← Chapters

ကြမ္မာဆိုးဓား

Vol. 102 Ch. 1528

ကြမ္မာဆိုးဓား

Vol. 102 Ch. 1528

“သခင်လေး.. ရှင် ဘယ်လိုနေလဲ”

ခွန်လွင်စစ်တပ်ကြားမှာ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် မိန်းကလေးတစ်ယောက်က ဆူဇီမိုကို ထူမပြီး စိုးရိမ်ပူပန်စွာ မေးလိုက်၏။

သူမက နန်းကြည်ပင် ဖြစ်လေသည်။

“ငါ အဆင်ပြေပါတယ်”

ဆူဇီမိုက လေတစ်ချက်ကို ရှူရှိုက်ပြီး ဆေးလုံးများကို ဆက်လက်စားသုံးနေ၏။ ဖန်တီးခြင်းကြာခုံက သူ၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေပြီဖြစ်ပြီး သူ၏ ဓမ္မစွမ်းအားများကို ပြန်လည်ဖြည့်တင်းနေ၏။

“ဒီနေရာမှာ အရင်ဆုံး ခဏလောက် နားနေလိုက်.. ငါတို့က ရှေ့ကို တက်ပြီး ခဏတဖြုတ် တိုက်ခိုက်ပေးထားမယ်”

အဆုံးစွန်မီးက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မပူနဲ့… ခွန်လွင်မျိုးနွယ်က ညဝိညာဉ်ထံမှာ အညံ့ခံပြီးသွားပြီ.. နတ်ဘုရားမျိုးနွယ်က သန်မာတယ်ဆိုပေမဲ့.. ခွန်လွင်စစ်တပ်မှာ စစ်သည်ပေါင်း ဆယ်သန်းကျော် ရှိတယ်.. ငါတို့က နတ်ဘုရားမျိုးနွယ်ရဲ့ တိုက်ခိုက်မှုကို သေချာပေါက် ခုခံပေးထားနိုင်လိမ့်မယ်”

သူပြောသည်မှာ မမှားပေ။

အရေအတွက်များလွန်းလျှင် ပုရွက်ဆိတ်များပင် ဆင်တစ်ကောင်ကို ကိုက်သတ်နိုင်သည်ဟူသော ဆိုရိုးစကား ရှိလေသည်။ ညဝိညာဉ်၏ ဦးဆောင်မှုအောက်တွင် စစ်သည်ပေါင်း ဆယ်သန်းပါဝင်သော ခွန်လွင်စစ်တပ်သည် ဧရာမ လှိုင်းလုံးတစ်လုံးအဖြစ် ကျန်ရှိနေသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်ထံသို့ ပြေးဝင်သွားကြ၏။

အစကတော့ တောင်ကြားထဲမှာ လဲကျနေသော ဒဏ်ရာအပြင်းအထန် ရရှိထားသည့် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည် ၁၀ယောက်ကျော် ရှိလေသည်။

ထိုနတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များက မတုံ့ပြန်နိုင်ခင်မှာပင်.. သူတို့သည် ခွန်လွင်စစ်တပ်အကြား နစ်မြုပ်သွားပြီး အသားပျော့ဖတ်များဖြစ်သည်အထိ နင်းချေခြင်းခံလိုက်ရ၏။

ဘုန်း..

ခွန်လွင်စစ်တပ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်နှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော အသံတစ်သံကို ထွက်ပေါ်လာစေ၏။

ထိုထိတွေ့ရိုက်ခတ်လိုက်သည့် ခဏမှာပင်.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်၏ လက်ထဲမှာ ခွန်လွင်ကလန်သား ၁၀၀ က သေဆုံးသွားရ၏။ အသားစများနှင့် သွေးများက စစ်မြေပြင်မှာ ပြန့်ကျဲသွား၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်က အရမ်းကို သန်မာလေသည်။

အခြားသူများသာဆိုလျှင်.. သူတို့သည် ခွန်လွင်စစ်တပ်၏ ဆွဲယူနှစ်မြုပ်ခြင်းကို ချက်ချင်းပင် ခံရပေလိမ့်မည်။

သို့သော်လည်း.. သူတို့၏ မဟူရာနဂါးများကို စီးနင်းလာသည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်သည် လုံးဝ နောက်ဆုတ်ခြင်း မရှိဘဲ ခွန်လွင်စစ်တပ်နှင့် တိုက်ခိုက်နိုင်လေသည်။

ခွန်လွင်ကလန်သား အများစုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်ထံသို့ မရောက်ခင်မှာပင် မဟူရာနဂါး ၃ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

မဟူရာနဂါးများသည် ညဝိညာဉ်ထံမှ တိုက်ခိုက်မှုတစ်ချက်ကို ခံနိုင်ရည် မရှိသော်လည်း သူတို့သည် သာမန် ခွန်လွင်ကလန်သားများကြားမှာ ပြိုင်ဘက်ကင်းနေလေသည်။

“ရွှစ်…”

မဟူရာနဂါး ၃ကောင်က တစ်ချိန်တည်းမှာပင် အနက်ရောင်မီးတောက်များကို ထွေးထုတ်ပြီး ခွန်လွင်စစ်တပ်ကို လောင်ကျွမ်းစေ၏။

“သမာဓိတာအိုမီး”

အဆုံးစွန်မီးက ဟိန်းဟောက်၍ လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်၏။ သူသည် သမာဓိတာအိုမီးကို ထုတ်ဖော်ဖို့အတွက် သွေးနီရောက်မီးတောက်စိတ်နှလုံးသုတ္တန်ကို ထုတ်ဖော်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။

ဤတိုက်ပွဲ၏ မီးဆေးမှုမှတစ်ဆင့် အဆုံးစွန်မီးကလည်း အသွင်ပြောင်းလဲလာခဲ့ပြီဖြစ်၏။

သူ၏ သမာဓိတာအိုမီးသည် ပို၍ပင် သန့်စင်လာပြီး ပို၍ပင် သိပ်သည်းစုဖွဲ့လာ၏။

များစွာသော ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည်လည်း သူတို့၏ ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။

ချက်ချင်းပင် ဆင်းသက်လာသော မီးဖိုတစ်ခုနှင့် တရုန်းရုန်း ထကြွလာသော ဓမ္မစွမ်းအား လှိုင်းလုံးတစ်ခုသည် မဟူရာနဂါး ၃ကောင် ထွေးထုတ်လိုက်သော အနက်ရောင်မီးတောက်များဖြင့်​ ထိတွေ့ရိုက်ခတ်ပြီး ဓမ္မစွမ်းအားများက တလိပ်လိပ်လျှံတက်လာ၏။

သက်တံရောင်လိုဏ်ဂူက ဝင်းလက်တောက်ပလာပြီး ပဉ္စမမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက ဆင်းသက်လာ၏။

သို့သော်လည်း ပဉ္စမမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ဆင်းသက်လာသည့် ခဏမှာပင် ညဝိညာဉ်က ကောင်းကင်ထက်ကနေ ပေါ်ထွက်လာပြီး ရုတ်တရက် တစ္ဆေတစ်ကောင်ကဲ့သို့ တိုက်ခိုက်လိုက်၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ၏ တုံ့ပြန်မှုကလည်း အလွန်တရာ မြန်ဆန်လေသည်။ ဖျတ်ခနဲဆို သူက ညဝိညာဉ်၏ သေကွင်းသေကွက် တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး သူ၏ လှံတံကို ပင့်မြှောက်ကာ ရှေ့သို့ ပစ်ထိုးလိုက်၏။

ချွမ်း..

ညဝိညာဉ်၏ အမြီးက ညင်သာစွာ ယိမ်းနွဲ့သွားပြီး အနက်ရောင် အရိပ်တစ်ခုက ဖျတ်ခနဲလက်သွား၏။ ၎င်းက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ၏ လှံနှင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများကို လွင့်စင်ထွက်သွားစေ၏။

ဂျွတ်…

သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ၏ အောက်ဘက်ရှိ မဟူရာနဂါးသည် ညဝိညာဉ်၏ လက်ကနေ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ၎င်း၏ လည်ပင်းက ကျိုးထွက်သွားပြီး လတ်ဆတ်သော သွေးများက လျှံကျလာ၏။

ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူသည် ဒေါသချောင်းချောင်းထွက်သွားပြီး ညဝိညာဉ်နှင့် တိုက်ခိုက်လိုက်၏။

ညဝိညာဉ်ကလည်း ပင်ပန်းနွမ်းနယ်၍ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်၏။

သူတို့နှစ်ယောက်သည် အလွန်တရာ အန္တရာယ်များသော ပုံစံဖြင့် တိုက်ခိုက်လိုက်ကြပြီး ဤပဉ္စမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူကို သတ်ဖြတ်ဖို့အတွက် ညဝိညာဉ်သည် ဒဏ်ရာ ၁၀ခုကျော်ကို လက်ခံယူလိုက်ရ၏။

ညဝိညာဉ်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏ စိတ်ဝိညာဉ်ကို စုစည်းကာ အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်ထံသို့ ဒယီးဒယိုင်ဖြင့် ပြေးဝင်သွား၏။

ခွန်လွင်စစ်တပ်မှာ လူပေါင်းများစွာ ရှိသော်လည်း သူတို့သည် သူတို့၏ အသက်များကို အဆက်မပြတ် စွန့်လွှတ်စတေးနေရပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက် ဝင်ရောက်လာခြင်းကို အနိုင်နိုင် ပိတ်ဆို့တားဆီးနေရ၏။

ခွန်လွင်စစ်တပ်၏ စွမ်းအားက ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၃ယောက်ကို ခြိမ်းခြောက်ဖို့အတွက် မလုံလောက်ပေ။

ခွန်လွင်စစ်တပ်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူများနှင့် တိုက်ခိုက်နိုင်နေသည့် အကြောင်းရင်းမှာ ညဝိညာဉ်ကြောင့် ဖြစ်၏။

သိပ်မကြာခင်.. ဆဋ္ဌမမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက ဆင်းသက်လာ၏။

သိပ်မကြာခင်.. ပဉ္စမမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူကလည်း ပေါ်ထွက်လာ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ တစ်ယောက်ချင်းစီသည် သိပ်သည်းပြင်းထန်သော ပျက်စီးထိခိုက်မှုကို ဖြစ်စေနိုင်ပြီး ခွန်လွင်စစ်တပ်အပေါ် ကြီးမားစွာ ရိုက်ခတ်မှု ရှိလေသည်။

အဲဒီမှာ နောက်ထပ် ထပ်မံ၍ မလိုအပ်တော့ပေ။ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ ၁၀ယောက်သည် စစ်သည်ပေါင်း ၁၀သန်း ပါဝင်သည့် ခွန်လွင်စစ်တပ်ကို ဖြိုခွဲဖျက်ဆီးပစ်နိုင်ဖို့ အခွင့်များလေသည်။

ထိုအခိုက်အတန့်တွင်.. ဆူဇီမိုသည် သက်လုံအား အတန်အသင့်ကို ပြန်လည်ရရှိလာပြီး စစ်မြေပြင်သို့ တစ်ဖန်ဝင်ရောက်လိုက်၏။

ညဝိညာဉ်သည် တစ်ချိန်လုံး အမှောင်ထဲမှာ ပုန်းကွယ်နေ၏။ တကယ်ဆို သူက ပေါ်ထွက်လာခြင်း မရှိလျှင်တောင် သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူများအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ကို ကျရောက်စေနိုင်ပြီး သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို ပေးနိုင်လေသည်။

ညဝိညာဉ် ပေါ်ထွက်မလာလျှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူများသည် တစ်ချိန်လုံးမှာ သူ့ကို စိုးရိမ်ပူပန်နေရ၏။

ညဝိညာဉ်သည် အနားယူ၍ ကုသဖို့အတွက် ထိုအခွင့်အလမ်းကို အသုံးချနိုင်ပြီး နောက်တစ်ဖန် တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုကိုလည်း စောင့်ဆိုင်းနေနိုင်၏။

တောင်ကြားထဲမှာ သေဆုံးကုန်သော ခွန်လွင်ကလန်သားများက ပို၍ပို၍ များပြားလာ၏။

ညဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ခွန်လွင်မျိုးနွယ်က လဲပြိုကျဆင်းပြီး ခြေဦးတည့်ရာ ထွက်ပြေးကုန်သည်မှာ ကြာနေလောက်လေပြီ။

သို့သော်လည်း ညဝိညာဉ်က ဤနေရာကို စောင့်ကြပ်နေပြီး ဆူဇီမိုက ရှေ့ကနေ ဦးဆောင်နေသည့်အတွက် ခွန်လွင်ကလန်သားများသည် သေခြင်း ရှင်ခြင်းကို မေ့လျော့သွားပြီး ဒေါသတကြီး ဟိန်းဟောက်ကာ အဆက်မပြတ် တိုက်ခိုက်နေကြ၏။

များစွာသော ခွန်လွင်ကလန်သားများကလည်း ဒေါသူပုန်ထနေကြ၏။

လတ်ဆတ်သော သွေးများ၊ အလောင်းများ၊ ပြတ်တောက်သွားသော ခြေလက်များ…။

နေရာတိုင်းမှာ သွေးများက ပြည့်နှက်နေ၏။

ခွန်လွင်မျိုးနွယ်သည် ကြီးမားစွာ ပျက်စီးထိခိုက်ဆုံးရှုံးမှုနှင့် ကြုံတွေ့နေရပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူများကလည်း သူတို့ဘက်မှာ အသေအအပျောက် ရှိလာခဲ့၏။

ဤတိုက်ပွဲသည် နေ့တစ်ပိုင်းမျှ ကြာမြင့်ခဲ့ပြီး မရေမတွက်နိုင်သော ခွန်လွင်ကလန်သားများက တောင်ကြားထဲမှာ သေဆုံးကုန်ကြ၏။ အဲဒီမှာ အမှန်တကယ်ပင် သွေးမြစ်များ စီးဆင်းလာ၏။

နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူများကတော့ သူတို့ထဲမှ ၂၇ယောက်သည် ဆူဇီမို၊ ညဝိညာဉ်နှင့် များစွာသော ခွန်လွင်ကလန်သားများ၏ ပူးပေါင်းခွန်အားဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။

နောက်ဆုံးမှာတော့…

ညဝိညာဉ်သည် တောင်ကြားထဲမှာ နောက်ဆုံးလက်ကျန် မဟူရာနဂါးကို ကိုက်သတ်လိုက်လေသည်။

သူသည် မဟူရာနဂါးပေါ်ကို ဖက်တက်ပြီး သည်းထန်စွာ မောဟိုက်နေ၏။ သူ့မှာ လှုပ်ရှားဖို့ပင် ခွန်အား မကျန်ရှိတော့ပေ။

ဆူဇီမိုကလည်း ယခုတင် နောက်ဆုံးလက်ကျန် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူကို သတ်ဖြတ်ပစ်လိုက်၏။ ပေးဆပ်မှုအနေဖြင့် သူ၏ နံရိုးများက လုံးဝ ကျိုးကြေနေပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက ထိခိုက်ပျက်စီးကာ သွေးများက အဆက်မပြတ် စီးကျနေ၏။

သူ ရှူသွင်းလိုက်သော ဝင်သက်တစ်ခုချင်းစီမှာ အားကောင်းသော သွေးရနံ့တစ်ခု ပါဝင်နေပြီး သူ၏ အသက်ဓာတ်အားက အရမ်းကို အားပျော့နေ၏။

ဤတစ်ခေါက် သူရရှိသော ဒဏ်ရာများက အရမ်းကို ပြင်းထန်လွန်းလေသည်။

သူ၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံပင်လျှင် မလည်ပတ်နိုင်တော့ဘဲ ၎င်း၏ အရောင်အဝါက မှေးမှိန်သွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းနှင့်ပင်လျှင်.. ဤမျှအထိ ပြင်းထန်သော ဒဏ်ရာများကို ကုသနိုင်ခြင်း မရှိတော့ပေ။ သူသည် ပြန်လည်သက်သာကောင်းမွန်ဖို့အတွက် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းတစ်ခုကို လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

ဆူဇီမို၊ ညဝိညာဉ်၊ အဆုံးစွန်မီး၊ နန်းကြည်နှင့် များစွာသော ခွန်လွင်ကလန်သားများသည် သွေးများဖြင့် စိုရွှဲနေပြီး သူတို့သည် မလှမ်းမကမ်းရှိ သက်တံရောင်လိုဏ်ဂူကို အကြောအခြင် တောင့်တင်းစွာဖြင့် ငေးကြည့်နေကြ၏။

၁၅ မိနစ် ကြာသွား၏။

မိနစ် ၃၀ ကြာသွား၏။

နတ်ဘုရားမျိုးနွယ်သည် သက်တံရောင်လိုဏ်ဂူထဲကနေ ထပ်မံ၍ ပေါ်ထွက်လာခြင်း မရှိပေ။

အဲဒါက ပြီးသွားပြီလား။

များစွာသော ခွန်လွင်ကလန်သားများသည် ပျော်ရွှင်သည့်ပုံ မပေါ်ဘဲ ထိုအစား နာကျင်ရသည့်ပုံပေါ်နေ၏။

သူတို့နှင့် နှစ်ပေါင်းသောင်းချီကြာအောင် အတူယှဉ်တွဲနေထိုင်လာခဲ့သည့် မရေမတွက်နိုင်သော ကလန်သားများသည် ထာဝရ​ အိပ်မောကျသွားပြီး ဘယ်တော့မှ ပြန်ထလာတော့မည် မဟုတ်ပေ။

သူတို့သည် ခွန်လွင်ဒေသကို ခုခံနိုင်ခဲ့သော်လည်း ဤတိုက်ပွဲတွင် သူတို့ ပေးဆပ်ရသော တန်ဖိုးက အရမ်းကို ကြီးမားလွန်းလေသည်။

နန်းကြည်သည် သူမ၏ ခေါင်းကို အနည်းငယ် ငုံ့ထားပြီး ခွန်လွင်ကလန်သားများကို ဖြစ်စေ.. ညဝိညာဉ်ကို ဖြစ်စေ.. ရင်ဆိုင်ရဲခြင်း မရှိပေ။

သူမသည် ဆူဇီမို၊ ညဝိညာဉ်နှင့် ခွန်လွင်ကလန်သားများနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သော်လည်း သူမ၏ ကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေသည်က နတ်ဘုရားမျိုးနွယ်၏ သွေးများ ဖြစ်လေသည်။

ဖြစ်ပျက်ခဲ့သော အရာရာတိုင်းသည် သူမ၏ မျိုးနွယ်ဝင်များကြောင့် ဖြစ်လေသည်။

သူမသည် သူမ၏ ခေါင်းကို တိတ်တဆိတ် ငုံ့ထားပြီး အခက်တွေ့သည့်ပုံပေါ်နေ၏။

“ပြန်ကြရအောင်”

ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။

သူ၏ လေသံမှာ နက်ရှိုင်းသော ပင်ပန်းနွမ်းလျမှု ပါဝင်နေ၏။

ရုတ်တရက်ဆိုသလို…

လူတိုင်းက လှည့်မထွက်ခင်မှာပင်.. သက်တံရောင်လိုဏ်ဂူ ရှိရာဘက်ကနေ နောက်ထပ် ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်က ပေါ်ထွက်လာ၏။

လူတိုင်းက ဖြူဖပ်ဖြူလျော် ဖြစ်သွားကြ၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရားမျိုးနွယ် စစ်တပ်တစ်တပ်ဖြစ်ဖြစ် ပေါ်ထွက်လာမည်ဆိုလျှင် အဲဒါက သူတို့အတွက် သေချာပေါက် ကပ်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူတစ်ယောက်က သက်တံရောင်လိုဏ်ဂူထဲကနေ ပေါ်ထွက်လာ၏။

ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူသည် အရင်က သူများနှင့် သိသာထင်ရှားစွာ ကွဲပြားခြားနားလေသည်။

သူက မဟူရာနဂါးတစ်ကောင်ကို စီးနင်းလာခြင်း မရှိပေ။ ထိုအစား သူသည် မည်သည့်အသားမှ မရှိဘဲ ထက်ရှသော ဆူးချွန်များဖြင့် သွယ်တန်းနေသည့် နက်မှောင်နေသော ဧရာမ အရိုးနဂါးတစ်ကောင်ကို စီးနင်းလာ၏။

ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူသည် သူ၏ ဦးခေါင်းထက်မှာ မဟူရာ သရဖူတစ်ခုကို​ ဆောင်းထားလေသည်။

သူက နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင် ဖြစ်၏။

နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်သည် သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမ ဓားတစ်လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။

ဧရာမ ဓားသည် အနက်ရောင် အင်းကွက်များဖြင့် ပြည့်နှက်နေပြီး အလွန်တရာ သန့်စင်သော နက်မှောင်၍ အေးစက်နေသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။

နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်က ပုရွက်ဆိတ်တွေ… မင်းတို့က နတ်ဘုရားမျိုးနွယ်ရဲ့ စစ်တပ်နှစ်တပ်ကို သတ်ဖြတ်ပြီးတော့ နဂါးစီးနင်းသူ များစွာကိုလည်း သေကြေပျက်စီးစေခဲ့တယ်.. ဒီနေ့ ငါက နတ်ဘုရားကုန်းမြေတိုက်ရဲ့ မဟာနတ်ဘုရားလက်နက် ၄ခုထဲက တစ်ခုဖြစ်တဲ့ ကြမ္မာဆိုးဓားကို ဖိတ်ခေါ်လာခဲ့တယ်”

“ကြမ္မာဆိုးက ရောက်ရှိလာခဲ့ပြီ.. နတ်ဘုရားကုန်းမြေတိုက်ရဲ့ ကိုယ်စား ငါက မင်းတို့တွေကို စီရင်ချက်ချ သုတ်သင်ရမယ်”

All Chapters