← Chapters

ဘေးချင်းယှဥ်ရပ်ကာ တိုက်ခိုက်ကြခြင်း

Vol. 101 Ch. 1513

ဘေးချင်းယှဥ်ရပ်ကာ တိုက်ခိုက်ကြခြင်း

Vol. 101 Ch. 1513

လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

အဆုံးစွန်မီးနှင့် နန်းကြည်က မတိုက်ခိုက်ရသေးခင်မှာပင် ထောင်ထျဲနှင့် နတ်ဘုရားမျိုးနွယ်ဝင်သုံးယောက်က သေဆုံးသွားခဲ့လေပြီ။

တောင်ကြား၏ ဝင်ပေါက်ဝရှိ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ရွှမ်နှင့် တခြားသူများကလည်း တုန်လှုပ်မှုနှင့် ကျေနပ်နှစ်ခြိုက်မှုကို တစ်ပြိုင်နက်တည်းခံစားလိုက်ကြရ၏။

ခွန်လွင်အရှင် သေဆုံးသွားခြင်းနှင့်အတူ အခြားတစ်ဘက်ရှိ ခွန်လွင်စစ်တပ်သည် ခေါင်းဆောင်မဲ့သွားလေပြီ။ သူတို့က အရေအတွက်အားသာချက်ရှိနေသည်ဆိုလျှင်တောင် သူတို့သည် အချိန်ကာလကြာမြင့်စွာ တောင့်ခံနိုင်ချင်မှ တောင့်ခံနိုင်ပေတော့မည်။

အထီးကျန်သိုင်းသခင် ပေါ်ထွက်လာပြီးနောက် အခြေအနေတစ်ရပ်လုံးသည် ဆန့်ကျင်ဘက်သို့ အလျင်အမြန်ပြောင်းလဲသွား၏။

“ဆရာ... နန်းကြည်... ဒီမှာနေပြီး တောင်ကြားရဲ့ဝင်ပေါက်ဝကို စောင့်ကြပ်နေကြ... ကျုပ်က ညဝိညာဥ်ကို သွားပြီးကူညီပေးမယ်”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

သက်တံရောင်လိုဏ်ဂူဘက်ခြမ်းတွင် နောက်ထပ် နတ်ဘုရားမျိုးနွယ် သက်ရှိများသည် လျှောက်လှမ်းထွက်လာကြပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက တိုးလာကြလေသည်။ တိုက်ပွဲ၏ ဤအဆင့်အရောက်တွင် ညဝိညာဥ်က ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်၏။

တဗူးတစ်ကောင်ပင်လျှင် ဤမျှများပြားသော နတ်ဘုရားမျိုးနွယ်ဝင်များ၏ တရစပ်တိုက်ခိုက်မှုကို ကောင်းကောင်းမခုခံနိုင်တော့ပေ။

ညဝိညာဥ်သည် စဥ်းစားကြည့်၍ မရလောက်အောင် ကြီးမားလွန်းသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ကို တစ်ယောက်တည်း တိုက်ခိုက်နေရ၏။

ရွှစ်...

လှစ်ခနဲဆို ဆူဇီမိုက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဆီသို့ လျှောက်လှမ်းလာ၏။

“ကျူးကျော်သူ... မင်းဘယ်လိုတောင် သတ္တိကောင်းနေတာလဲ”

ထောင်ထျဲက သေဆုံးသွားသော်လည်း သူ၏လက်အောက်မှာ သူ့ထံသစ္စာခံထားသော ခေါင်းဆောင်တပ်မှူး ၉ ယောက် ရှိပြီး သူတို့အားလုံးက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များဖြစ်ကြ၏။

သူတို့ကြားတွင် ခေါင်းဆောင်တပ်မှူးနှစ်ယောက်က ရှေ့သို့ခုန်ထွက်ပြီး သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများက ကောင်းကင်တစ်ခွင်အုပ်မိုးကာ ဆူဇီမိုထံသို့ ပြေးဝင်လိုက်ကြ၏။

ခေါင်းဆောင်တပ်မှူးနှစ်ယောက်သည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များဖြစ်ပြီး သိပ်သည်းပြင်းထန်သော သွေးချီကို ပိုင်ဆိုင်ထားကြ၏။ သူတို့၏ လက်သည်းများက အရမ်းကိုထက်ရှပြီး ပင်ကိုနတ်ဘုရားစွမ်းအား နှစ်ခုကို ထုတ်ဖော်လိုက်ကြ၏။

ချက်ချင်းပင် တောင်တန်းများက ပြိုကျသွားပြီး မြေပြင်က ကြေမွသွား၏။

“သတ်... သတ်... သတ်”

“ခွန်လွင်အရှင်အတွက် လက်စားချေကြ”

ခေါင်းဆောင်တပ်မှူးနှစ်ယောက်၏ လက်အောက်ရှိ ခွန်လွင်ကလန်သားများက ဟိန်းဟောက်အော်ဟစ်လိုက်ကြ၏။

ခွန်လွင်ကလန်သားထောင်ပေါင်းများစွာသည် တထောင်းထောင်းထနေသော ဖုန်လုံးများနှင့်အတူ ရှေ့သို့ပြေးတက်လာပြီး စစ်အလံများကို ကြောက်စရာကောင်းသောပုံစံဖြင့် တဖျပ်ဖျပ်လွှင့်ထူနေကြ၏။

ကြီးမားသော ခွန်လွင်စစ်တပ်နှင့် နှိုင်းယှဥ်လျှင် ဆူဇီမို၏ ပုံရိပ်သည် အလောင်းပင်မကျန်ပဲ နင်းချေဖျက်ဆီးခံရတော့မည့်အလား မနှိုင်းယှဥ်သာအောင် သေးငယ်နေ၏။

သူ၏ အမူအရာက အေးစက်နေပြီး သူ၏ မျက်လုံးထဲမှာ မီးတောက်နှစ်ခုက ကခုန်နေ၏။ သူက ဖြည်းဖြည်ချင်း ပြောလိုက်၏။

“မင်းတို့တွေက ငါ့ကိုတားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ၏လက်နှစ်ဖက်နှင့်အတူ လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲဆင့်ခေါ်လိုက်၏။

အရောင်မတူသော မီးတောက်လုံးသုံးလုံးက သူ၏ဘေးပတ်လည်မှာ ချက်ချင်းပင် ပေါ်ထွက်လာ၏။

ရွှေရောင် ဗုဒ္ဓတာအိုမီး...

သွေးနီရောင် အင်မော်တယ်တာအိုမီး...

အနက်ရောင် မိစ္ဆာတာအိုမီး...

ဆူဇီမို၏ ဓမ္မပညာရပ်၏ စေညွှန်မှုအောက်တွင် တာအိုမီးသုံးခုက အလျင်အမြန်စုစည်းသွား၏။

အသောကသစ်သားကို စုပ်ယူသန့်စင်ပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုသည် နောက်ပိုင်းပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာခဲ့ပြီး သူ၏ ဓမ္မစွမ်းအားများက သိပ်သည်းပြင်းထန်လာခဲ့၏။

တာအိုမီးတစ်ခုကပင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို သတ်ဖြတ်ဖို့ လုံလောက်လေသည်။

တာအိုမီးသုံးခု၏ သေစေနိုင်သော အဖျက်စွမ်းအားက ပို၍ပင်ကြောက်စရာကောင်းလာ၏။

ရှေ့သို့ပြေးဝင်လာသော ခွန်လွင်ခေါင်းဆောင်တပ်မှူးနှစ်ယောက်သည် အန္တရာယ်ကို အာရုံခံမိသွားပြီး ရင်တထိတ်ထိတ်ဖြစ်လာကြ၏။ သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များအနေဖြင့် ခေါင်းဆောင်တပ်မှူးနှစ်ယောက်သည် သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းများနှင့်အတူ ဆူဇီမို၏ သမာဓိတာအိုမီးကို ထိပ်တိုက်ရင်ဆိုင်ချင်လေသည်။

“ဟွန့်...”

ဆူဇီမိုက လှောင်ရယ်၍ သူ့လက်ထဲရှိ သမာဓိတာအိုမီးကို ပစ်ထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏နှာရောင်ကနေ မီးတောက်အမျှင်တန်းတစ်ခု ရုန်းကန်ထွက်ပေါ်လာပြီး သမာဓိတာအိုမီးထဲသို့ ဝင်ရောက်သွား၏။

အဲ့ဒါက အမြုတေစိတ်ဝိညာဥ်မီးဖြစ်၏။

အဲ့ဒါက သမာဓိတာအိုမီးသာဆိုလျှင် ခေါင်းဆောင်တပ်မှူးနှစ်ယောက်သည် သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းများနှင့်အတူ အဲ့ဒါကို အနိုင်နိုင်ခုခံနိုင်ပေလိမ့်မည်။

သို့သော်လည်း အမြုတေစိတ်ဝိညာဥ်မီးနှင့် ပေါင်းစည်းပြီးနောက် ဓမ္မပညာရပ်သည် လုံးဝအသွင်ပြောင်းလဲသွားပြီ ၎င်း၏ စွမ်းအားက တောက်ပသော မီးကျည်တစ်ခုနှင့်အတူ ဆပွားများစွာတိုးလာခဲ့၏။

ခွန်လွင်ခေါင်းဆောင်တပ်မှူးနှစ်ယောက်၏ ပင်ကိုနတ်ဘုရားစွမ်းအားများသည် စတုရတီတာအိုမီးကြောင့် ဘာမှမကျန်အောင် လောင်ကျွမ်းသွား၏။

ခွန်လွင်ခေါင်းဆောင်တပ်မှူးနှစ်ယောက်သည် ထွက်ပြေးဖို့ပင် အခွင့်အရေးမရတော့ပေ။ တစ်ခဏချင်းမှာပင် သူတို့သည် စတုရတီတာအိုမီး၏ ဝါးမျိုခြင်းခံရပြီး လောင်ကျွမ်းပြာကျသွား၏။

“ပြန့်ကျဲစမ်း”

ဆူဇီမိုသည် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး စတုရတီတာအိုမီးရှိရာဘက်သို့ လေတစ်ချက်ကို မှုတ်ထုတ်လိုက်၏။

ထိုလေမှုတ်ချက်မှာ အသန့်စင်ဆုံး ဓမ္မစွမ်းအားများပါဝင်လေသည်။

ရွှစ်...

စတုရတီတာအိုမီးသည် ချက်ချင်းပင်ပြန့်ကျဲသွားပြီး ကောင်းကင်တစ်ခွင်အုပ်မိုးလာသည့် မီးမုန်တိုင်းတစ်ခု ဖြစ်ပေါ်ကာ ရှေ့သို့ ဖြန့်ကြက်လာခဲ့၏။

“အား... အား.... အား”

ခွန်လွင်စစ်သည်တော်များသည် ရှေ့သို့ပြေးတက်လာသည့်ခဏမှာပင် များပြားလှစွာသော ခွန်လွင်ကလန်သားများက မီးမုန်တိုင်း၏ လွှမ်းခြုံခြင်းကိုခံရပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။

စတုရတီတာအိုမီးကို ဖြန့်ကြက်လိုက်သောအခါ ၎င်း၏ စွမ်းအားကလည်း သေချာပေါက် လျော့ကျသွားပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါသည် ခွန်လွင်စစ်သည်တော်များကို ကိုင်တွယ်ဖို့အတွက် လုံလောက်သည်ထက် ပိုလေသည်။

ပေါင်းစည်းခန္ဓာအဆင့် အောက်မှာရှိသည့် ခွန်လွင်ကလန်သားများသည် ထိုစွမ်းအားနှင့် ရင်ဆိုင်ရာမှာ လုံးဝမခုခံနိုင်ကြပေ။

ခွန်လွင် စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် အားပျော့သွားသော စတုရတီတာအိုမီးနှင့် ရင်ဆိုင်ရာမှာ ရှင်သန်နိုင်သည်ဆိုလျှင်တောင် သူတို့၏ အသားများက ကွဲထွက်သွားပြီး သူတို့က ရုပ်ပျက်ဆင်းပျက် ဖြစ်လာကြ၏။

ခွန်လွင်စစ်တပ်နှစ်တပ်သည် ကြီးမားပြင်းထန်သော ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ရပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာကြလေသည်။ သူတို့ထဲမှ အချို့သည် စတုရတီတာအိုမီးကြောင့် သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရ၏။

နောက်ထပ်တစ်စိတ်တစ်ပိုင်းကတော့ ဝရုန်းသုန်းကားပြေးလွှားနေသော အခြားသော သားရဲတောကောင်များ၏ နင်းချေသတ်ဖြတ်ခြင်းကိုခံလိုက်ကြရ၏။

အလျှံညီးညီး မီးတောက်များကြားတွင် ခွန်လွင်ကလန်သားများသည် ရုန်းကန်၍အော်ဟစ်နေကြပြီး ဆိုးဆိုးဝါးဝါး ပုံစံဖြင့် ထွက်ပြေးနေကြ၏။ ထိုမြင်ကွင်းက အဝိစိငရဲနှင့် ဆင်တူလေသည်။

အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှိသည့် ကျင့်ကြံသူတစ်ယောက်သည် အေးစက်နေသောအမူအရာနှင့်အတူ မီးတောက်များကြားကနေ လျှောက်လှမ်းလာ၏။ သူသည် ငရဲကိုအုပ်စိုးပြီး သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည့် ယမမင်းတစ်ပါးနှင့်တူနေ၏။

စတုရတီတာအိုမီးသည် တစ်လမ်းလုံးကိုလောင်ကျွမ်းပြီး နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဆီသို့ ဦးတည်သော မီးတောက်စင်္ကြံလမ်းတစ်ခုကို ဖန်တီးလိုက်၏။

မီးတောက်စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်စီတွင် များစွာသော ခွန်လွင်ကလန်သားများက နောက်သို့ ဆုတ်ပေးနေကြရ၏။

များစွာသော ခွန်လွင်ကလန်သားများသည် မီးတောက်များပေါ်ကနေ လျှောက်လှမ်းလာသော လူကို သူတို့မျက်လုံးများထဲရှိ ဖော်မပြတတ်သော အကြောက်တရားနှင့်အတူ ​ငေးကြည့်နေကြ၏။

မီးတောက်များ၏ ဝင်းထိန်မှုအောက်တွင် သူတို့၏ မျက်နှာများက မနှိုင်းယှဥ်သာအောင် ဖြူဖျော့နေကြ၏။

တစ်ခဏချင်းမှာပင် ဆူဇီမိုက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားသို့ ရောက်ရှိလာ၏။

ညဝိညာဥ်သည် တောင်ကြား၏ အလယ်မှာ မတ်တတ်ရပ်နေပြီး တိုက်ပွဲ၏ ဤအဆင့်အရောက်တွင် သူ၏ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ပေါင်း ရာနှင့်ချီဖြစ်ပေါ်လာခဲ့လေပြီ။

သူ၏မျိုးဆက်သွေးက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ၊ သူ၏ ပြန်လည်ကုသနိုင်စွမ်းက ဘယ်လောက်ပင် တုန်လှုပ်စရာကောင်းသည်ဖြစ်စေ အနားယူခြင်းမရှိပဲ သူ၏ဒဏ်ရာများက သက်သာပျောက်ကင်းသွားလိမ့်မည် မဟုတ်ပေ။

“​တောကောင်”

နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက လေထဲမှာ မတ်တတ်ရပ်ပြီး ရွှေရောင်ဓားတစ်လက်ကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။

“လက်လျှော့လိုက်တော့... နတ်ဘုရားကုန်းမြေတိုက်ရဲ့ အလင်းနဲ့အမှောင် စစ်တပ်တွေက မကြာခင်ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီကို ရောက်လာတော့မယ်”

“ဒီတစ်ခေါက်... ငါတို့နတ်ဘုရားမျိုးနွယ်က အဓိကအင်အားစုတွေကို စေလွှတ်လိုက်ပြီ... မင်းတို့တွေက အဲ့ဒါကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”

ရွှစ်...

အစိမ်းရောင်အလင်းတန်းတစ်ခုသည် လေထုကိုထိုးခွင်းပြီး နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးရှိရာသို့ ပစ်ဝင်လာ၏။

“ခုတ်ပိုင်းစမ်း”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ရွှေရောင်ဓားကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်​ပြီး သူ၏ လက်ကိုလွှဲကာ ရှေ့သို့ ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။

ချွမ်း...

အဲ့ဒီမှာ ​ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ဆတ်ခနဲတုန်ယင်သွား၏။

ဧရာမရွှေရောင်ဓားက သူ့လက်ထဲကနေ လွင့်စင်ထွက်သွားခဲ့လေပြီ။

သူ၏ မြင်ကွင်းထဲတွင် တစ်လွှာပြီးတစ်လွှာ ဖူးပွင့်လာသော ပွင့်ချပ်လွှာ ခုနှစ်လွှာနှင့်အတူ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသော ကြာခုံတစ်ခုကို တွေ့မြင်လိုက်ရ၏။ အဲ့ဒါက အားနည်းသည့်ပုံပေါ်သော်လည်း ၎င်းသည် အလွန်တရာအင်အားကြီးမားသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဖန်တီးခြင်းကြာပဒုမ္မာ...

“ဘယ်လောက်တောင်ကောင်းလိုက်တဲ့... ရတနာလဲ”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သူ့လက်ထဲရှိ ဧရာမဓားကို ဆုံးရှုံးလိုက်ရသော်လည်း သူသည် ဒေါသထွက်ရမည့်အစား ကျေနပ်နှစ်ခြိုက်သွား၏။ သူသည် သူ့ရှေ့ရှိ ဖန်တီးခြင်းကြာပဒုမ္မာကို တွေ့မြင်သောအခါ သူ၏ သွေးချီကို ပေါက်ကွဲစေပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ကာ ဖန်တီးခြင်းကြာပဒုမ္မာကို ဖိနှိမ်ဖို့ ကြိုးစားလိုက်၏။

န​တ်ဘုရားမျိုးနွယ်၏ ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ဖန်တီးခြင်းကြာပဒုမ္မာကို သူ့အပိုင်အဖြစ် သိမ်းယူချင်လေသည်။

“မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”

ဆူဇီမိုက သူ၏မျက်လုံးထဲရှိ အေးစက်ခက်ထန်မှုနှင့်အတူ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။

သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုလှည့်ပတ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကို အဆက်မပြတ်လည်ပတ်လာစေ၏။ အဲ့ဒီကနေ ပြိုးပြိုးပြက်ပြက် အစိမ်းရောင်အလင်းများက ဖြာထွက်လာပြီး နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ပိရမစ်နယ်မြေကို စကာပေါက်ဖြစ်သွားစေ၏။

အသောကသစ်သားကို စုပ်ယူသန့်စင်ပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုကသာ တိုးမြင့်လာခြင်းမဟုတ်ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ဖြစ်စေ ၊ ဖန်တီးခြင်းကြာခုံဖြစ်စေ သူတို့နှစ်ခုစလုံးသည် အလွန်တရာသိသာထင်ရှားသော အသွင်ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံခဲ့ရ၏။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သူ၏ မျိုးဆက်သွေးနယ်မြေ ကြေမွသွားသောအခါ တုန်လှုပ်သွားလေသည်။

ယခုအခါမှသာလျှင် အခြေအနေက ဘယ်လောက်အန္တရာယ်များကြောင်း သူက အမှန်တကယ်နားလည်သွားပြီး နောက်သို့ဆုတ်ချင်လေသည်။ သို့သော်လည်း ဆူဇီမိုက သူ့ကို ထိုအခွင့်အရေးမပေးတော့ပေ။

သူ့စိတ်ဝိညာဥ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ ဖန်တီးခြင်းကြာပဒုမ္မာက အစိမ်းရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ဦးခေါင်းကို ပစ်တိုက်ချလိုက်၏။ ထိုသူသည် သူ၏ အမြုတေစိတ်ဝိညာဥ် ဖျက်ဆီးခံရခြင်းနှင့်အတူ နေရာမှာပင်သေဆုံးသွား၏။

“သတ်”

များစွာသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ဟိန်းဟောက်၍ တစ်ချိန်တည်းမှာ သူတို့၏ လမ်းကြောင်းကို ပြောင်းလဲပြီး ဆူဇီမိုထံသို့ ပြေးဝင်လာကြ၏။

နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် သေဆုံးခြင်းသည် အခြားသော နတ်ဘုရားမျိုးနွယ်ဝင်များ၏ ရှေ့သို့ ချီတက်မှုကို မခြိမ်းခြောက်နိုင်ပေ။

ဘာပဲပြောပြော တောင်ကြားထဲတွင် လူနှစ်ယောက်သာလျှင် ရှိနေ၏။ သို့သော်လည်း နတ်ဘုရားမျိုးနွယ်၏ စစ်တပ်နှစ်တပ်က မကြာခင်ရောက်လာပေတော့မည်။

ဆူဇီမိုနှင့် ညဝိညာဥ်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေပေ။ ထိုအစား အဲ့ဒီမှာ အဆုံးမဲ့သော စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုတို့ရှိနေ၏။

သူတို့နှစ်ယောက်သည် ဘေးချင်းယှဥ်ကာ တိုက်ခိုက်ရမည်ဆိုလျှင် သူတို့က အလွန်ကြီးမားသည့် စစ်တပ်တစ်တပ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။

All Chapters