← Chapters

ရက်စက်သော ပြစ်ဒဏ်

Vol. 45 Ch. 672

ရက်စက်သော ပြစ်ဒဏ်

Vol. 45 Ch. 672

ရဲ့လင်းချန်၏ ထူးဆန်းသော အကြည့်ကို သတိထားမိပြီး လင်းထျန်းရှုံး၏ မျက်နှာက နီရဲကာ စိတ်ဆိုးမာန်ဆိုး ပြောလာသည်။

“ကောင်စုတ်လေး၊ ဒါ ဘာအကြည့်လဲ၊ ငါ့ကြောင့်သာ မဟုတ်ရင် အဲ့တုန်းက ဂျပန်တွေ အောင်မြင်သွား လောက်တယ်ကွ”

ရဲ့လင်းချန် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားမိသည်။ ကျူးကျော်ဝင်ရောက်ခြင်း ဖြစ်ခဲ့စဉ်က သေချာပေါက် တားဆီးသည့် အဖွဲ့တစ်ဖွဲ့ ရှိပေလိမ့်မည်။ လင်းထျန်းရှုံးသည် အလွန်ဆုံး ထိုလူများထဲမှ တစ်ယောက် ဖြစ်နိုင် လောက်သည်။ သို့သော် သူသည် ထိုစဉ်က သူသာလျင် အသန်မာဆုံး ဖြစ်ခဲ့ဟန်ဖြင့် ပြောနေ၏။

“အဘိုးကြီးလင်းက အဲ့အချိန်တုန်းက တကယ်ပဲ အထောက်အကူ ဖြစ်ခဲ့တယ်”

ချင်ပိုင်ချွမ်းက ပြောလာသည်။

“အဲ့အချိန်တုန်းက သိုင်းပညာရှင်တွေက အခုထက် ပိုနည်းတယ်၊ ငရဲတံခါးက ပွင့်တာ နှစ်နှစ်ပဲ ရှိသေးပြီးတော့ လူနည်းနည်းကပဲ အတွင်းအားကို ကျင့်ကြံနိုင်ခဲ့တာ၊ အဘိုးကြီးလင်းက အဓိက အင်အားပဲ၊ ဒါပေမဲ့ ကံဆိုးပြီး …”

ချင်ပိုင်ချွမ်းက နောင်တရစွာ နှုတ်ခမ်းကို တင်းနေအောင် စေ့ထားသည်။

“ငရဲတံခါးရဲ့ အစွန်အဖျားက စိတ်ဝိညာဉ် စွမ်းအင်တွေ အရမ်း များနေတယ်ဆိုင်မယ့် အချိန်တိုအတွင်း အတွင်းအားကို ကျင့်ကြံနိုင်တဲ့သူက နည်းနည်းပဲ ရှိခဲ့တယ်၊ တကယ်တော့ သိုင်းပညာ လေ့ကျင့်ရေးက ပင်ကိုပါရမီအပေါ် အများကြီး မူတည်တယ်၊ ပြီးတော့ အဘိုးကြီးလင်းရဲ့ ပင်ကို ပါရမီက အကောင်းဆုံးပဲ၊ သူသာ အဲ့တုန်းက ဒဏ်ရာမရခဲ့ရင် သူရဲ့ အောင်မြင်မှုက ကျော်စောနေလောက်ပြီ”

“ကြားတယ်နော် ဟေ့ကောင်”

လင်းထျန်းရှုံးက ခန္ဓာကိုယ်ကို မတ်၍ ချက်ချင်း မာန်တက်နေသော အမူအရာမျိုး ဖြစ်သွားလေသည်။

“ပင်ကိုပါရမီပေါ် တကယ် မူတည်တာပဲ”

ရဲ့လင်းချန် သဘောပေါက် နားလည်သွားသော အမူအရာမျိုး ဖြစ်သွားသည်။

“စစ်သည်တော်ဌာနရဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုက လူတွေကို စောင့်ကြည့်ဖို့လို့ ခင်ဗျား ပြောခဲ့တာပဲ၊ ဒါဆို သူတို့ရဲ့ ပင်ကိုပါရမီကို စောင့်ကြည့်တာလား”

“အမှန်ပဲ”

ချင်ပိုင်ချွမ်းက ခေါင်းညိတ်လာသည်။

“စစ်သည်တော်ဌာန တည်ထောင်ရခြင်းရဲ့ ပထမဆုံးအချက်က ငရဲတံခါးရဲ့ ဘေးဒုက္ခကို ခုခံရင်ဆိုင်ဖို့ပဲ၊ ဒုတိယအချက်က သိုင်းပညာ လေ့ကျင့်ရေးအတွက် သင့်တော်တဲ့ လူတွေကို ရွေးချယ်ပြီး တံခါးဆီ ပို့တာပဲ၊ အဲ့ဒီမှာ သူတို့က စိတ်ဝိညာဉ်စွမ်းအင်နဲ့ ကျင့်ကြံနိုင်ပြီးတော့ ငရဲတံခါးကို ခုခံခြင်းမှာ ပါဝင်နိုင်မှာ”

ရဲ့လင်းချန် အသာပြုံးလိုက်သည်။

“ဒီနည်းလမ်းက ဆိုးတော့မဆိုးပါဘူး၊ ငရဲတံခါးကို ခုခံနိုင်မယ့်အပြင် ဒီအရည်အချင်းရှိတဲ့ စစ်သည်တော်တွေက လေ့ကျင့်ရေး အောင်မြင်တာနဲ့ ဖိအားကို ခံနိုင်ရည်ရှိပြီးတော့ ဟင်းလင်းပြင်နယ်မြေထဲ ဝင်ရောက်နိုင်မယ်၊ အကျိုးအမြတ်က များသားပဲ”

“အဲ့ဒါက အဲ့လောက် မလွယ်ဘူး၊ လူသားတွေက ဟင်းလင်းပြင်နယ်မြေထဲ ဝင်တာနဲ့ အထဲက သတ္တဝါတွေက လူသားတွေကို ရက်ရက်စက်စက် တိုက်ခိုက်ပြီးတော့ အထဲမှာတင် သေသွားနိုင်ချေ များတယ်၊ တကယ်တော့ လူတွေ အများကြီး သေခဲ့ပြီးပြီ”

ချင်ပိုင်ချွမ်းက လေးလံစွာ ခေါင်းခါလေသည်။

ရဲ့လင်းချန် မျက်ခုံး အသာပင့်လိုက်မိသည်။

“နှစ်စဉ် သေဆုံးမှုနှုန်းက …”

“အဲ့ဒါ အတုလုပ်ထားတာ”

ချင်ပိုင်ချွမ်းက ခပ်နိမ့်နိမ့်အသံဖြင့် ပြောလာသည်။

“ငါတို့ တကယ် ကိန်းဂဏန်းဇယားကို ထုတ်ပြလို့ မရဘူးလေ၊ ငါတို့သာ အဲ့လို လုပ်ခဲ့ရင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေတာ ကြာပြီ၊ ပြီးတော့ လူတိုင်း နေ့တိုင်း သွေံးပျက်နေလောက်ပြီ၊ တကယ်တော့ သေဆုံးမှုနှုန်းက ထုတ်ပြထားတဲ့ အရေအတွက်ထက် ဆယ်ဆမကဘူး”

“ဆယ်ဆတောင်လား”

ရဲ့လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သိလိုက်ရသည့် သတင်းက သူ့အား အမှန်တကယ် သွေးပျက် သွားစေသည်။

နှစ်တိုင်း ထုတ်လွှင့်သည့် အချက်အလက်အရ စစ်သည်တော်များ၏ နှစ်စဉ် သေဆုံးနှုန်းက လူသုံးထောင်ခန့် ရှိသည်။ ယင်းကပင် များလှသော အရေအတွက် ဖြစ်နေလေပြီ။ ယခုခေတ်က ငြိမ်းချမ်းသော ခေတ်ဖြစ်ပြီး နိုင်ငံတိုင်းက အချင်းချင်း သဟဇာတ ဖြစ်ကြသည်။ ပဋိပက္ခ အသေးအမွှားများ ရံဖန်ရံခါ ဖြစ်လာလျင်တောင်မှ သေဆုံးသည့် လူအရေအတွက်က နည်းပါးသည်။ ထုတ်ဖော်ပြသသည့် အရေအတွက်ထက် အမှန်တကယ် ဆယ်ဆပိုပါက သေဆုံးသည့် စုစုပေါင်း အရေအတွက်က သုံးသောင်း ဖြစ်နေလေပြီ။

သေဆုံးသူများသည် သာမန်လူများ မဟုတ်ဘဲ ငရဲတံခါးကို စောင့်ကြပ်သည့် စစ်သည်တော်များပင်။

စစ်သည်တော် ဘယ်လောက်များများ အမှန်တကယ် အသက်ရှင်နိုင်ခဲ့သနည်း။

“စစ်သည်တော်ဌာနက နှစ်တိုင်း လူခေါ်တာကို မင်း သတိမထားမိဘူးလား၊ အတိအကျပြောရရင် လူအများကြီး ခန့်တာက စစ်သည်တော်ဌာန မဟုတ်ဘဲ စစ်တပ်ကပဲ၊ သူတို့တွေ ဘယ်ရောက်သွားကြတာလဲ”

လင်းထျန်းရှုံးက မေးသည်.

“နှစ်စဉ် အသုံးစရိတ်ကလည်း တော်တော်လေး များတယ်၊ အဲ့ဒါတွေက ဘယ်ရောက်သွားတာလဲ”

“အဲ့ဒီ အားပြင်းတဲ့ ဗုံးတွေကို စဉ်းစားကြည့်၊ အဲ့ဒါကို သုံးမယ်ဆိုရင် ငါတို့ဂြိုဟ်တောင် ခံနိုင်မှာ မဟုတ်ဘူး၊ အဲ့ဒါက လူတိုင်းကို ထိခိုက်မှာ၊ ဒါတောင် ဘာလို့ သူတို့က အဲ့ဒါတွေကို ဆက်လုပ်နေတာလဲ၊ အဲ့ဒါက တကယ်ပဲ ခြောက်လှန့်ချင်ရုံ သက်သက်ပဲလား၊ ဒါမှမဟုတ် အလှဆင်ရုံပဲလား၊ အဏုမြူဗုံးတွေကိုကြောင့်သာ မဟုတ်ရင် အဲ့ဒီ သန်မာတဲ့ ငရဲတံခါးက သတ္တဝါတွေက လူသားမျိုးနွယ်ကို မျိုးသုဉ်းအောင် လုပ်နေလောက်ပြီ”

“ကျင့်ကြံခြင်းက ပိုလွယ်လာပြီး သိုင်းပညာရှင်က ပုံမှန် တိုးလာလို့ တော်သေးတယ်”

ချင်ပိုင်ချွမ်းက အပျော်နှင့် ပြောလာပြီးနောက် ရဲ့လင်းချန်ကို ကြည့်သည်။

“မိတ်ဆွေလေးရဲ့၊ မင်းက ပါရမီရှိတဲ့ လူတစ်ယောက် ပြီးတော့ တကယ့်ကို ပါရမီရှင် သိုင်းသမားတစ်ယောက်ပဲ၊ မင်း ငါ့ကို ကူညီချင်လား၊ ငါ မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား”

ရဲ့လင်းချန်၏ မျက်လုံးများ မသိမသာ တောက်ပသွားသည်။

“ခင်ဗျား လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ၊ နည်းပြချုပ်ချင်ကို ဒုက္ခပေးရတော့မှာပဲ”

“မင်းရဲ့ အရည်အချင်းနဲ့ ခွန်အားနဲ့ဆို တံခါးဆီသွားဖို့ မင်းအတွက် တကယ် လွယ်လွယ်လေးပဲ၊ အဲ့ဒါက မင်း လိုချင်တာ ဆိုရင်ပေါ့၊ ငါက မိတ်ဆက်ပေးဖို့အတွက်ပဲ တာဝန်ယူရတာပါ”

ချင်ပိုင်ချွမ်းက အသာပြုံးသည်။

“ဒါနဲ့ စကားမစပ်၊ ငါတို့ မင်းဆီ ပို့လိုက်မဲ့ စစ်သည်တော်အဖွဲ့က အချိန်တန်ရင် တံခါးဆီ သွားဖို့ တာဝန်ကျ လာလိမ့်မယ်၊ မင်း သူတို့ကို တတ်နိုင်သမျှ အကောင်းဆုံး လေ့ကျင့်ပေးဖို့ တောင်းဆိုချင်တယ်၊ အနည်းဆုံး သူတို့ရဲ့ အသက်ရှင်ကျန်နိုင်တဲ့ အခွင့်အရေး တိုးလာတာပေါ့ကွာ”

“ကောင်းပါပြီ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

…

စစ်သည်တော်ဌာနမှ လူများသည် အချိန်ဆွဲတတ်သူများ မဟုတ်ချေ။ နောက်တစ်နေ့ မနက်စောစော၌ သင်္ဘောတစ်စီးက ဆန်းကြယ်ကျွန်းသို့ ဦးတည်ထွက်ခွာလာပြီး စစ်သည်တော်ဌာနမှ လူများ ရောက်လာကြသည်။

ရဲ့လင်းချန်သည် အနီးအနား၌ ရပ်ကာ သင်္ဘော ကမ်းကပ်သည်ကို ကြည့်နေသည်။ ထို့နောက် စစ်သည်တော် ဌာနမှ လူများ ဆင်းလာသည်။

ထိုအဖွဲ့သည် စကားပြောရင်း ကျယ်လောင်စွာ ရယ်မောနေကြသည်။ သူတို့၏ အသံများက ကျယ်၍ ကြမ်းရှသည်။

တစ်ချက် ကြည့်လိုက်ရုံနှင့် စုစုပေါင်း လူဦးရေ ၈၆ ယောက် ရှိကြောင်း ရဲ့လင်းချန် ပြောနိုင်ပြီး အများစုက သူသိသော လူများ ဖြစ်လေသည်။

သူတို့ထဲတွင် ရဲ့လင်းချန် စစ်သည်တော်ဌာနနှင့် ပထမဆုံး သိရှိချိန်က သိခဲ့သော ဝူယွဲ့ ပါရှိသည်။ ထိုအချိန်က သူတို့သည် အတားအဆီး ဖြတ်ကျော်ရေးနှင့် သေနတ်ပစ်တို့၌ပင် အချင်းချင်း ပြိုင်ခဲ့ကြသေးသည်။ သို့သော် ဝူယွဲ့သည် အလူးအလဲ ရှုံးသွားသဖြင့် သူ့ကိုယ်သူတောင် စတင်၍ သံသယ ဖြစ်ခဲ့သည်။

ထိုအထဲတွင် ရဲ့လင်းချန် စစ်သည်တော်ဌာန၏ စခန်းသို့ ပထဆုံး ရောက်ခဲ့စဉ်က သူနှင့် အလေးမပြိုင်ရန် အလွန် စိတ်အားထက်သန်ခဲ့သည် အစ်ကိုကျားနှင့် အစ်ကိုကြံတို့လည်း ပါလာသည်။

သို့သော်ငြားလည်း ရဲ့လင်းချန် အလွန် ရင်းနှီးသည့် လူများစွာ ပါသော်လည်း သူတို့၏ နာမည်ကို သူ မသိချေ။

တစ်ချို့သည် ရဲ့လင်းချန်၏ ကျွန်းကို ယခင်က ရောက်ဖူးပြီး ဟန်မပျက်ချေ။ အများစုမှာမူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့် ဘေးပတ်ဝန်းကျင်အား တအံ့တဩ ကြည့်နေပြီး ကျွန်း၏ ပတ်ဝန်းကျင်က တီဗွီထဲမှ နိဗ္ဗာန်နှင့် အလွန် တူညီကြောင်း တွေ့လိုက်ရလေသည်။

“အားလုံး သတိ”

ရုတ်တရက် ကျယ်လောင်သော အော်သံတစ်သံက အဖွဲ့ကို မှင်တက်သွားစေပြီး အလိုလို ခြေထောက်စုရပ်ကာ အရှေ့သို့ တည့်တည့်ကြည့်မိသွားကြသည်။

ထို့နောက် သူတို့က ပြိုင်တူ နှုတ်ဆက်လိုက်သည်။

“နည်းပြချုပ်ရဲ့”

“ငါက မင်းတို့ နည်းပြချုပ်ဆိုတာကို မင်းတို့ ကောင်းကောင်း သိနေပဲ၊ ဒါတောင် မင်းတို့က ဒီလို လာတာလား”

ရဲ့လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“မင်းတို့ရဲ့ အခုအနေအထားကို ကြည့်စမ်း၊ ဒါလား အဖွဲ့၊ ကောင်းကောင်း မသိတဲ့သူတွေဆို မင်းတို့ကို အဆင့်မရှိတဲ့သူတွေလို့တောင် ထင်ဦးမယ်၊ မင်းတို့ကို စစ်သည်တော်ဌာနက ဒီလို လေ့ကျင့်ပေးလိုက်သလား”

အဖွဲ့ထဲမှ လူများ ငြိမ်နေကြသည်။ သူတို့၏ မျက်နှာများက နီနေသော်လည်း သူ့အား ပြန်၍ မချေပနိုင်ချေ။

သူတို့အားလုံးက စစ်သည်တော်များ ဖြစ်သော်လည်း မတူညီသော အထူးလေ့ကျင့်ရေး စခန်းများမှ လာကြပြီး တစ်ယောက်နှင့် တစ်ယောက် မသိကြချေ။ ထို့ကြောင့် သူတို့သည် သူတို့ သိသော သူများနှင့်သာ စုပေါင်းနေပြီး ဂိုဏ်းငယ်များ ဖြစ်နေကြသည်။ တစ်ချို့ဆိုလျင် သူတို့မိတ်ဆွေ၏ ပခုံးပေါ် လက်တင်ထားပြီး အခြားသူများနှင့် ခပ်ခွာခွာ ဖြစ်အောင် ဖန်တီးနေလေသည်။

ပထဆုံး ရောက်လာသည့်အဖွဲ့မှာ ရဲ့လင်းချန်နှင့် ငါးမီတာ အကွာအတွင်း ရောက်နေပြီး အနှေးဆုံးက သင်္ဘောနှင့် ဆယ်မီတာမျှသာ ကွာဝေးသေးသည်။ ဘယ်ညာ တစ်ဦးချင်းစီကလည်း မီတာများစွာ ခွာနေကွာ လူတိုင်း စနစ်တကျ ရှိမနေချေ။

“တန်းစီ”

ရဲ့လင်းချန် အမိန့်ပေးလိုက်သည်။

အမိန့်ကို ကြားသည်နှင့် လူတိုင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။ သူတို့သည် ယခင်က အတူတူ တန်းမစီဖူးသဖြင့် အချင်းချင်း အပြန်အလှန် နားလည်မှု မရှိကြချေ။ သို့သော် သူတို့၏ ပေါင်းစပ်နိုင်စွမ်းက မနှေးဘဲ အစီအစဉ်တကျ ဖြစ်ရန် စက္ကန့်သုံးဆယ်မျှသာ ကြာလိုက်သည်။

“ဒီပုံစံအတိုင်း နေပြီး ဒီနေရာမှာ စပြေးကြ၊ ပြေးနေတုန်း စကားပြောခွင့်မရှိသလို ငါ့ခွင့်ပြုချက် မရှိဘဲ ရပ်ခွင့် မရှိဘူး”

ရဲ့လင်းချန်က လိုရှင်းတိုရှင်း ပြော၍ အမိန့်ထပ်ပေးလိုက်သည်။

“ညာလှည့်”

“အခု ပြေးတော့”

စစ်သည်တော် ၈၆ ယောက်သည် သင်္ဘောပေါ်က ဆင်းခါစမှာပင် ရက်စက်သော စစ်ရေးလေ့ကျင့်ရေးနှင့် ကြုံလိုက်ရသဖြင့် စိတ်ညစ်သွားကြသည်။ သူတို့တွင် အသက်ရှူချိန် မဆိုထားနှင့်၊ နားချိန်ပင် မရလိုက်ချေ။

ထိုအခိုက်တွင် ရဲ့လင်းချန်သည် ဘာမှမဖြစ်ခဲ့ဟန် ပြုမူပြီး သူတို့အား စောင့်ကြည့်မနေချေ။ ထိုအစား သူသည် အပြင်ဘက် ရိုက်ကူးရေးအတွက် အားလုံးကို ပြင်ဆင်ရန် လူများကို စီမံခန့်ခွဲနေ၏။

All Chapters