆုံးစွန်မီးကလည်း ခက်ထန်ကြမ်းကြုတ်လာ၏။

“အခုပဲ သွားပြီး လောကက မှောက်လှန်သွားတဲ့အထိ သူ့ကို သတ်ဖြတ်ကြတာပေါ့”

ဆူဇီမိုက မည်သည့်စကားမှ မဆိုတော့ဘဲ လေထဲသို့ ခုန်တက်ကာ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဆီသို့ ဦးတည်လိုက်ပြီဖြစ်၏။

အဆုံးစွန်မီးက နောက်ကနေ လိုက်ပါသွား၏။

နန်းကြည်က အနည်းငယ် တွေဝေတုံ့ဆိုင်းပြီးနောက် အလောတကြီး လိုက်ပါသွား၏။

နတ်ဘုရားသတ်ဖြတ်ခြင်း တောင်ကြားတွင်…

သူတို့၏ ခါးမှာ ခရမ်းရွှေရောင် ဖဲကြိုးများ စည်းနှောင်ထားသည့် ခွန်လွင်ကလန်သား များစွာသည် တောင်ကြား၏ ဝင်ပေါက်ဝကို စောင့်ကြပ်နေကြ၏။

တောင်ကြား၏ အနောက်ဘက် အစွန်းကို လှမ်းမျှော်​ကြည့်ရှုမည်ဆိုလျှင်.. သက်တံအရောင်အဝါဖြင့် တောက်ပနေသော ဧရာမ လိုဏ်ဂူထဲမှ နတ်ဘုရားမျိုးနွယ်သက်ရှိများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာနေကြသည်ကို တွေ့မြင်ရပေလိမ့်မည်။

ထိုနတ်ဘုရားမျိုးနွယ်ဝင်များသည် ဧရာမ ဓားများနှင့် လှံများကို ကိုင်စွဲထားကြပြီး ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြ၏။

သူတို့၏ အမူအရာများက အေးစက်နေသော်လည်း မည်သူကမှ နတ်ဘုရားသတ်ဖြတ်ခြင်း တောင်ကြားကို မဖြတ်ကျော်နိုင်ကြပေ။

အကြောင်းမှာ.. တောင်ကြား၏ အလယ်တွင် သိပ်သည်းပြင်းထန်သော သားရဲချီနှင့်အတူ ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင် ရှိနေသောကြောင့်ပင်။

ထိုသတ္တဝါသည် ပေပေါင်းများစွာ ရှည်လျားပြီး တစ်ကိုယ်လုံးကို ခရမ်းရွှေရောင် ကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ ၎င်း၏ အမြီးသည် ရှည်လျားပြီး ၎င်း၏ အမြီးရိုးက အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား မနှိုင်းယှဉ်သာအောင် ထက်ရှနေ၏။

သားရဲတောကောင်၏ ဦးခေါင်းသည် အရမ်းကို ကြီးမားပြီး ဝံပုလွေတစ်ကောင်၏ ဦးခေါင်းနှင့် ဆင်တူလေသည်။ သို့သော်လည်း ၎င်းသည် ဝံပုလွေတစ်ကောင်၏ ဦးခေါင်းထက် များစွာပို၍ ကြောက်စရာကောင်းလေသည်။

ထက်ရှသော သွားတစ်စုံက အေးစက်စက် အလင်းတစ်ခုနှင့်အတူ တောက်ပနေ၏။

ထက်ရှသော သွားစွယ်များနှင့် ပေါင်းစပ်ထားသည့် ထိုဧရာမဦးခေါင်း၏ တုန်လှုပ်စရာကောင်းသော ကိုက်ခဲမှု ခွန်အားကနေ ထွက်ပေါ်လာမည့် အဖျက်စွမ်းအားက မနှိုင်းယှဉ်သာအောင် ကြီးမားလေသည်။

သားရဲတောကောင်၏ ခြေလက်လေးဖက်သည် ခရမ်းရွှေရောင်မီးတောက်များဖြင့် တောက်ပနေပြီး အောက်ဘက်တွင်ရှိသော နတ်ဘုရားမျိုးနွယ် အလောင်းများကို အရည်ဖျော်ချနေ၏။ နတ်ဘုရားမျိုးနွယ် သက်ရှိများသည် ရှေ့သို့ ပြေးတက်လာကြပြီး ထိုသားရဲတောကောင်၏ သတ်ဖြတ်ခြင်းကို ခံကြရ၏။

၎င်း၏ ခြေထောက်အောက်တွင် ပူနွေးသော သွေးများ စီးဆင်းနေသည့် နတ်ဘုရားမျိုးနွယ်၏ အလောင်းများစွာ ရှိနေ၏။

“ဂါး…”

ခရမ်းရွှေရောင် သားရဲတောကောင်က ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး မလှမ်းမကမ်းတွင်ရှိသော သက်တံရောင် လိုဏ်ဂူဆီသို့ ပြေးဝင်သွား၏။ ချောက်ချားစရာကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ ကျယ်လောင်သော ဟိန်းဟောက်သံကို ၎င်းက ထုတ်ဖော်လိုက်၏။

ထိုဟိန်း​ဟောက်သံမှာ တောင်ကြား၏ အခြားတစ်ဖက်ရှိ ခွန်လွင်ကလန်သားများ အားလုံးသည် ကြောင်အ,မှင်တက်သွားပုံရပြီး သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

“ဟားဟားဟားဟား”

ထိုစဉ်မှာပင် ကျယ်လောင်သော ရယ်သံတစ်သံက ထွက်ပေါ်လာ၏။

အရှေ့ဘက် မလှမ်းမကမ်းကနေ နက်မှောင်နေသော စိတ်ဝိညာဉ်ယာဉ်များက ပျံသန်းလာနေကြ၏။

ရှေ့ကနေ ဦးဆောင်လာသော ကြီးမားသည့် စစ်သင်္ဘောပေါ်တွင် ထောင်ထျဲနှင့် ခေါင်းဆောင်တပ်မှူး လေးယောက်သည် ယာဉ်ဦးစွန်းမှာ ရပ်နေကြ၏။ သားရဲချီများက တလိပ်လိပ်တက်နေပြီး သူတို့က ရယ်မောနေကြ၏။

နောက်ထပ် ခွန်လွင်စစ်သည်တော် ၁၀သန်းက ရောက်ရှိလာခဲ့လေပြီ။

တောင်ကြား၏ ဝင်ပေါက်ဝကို စောင့်ကြပ်နေသော ခရမ်းရွှေရောင် ဖဲကြိုးများနှင့် ခွန်လွင်ကလန်သားများသည် သူတို့၏ မျက်လုံးထဲမှာ စိတ်ပျက်အားငယ်မှုကို ထုတ်ဖော်ပြသလာကြ၏။

သူတို့က အရေအတွက် သိန်းဂဏန်းသာလျှင် ကျန်ရှိတော့၏။

ဒါ့အပြင်.. သူတို့အားလုံးလိုလိုက ထိခိုက်ဒဏ်ရာရရှိထားကြ၏။

အရေအတွက်နှင့် ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။

သူတို့၏ ရင်ထဲရှိ နောက်ဆုံး မျှော်လင့်ချက်သည် ထောင်ထျဲ ရောက်ရှိလာခြင်းနှင့်အတူ ပျက်စီးကြေမွသွားခဲ့ပြီဖြစ်၏။

ဂမ္ဘီရ ဟို့၏ ယခင်ခေါင်းဆောင်တပ်မှူးသည် တောင်ကြားထဲရှိ မြင့်မားသော ပုံရိပ်ကို လှည့်ကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

ဂမ္ဘီရ ဟို့တို့၏ သားသည် ငယ်ရွယ်သေးသော်လည်း သူက အတိတ်ကာလတုန်းက သူတို့ ပိုင်ဆိုင်ခဲ့သည့် သွင်ပြင်ဟန်ပန်တို့ကို ရရှိနေခဲ့ပြီဖြစ်၏။

နတ်ဘုရားမျိုးနွယ် ကျူးကျော်ဝင်ရောက်လာခြင်း မရှိပါက.. ထောင်ထျဲ၏ ဘက်တွင် အရေအတွက် အဆတစ်ရာ သာနေမည်ဆိုလျှင်တောင် သူတို့သည် ဂမ္ဘီရ ဟို့တို့၏ သားနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ အနိုင်ရရှိဖို့ မသေချာပေ။

သို့သော်လည်း.. ဂမ္ဘီရ ဟို့တို့၏ သားက ချောင်ပိတ်မိနေလေသည်။

တစ်ဖက်မှာက ခွန်လွင်မျိုးနွယ်ဖြစ်၏။

အခြားတစ်ဖက်မှာက နတ်ဘုရားမျိုးနွယ်ဖြစ်၏။

ဂမ္ဘီရ ဟို့တို့၏ သားက ရွေးချယ်မှု တစ်ခုကိုသာ ပြုလုပ်နိုင်လေသည်။

သူ၏ ရွေးချယ်မှုက သူ၏မိခင် ပြုလုပ်ခဲ့သည်နှင့် တူညီလေသည်။

သူသည် နတ်ဘုရားသတ်ဖြတ်ခြင်း​တောင်ကြားကို စောင့်ကြပ်ပြီး နတ်ဘုရားမျိုးနွယ်ဝင်များ အားလုံးကို တားဆီးသတ်ဖြတ်နေ၏။

သူက ဤတိုက်ပွဲမှာ သေရမည်ဆိုလျှင်တောင် သူသည် မည်သည့် နတ်ဘုရားမျိုးနွယ်သက်ရှိကိုမှ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ ခြေချခွင့်မပေးနိုင်ပေ။

All Chapters