ပြန်လည်မွေးဖွားလာခြင်း
Vol. 101 Ch. 1514
နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ရာကျော်သည် ရှေ့သို့ပြေးတက်လာပြီး သူတို့၏ မျိုးဆက်သွေးနယ်မြေများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။ ရှေးဟောင်းပိရမစ်များက ကြောက်စရာကောင်းသော စွမ်းပကားနှင့်အတူ လေထဲမှာပေါ်ထွက်လာပြီး အရမ်းကိုတုန်လှုပ်စရာကောင်းနေ၏။
သန်းပေါင်းများစွာသော သက်ရှိများသည် ပိရမစ်တစ်ရာ၏အောက်မှာ ဝပ်တွားနေကြပြီး ရိုကျိုးခယသော အမူအရာများနှင့်အတူ ဝတ်ပြုဆုတောင်းနေကြ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သူတို့၏ လက်နှစ်ဖက်ကို ဖြန့်ပြီး ပိရမစ်များပေါ်မှာ အစစ်အမှန်နတ်ဘုရားများကဲ့သို့ မတ်တတ်ရပ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပလာ၏။
“အရှေ့အရပ်က လူရိူင်းတွေ... မင်းတို့တွေက အညံ့မခံကြသေးဘူလား”
နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်က ပိရမစ်၏ အောက်ဘက်ရှိ သန်းပေါင်းများစွာသော သက်ရှိများကို လက်ညိုးထိုးပြီး ဟိန်းဟောက်လိုက်၏။
“မင်းတို့တွေက နတ်ဘုရားမျိုးနွယ်ထံမှာ အညံ့ခံမယ်ဆိုရင် အဲ့ဒီသက်ရှိတွေလိုပဲ... မင်းတို့ကို နတ်ဘုရားမျိုးနွယ်က ကာကွယ်ပေးမယ်”
“မင်းတို့က ခုခံမယ်ဆိုရင်တော့... မင်းတို့ရဲ့ အလောင်းတွေက ပိရမစ်ထဲမှာ အမြဲထာဝရ ဖိနှိမ်ခံရမယ်... နတ်ဘုရားရဲ့ အဆုံးအဖြတ်ကိုခံယူပြီး ဘယ်တော့မှ ပြန်လည်မွေးဖွားမလာစေရဘူး”
ဆူဇီမို၏ မျက်လုံးထဲမှာ နားလည်သဘောပေါက်မှုတစ်ခုက ထင်ဟပ်လာ၏။
နတ်ဘုရားမျိုးနွယ်၏ ပိရမစ်များထံမှာ အညံ့ခံထားသော သန်းပေါင်းများစွာသော ထိုသက်ရှိများသည် နတ်ဘုရားကုန်းမြေတိုက်က အခြားသော ကုန်းမြေတိုက်များကို သိမ်းပိုက်ပြီးနောက် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များဖြစ်ရပေမည်။
ရှေးဟောင်းခေတ်တုန်းက ဂမ္ဘီရဟို့သည် နတ်ဘုရားမျိုးနွယ်၏ လမ်းကြောင်းကို ဤနေရာမှာ ခုခံတားဆီးပေးခဲ့ခြင်းမရှိလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ သန်းပေါင်းများစွာသော သက်ရှိများသည်လည်း ထိုကဲ့သို့ တူညီသော ကံကြမ္မာကို တွေ့ကြုံခံစားနေရဖို့များလေသည်။
သူတို့သည် နတ်ဘုရားမျိုးနွယ်၏ အမြဲထာဝရကျွန်ပြုခြင်းကို ခံရပေလိမ့်မည်။
ပိရမစ်၏ ပတ်လည်မှာ ဒူးထောက်နေကြသော သက်ရှိများသည် ရိုကျိုးခယသော အမူအရာများရှိနေကြ၏။
သူတို့သည် သူတို့၏ အရိုးများထိတိုင် ခုခံဖို့ကို မေ့ပျောက်သွားခဲ့ကြလေပြီ။
ကျွန်ပြုခံရခြင်း၏ အမှတ်အသားက သူတို့၏ ဝိညာဥ်များနှင့် မျိုးဆက်သွေးများနှင့်အတူ ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။
အဲ့ဒါကို တွေးမိချိန်၌ ဆူဇီမို၏ မျက်လုံးများက ပို၍ပင် အေးစက်ခက်ထန်လာ၏။
“မင်းတို့တွေက... အားနည်းတဲ့ နတ်တုနတ်ယောင်တချို့ပဲ”
ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းတို့ကောင်တွေက အစစ်အမှန်နတ်ဘုရားတွေဆိုရင်တောင် မင်းတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်ပေါ်ကို ခြေချရဲတာနဲ့ ငါကမင်းတို့တွေကို တိမ်စိုင်ပေါ်ကနေဆွဲချပြီး မင်းတို့ရဲ့အရိုးတွေကို ချေမွဖျက်ဆီးပစ်မယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏ လက်ဟန်ချိပ်စည်းများက အဆက်မပြတ်ပြောင်းလဲသွား၏။
ဝင်းဝင်းပြောင်ပြောင်အရောင်အဝါများနှင့်အတူ ဓမ္မပညာရပ်များသည် မည်သည့်ခုခံမှုမှမရှိဘဲ အဆင်ပြေချောမွေ့စွာဖြင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
“ပင်လယ်သင်္ချိုင်းလျှို့ဝှက်အတတ်”
“ကမ္ဘာဖျက် မိစ္ဆာလက်သီး”
“စွမ်းအားကြီး ကောင်းကင်ဘုံနဂါးဆင်းသက်ခြင်း”
“သဲမုန်တိုင်း..”
“မဟာသက္ကတအလင်းလက်သီး”
“အဝီစိ...”
“.....”
ဓမ္မပညာရပ်နှင့် လျှို့ဝှက်အတတ် ၃၀ ကျော်သည် တစ်ခဏချင်းမှာပင် ဆူဇီမို၏ လက်ဟန်လှုပ်ရှားမှုများကနေ ထွက်ပေါ်လာပြီး ကမ္ဘာဖျက်ရေလှိုင်းလုံးတစ်ခုကဲ့သို့ ရောက်ရှိလာ၏။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအရ ဓမ္မပညာရပ်တစ်ခုချင်းစီသည် နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များတစ်ယောက်ကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
သို့သော် ယခုအခါ... ဆူဇီမိုအယောက် ၃၀ ကျော်က တိုက်ခိုက်ပြီး တစ်ချိန်တည်းမှာပင် ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ခြင်းနှင့် တူညီလေသည်။ ထိုထိတွေ့ရိုက်ခတ်မှုက နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေတစ်ရာကျော်ထက် များစွာပို၍ ကြောက်စရာကောင်းလေသည်။
ဘန်း... ဘန်း ဘန်း...
ဓမ္မပညာရပ်နှင့် လျှို့ဝှက်အတတ် ၃၀ ကျော်ကနေ ဖြစ်ပေါ်လာသော ဓမ္မစွမ်းအားလှိုင်းလုံးသည် မျိုးဆက်သွေးနယ်မြေတစ်ရာနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောအသံများကို ထွက်ပေါ်လာစေ၏။
ဖျောက်... ဖျောက်... ဖျောက်...
ရှေးဟောင်းပိရမစ်များပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ကြေမွပျက်စီးကုန်၏။
နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျိုးဆက်သွေးနယ်မြေများသည် ဆူဇီမို၏ ဓမ္မပညာရပ်လှိုင်းလုံးများကို ဆက်လက်၍ မခုခံနိုင်တော့ပေ။
ဖောင်း.... ဖောင်း... ဖောင်း...
နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များသည် အမူအရာများ ညိုးငယ်သွားပြီး သွေးသံရဲရဲ ဒဏ်ရာများစွာနှင့်အတူ နောက်သို့ဆုတ်ကာ သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာ၏။
ညဝိညာဥ်က သန်မာမည်ကို သူတို့က ကြိုတွက်ထားပြီးသားဖြစ်၏။ သို့သော်လည်း သူတို့ရှေ့ရှိ အားနည်းသည့်ပုံစံနှင့် လူသားသည် ဤမျှအထိ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မည်သည့်နတ်ဘုရာမျိုးနွယ်ကမှ ထက်မှတ်မထားခဲ့ပေ။
သူတို့၏ မျိုးဆက်သွေးနယ်မြေများကပင်လျှင် အဲ့ဒါကို မခုခံနိုင်ပေ။
အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ကျင့်ကြံရေးအမွေအနှစ်များလား။
နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် တုန်လှုပ်သွားကြပြီး ဆူဇီမိုကို ကြည့်သော သူတို့၏ အမြင်ကလည်း ပြောင်းလဲသွားကြ၏။
ဖြီး....
ဖြာလက်လာသော သွေးရောင်များက ပေါ်ထွက်လာ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်၏ ဦးခေါင်းသည် ထက်ရှသော လက်သည်းချွန်တစ်ခုဖြင့် နေရာမှာပင် ထိုးဖောက်ချေမွခံရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ သူ၏ ဦးခေါင်းမဲ့အလောင်းက လေထဲကနေ ပြုတ်ကျလာ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိများက မတုံ့ပြန်နိုင်ခင်မှာပင် ဝေဝေဝါးဝါးပုံရိပ်တစ်ခုက တရိပ်ရိပ်လှုပ်ရှားသွား၏။
ထို့နောက်ချက်ချင်းပင် ခပ်ပြတ်ပြတ်အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်က သေဆုံးသွားလေပြီ။
ညဝိညာဥ်က တိုက်ခိုက်နေပြီဖြစ်၏။
ဆူဇီမို၏ ဓမ္မပညာရပ်လှိုင်းလုံးက နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေများနှင့် ထိတွေ့ရိုက်ခတ်သွားနေသည့်အချိန်မှာပင် ညဝိညာဥ်သည် နတ်ဘုရားမျိုးနွယ် လူအုပ်ထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်လာခဲ့ပြီဖြစ်၏။
ထိုအခိုက်အတန့်မှသာလျှင် ညဝိညာဥ်၏ ကြောက်မက်ဖွယ်ရာကောင်းသော အစွမ်းအစက အပြည့်အဝထွက်ပေါ်လာ၏။
သည့်ယခင်က ညဝိညာဥ်သည် တောင်ကြား၏ အလယ်မှာ တစ်ယောက်တည်းရှိနေခဲ့ပြီး များစွာသော နတ်ဘုရားမျိုးနွယ်ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ရလေသည်။ သူက ဂမ္ဘီရဟို့မျိုးနွယ်၏ အားသာချက်ကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ပေ။
သို့သော် ယခုအခါ... ဆူဇီမိုက များစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများနှင့် တိုက်ခိုက်ပေးပြီး ညဝိညာဥ်အတွက် ပြီးပြည့်စုံသော သတ်ဖြတ်ခြင်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိုက်၏။
ဖောင်း... ဖောင်း... ဖောင်း...
ဖြာလက်လာသော သွေးရောင်များက အဆက်မပြတ်ပေါ်ထွက်လာ၏။
ညဝိညာဥ်သည် နတ်ဘုရားမျိုးနွယ်များကြား ဖြတ်လျှောက်သွားသောအခါ သူသည် အမှောင်ထဲမှ သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ ဖြစ်နေ၏။ သူတို့၏ မျိုးဆက်သွေးနယ်မြေများကြေမွသွားသည့် နတ်ဘုရားမျိုးနွယ် သက်ရှိများသည် ညဝိညာဥ်၏ တိုက်ခိုက်မှုများကို လုံးဝမခုခံနိုင်တော့ပေ။
အသက်ရှုချိန်အနည်းငယ်မှာပင် နတ်ဘုရားမျိုးနွယ်တစ်ရာ၏ ထက်ဝက်ကျော်က သတ်ဖြတ်ခံလိုက်ရလေပြီ။
ဆူဇီမိုကလည်း လှုပ်ရှားမှုကို ပြုလုပ်လာခဲ့ပြီဖြစ်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်သည် အင်မော််တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ အနှစ်သာရနှင့် ပေါင်းစည်းထားခဲ့ပြီဖြစ်၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ သူ၏ဓမ္မစွမ်းအားများသည် ဒဏ္ဍာရီလာ အကန့်အသတ်မဲ့သောအဆင့်ကို ရောက်ရှိလာခဲ့၏။
သူသည် ယခုတင် စတုရတီတာအိုမီးနှင့် ဓမ္မပညာရပ် ၃၀ ကျော်ကို ထုတ်ဖော်ထားခါစဖြစ်သည်ဆိုလျှင်တောင် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားသည် ဖန်တီးခြင်းကြာခုံ၏ အားဖြည့်ပေးမှုအောက်မှာ အလွန်တရာသန်မာအားကောင်းနေဆဲ ဖြစ်၏။
ဆူဇီမိုသည် သူ၏ ဓားလက်ချောင်းကို ပူးကပ်ပြီး ရှေ့သို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ဇီ... ဇီ.... ဇီ...
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများစွာက ပစ်လွင့်ထွက်ပေါ်လာပြီး တစ်ဘက်တွင်ရှိသော နတ်ဘုရားမျိုးနွယ် သက်ရှိများကို လွှမ်းခြုံသွား၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုက အရမ်းကိုသိပ်သည်းပြင်းထန်လေသည်။
သူတို့၏ မျိုးဆက်သွေးနယ်မြေများနှင့်ပင်လျှင် ဤနတ်ဘုရားမျိုးနွယ်သက်ရှိများသည် အဲ့ဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ယခုလို သူတို့၏ မျိုးဆက်သွေးနယ်မြေများ မရှိတော့သည့်အချိန်မှာ အခြေအနေက ပို၍ပင် ဆိုးဝါးလေသည်။
နတ်ဘုရားမျိုးနွယ်များ၏ အလောင်းများက လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာ၏။
ဆူဇီမိုနှင့် ညဝိညာဥ်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် နတ်ဘုရားမျိုးနွယ် သက်ရှိများသည် တောင်ကြားထဲမှာ တဖြည်းဖြည်းနောက်သို့ ဆုတ်ပေးလာရသည်။
အဲ့ဒါသည် သူတို့က နောက်ဆုတ်ပေးချင်သောကြောင့် မဟုတ်ဘဲ သူတို့မှာ တခြားရွေးချယ်စရာမရှိသောကြောင့်ဖြစ်၏။
ဆူဇီမိုသည် ထပ်တလဲလဲတိုက်ခိုက်နေပြီး ညဝိညာဥ်က ခန့်မှန်းရခက်သော လှုပ်ရှားမှုများနှင့်အတူ အမှောင်ထဲမှာ လှုပ်ရှားသွားလာနေ၏။ များစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများသည် မတူညီသော တိုက်ခိုက်မှုနှစ်ရပ်ကို မည်သို့မှ မခုခံနိုင်ကြတော့ပေ။
နတ်ဘုရားမျိုးနွယ် သက်ရှိများက သူတို့၏ စိတ်ကို လျှော့ချလိုက်သည့်အချိန်မှာပင် သေချာပေါက် သူတို့က သေကြေပျက်စီးရပေလိမ့်မည်။
“ဂါး...”
ထိုစဥ်မှာပင် ဒေါသတကြီးဟိန်းဟောက်သံတစ်သံက တောင်ကြား၏ နောက်ဘက်ကနေ ပေါ်ထွက်လာ၏။
ထိုဟိန်းဟောက်သံကြားမှာ စူးစူးဝါးဝါး အော်သံတချို့ပင် ရောထွေးနေ၏။
“ဟမ်...”
ဆူဇီမိုက ရင်တစ်ချက် ထိတ်သွားပြီး နောက်သို့လှည့်ကြည့်လိုက်၏။
တောင်ကြား၏ အခြားတစ်ဘက်တွင် ပေတစ်ထောင်မြင့်မားသော သားရဲတောကောင်တစ်ကောင်ရှိနေ၏။
၎င်းသည် အနိုင်မခံအရှုံးမပေးလိုသော အချိန်အဝါတချို့ကို ထုတ်ဖော်နေပြီး ၎င်း၏ ခန္ဓာကိုယ်က မီးခိုးရောင်သန်းနေ၏။ ၎င်းသည် မျက်လုံးများမရှိဘဲ ဆိတ်တစ်ကောင်၏ ခန္ဓာကိုယ်နှင့် မျက်နှာများရှိလေသည်။
ထိုသားရဲတောကောင်၏ အော်ရာက ကြောက်စရာကောင်းပြီး ၎င်းမှာ အရာရာတိုင်းကို ဝါးမျိုနိုင်သည်ဟု ထင်ရသော ကြောက်စရာကောင်းသည့် ဧရာမပါးစပ်တစ်ပေါက်ရှိလေသည်။ ၎င်း၏ ထက်ရှသော လက်သည်းများကို ဝေ့ယမ်းပြီး ၎င်းသည် ခရမ်းရွှေရောင်ဖဲကြိုးများကို စီးနှောင်ထားသည့် ခွန်လွင်ကလန်းသားများကို သတ်ဖြတ်ကာ နေရာတစ်ခုလုံးကို ရှင်းလင်းသွားစေ၏။
အဆုံးစွန်မီးနှင့် နန်းကြည်ပင်လျှင် ဤသားရဲတောကောင်၏ ကြမ်းကြုတ်ခက်ထန်သော မီးတောက်များကို မဖိနှိမ်နိုင်ပဲ အဆက်မပြတ်နောက်ဆုတ်ပေးနေရ၏
ထောင်ထျဲ...
ထိုသားရဲတောကောင်သည် စောစောက ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရသော ခွန်လွင်အရှင်ဖြစ်၏။ သို့သော် ယခုအခါ ထောင်ထျဲက ပြန်လည်ရှင်သန်လာခဲ့လေပြီ။
“မဖြစ်နိုင်တာ...”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
စောစောကတင်... သူသည် ထောင်ထျဲ၏ လက်နှစ်ဖက်ကို ဆုတ်ဖြဲ၍ သူ၏ရင်ဘတ်ကို ချေမွဖျက်ဆီးပစ်ခဲ့လေပြီ။
ထောင်ထျဲသည် ထိုဒဏ်ရာများကနေ ပြန်လည်ကောင်းမွန်လာသည်ဆိုလျှင် နားလည်လက်ခံနိုင်လေသည်။ သို့သော်လည်း စောစောက ထောင်ထျဲ၏ ဦးခေါင်းနှင့် အသိစိတ်သည် ဖန်တီးခြင်းကြာခုံ၏ ချေမွဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ သူ့အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်၏ ကာကွယ်မှုနှင့်ပင်လျှင် ထောင်ထျဲက အဲ့ဒါကို မခုခံနိုင်ခဲ့ပေ။
ထောင်ထျဲက ဘယ်လိုလုပ်ပြီး ပြန်လည်ရှင်သန်လာနိုင်တာလဲ”
“အထီးကျန်သိုင်းသခင်”
ထောင်ထျဲသည် အဆုံးမဲ့သော မုန်းတီးမှု ၊ အမျက်ဒေါသများနှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
“ငါက မင်းကို အပိုင်းပိုင်းဆုတ်ဖြဲပြီး မင်းရဲ့အရိုးတွေကို ပြာချပစ်မယ်”
“ဟွန်း...”
ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သူကခက်ထန်စွာဖြင့် ပြောလိုက်၏။
“ထောင်ထျဲ... ငါမင်းကို တစ်ခါသတ်နိုင်ရင် နောက်တစ်ခါလည်း မင်းကို သတ်နိုင်တယ်... မင်းမှာ အသက်ဘယ်လောက်များများရှိမလဲ ကြည့်ရသေးတာပေါ့”
ထောင်ထျဲက ပြန်လည်ရှင်သန်လာပြီး တောင်ကြား၏ ဝင်ပေါက်ဝကို တိုက်ခိုက်ဖို့အတွက် ခွန်လွင်စစ်တပ်ကို ဦးဆောင်လာ၏။ သို့သော်လည်း အဆုံးစွန်မီး ၊ နန်းကြည်နှင့် အခြားသူများသည် သူ့ကိုလုံးဝ မခုခံနိုင်ကြပေ။
ဆူဇီမိုသည် ထောင်ထျဲ ပြန်လည်ရှင်သန်လာခြင်း၏ လျှို့ဝှက်ချက်အကြောင်းနှင့် ပတ်သက်ပြီး ဆက်လက်၍ ဒွိဟဖြစ်မနေတော့ဘဲ... ထိုသူကို နောက်တစ်ဖန် သတ်ဖြတ်ဖို့အတွက် လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်လိုက်၏။
ထိုစဥ်မှာပင် အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုက တောင်ကြား၏ တစ်ဘက်ရှိ သက်တံရောင်လိုဏ်ဂူထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။
တောင်ကြားထက်ရှိ လေဟာနယ်က တုန်ခါလာခဲ့၏။