နတ်ဘုရားမျိုးနွယ်
Vol. 102 Ch. 1517
ဆူဇီမို၏ အမူအရာက အေးစက်နေမြဲ ဖြစ်၏။
နတ်ဘုရားမျိုးနွယ် ပညာရှင်တစ်ယောက်ချင်းစီသည် အလွန်တရာ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြ၏။ သူတို့၏ မဖျက်ဆီးနိုင်လုနီးပါး ချပ်ဝတ်တန်ဆာများနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် အဆင့်တူချင်းကြားမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လာခဲ့လေပြီ။
တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ကြမည်ဆိုလျှင် အဆုံးစွန်မီးနှင့် နန်းကြည်ပင်လျှင် ဤနတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်ပေလိမ့်မည်။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တော် တစ်ထောင်က စစ်တပ်တစ်တပ်ကို ဖွဲ့စည်းပြီး ချီတက်လာကြ၏။
ဆူဇီမိုပင်လျှင် သူတို့၏ အော်ရာ ၊ ရုန်းကန်ပေါက်ကွဲအားနှင့် ခွန်အားတို့ကို ကိုင်တွယ်ရမလွယ်ကူနိုင်ဟု ခံစားနေရ၏။
အစကတော့ ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကို အသုံးပြုချင်ခဲ့၏။
သို့သော်လည်း နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ ချပ်ဝတ်တန်ဆာကို အမျိုးအမည်မသိရသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး သူတို့က သံမဏိကဲ့သို့မာကျောလေသည်။ ဓမ္မဖြိုခွင်းလေးပင်လျှင် အဲ့ဒါကို ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ နတ်ဖီးနစ်အရိုး ၊ အသောကပန်း ၊ ဖန်တီးခြင်းကြာပဒုမ္မာတို့ကဲ့သို့ ရှေးဟောင်းအတုမရှိရတနာများရှိပြီး နတ်ဘုရားကုန်းမြေတိုက်မှာလည်း ထိုကဲ့သို့ တူညီသော ရတနာများ ရှိနေလျှင် မထူးဆန်းပေ။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ၏ သတ်ဖြတ်ခြင်းစွမ်းအားက ကြောက်စရာကောင်းသော်လည်း ဤအခိုက်အတန့်မှာ ၎င်းကို ထုတ်ဖော်မည်ဆိုလျှင် ၎င်းဖြစ်ပေါ်စေမည့် အဖျက်စွမ်းအားက အကန့်အသတ်ရှိလေသည်။
ဆူဇီမိုသည် လေထဲမှာမတ်တတ်ရပ်ပြီး လမ်းပျောက်၍ ကူကယ်ရာမဲ့နေသည့်အလား ချဥ်းကပ်လာနေသော အလင်းစစ်တပ်ကို မလှုပ်မယှက် ကြည့်နေ၏။
“ပုရွက်ဆိတ်...ငါတို့နတ်ဘုရားမျိုးနွယ်က မျိုးနွယ်စုတစ်သောင်းရဲ့ နတ်ဘုရားပဲ... အလင်းစစ်တပ်ဖြတ်သွားတဲ့နေရာတိုင်း အားလုံးက ဦးညွှတ်အညံ့ခံရလိမ့်မယ်.. ထျန်ဟွမ်ကုန်းမြေတိုက်ကလည်း ခြွင်းချက်မရဘူး”
နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက မောက်မာခက်ထန်သော အော်ရာတစ်ခုနှင့်အတူ သူ၏ လှံဖြင့် ရှေ့သို့ စေညွှန်လိုက်၏။
“ဟဲဟဲ”
ရုတ်တရက် ဆူဇီမိုက ရယ်မော၍ ခေါင်းခါလိုက်၏။
ကမ္ဘာဦးခေတ်တုန်းကလဲ မင်းတို့တွေက အရှက်တကွဲအကျိုးနည်းနဲ့ ရှုံးနိမ့်ပြီးတော့ ပြန်သွားရတာပဲမလား... ဒီနေ့လဲ မင်းတို့တွေက အောင်မြင်မှာ မဟုတ်ဘူး”
အလင်းစစ်တပ်က တောင်ကြား၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး မီးခိုးရောင်တောင်တစ်လုံးကိုထုတ်ယူကာ ရှေ့သို့ပစ်ထုတ်လိုက်၏။
အဲ့ဒါက ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင် ဖြစ်၏။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်၏ လှည့်ပတ်မှုအောက်တွင် ဂမ္ဘီရသံလိုက်တောင်သည် တစ်ခဏချင်းမှာပင် ပေတစ်ထောင်အထိ မြင့်တက်လာခဲ့၏။
ကြီးမားသော အရိပ်တစ်ခုက ကောင်းကင်တစ်ခွင် အုပ်မိုးပြီး အားမာန်တက်ကြွသော အော်ရာတစ်ခုနှင့်အတူ အလင်းစစ်တပ်၏ နောက်ဘက်သို့ ဖိချေကျဆင်းလာ၏။
ဘုန်း....ဘုန်း...
ဂမ္ဘီရသံလိုက်တောင်က ဆင်းသက်လာပြီး မည်သည့်အကြားအလပ်မှ မရှိဘဲ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားကို ပိတ်ဆို့လိုက်၏။
“ဟီးဟီး”
“သူက တောင်တစ်လုံးလုံးကို ပစ်ထုတ်လိုက်တာတောင် ပစ်မှတ်ကို လွဲချော်သွားရသေးတာလား”
ဂမ္ဘီရသံလိုက်တောင်က ဆင်းသက်လာပြီး မည်သည့် နတ်ဘုရားမျိုးနွယ်ကိုမှ မထိခိုက်စေသောအခါ များစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများက လှောင်ရယ်လိုက်ပြ၏။
“ဟမ်...”
နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်တပ်မှူးက မျက်မှောင်အနည်းငယ်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။
“တစ်ခုခုတော့ လွဲနေပြီ”
တောင်၏ အလျင်အဟုန်က အလင်းစစ်တပ်ကို ဖိနှိမ်ခြင်းနှင့်မတူပဲ သူတို့၏ နောက်ဆုတ်ရာလမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်ခြင်းနှင့် တူလေသည်။
ရုတ်တရက်ဆိုသလို...
များစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သူတို့၏ နောက်ဘက်မှ အလွန်တရာအားကောင်းသော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရပြီး နောက်ဘက်သို့ တရွတ်တိုက်ဆွဲယူခြင်းကို ခံလာရ၏။
အလင်းစစ်တပ်တစ်ခုလုံးမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအပါအဝင် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ထောင်နှင့် သူတို့၏ နတ်မြင်းများကပါ ချမ်းသာရာမရပေ။
အလင်းစစ်တပ်၏ စွမ်းအားကြီးမားသော ချီတက်အရှိန်အဟုန်က ချက်ချင်းပင် ပျက်ပြယ်သွား၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် သိပ်သည်းလေးလံသော ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး ဓားများနှင့် ဒိုင်းကာများကို ကိုင်ဆွဲထားကြ၏။ သူတို့ စီးနင်းလာသော နတ်မြင်းများကိုပင်လျှင် ချပ်ဝတ်တန်ဆာများဖြင့် တင်းကျပ်စွာ ဖုံးအုပ်ထား၏။
သံလိုက်ဓာတ်စွမ်းအားသည် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များအပေါ် ၎င်း၏ အကန့်အသတ်ထိ ထုတ်ဖော်နိုင်လေသည်။
အလင်းစစ်တပ်ရှိ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည် ထက်ဝက်နီးပါးသည် သူတို့၏ ကြမ်းကြုတ်ခက်ထန်စွာ ချီတက်မှုနှင့် ရုတ်တရက် နောက်သို့ ပြန်ဆွဲယူခြင်းခံရမှုကြောင့် ဆိုးဆိုးဝါးဝါး ပုံစံနှင့်အတူ လေထဲကနေ ပြုတ်ကျလာကြ၏။
နတ်မြင်းများသည် နာကျင်ရသော မြင်းဟီသံများကို ထုတ်ဖော်ပြီး သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ ဂမ္ဘီရသံလိုက်တောင် ရှိရာဘက်သို့ ပျံသန်းသွားကြရ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည်လည်း သံလိုက်ဓာတ်၏ စွမ်းအားကို မခုခံနိုင်ကြပေ။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်အချို့သည် သူတို့၏ ဓားများနှင့် ဒိုင်းကာများကို မြေကြီးထဲသို့ ပြင်းထန်စွာ ထိုးစိုက်ပြီး ဂမ္ဘီရသံလိုက်တောင်၏ စွမ်းအားကို ခုခံချင်လေသည်။ သို့သော်လည်း သူတို့၏ ဓားများနှင့် ဒိုင်းကာများက မြေကြီးကို ထိုးခွဲသွားပြီး ဂမ္ဘီရသံလိုက်တောင်ဆီသို့ ဆွဲယူခံရခြင်းကို မတားဆီးနိုင်ပေ။
လောကရှိ အရာရာတိုင်းမှာ သူတို့၏ တန်ပြန်ဝိပါက်များ ရှိကြလေသည်။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ ချပ်ဝတ်တန်ဆာများ၊ သူတို့လက်ထဲရှိ ဓားများနှင့် ဒိုင်းကာများကို ဖျက်ဆီး၍ မရနိုင်ပေ။
သို့သော်လည်း သူတို့သည် ဂမ္ဘီရသံလိုက်တောင်၏ တန်ပြန်သက်ရောက်ခြင်းကို ခံကြရ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ အသုံးပြုသော ဓားများနှင့် ဒိုင်းကာများသည် အလွန်တရာသိပ်သည်းလေးလံပြီး နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယဖြင့်သာ အဲ့ဒါကို အသုံးပြုနိုင်ကြလေသည်။
သို့သော်လည်း လက်နက်များနှင့် ချပ်ဝတ်တန်ဆာများက ပိုမိုသိပ်သည်းလေးလံလေလေ သူတို့အပေါ်သက်ရောက်မည့် သံလိုက်ဓာတ်စွမ်းအားကလည်း ပိုမိုကြီးမားလေလေဖြစ်၏။
နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အချို့သည် ဒေါသူပုန်ထလာပြီး သူတို့၏ သွေးချီကို လှည့်ပတ်ကာ ဂမ္ဘီရသံလိုက်တောင်၏ စွမ်းအားကို တုပ်တုပ်မျှမလှုပ်ပဲ ခုခံဖို့အတွက် သိပ်သည်းပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
သို့သော်လည်း သူတို့စီးနင်းထားသည့် နတ်မြင်းများက စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။
ထိုနတ်မြင်းများသည် မတူညီသော စွမ်းအားနှစ်မျိုး၏ ဆွဲယူခြငိးကို ခံနိုင်ရည်မရှိတော့ပဲ သူတို့၏ ခန္ဓာကိုယ်များက စုတ်ပြဲကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျ၍ သူတို့၏ ချပ်ဝတ်တန်ဆာများကြားကနေ သွေးများက စီးကျလာခဲ့၏။
ဂမ္ဘီရသံလိုက်တောင်တစ်ခုတည်းက နတ်ဘုရားမျိုးနွယ်၏ အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ပေ။
နောက်ဆုံးမှာတော့ ဂမ္ဘီရသံလိုက်တောင်သည် သံလိုက်ဓာတ်စွမ်းအားကိုသာ ထုတ်ဖော်နိုင်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေနိုင်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဆူဇီမိုက ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန် ဆွဲတင်လိုက်ပြီဖြစ်၏။
ဝှစ်... ဝှစ်... ဝှစ်.. ဝှစ်...
ဓမ္မစွမ်းအား မြားများသည် တစ်စင်းပြီးတစ်စင်း အလင်းတန်းများအသွင်ပြောင်းလဲသွားပြီး အလင်းစစ်တပ်ရှိရာသို့ ချက်ချင်းပင် ပျံသန်းလာလေသည်။
ဖောင်း... ဖောင်း... ဖောင်း...
အလင်းစစ်တပ်ထဲမှ သွေးအလင်းတန်းများက ပေါက်ကွဲထွက်ပေါ်လာ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်အချို့သည် သိပ်သည်းလေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သူတို့သည် ဂမ္ဘီရသံလိုက်တောင်၏ စွမ်းအားကို ခုခံဖို့အတွက် ရုန်းကန်လာကြရပြီဖြစ်၏။ သူတို့သည် ဓမ္မဖြိုခွင်းလေးကို ခုခံရင်ဆိုင်ဖို့အတွက် ခွန်အားဘယ်လိုလုပ် ကျန်ရှိပါတော့မည်နည်း။
ဓမ္မစွမ်းအားမြားများသည် သူတို့၏ မျက်နှာများနှင့် သူတို့၏ အသိစိတ်များကို ထိုးဖောက်ဝင်ရောက်သွား၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ အမြုတေစိတ်ဝိညာဥ်များက နေရာမှာပင် ပျက်စီးသွားပြီး အားအင်ချိနဲ့စွာဖြင့် လဲကျလာကြ၏။
သူတို့၏ စွမ်းအားကို ဆုံးရှုံးရပြီးနောက် နတ်ဘုရားမျိုးနွယ်၏ အလောင်းများသည် ဂမ္ဘီရသံလိုက်တောင်၏ ဆွဲယူခြင်းကို ခံရပြီး ကျယ်လောင်သောမြည်သံနှင့်အတူ ဂမ္ဘီရသံလိုက်တောင်နှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။
ဝှစ်... ဝှစ်...
သို့သော်လည်း ဆူဇီမို၏ ဓမ္မဖြိုခွင်းလေးက ရပ်တန့်မည့်လက္ခဏာ မရှိပေ။
ဓမ္မစွမ်းအားမြားများသည် တစ်စင်းပြီးတစ်စင်း လေထုကိုဖြိုခွင်းလာ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသာမဟုတ်ပဲ နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပါ သေဆုံးလာကြပြီဖြစ်၏။
သာမန်အခြေအနေအောက်မှာဆိုလျှင် နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ တုံ့ပြန်မှုအလျင်အဟုန်နှင့် ခွန်အားသည် ဓမ္မဖြိုခွင်းမြားကို ချေဖျက်ဖို့အတွက် လုံလောက်လေသည်။
သို့သော်လည်း ထိုနတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ဂမ္ဘီရသံလိုက်တောင်၏ သက်ရောက်မှုအားကို ခုခံနေရပြီး သူတို့၏ လှုပ်ရှားမှုနည်းစနစ် များက များစွာလျော့ကျသွားလေသည်။
ဓမ္မစွမ်းအားမြားများ ပစ်ခွင်းလာသည်ကို တွေ့မြင်သောအခါ နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့သည် အဲ့ဒါကို မရှောင်တိမ်းနိုင်ပဲ နေရာမှာပင် သတ်ဖြတ်ခံလိုက်ကြရ၏။
ဂမ္ဘီရသံလိုက်တောင် ရှိနေခြင်းနှင့်အတူ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များအားလုံးနီးပါးသည် သက်ရှိပစ်မှတ်များ ဖြစ်လာကြ၏။
အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ဆူဇီမိုသည် ဓမ္မစွမ်းအားမြားတစ်ရာကို ပစ်ထုတ်ခဲ့ပြီးလေပြီ။
အလင်းစစ်တပ်မှာတော့... နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ရာကျော်က ကျဆုံးသွားခဲ့ကြပြီဖြစ်၏။
မြားများက အလဟဿမဖြစ်ခဲ့ပေ။
သူတို့ကို ဦးဆောင်လာသော နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ဒေါသူပုန်ထလာခဲ့ပြီဖြစ်၏။
အလင်းစစ်တပ်ကို ဖွဲ့စည်းထားသော နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များသည် နတ်ဘုရားကုန်းမြေတိုက်၏ အထူးချွန်ဆုံး ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။
သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ဖို့ အခွင့်များလေသည်။
သို့သော် ယခုအခါ အသက်ရှုချိန် အနည်းငယ်မျှနှင့် အလင်းစစ်တပ်မှ လူတစ်ရာကျော်က သေဆုံးသွားခဲ့လေပြီ။
သေဆုံးသွားသော လူအရေအတွက်ကလည်း အလျင်အမြန် မြင့်တက်လာနေဆဲ ဖြစ်၏။
သူ့ကို ပို၍ဒေါသထွက်စေသည့်အရာမှာ သူက ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို မတားဆီးနိုင်ခြင်းပင်။
“နောက်ဆုတ်ကြ... နောက်ဆုတ်ကြ”
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက အော်ဟစ်၍ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။ သူ့ထံသို့ ဦးတည်လာသော မြားတစ်စင်းကို ခုခံဖို့အတွက် သူ၏ အစွမ်းကုန်ကို ထုတ်ဖော်အသုံးပြုလိုက်ရ၏။
သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ခါသွားပြီး သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာ၏။
အလင်းစစ်တပ် တစ်တပ်လုံးက စတင်နောက်ဆုတ်လာကြရပြီဖြစ်၏။
သို့သော်လည်း သူတို့၏ နောက်ဆုတ်မည့် လမ်းကြောင်းကို ဂမ္ဘီရသံလိုက်တောင်က လုံးဝပိတ်ဆို့ထားပြီဖြစ်၏။
အလင်းစစ်တပ်သည် ရှေ့သို့ ချီတက်လာသောအခါ သူတို့သည် ရန်လိုခက်ထန်နေကြ၏။
တစ်ခဏချင်းမှာပင် သူတို့သည် အတင်းအကျပ် နောက်သို့ ဆုတ်ပေးလိုက်ရပြီး အလောင်းများက ပြန့်ကျဲ ကျန်ရစ်ကာ သူတို့သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို တွေ့ကြုံခံစားလိုက်ရလေသည်။
နတ်ဘုရားမျိုးနွယ်သည် ဂမ္ဘီရသံလိုက်တောင်ခြေရင်းသို့ နောက်ဆုတ်လာရခြင်းနှင့်အတူ သူတို့၏ လူပေါင်းသုံးရာကျော်ကို ဆုံးရှုံးရပြီးလေပြီ။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် ဂမ္ဘီရသံလိုက်တောင်ကို ဖြတ်ကျော်ချင်ကြ၏။ သို့သော်လည်း သူတို့သည် ဂမ္ဘီရသံလိုက်တောင်ခြေရင်းမှာ စွမ်းအားကြီးမားသော စုပ်ယူအားကို တွေကြုံခံစားနေရ၏။ သူတို့သည် အဲ့ဒါကို ဖြတ်ကျော်ဖို့နေနေသာ လေထဲသို့ ခုန်တက်ဖို့ပင် အလွန်တရာခဲယဥ်းနေကြပြီဖြစ်၏။
“တောင်ထွတ်ကို ချေမွဖျက်ဆီးကြ”
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက မချင့်မရဲ ဖြစ်လာခဲ့ပြီဖြစ်ပြီး မာန်ဖီဟိန်းဟောက်လိုက်၏။
ချွမ်း... ချွမ်း... ချွမ်း...
နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သူတို့၏ ဓားများနှင့် ဒိုင်းကာများကို ဝေ့ယမ်းပြီး ပေတစ်ထောင်မြင့်မားသော ဂမ္ဘီရသံလိုက်တောင်ကို ခုတ်ပိုင်းလိုက်ကြ၏။
သို့သော်လည်း သူတို့သည် သိပ်သည်းလေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သံလိုက်ဓာတ်စွမ်းအား၏ ကန့်သတ်ချုပ်နှောင်ခြင်းကို ခံကြရလေသည်။
သူတို့သည် သူတို့၏ ခွန်အားထက်ဝက်ကိုပင် မထုတ်ဖော်နိုင်တော့ပဲ ဂမ္ဘီရသံလိုက်တောင်ကို လုံးဝ မလှုပ်ခတ်စေနိုင်ကြပေ။
ဆူဇီမိုသည် အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူ၏ လေးကို ထပ်တလဲလဲဆွဲတင်နေ၏။ သူသည် သေခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ လေထဲကနေ ပျံသန်းလာပြီး နတ်ဘုရားမျိုးနွယ် သက်ရှိများကို မွန်းကျပ်ဖွယ်ရာ ခံစားရစေ၏။