← Chapters

ချီတက်လာကြခြင်း

Vol. 102 Ch. 1516

ချီတက်လာကြခြင်း

Vol. 102 Ch. 1516

ဘုန်း...

ဧရာမရွှေရောင်လှံသည် ဆူဇီမို၏ နောက်ချန်ပုံရိပ်ကို ထိုးဖောက်သွားပြီး ကျယ်လောင်သော မြည်သံကို ထွက်ပေါ်လာစေ၏။

မရေမတွက်နိုင်သော ကျောက်ခဲများက လိမ့်ဆင်းလာပြီး တထောင်းထောင်းထလာသော ဖုန်လုံးများကြားမှာ တောင်ကြားတစ်ခုလုံးက လှုပ်ခါသွား၏။

ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။

သူ၏ မျက်လုံးများထဲမှာ တည်ကြည်လေးနက်သည့် ပုံရိပ်က ထင်ဟပ်လာ၏။

အလင်းစစ်တပ်၏ တိုက်ခိုက်မှုက သူ၏ အသက်ကို ခြိမ်းခြောက်ဖို့အတွက် လုံလောက်လေသည်။

သူသည် စောစောက အချိန်မီ မရှောင်တိမ်းနိုင်ခဲ့လျှင် သူ၏ အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာ အစစ်အမှန်ခန္ဓာပင်လျှင် မထိမခိုက် ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ဘဲ ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။

“ပုရွက်ဆိတ်... မင်းက တခြားဘယ်နေရာမှာ ပုန်းနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် လှောင်ရယ်၍ သူ့လက်ထဲရှိလှံကို နောက်တစ်ဖန် ကိုင်မြှောက်လိုက်၏။

“ချီတက်ကြ...”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက အမိန့်ပေးလိုက်၏။

အစက တိတ်ဆိတ်ငြိမ်သက်၍ မလှုပ်မယှက် ရှိနေသော အလင်းစစ်တပ်သည် ရုတ်တရက် လှည့်ပတ်လာကြ၏။ နတ်မြင်းတစ်ထောင်သည် သူတို့၏ တောင်ပံများကို တဖျတ်ဖျတ်လှုပ်ခတ်၍ ကျယ်လောင်သော လေခွင်းသံများကို ထွက်ပေါ်စေကာ ခံ့ညားထည်ဝါသော တိမ်စိုင်တစ်ခုကို စီးနင်း၍ ရှေ့သို့ပြေးဝင်လာကြ၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များစွာသည် ဧရာမဓားများကို ကိုင်ဆွဲပြီး မနှိုင်းယှဥ်သာသော အော်ရာတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်လာကြ၏။

နတ်မြင်းများက ဒုန်းဆိုင်းလာပြီး သူတို့၏ သံခွာများကိုပေါက်ကာ လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေ၏။

ထိုထိတွေ့ရိုက်ခတ်မှုတွင် ညဝိညာဥ်နှင့် ဆူဇီမိုပင်လျှင် အဲ့ဒါကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် နည်းဗျူဟာတစ်ခုကို စဥ်းစားနေသည့်အလား သူ၏အမူအရာက တည်ငြိမ်နေ၏။

အခြေအနေက အန္တရာယ်ပိုများလေလေ သူက ပို၍တည်ငြိမ်ရပေမည်။

အဲ့ဒါက သာမန်တိုက်ပွဲတစ်ခုမှာသာဆိုလျှင် သူသည် အလင်းစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည့်အစား သူ၏ လှုပ်ရှားမှု နည်းစနစ်၏ အလျင်အဟုန်ပေါ် မှီခိုကာ လှည့်ပတ်ရှောင်တိမ်းနိုင်ပေလိမ့်မည်။

သို့သော်လည်း ယခု သူရပ်နေသောနေရာက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဖြစ်၏။

နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဟု ကျော်ကြားနေရသည့်အကြောင်းရင်းမှာ ဂမ္ဘီရဟို့များသည် ကမ္ဘာဦးခေတ်စစ်ပွဲမှာ နတ်ဘုရားမျိုးနွယ်များကို ဤနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သောကြောင့်ဖြစ်၏။

သူက နောက်ဆုတ်မည်ဆိုလျှင် အလင်းစစ်တပ်သည် ရှေ့သို့တက်လာပြီး ထောင်ထျဲနှင့် ပူးပေါင်းမည်ဖြစ်ကာ ညဝိညာဥ် ၊ အဆုံးစွန်မီး ၊ နန်းကြည်နှင့် အခြားသူများက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူ့မှာ နည်းလမ်းပေါင်းမရေမတွက်နိုင်အောင် ရှိသည်ဆိုလျှင်တောင် သူက ဆက်လက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

သူသည်နတ်ဘုရားသတ်ဖြတ်ခြင်းတောင်းကြားမှာ အလင်းစစ်တပ်ကို သတ်ဖြတ်ရပေမည်။

ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး သူ၏ လက်ထဲမှာ ကျောက်စိမ်းရောင်လေးတစ်လက်ကို ပေါ်ထွက်လာစေ၏။

အဲ့ဒါက အတုမရှိရှေးဟောင်းရတနာ ဓမ္မဖြိုခွင်းလေးဖြစ်၏။

လေထဲမှာ မတ်တတ်ရပ်ရင်း ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး ဓမ္မဖြိုခွင်းလေးကို ဆွဲတင်လိုက်၏။ သူ၏ လက်ချောင်းထိပ်တွင် ဓမ္မစွမ်းအားများက ရူးသွပ်စွာ စုစည်းလာပြီး တစ်ခဏချင်းမှာပင် ဓမ္မစွမ်းအား မြားတစ်စင်းက လေးကြိုးပေါ်မှာ ပေါ်ထွက်လာ၏။

ရွှစ်...

သူ၏ လေးက လပြည့်ဝန်းတစ်ခုကဲ့သို့ ဖြစ်ပြီး မြားများက ကြွေကျလာသော ကြယ်များကဲ့သို့ဖြစ်၏။

မြားသည် လေထုကို ဖြိုခွင်းပြီး နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ဦးခေါင်းထံသို့ ချက်ချင်းပင် ​ပစ်ဝင်လာ၏။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏

သို့သော်လည်း ထိုအံ့အားသင့်မှုက တစ်ခဏချင်းပျောက်ကွယ်သွားပြီး သူ၏ နဂိုမှင်သေသေအမူအရာသို့ ပြန်လည်ရောက်ရှိသွား၏။

လှစ်ခနဲဆို နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သူ့လက်ထဲရှိ လှံကို ကိုင်မြှောက်ပြီး သူ့ရှေ့သို့ ညင်သာစွာ တွန်းထိုးကာ ဓမ္မစွမ်းအားမြားနှင့် ထိတွေ့ရိုက်ခတ်စေ၏။

ဇီ....

ဓမ္မဖြိုခွင်းလေးသည် နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ လှံနှင့် ပွတ်တိုက်ထိခတ်သွားပြီး မီးပွားများလွင့်စင်ထွက်ကာ စူးစူးရှရှ မြည်သံတစ်သံကို ထွက်ပေါ်လာစေ၏။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုး​ဘေး၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်လေသည်။

သူက လုံလောက်အောင် သန်မာသောကြောင့်လည်းဖြစ်၏။

ဆူဇီမိုသည် အစောပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာ ရှိခဲ့စဥ်က သူသည် ဓမ္မဖြိုခွင်းလေး၏ ဓမ္မစွမ်းအားမြားထံမှ မထိမခိုက်လွတ်မြောက်နိုင်ခြင်း မရှိခဲ့ဘဲ... သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ထိခိုက်ဒဏ်ရာရရှိခဲ့၏။

ပဟေဠိနန်းတော်ရှေ့တွင် ဆူဇီမိုက ဓမ္မဖြိုခွင်းလေးကို ကိုင်ဆွဲပြီး ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာကို ပစ်ချနိုင်ခဲ့၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် အဲ့ဒါကို မခုခံနိုင်ခဲ့ပေ။

သို့သော်လည်း နတ်ဘုရားမျိုးနွယ်၏ ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက အချိန်မီခုခံတိုက်ခိုက်နိုင်ခဲ့၏။

သူသည် ဓမ္မစွမ်းအားမြားကို အပြည့်အဝ မခုခံနိုင်သော်လည်း ဓမ္မစွမ်းအားမြား၏ ဦးတည်ဘက်က ပြောင်းလဲသွားပြီး သူ့ဘေးကနေ ကပ်ထွက်သွားလေသည်။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက လှုပ်ရှားမှုတစ်ခုပြုလုပ်သောအခါ သူသည် ဓမ္မဖြိုခွင်းလေးကို ပြီးပြည့်စုံလုနီးပါး ချေဖျက်နိုင်ခဲ့၏။

ဆူဇီမိုက အမူအရာကင်းမဲ့နေဆဲ ဖြစ်၏။

အကြောင်းမှာ မြားသည် နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးကို မသတ်ဖြတ်နိုင်ခဲ့သော်လည်း မြား၏ ဦးတည်ဘက်က လမ်းကြောင်းပြောင်းသွားပြီး ၎င်းသည် သူ့နောက်ဘက်ရှိ လူအုပ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွားလေသည်။

ဖောင်း....

သွေးရောင်က ဖြာလက်သွား၏။

အလင်းစစ်တပ်ထဲတွင် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ယောက်၏ နဖူးသည် ဓမ္မစွမ်းအားမြား၏ ထိုးဖောက်ခြင်းခံရပြီး သူ၏ ဦးခေါင်းက ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။ သူသည် သူ၏ မြင်းပေါ်ကနေ ပြုတ်ကျလာပြီး နေရာမှာပင် သေဆုံးသွား၏။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် အဲ့ဒါကို အချိန်မီတုံ့ပြန်နိုင်သော်လည်း သူ့နောက်ဘက်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က အငိုက်မိသွား၏။

သို့သော်လည်း နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ယောက်ကို ဆုံးရှုံးရခြင်းက အလင်းစစ်တပ်တစ်ခုလုံးအတွက် သိသာထင်ရှားမှု မရှိပေ။

အခြားသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များက တစ်ချိန်လုံး အေးစက်စက်မှင်သေသေ အမူအရာများရှိနေကြ၏။

အလင်းစစ်တပ်၏ အလျင်အဟုန်က လုံးဝလျော့ကျမသွားပေ။

“ဒိုင်းကာ...”

ရှေ့ကနေ ဦးဆောင်လာသော နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သူ၏ လှံကို မြှောက်ပြီး မပြောင်းမလဲသော အမူအရာနှင့်အတူ အော်ပြောလိုက်၏။

သူ၏ စကားမဆုံးသေးခင်မှာပင် လှံတံကို ကိုင်ဆွဲထားသည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးကလွဲလျှင် အခြားသော နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဘယ်ဘက်လက်ထဲမှာ ရွှေရောင်အလင်းဖြင့် တောက်ပနေသော တုတ်ခိုင်သည့် ဒိုင်းကာတစ်လက်စီ ပေါ်ထွက်လာ၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် သူတို့၏ ညာဘက်လက်မှာ ဓားများကို ကိုင်ဆွဲပြီး သူတို့၏ ဘယ်ဘက်လက်မှာ ဒိုင်းကာများကို ဆုပ်ကိုင်ထားကြ၏။ သူတို့သည် သူတို့၏ နတ်မြင်းများကို စီးနင်းပြီး အေးစက်စက်အမူအရာများနှင့်အတူ ရှေ့သို့ဆက်တက်လာကြ၏။

ရွှစ်... ရွှစ်... ရွှစ်...

ဆူဇီမိုသည် ဓမ္မဖြိုခွင်းလေးကို ထပ်တလဲလဲ ဆွဲတင်လိုက်၏။

ဓမ္မစွမ်းအားမြားများက လေထုကို ဖြိုခွင်းလာခဲ့၏။

ဤတစ်ခေါက်မှာတော့ ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ ထိုအစား သူသည် ဓားနှင့် ဒိုင်းကာကို ကိုင်ဆွဲထားသည့် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကို ပစ်မှတ်ထားလေသည်။

ချွမ်း... ချွမ်း... ချွမ်း...

သတ္တုချင်းထိခတ်သံများက ထပ်တလဲလဲထွက်ပေါ်လာ၏။

အလင်းစစ်တပ်အတွင်း နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် ဓမ္မဖြိုခွင်းလေးနှင့် တစ်ယောက်ပြီးတစ်ယောက် ပစ်ချခံလိုက်ရ၏။ သို့သော်လည်း မည်သည့်သွေးရောင်ကမှ ပေါ်ထွက်မလာခဲ့ပေ။

သိပ်မကြာခင်... ထိုနတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် လေထဲသို့ တစ်ဖန်ပြန်ခုန်တက်လာပြီး သူတို့၏ နတ်မြင်းများပေါ်သို့ ပြန်လည်ရောက်ရှိလာကာ သူတို့မျက်လုံးထဲရှိ သိပ်သည်းပြင်းထန်သော အေးစက်မှုနှင့်အတူ ရှေ့သို့ ချီတက်လာကြ၏

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် သိပ်သည်းလေးလံသော ချပ်ဝတ်များကို ဝတ်ဆင်ထား​ပြီး ဧရာမရွှေရောင်ဒိုင်းကာများကို ကိုင်ဆွဲထားကြ၏။ သူတို့ထဲ မည်သူကမှ မည်သည့်အားနည်းချက်မှ ရှိမနေပေ။

သူ၏ ဓမ္မဖြိုခွင်းလေးသည် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကို ပစ်ချနိုင်လောက်အောင် သန်မာမြန်ဆန်သော်လည်း အဲ့ဒါက သူတို့၏ ချပ်ဝတ်တန်ဆာကို မထိုးဖောက်နိုင်ပေ။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်အချို့က ဒဏ်ရာရရှိသွားသည်ဆိုလျှင်တောင် သူတို့၏ အသက်ဓာတ်ကို မထိခိုက်စေနိုင်ပေ။

နတ်ဘုရားမျိုးနွယ် မျိုးဆက်သွေး၏ ပြန်လည်ကုသနိုင်စွမ်းအရ သူတို့သည် သိပ်မကြာခင် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ပြန်လည်ရရှိလာပေလိမ့်မည်။

မြားဆယ်စင်းကျော်ကို ဆက်တိုက်ပစ်လွှတ်ပြီးတာတောင် သူသည် အလင်းစစ်တပ်၏ ချီတက်လာမှုကို မတားဆီးနိုင်ပေ။ ထိုအစား သူတို့ကြားအကွာအဝေးက ဆက်တိုက်နီးကပ်လာနေ၏။

“ဟားဟားဟားဟား”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်ရယ်မော၍ လှောင်ပြောင်ထေ့ငေါ့လိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ လူရိုင်း... မင်းက ပါချည်ပါချဲ့လေးတစ်လက်နဲ့ အလင်းစစ်တပ်ကို တားဆီးနိုင်မယ်ထင်နေတာလား... မင်းက တကယ့်ကို မိုက်မဲတာပဲ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူက စိတ်ဓာတ်ကျသွားခြင်း မရှိပေ။ သူသည် ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန်ဆွဲတင်ပြီး မြားဆယ်စင်းကျော်ကို နောက်တစ်ဖန်ပစ်လွှတ်လိုက်၏။

ဖန်တီးခြင်းကြာပဒုမ္မာ၏ အကူအညီနှင့်အတူ သူ၏ အမြုတေစိတ်ဝိညာဥ်က သန်မာ၍ သူ၏ ဓမ္မစွမ်းအားများက ကြွယ်ဝနေရာ သူသည် ဓမ္မစွမ်းအားမြားများကို ဆက်တိုက်ပစ်ထုတ်နိုင်လေသည်။

ဤတစ်ခေါက်မှာတော့... ဆူဇီမို၏ မြားများက နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကို ချိန်ရွယ်ခြင်းမဟုတ်ပေ။

အဲ့ဒါသည် သူတို့၏ နတ်မြင်းများကို ချိန်ရွယ်လေသည်။

နတ်မြင်းများသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော်လည်း သူတို့၏ မျက်လုံးများကို ထုတ်ဖော်ထား၏။

ဓမ္မစွမ်းအားမြားများသည် နတ်မြင်းများ၏ မျက်လုံးများကို ထိုးဖောက်နိုင်မယ်ဆိုလျှင် မြား၏ စွမ်းအားသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။

နတ်မြင်းများက သေဆုံးသွားသည်နှင့် အလင်းစစ်တပ်သည် သေချာပေါက် ရုန်းရင်းဆန်ခတ်ဖြစ်လာမည်ဖြစ်ပြီး သူတို့၏ ချီတက်လာသည့် အရှိန်အဟုန်ကလည်း လျော့ကျသွားပေလိမ့်မည်။

ဖောင်း....

ထင်မှတ်ထားသည့် အတိုင်းပင် နတ်မြင်းတစ်ကောင်သည် အချိန်မီမရှောင်တိမ်းနိုင်ပဲ ၎င်း၏ မျက်လုံးက ဓမ္မစွမ်းအားမြားတစ်စင်းဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။

ချက်ချင်းပင် သူ၏ ဦးခေါင်းက ထိုးဖောက်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွား၏။

သူ၏ ကြီးမားသော ခန္ဓာကိုယ်က ဘိုင်းခနဲ လဲကျသွား၏။

ဤတစ်ခေါက်မှာတော့ အလင်းစစ်တပ်အတွင်းမှာ ရုန်းရင်းဆန်ခတ်အနည်းငယ်ဖြစ်သွားပြီး သူတို့၏ ချီတက်လာသောအရှိန်အဟုန်က အနည်းငယ်လျော့ကျသွား၏။

“ဗျူဟာပြောင်းမယ်... အလင်းနဲ့ ဒိုင်းကာဝင်္ကပါ”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက သူ၏ လှံကို ကိုင်မြှောက်ပြီး ညင်သာစွာ အော်ပြောလိုက်၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များစွာသည် ထိုအမိန့်ကို ကြားသောအခါ သူတို့သည် နတ်မြင်းများပေါ်မှာ ဝမ်းလျားမှောက်ချပြီး သူတို့လက်ထဲရှိ ဧရာမရွှေရောင်ဒိုင်းကာများနှင့်အတူ သူတို့၏ မြင်းများကို ကာကွယ်ပေးလိုက်၏။

ထိုသို့ဖြင့် ဧရာမရွှေရောင်ဒိုင်းကာသည် နတ်မြင်းများကို ကာကွယ်ပြီးသားဖြစ်သွားပြီး နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကလည်း မည်သည့်ဟာကွက်မှ မရှိတော့ပေ။

နတ်ဘုရားမျိုးနွယ်၏ အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကတော့ သူတို့၏ လှံများကို ကိုင်မြှောက်ပြီး သူတို့နောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကို ဦးဆောင်ကာ ရှေ့သို့တစ်ဖန် ချီတက်လာကြ၏။

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် သူတို့၏ လှံတံများကို ကိုင်မြှောက်ထားပြီး နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကတော့ သူတို့၏ ဒိုင်းကာများကို ကိုင်ဆွဲထားကြ၏။

နေအလင်းရောင်၏ လင်းထိန်မှုအောက်တွင် အလင်းစစ်တပ်တစ်ခုလုံးသည် ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုဖြင့် တောက်ပနေပြီး မဖျက်ဆီးနိုင်သော လွန်သွားချွန်တစ်ခုကဲ့သို့ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဆီသို့ ပြေးတက်လာနေကြ၏။

All Chapters