← Chapters

အလင်းစစ်တပ်

Vol. 101 Ch. 1515

အလင်းစစ်တပ်

Vol. 101 Ch. 1515

သက်တံရောင်ဝါဖြင့် တောက်ပနေသော လိုဏ်ဂူတွင်းကနေ မြင်းများကို စီးနင်းပြီး ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်အုပ်စုက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။

သူတို့စီးနင်းထားသော မြင်းများကို ရွှေရောင်ချပ်ဝန်တန်ဆာများဖြင့် ဖုံးအုပ်ထားပြီး သူတို့၏ အေးစက်စက်မျက်လုံးတစ်စုံကိုသာလျှင် ထုတ်ဖော်ထားလေသည်။

သူတို့က သာမန်မြင်းများ မဟုတ်ပေ။

သူတို့ခန္ဓာကိုယ်၏ တစ်ဖက်တစ်ချပ်စီတွင် နှင်းဖြူရောင်တောင်ပံများရှိပြီး သူတို့၏ ဦးခေါင်းထက်မှာ ထက်ရှသော ဦးချိုတစ်ချောင်းကလည်း ပြူထွက်နေကာ လေထဲကနေ ဖြည်းဖြည်းချင်း ပျံသန်းလာ၏။

နတ်ဘုရားမျိုးနွယ်၏ မြင်းစီးစစ်သည်များသည် ရွှေရောင်လှံများကို ကိုင်ဆွဲပြီး ဆူဇီမိုနှင့် ညဝိညာဥ်ကို အေးစက်စွာစိုက်ကြည့်နေ၏။

“ဟားဟားဟားဟား”

နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်က အော်ဟစ်ရယ်မောလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ အရိုင်းအစိုင်းတွေ မင်းတို့တွေကတော့ သွားပြီပဲ... ငါတို့နတ်ဘုရားကုန်းမြေရဲ့ အလင်းစစ်တပ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို ရောက်လာပြီ... အမှောင်စစ်တပ်ကလည်း သိပ်မကြာခင် လိုက်လာလိမ့်မယ်”

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပြီး သူတို့တစ်ယောက်ချင်းစီသည် ပြိုးပြိုးပြက်ပြက် အရောင်အဝါများဖြင့် တောက်ပနေကြ၏။

ထိုနတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည် အများစုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။

သူတို့ကြားမှာ တစ်ပိုင်းမျိုးနွယ်စုဘိုး​ဘေး ပညာရှင်များပင်လျှင် ပါဝင်လေသည်။

နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် သူတို့၏ နတ်မြင်းများကို စီးနင်းလာကြ၏။ သို့သော်လည်း သူတို့သည် ရွှေရောင်အကွက်အပြောက်များပါရှိသည့် လှံတံများကို ကိုင်ဆွဲထားပြီး ကြောက်စရာကောင်းသော အော်ရာများရှိကြလေသည်။

ကြောက်စရာကောင်းဆုံးအချက်မှာ အဲ့ဒါသည် နတ်ဘုရားမျိုးနွယ်၏ ပေါင်းစည်းခန္ဓာများနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်ဖြစ်လေသည်။ သူတို့က စည်းစနစ်ကျနပြီး သံမဏိသတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေကြ၏။

တောင်ကြားထဲသို့ ဝင်ရောက်လာပြီးနောက် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို တွေ့မြင်သောအခါ အံ့အားသင့်သွားကြခြင်း မရှိပေ။ သူတို့သည် တစ်ချိန်လုံးမှာ အမူအရာကင်းမဲ့စွာဖြင့် ရှိနေကြ၏။

တစ်ခဏအတွင်းမှာပင် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်ရာချီက တောင်ကြားထဲသို့ ရောက်ရှိလာကြ၏။

အလင်းစစ်တပ်တွင် လူပေါင်းတစ်ထောင်ကျော်ကျော်သာ ပါရှိလေသည်။

အလင်းစစ်တပ်သို့ ဝင်ရောက်နိုင်သော ထိုသူများသည် နတ်ဘုရားကုန်းမြေတိုက်၏ အသန်မာဆုံး ပါရမီရှင်များဖြစ်ကြ၏။

အလင်းစစ်တပ်၏ မြင်းစီးစစ်သည်တစ်ယောက်ချင်းစီသည် အဆင့်တူခြင်းမှာ လူတိုင်းကို ဖိနှိမ်နိုင်ပြီး နေရာတစ်ခုကို စိုးမိုးနိုင်လေသည်။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များစွာဖြင့် ဖွဲ့စည်းထားသော သံမဏိသွေး စစ်တပ်တစ်တပ်၏ သေစေနိုင်စွမ်းအားက မျှော်မှန်း မှန်းဆမိ၍ မရနိုင်ပေ။

ဒါ့အပြင် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ ချပ်ဝတ်တန်ဆာများဖြစ်စေ ၊ လက်နက်များဖြစ်စေ ၎င်းတို့ကို နတ်ဘုရားကုန်းမြေတိုက်၏ ထိပ်တန်းအဆင့် နတ်ပန်းပဲဆရာများက ဖန်တီးပေးထားခြင်းဖြစ်၏။

ဤအလင်းစစ်တပ်သည် လူဆယ်သန်းကျော်ပါဝင်သော ခွန်လွင်စစ်တပ်ကိုပင် သတ်ဖြတ်နိုင်လေသည်။

ညဝိညာဥ်၏ အမူအရာက သုန်မှုန်လာခဲ့၏။

သူတို့အတွက် စမ်းသက်ချက်က ယခုမှစတင်မည်ဖြစ်ကြောင်း သူက သိရှိလိုက်၏။

စောစောက သူတို့ရှေ့ရှိ နတ်ဘုရားမျိုးနွယ် သက်ရှိများသည် ဘာမှ ပြောပလောက်စရာမရှိပေ။ အလင်းစစ်တပ်ကတော့ နတ်ဘုရားကုန်းမြေတိုက်၏ လူမှုအဖွဲ့အစည်း၏ အထွတ်အထိပ်ကို ကိုယ်စားပြုလေသည်။

အလင်းစစ်တပ်၏ နောက်တွင် လိုက်လာသည့် အမှောင်စစ်တပ်က ယခုအချိန်ထိ ပေါ်ထွက်မလာသေးပေ။

ထိုစစ်တပ်နှစ်တပ် ရောက်ရှိလာပြီးနောက် အခြေအနေက မည်သို့မည်ပုံဖြစ်လာမလဲ မသိရှိနိုင်ပေ။

တောင်ကြား၏ ဝင်ပေါက်ဝ၌ ထောင်ထျဲသည် ပြန်လည်ရှင်သန်လာခဲ့ပြီး ခွန်လွင်စစ်တပ်နှင့်အတူ ချဥ်းကပ်လာနေပြီဖြစ်၏။

ဆူဇီမိုနှင့် ညဝိညာဥ်ကြားတွင် သူတို့ထဲမှ တစ်ယောက်ကတော့ ထောင်ထျဲကို သွားရောက်ကိုင်တွယ်ရပေမည်။

“ညဝိညာဥ်... ထောင်ထျဲကိုသွားပြီး ရှင်းပစ်လိုက်”

ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချလိုက်၏။

“ငါက နတ်ဘုရားမျိုးနွယ်ရဲ့ အလင်းစစ်တပ်ကို ခုခံပေးထားမယ်”

တောင်ကြား၏ အရှေ့နှင့် အနောက်ကို နှိုင်းယှဥ်လျှင် နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သေချာပေါက် ပို၍ အန္တရာယ်များလေသည်။

သူတို့၏ နောက်ဘက်တွင်က ခွန်လွင်အပျက်အစီးနယ်မြေ၏ အင်အားစုများသာလျှင်ဖြစ်၏။

သို့သော်လည်း နတ်ဘုရားမျိုးနွယ်ဘက်ခြမ်းတွင် နတ်ဘုရားကုန်းမြေတိုက်တစ်ခုလုံး၏ အင်အားရှိလေသည်။

ဆူဇီမိုသည် ထိုရွေးချယ်မှုကို ​ပြုလုပ်ခြင်းဖြင့် ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိသွားလေပြီ။

“အစ်ကိုကြီး...”

ညဝိညာဥ်က ငြင်းဆန်ချင်သော်လည်း သူစကားစ​ပြောလိုက်သည့်အချိန်မှာပဲ ဆူဇီမိုက ဖြတ်ပြောလိုက်၏။

“ညဝိညာဥ်”

ဆူဇီမိုက ညဝိညာဥ်ကို ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ခွန်လွင်အပျက်အစီးနယ်မြေရဲ့ ကိစ္စကို ဖြေရှင်းဖို့ မင်းက အသင့်တော်ဆုံးပဲ... ခွန်လွင်မျိုးနွယ်ကို မင်းတစ်ယောက်ပဲ ဖိနှိမ်နိုင်လိမ့်မယ်”

မျိုးဆက်သွေးအရဖြစ်စေ... မူလဇာစ်မြစ်အရဖြစ်စေ... ညဝိညာဥ်က အစစ်အမှန် ခွန်လွင်အရှင်ဖြစ်၏။

သူနှင့် ထောင်ထျဲကြားတွင် ဖြေရှင်းမရနိုင်သော ရန်ငြိုးရန်စနှင့် ပဋိပက္ခတစ်ခု ရှိနေ၏။ သူတို့နှစ်ယောက်က အသေအကြေတိုက်ခိုက်ရပေလိမ့်မည်။

ထောင်ထျဲ သေဆုံးသွားသည်နှင့် ညဝိညာဥ်သည် သူ၏ ဩဇာတိက္ကမနှင့်အတူ ကျန်ရှိနေသော ခွန်လွင်ကလန်သားများကို ချိုးနှိမ်နိုင်ဖို့ အခွင့်များလေသည်။

သို့သော်လည်း ဆူဇီမိုကတော့ ကွဲပြားခြားနားလေသည်။

ထိုခွန်လွင်ကလန်သားများက ဆူဇီမိုကို လုံးဝလက်ခံလိမ့်မည် မဟုတ်ပေ။

ထောင်ထျဲက သေဆုံးသွားသည်ဆိုလျှင်တောင် ခွန်လွင်ကလန်သားများက ဆူဇီမို၏ စကားကို နားထောင်ကြလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ခွန်လွင်စစ်တပ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူ့အနေဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး အဲ့ဒါက မည်သူ့အတွက်မှ အကျိုးမရှိနိုင်ပေ။

ဆူဇီမိုက ပြောလိုက်၏။

“ညဝိညာဥ်... မင်းက အဲ့ဒီထောင်ထျဲကို မြန်မြန်ဆန်ဆန် သတ်ဖြတ်ပြီး တခြား ခွန်လွင်ကလန်သားတွေကို စည်းရုံးသိမ်းသွင်းရမယ်... ပြီးရင် မင်းက ငါ့ကို မြန်မြန်လာပြီး ကူညီပေးလို့ရတယ်”

“ကျုပ်သိပြီ “

ညဝိညာဥ်က ခေါင်းညိတ်ပြလိုက်၏။

“ဘာမှမစိုးရိမ်နဲ့... မင်းပြန်ရောက်မလာခင်အချိန်ထိ ငါက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားကို သေချာပေါက်စောင့်ရှောက်ပေးထားမယ်... ဘယ်နတ်ဘုရားမျိုးနွယ်တစ်ကောင်ကိုမှ အထဲကို ပေးမဝင်ဘူး”

ဆူဇီမို၏ လေသံက ပြတ်သားနေ၏။

ခဏမျှရပ်တန့်ပြီးနောက် သူက ညွှန်ကြားလိုက်၏။

“နောက်ပြီး ... မင်း ဂရုစိုက်ဦး”

“အဲ့ဒီထောင်ထျဲမှာ လှည့်ကွက်တချို့ရှိနေတဲ့ပုံပဲ... စောစောက ငါက သူ့ရဲ့ ဦးခေါင်းကို ချေမွဖျက်ဆီးခဲ့တယ်... ဒါပေမဲ့ သူက သေမသွားပဲ ပြန်ပြီးရှင်သန်လာခဲ့တယ်... ထောင်ထျဲရဲ့ အမြုတေစိတ်ဝိညာဥ်က သူ့ရဲ့ အသိစိတ်ထဲမှာ ကိန်းဝပ်နေတာ မဟုတ်လောက်ဘူးလို့ ငါထင်မိတယ်”

“အစ်ကိုကြီး... ဘာမှစိုးရိမ်မနေနဲ့”

ထိုသို့ပြောပြီးနောက် ညဝိညာဥ်၏ ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွားပြီး နေရာကနေ ပျောက်ကွယ်သွားပြီဖြစ်၏။ သူပြန်ပေါ်လာသောအခါ သူက တောင်ကြား၏ ဝင်ပေါက်ဝသို့ ရောက်ရှိနေလေပြီ။

အဲ့ဒါက အချိန်ကိုလုပြီး ပြိုင်ရမည့် အပြေးပြိုင်ပွဲတစ်ခုဖြစ်လေသည်။

သူသည် ထောင်ထျဲကို သတ်နိုင်သမျှမြန်မြန်သတ်ဖြတ်ပြီး ခွန်လွင်ကလန်သားများအားလုံးကို ထိန်းချုပ်ရပေမည်။ ပြီးသည်နှင့် သူက ဆူဇီမိုကို အမြန်ဆုံးသွားရောက်ကူညီပေးရပေမည်။

“အရှေ့ဘက်အရပ်က လူရိုင်း... ငါက မင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ်... အခု မင်းက ငါ့ဆီမှာ အညံ့ခံလိုက် ငါက မင်းကို ငါ့လက်အောက်က ကိုယ်ရံတော်တစ်ယောက်အဖြစ် လက်ခံပေးမယ်”

နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက လှံတစ်ချောင်းကို ကိုင်ဆွဲပြီး ကောင်းကင်ဘုံနတ်မြင်းတစ်ကောင်ကို စီးနင်းထား၏။ သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပြီး ဆူဇီမိုကို ငုံကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင်... အလင်းစစ်တပ်သည် လူတစ်ထောင်နှင့်အတူ တောင်ကြားထဲသို့ ဝင်ရောက်လာခဲ့လေပြီ။ သူတို့ကြားထဲတွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များက ဆယ်ဂဏန်းလောက် ပါရှိလေသည်။

အခြားသူများကတော့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ဝံ့ကြွားစွာဖြင့်ပြောလိုက်၏။

“ငါကမင်းကို ကိုယ်တိုင်လမ်းညွှန်မှုပေးပြီး နတ်ဘုရားမျိုးနွယ်ရဲ့ မြင့်မြတ်ထည်ဝါတဲ့ ယဥ်ကျေးမှုအမွေအနှစ်ကို သင်ကြားပေးမယ်... အဲ့ဒါဆိုရင် မင်းက လူရိုင်းဘဝကနေ လွတ်မြောက်နိုင်လိမ့်မယ်”

“ဟားဟား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“မင်းတို့ နတ်ဘုရားမျိုးနွယ်မှာရှိတဲ့ နည်းလမ်းတွေက ဒါအကုန်ပဲလား... မင်းတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကို နှစ်ကြိမ်ဝင်ရောက်ပြီးတာတောင် ဒီတောင်ကြားကို မဖြတ်ကျော်နိုင်ကြသေးဘူး... ဒါတောင် မင်းက ငါ့ရှေ့မှာ ဘယ်လိုတောင် ပေါက်တက်ကရစကားတွေ ပြောရဲသေးတာလဲ”

အလင်းစစ်တပ်မှ နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ အမူအရာများက ညိုမည်းသွားကြ၏။

ကမ္ဘာဦးခေတ်စစ်ပွဲသည် နတ်ဘုရားကုန်းမြေတိုက်၏ ထာဝရအရှက်ရမှုဖြစ်၏။

နတ်ဘုရားကုန်းမြေတိုက်သည် များစွာသော လောကများကို အောင်နိုင်ခဲ့ပြီး သက်ရှိသန်းပေါင်းများစွာကို ​ကျွန်ပြုရင်း မရေမတွက်နိုင်သော နယ်မြေဒေသများကို သိမ်းပိုက်ခဲ့၏။ သူတို့သည် ဤကဲ့သို့သော ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရပေ။

သူတို့ ယနေ့ တစ်ကျော့ပြန်လာခဲ့ရသည့် အကြောင်းအရင်းမှာ သူတို့သည် ကမ္ဘာဦးခေတ်က အရှက်ရမှုကို ချေဖျက်လိုသောကြောင့်ဖြစ်၏။

“အရှေ့အရပ်ကလူရိုင်း... မင်းက ငါ့ကို တကယ်ဒေါသထွက်စေတာပဲ”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက သူ့လက်ထဲရှိလှံကို ဖြည်းဖြည်းချင်း မြှောက်ပြီး ရွှေရောင်အလင်းတောက်တောက်နှင့်အတူ ဆူဇီမိုကို ချိန်ရွယ်လိုက်၏။

“အခု.... မင်းက ငါ့ရှေ့မှာ ဒူးထောက်မယ်ဆိုရင်တောင် ငါက မင်းကို ခွင့်လွှတ်မပေးတော့ဘူး”

“ဒီနေ့... အလင်းစစ်တပ်ရဲ့ စွမ်းအားကို ငါမင်းကို မျက်ဝါးထင်ထင် ပြပေးမယ်”

သူ့စကားမဆုံးသေးခင်မှာပင် နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ လက်ထဲရှိ လှံက ရုတ်တရက် ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပလာ၏။

တစ်ချိန်တည်းမှာပင် အလင်းစစ်တပ်၏ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ယောက်ချင်းစီက သူတို့၏ ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြ၏။

ရွှေရောင်အလင်းများက သူတို့၏ ဓားများကနေ ပစ်လွင့်ထွက်ပေါ်လာ၏။

ရွှေရောင်အလင်းတန်းတစ်ထောင်သည် လေထဲမှာ စုစည်းသွားပြီး တစ်ခဏချင်းမှာပင် ပေပေါင်းများစွာရှည်လျားသော ရွှေရောင်လှံတစ်လက်ကို ဖြစ်ပေါ်လာစေ၏။ အဲ့ဒါက လေထုကိုဖြတ်ကျော်ပြီး တုန်လှုပ်ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးလိုက်၏။

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး ရင်တစ်ချက်ထိတ်သွား၏။

ထိုလှံတံသည် နတ်ဘုရားမျိုးနွယ် သက်ရှိ တစ်ယောက်နှစ်ယောက်၏ စွမ်းအားမဟုတ်ပေ။ အဲ့ဒါက အလင်းစစ်တပ်တစ်ခုလုံး၏ စွမ်းအားကို ပေါင်းစည်းလိုက်သော လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။

ဆူဇီမိုပင်လျှင် ဧရာမရွှေရောင်လှံထံကနေ ခေါင်းနပန်းကြီးမှုကို ခံစားလိုက်ရ၏။

ရုတ်တရက်ဆိုသလို...

ဆူဇီမို၏ စိတ်ထဲမှာ သတိပေးချက်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။

အဲ့ဒီမှာ စဥ်းစားနေဖို့ အချိန်မရပေ။

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလျှပ်ပန်းများက ပေါ်ထွက်လာပြီး သူ၏နောက်ဘက်ကနေ ဓမ္မစွမ်းအားတောင်ပံတစ်စုံကလည်း ပေါ်ထွက်လာ၏။

နောက်ဆုံးမှာတော့ သူ၏ ပုံရိပ်သည် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး နေရာကနေ ပျောက်ကွယ်သွား၏။

ဆန်းကြယ်တောင်ပံများ ၊ မိုးကြိုးထွက်ပြေးခြင်းနှင့် အကန့်အသတ်မဲ့ရွှေအလင်း...

ထွက်းပြေးခြင်းနည်းစနစ်သုံးခုကို ပေါင်းစည်းပြီးနောက် ဆူဇီမို၏ အလျင်အဟုန်က ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားလေပြီ။

All Chapters