← Chapters

အထီးကျန်သိုင်းသခင်၏ အမျက်ဒေါသ

Vol. 101 Ch. 1512

အထီးကျန်သိုင်းသခင်၏ အမျက်ဒေါသ

Vol. 101 Ch. 1512

“အထီးကျန်သိုင်းသခင်”

ထောင်ထျဲက ဆူဇီမိုကို အပြုံးနှင့်အတူ ခေါင်းညိတ်ပြလိုက်၏။

“မင်းက အချိန်မှန်ရောက်လာတာပဲ... တောင်ကြားထဲက အဲ့ဒီတောကောင်က အဲ့ဒီ ပုန်ကန်သူအဖွဲ့ရဲ့ခေါင်းဆောင်ပဲ”

“မင်းသူ့ကိုသတ်နိုင်မယ်ဆိုရင် ငါက မင်းရဲ့အကျိုးဆောင်မှုကို မှတ်ထားပေးမယ်”

ဆူဇီမိုက ထောင်ထျဲ၏ ဘေးသို့ ရောက်ရှိလာပြီး နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားရှိရာဘက်သို့ အမူအရာကင်းမဲ့စွာဖြင့် ကြည့်လိုက်၏။

“ဘာလို့လဲ”

ထောင်ထျဲက တစ်ချက်စွေကြည့်လိုက်၏။

“မင်းက လှုပ်ရှားမှုတစ်ခု မပြုလုပ်ဘူးဆိုရင် နတ်ဘုရားမျိုးနွယ် စစ်တပ်နှစ်တပ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို ရောက်လာပြီး အဲ့ဒီတောကောင်ကို သတ်ပြီးတာနဲ့ မင်းက ကြီးကြီးမားမား အကျိုးဆောင်နိုင်မဲ့ အဲ့ဒီအခွင့်အရေးကို ရမှာမဟုတ်တော့ဘူး”

“သူက သေမှာမဟုတ်ဘူး”

ဆူဇီမိုက ရုတ်တရက်ပြောလိုက်၏။

“ဟမ်...”

ထောင်ထျဲက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ဆူဇီမိုသည် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားရှိရာဘက်သို့ လက်ညိုးထိုးပြီးပြောလိုက်၏။

“သူဘယ်သူလဲ မင်းသိလား”

“အထီးကျန်သိုင်းသခင်... မင်းက ဘာကိုပြောချင်နေတာလဲ”

ထောင်ထျဲ အေးစက်စက်အလင်းတစ်ချက်နှင့်အတူ သူ၏မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

ဆူဇိမိုက ပြောလိုက်၏။

“သူက တောကောင်မဟုတ်ဘူး... သူ့ရဲ့နာမည်က ညဝိညာဥ်... သူက ငါ့ရဲ့ညီပဲ”

သူ၏ ခေါင်းကို ဖြည်းဖြည်ချင်း လှည့်ပြီး သူက သူ့ရှေ့တွင်ရှိသော ထောင်ထျဲကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါတို့က သွေးသောက်ညီကိုတွေပဲ”

ထိုစကားလုံးများ ထွက်ပေါ်လာသည့်အချိန်မှာ နေရာတစ်ခုလုံးက အေးခဲရပ်တန့်သွားသည်ဟုထင်ရ၏။

လေထုက ရုတ်တရက် အလွန်တရာ ထူးဆန်းလာခဲ့၏။

ဆူဇီမိုနှင့် ထောင်ထျဲသည် ဤကဲ့သို့ပင် တစ်ယောက်၏ မျက်လုံးကိုတစ်ယောက် စိုက်ကြည့်နေကြ၏။

ရုတ်တရက်ဆိုသလို...

ထောင်ထျဲက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခုကိုထုတ်ဖော်ကာ ဆူဇီမိုထံသို့ လွှမ်းခြုံလိုက်၏။

တစ်ချိန်တည်းနီးပါးမှာပင် ဆူဇီမို၏ နှာရောင်က အစိမ်းရောင်အလင်းတန်းတစ်ခုနှင့်အတူ တောက်ပသွား၏။

ဖန်တီးခြင်းကြာခုံက ရုန်းကန်ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း လည်ပတ်ကာ အလင်းရောင်ခြည်တန်းများကို ထုတ်ဖော်၍ ထောင်ထျဲ၏ ဧရာမပါးစပ်ပေါက်ထံသို့ ပစ်ဝင်သွား၏။ ထောင်ထျဲသည် အလွန်တရာအစားကြူးသော်လည်း သူက ဖန်တီးခြင်းကြာခုံကို စားနိုင်လိမ့်မည် မဟုတ်ပေ။

ထိုတိုက်ခိုက်မှုက ဆင်းသက်လာလျှင် ထောင်ထျဲ၏ ဦးခေါင်းက ကြေမွပျက်စီးသွားနိုင်လေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှင့် ခွန်လွင်အရှင်အနေဖြင့် ထောင်ထျဲသည် ခွန်လွင်အပျက်အစီးနယ်မြေမှာ များပြားလှစွာသော ရတနာများနှင့် အရင်းအမြစ်များကို လက်ခံရရှိထားလေသည်။

သူက အလျင်အမြန် တုံ့ပြန်ပြီး ချက်ချင်းပင် နောက်သို့ခုန်ဆုတ်လိုက်၏။

သို့သော်လည်း သူ၏ လက်နှစ်ဖက်ပေါ်မှာ လက်ဖဝါးနှစ်ဖက် ထိတွေ့လာသည်ဟု ခံစားလိုက်ရ၏။

သူသည် သူ၏ ရုန်းကန်ပေါက်ကွဲအားနှင့်ပင် ရုန်းမထွက်နိုင်ဖြစ်ရလေသည်။

သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေကြ၏။

ဤအကွာအဝေး၌ ဆူဇီမိုတွင် ထောင်ထျဲကို သတ်ဖြတ်ဖို့အတွက် နည်းလမ်းပေါင်းတစ်ထောင်ရှိဘေသည်။ ထိုသူက ထွက်ပြေးလွတ်မြောက်ဖို့ပင် အခွင့်အရေးမရစေရပေ။

လူတိုင်း၏ ရှေ့မှောက်မှာပင် ထောင်ထျဲ၏ ဦးခေါင်းက ဖန်တီးခြင်းကြာပဒုမ္မာ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။ ၎င်းသည် ထိုသူ၏ ဧရာမပါးစပ်ပေါက်ထဲသို့ ဝင်ရောက်ပြီး ​ကြီးမားသည့် သွေးသံရဲရဲအပေါက်တစ်ပေါက်ကိုဖန်တီးလိုက်၏။ ထိုသို့ဖြင့် ထောင်ထျဲ၏ အသိစိတ်က ကြေမွသွား၏။

ထောင်ထျဲ၏ လက်နှစ်ဖက်ကို သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ဆူဇီမိုသည် သူ၏ ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးညွှတ်ကာ ဒုန်းဆိုင်းဝင်ရောက်လာသော နတ်မြင်းတစ်ကောင်ကဲ့သို့ ထိုသူ၏ ရင်ဘတ်ကို ပစ်တိုက်ချလိုက်၏။

ဘုန်း....

ထောင်ထျဲ၏ ရင်ဘတ်သည် နက်ရှိုင်းစွာ ချိုင့်ဝင်သွားပြီး သူ၏ အရိုးအများစုက ကြေမွသွား၏။

ရှီး...

လတ်ဆက်သော သွေးများက ပန်းထွက်လာခဲ့၏။

ဆူဇီမိုသည် ထောင်ထျဲ၏ လက်နှစ်ဖက်ကို ဆုတ်ဖြဲပစ်လိုက်၏။

ထိုရုန်းကန်ပေါက်ကွဲအားမှာ ဆူဇီမိုသည် သူ၏မုန်းတီးမှုနှင့် ကြမ်းကြုတ်ခက်ထန်မှုတို့နှင့်အတူ တိုက်ခိုက်ခဲ့ပြီး သူ့ရင်ထဲရှိ သတ်ဖြတ်လိုစိတ်အားလုံးကို ချက်ချင်းပင်ထုတ်ဖော်ခဲ့၏။

ထောင်ထျဲ၏ ဦးခေါင်းက ကြေမွသွားပြီး သူ၏ ရင်ဘတ်က ချိုင့်ဝင်သွား၏။ သူ၏ လက်နှစ်ဖက်က စုတ်ပြဲသွားပြီး သူ၏အလောင်းက သွေးရေအိုင်ထဲသို့ ပြင်းထန်စွာ ပစ်လဲကျကာ လုံးဝမလှုပ်နိုင်တော့ပေ။

ဤကဲ့သို့သော ဒဏ်ရာများကနေ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို မပြောနှင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပင်လျှင် သေချာပေါက်သေရပေလိမ့်မည်။

ဤမြင်ကွင်းက အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။

ထောင်ထျဲဘက်ခြမ်းရှိ ခွန်လွင်စစ်တပ်သည် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားပေါ်သို့ တိုက်ခိုက်မှုတစ်ရပ်ကို စတင်ဆင်နွှဲခါစဖြစ်၏။ ခွန်လွင်အရှင်သည် ဤခေါင်းဆောင်တပ်မှူးအသစ်၏ ချက်ချင်းလက်ငင်းသတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ဖြစ်စဥ်တစ်ခုလုံးက အရမ်းကို လျင်မြန်စွာဖြစ်ပွားခဲ့၏။

ထောင်ထျဲသည် တစ်ခဏချင်းမှာပင် သေဆုံးသွားလေသည်။

ကြီးမားသော ခွန်လွင်စစ်တပ်က မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီဖြစ်၏။

ရွှစ်...

လှစ်ခနဲဆို သူက နတ်ဘုရားမျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်ရှေ့သို့ ရောက်ရှိလာ၏။

“မင်းကတော့... သေချင်နေပြီပဲ”

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်က သူတို့၏ သွေးချီများကို လှည့်ပတ်ပြီး ကြောက်စရာကောင်းသော စွမ်ပကားတစ်ခုနှင့်အတူ ကြိမ်းစပ်နေသော ရွှေရောင်သွေးချီများကို ထုတ်ဖော်လိုက်ကြ၏ ။ တကယ်ဆို... မျိုးဆက်သွေးနယ်မြေ သုံးခုကပင် သူတို့သုံးယောက်၏ နောက်မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

“ဥုံ.. မာ.. ဏီ.. ပါ.. မီ.. ဟုန်...”

ဆူဇီမိုသည် သက္ကတဘာသာစကားတစ်ခုကို ရွတ်ဆိုပြီး တာမင်းမန္တန် ခြောက်သံစလုံးကို ထုတ်ဖော်လိုက်၏။

ဤအကွာအဝေး၌ နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် လုံးဝသက်ရောက်ခြင်း မခံရဖို့ မဖြစ်နိုင်ပေ။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် တုန်လှုပ်ချောက်ချားသွားပြီး သူတို့၏ သွေးချီများက ကသောင်းကနင်း ဖြစ်လာ၏။ သူတို့ မျိုးဆက်သွေးနယ်မြေ သုံးခု၏ စုဖွဲ့မှုက ယာယီအားဖြင့် ရပ်တန့်သွား၏။

ထိုစဥ်မှာပင် ဆူဇီမိုက လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး တာမင်းမန္တန် ခြောက်သံနှင့်အတူ တာမင်းဓမ္မချိပ်စည်း ခြောက်ခုကို တဖွဲဖွဲကျဆင်းစေကာ နတ်ဘုရားမျိုးနွယ်ဝင်သုံးယောက်ကို လွှမ်းခြုံသွားစေ၏။

ဘန်း... ဘန်း.. ဘန်း...

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်၏ မျိုးဆက်သွေးနယ်မြေများသည် တာမင်းမန္တန် ခြောက်သံနှင့် တာမင်းဓမ္မချိပ်စည်းများကြောင့် ကြေမွသွားပြီး သူတို့က အဲ့ဒါကို လုံးဝမစုဖွဲ့နိုင်တော့ပေ။

ဆူဇီမိုသည် သူ၏ လက်ကို လွှဲယမ်းပြီး နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်၏ ဦးခေါင်းကို ကျာပွတ်ကဲ့သို့ ရိုက်ချလိုက်၏။ သူ၏လက်က နတ်ဆင်တစ်ကောင်၏ နှာမောင်းကဲ့သို့ ပျော့ပြောင်းသွားပုံပေါ်၏။

ဖြောင်း...

သူသည် နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်၏ ပါးပြင်ကို ပစ်ရိုက်ချလိုက်၏။

ဖျောက်... ဖျောက်... ဖျောက်...

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းသည် သူ့လည်ပင်းကို ဆုံချက်ပြု၍ အကြိမ်ရေအနည်းငယ် လည်သွားပြီးမှ တဖြည်းဖြည်းရပ်တန့်သွား၏။ သူ၏ လည်ပင်ရိုးများက လုံးဝကြေမွသွားခဲ့လေပြီ။

နတ်ဘုရားမျိုးနွယ် သက်ရှိ၏ အမြုတေစိတ်ဝိညာဥ်သည် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ချေမွခံလိုက်ရပြီဖြစ်၏။

နောက်ထပ် နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်က တုန်လှုပ်သွား၏။ သူ၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်က ဖျတ်ခနဲလက်သွားပြီး လက်ကိုင်ရိုးနှစ်ဖက်ပါသော ဧရာမဓားတစ်လက်က သူ၏လက်ထဲမှာ ပေါ်ထွက်လာ၏။

တတိယ​မြောက် နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်ကလည်း သူ၏ ဧရာမဓားကို လွှဲယမ်းလိုက်ပြီဖြစ်၏။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာ၏။

ရွှေရောင်အလင်းတန်းက သူတို့၏ ဧရာမဓားများကနေ တလိပ်လိပ်တက်လာပြီး ဝင်းဝင်းပြောင်ပြောင်နှင့် နတ်ဘုရားဆန်နေ၏။

ဆူဇီမိုသည် ရှောင်တိမ်းခြင်း မရှိပေ။ သူက ရှေ့သို့ တက်လှမ်းပြီး ဧရာမဓားနှစ်လက်၏ ဓားသွားများထံသို့ ထိုးချက်နှစ်ချက်ကို ထုတ်ဖော်လိုက်၏။

နတ်ဘုရားမျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ကြိတ်၍ကျေနပ်သွားကြ၏။

သူတို့၏ ထင်မြင်အချက်အရ အထီးကျန်သိုင်းသခင်၏ လက်ဖဝါးက သေချာပေါက် ဖြတ်တောက်ခံရပေလိမ့်မည်။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ မျက်လုံးထဲတွင် သူတို့က သွေးရောင်ကိုပင် မြင်ယောင်လာကြ၏။

ချွမ်း...

ဖြစ်ပျက်လာသည်က သူတို့တွေးထင်ထားသည်နှင့် လုံးဝကွဲပြားခြားနားနေ၏။

ဧရာမဓားနှစ်လက်သည် ဆူဇီမို၏ လက်သီးနှင့် ထိတွေ့ရိုက်ခတ်သောအခါ အဲ့ဒီမှာ မည်သည့်သွေးရောင်မှ ထွက်မလာရုံသာမက မည်သည့်ဒဏ်ရာအနာတရမှ ရှိမနေပေ။

သို့သော်လည်း နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် အလွန်တရာကြောက်စရာကောင်းသောစွမ်းအားနှစ်ခုက သူတို့၏ ဓားများထံမှတစ်ဆင့် တလိပ်လိပ်တိုးဝင်လာနေသည်ဟု ခံစားလိုက်ရ၏။

ဖြောင်း... ဖြောင်း...

သူတို့၏ လက်ပေါ်ရှိ အသားများက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

သူတို့၏ လက်ဖဝါးနှစ်ဖက်က စုတ်ပြဲသွားပြီး သွေးများက သွင်သွင်စီးကျလာ၏။

လင်းလုံလျှို့ဝှက်ကုန်းမြေမှာတုန်းက န​တ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ပင်လျှင် ဆူဇီမို၏ ခွန်အားကို မခုခံနိုင်ခဲ့ပေ။ ဤနှစ်ယောက်က နတ်ဘုရားမျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်မျှသာဖြစ်ပြီး သူတို့သည် ဆူဇီမိုထံမှ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိကြပေ။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ပဲ အဆက်မပြတ် နောက်သို့ဆုတ်လိုက်ရ၏။

အဲ့ဒီနောက် ပို၍ပင် ကြောက်စရာကောင်းသော တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့၏။

သူတို့နှစ်ယောက်သည် သူတို့ဓားများ၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်းများဖြစ်ပေါ်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။ သူတို့၏ လက်နက်များက ​ဆူဇီမိုထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားခဲ့လေပြီ။

“အို...”

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က တုန်လှုပ်သွားကြ၏။

အဲ့ဒါကို အသွေးအသားခန္ဓာကိုယ်တစ်ခုဟု ဘယ်လိုလုပ် သတ်မှတ်နိုင်ပါ့မလဲ။

“ခရမ်းရောင်မိုးကြိုးမုန်တိုင်း”

ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ရှိရာဘက်သို့ စေညွှန်လိုက်၏။

ခရမ်းရောင်မိုးကြိုးမုန်တိုင်းတစ်ခုသည် လျင်မြန်စွာစုဖွဲ့လာပြီး သူတို့နှစ်ယောက်ကို လွှမ်းခြုံသွား၏။

ဆူဇီမို၏ လက်ရှိအမြုတေစိတ်ဝိညာဥ်၏ ကျင့်ကြံမှုအရ သူဆင့်ခေါ်လိုက်သော မည်သည့် ဓမ္မပညာရပ်မဆို အစကတည်းက အလွန်တရာ စွမ်းအားကြီးမားနေပြီဖြစ်၏။

သို့သော် ယခုအခါ ခရမ်းရောင်မိုးကြိုးမုန်တိုင်းသည် နတ်ဘုရားမျိုးနွယ်၏ ဧရာမဓားနှစ်လက်ကို လုံးဝ နုတ်နုတ်စင်းပစ်လိုက်၏။ အဲ့ဒီမှာ များစွာသော ဧရာမဓား၏ အကျိုးအပဲ့အစအနများက မုန်တိုင်းထဲမှာ ရောထွေးသွားပြီး ၎င်း၏ အဖျက်စွမ်းအားက ပို၍ပင် တုန်လှုပ်စရာကောင်းလာကာ နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ယောက်၏ ခန္ဓာကိုယ်များကို အဆက်မပြတ် ထိုးဖောက်လှီးဖြတ်နေ၏။

ဖောင်း.... ဖောင်း.... ဖောင်း....

ရွှေရောင်သွေးများက မုန်တိုင်းထဲကနေ အဆက်မပြတ် ပြန့်ကျဲထွက်လာ၏။

အသက်ရှုချိန်အနည်းငယ်မှာပင် မုန်တိုင်းက စဲသွားလေပြီ။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် လေထဲကနေ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျလာခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များက စကာပေါက်များဖြစ်နေလေပြီ။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ အသိစိတ်များက ဧရာမဓား၏ အပိုင်းအစတချို့ဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူတို့၏ ဝိညာဥ်များက ပျက်စီးသွားခဲ့လေပြီ။

နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဆူဇီမို စတင်တိုက်ခိုက်ခဲ့သည်မှာ အသက်ရှုချိန် ဆယ်ချိန်ပင်မပြည့်သေးပေ။

ခွန်လွင်အရှင်၏ ဦးခေါင်းက ကြေမွပျက်စီး၍ နေရာမှာပင်သေဆုံးသွားခဲ့ပြီဖြစ်၏။

နတ်ဘုရားမျိုးနွယ် သက်ရှိသုံးယောက်သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များ ဖျက်ဆီးခံရခြင်းနှင့်အတူ သေဆုံးသွားကြပြီဖြစ်၏။

အဲ့ဒါက အထီးကျန်သိုင်းသခင်၏ အမျက်ဒေါသဖြစ်၏။

All Chapters