နှစ်ထပ်ကွမ်းအမြုတေစိတ်ဝိညာဥ်
Vol. 102 Ch. 1518
နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားအပြင်ဘက်တွင်...
ညဝိညာဥ်သည် ထောင်ထျဲဦးဆောင်လာသော ခွန်လွင်စစ်တပ်နှင့် ရင်ဆိုင်နေရပြီဖြစ်၏။
သူသည် ခွန်လွင်ကလန်သားများကို တိုက်ခိုက်ခြင်းမရှိပဲ ထောင်ထျဲရှိရာသို့ တိုက်ရိုက်ပြေးဝင်သွား၏။
“သားပေါက်လေး... ငါကမင်းကိုကြောက်နေမယ်လို့ တကယ်ပဲထင်နေတာလား”
ထောင်ထျဲက ဟိန်းဟောက်၍ သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှုပ်ရှားစေ၏။
သူ၏ လက်အောက်ရှိ ခေါင်းဆောင်တပ်မှူး ၅ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ပြေးဝင်လာပြီး မတူညီသော ဦးတည်ဘက်များကနေရပ်ကာ ထောင်ထျဲနှင့်အတူ ညဝိညာဥ်ကို အလယ်မှာထား၍ ဝန်းရံပိတ်ဆို့လိုက်ကြ၏။
“ဂါး...”
ညဝိညာဥ်သည် ခေါင်းဆောင်တပ်မှုး ၅ယောက်ကိုကြည့်ပြီး ဟိန်းဟောက်လိုက်လေသည်။ ထိုဟိန်းဟောက်သံက ကမ္ဘာတုန်လောက်ပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ထုတ်ပေးလာ၏။
အဲ့ဒါသည် တဗူးတစ်ကောင်ပိုင်ဆိုင်သော အော်ရာဖြစ်လေသည်။
ခေါင်းဆောင်တပ်မှုး ၅ယောက်၏ အော်ရာများက အားနည်းသွားပြီး သူတို့က ညဝိညာဥ်၏ အကြည့်နှင့် ဆုံမိရဲခြင်းမရှိပေ။
ညဝိညာဥ်က အစစ်အမှန်ခွန်လွင်အရှင်ဖြစ်ပြီး သူတို့က သစ္စာဖောက်များဖြစ်သည်ကို သူတို့ရင်ထဲမှ သိထားကြပြီဖြစ်၏။
ထောင်ထျဲသည် ခေါင်းဆောင်တပ်မှုး ၅ယောက်၏ မျက်လုံးထဲရှိ ကြောက်ရွံမှုများကို ခံစားမိသောအခါ သူက လှောင်ရယ်လိုက်၏။
“မင်းတို့တွေက ဘာကိုကြောက်နေကြတာလဲ... အဲ့ဒီကောင်လေးက နတ်ဘုရားမျိုးနွယ်နဲ့ အကြာကြီးတိုက်ခိုက်ခဲ့ပြီး ခြေကုန်လက်ပန်းကျနေပြီ... သူ့ရဲ့ဒဏ်ရာတွေက သွေးတွေထွက်နေတုန်းပဲ... သူ့မှာ တိုက်ခိုက်ရေးခွန်အား ဘယ်လောက်များများ ကျန်တော့မှာလဲ”
“သူက အရှိန်ကုန်တော့မဲ့ မြားတစ်စင်းပဲ... ငါတို့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် သူ့ကိုသေချာပေါက်သတ်ဖြတ်နိုင်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် ခွန်လွင်အပျက်အစီးနယ်မြေက ငါတို့ရဲ့ လောကဖြစ်လာလိမ့်မယ်”
ခေါင်းဆောင်တပ်မှုး ၅ယောက်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူတို့ကိုယ်သူတို့ ဣန္ဒြေဆည်လိုက်ကြ၏။
ထောင်ထျဲက ဆက်ပြောလိုက်၏။
“အခုနေ မင်းတို့အညံ့ခံမယ်ဆိုရင်တောင် ဒီကောင်လေးက မင်းတို့ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မနေနဲ့... ဂမ္ဘီရဟို့က သွေးဆာရက်စက်တယ်... သူက သူ့ကို သစ္စာဖောက်ထားတဲ့သူတွေကို သေချာပေါက် သနားညှာတာမှု ပြမှာမဟုတ်ဘူး”
ထောင်ထျဲ၏ စကားလုံးများက ခေါင်းဆောင်တပ်မှုး ၅ယောက်ကို အမှန်တကယ်ပင် ပြတ်သားလာစေ၏။
ထောင်ထျဲပြောသည်မှာ မှန်လေသည်။
သူတို့မှာ တိုက်ခိုက်ခြင်းကလွဲ၍ တခြားထွက်ပေါက် မရှိတော့ပေ။
“သတ်”
ခေါင်းဆောင်တပ်မှုး ၅ ယောက်သည် ဟိန်းဟောက်၍ ညဝိညာဥ်ရှိရာသို့ ကြမ်းကြုတ်ခက်ထန်စွာ ပြေးဝင်လာကြ၏။
ရုတ်တရက်ဆိုသလို...
လှစ်ခနဲဆို... ညဝိညာဥ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ နေရာကနေပျောက်ကွယ်သွားပြီး တစ်ခဏချင်းမှာပင် ထောင်ထျဲ၏ ရှေ့မှာ ပြန်လည်ထွက်ပေါ်လာ၏။
ထောင်ထျဲ၏ တုံ့ပြန်မှုကလည်း အရမ်းကိုမြန်ဆန်ပြီး သူ၏ ပါးစပ်ကို ဖွင့်ဟကာ ညဝိညာဥ်၏ လည်ပင်းကို ကိုက်ချလိုက်၏။
ကြီးမားသော သတ္တဝါနှစ်ကောင်က တိုက်ခိုက်နေကြပြီဖြစ်၏။
သွေးအလင်းတန်းများက တလိပ်လိပ်တက်လာပြီး လေထဲမှာ ပြန့်ကျဲသွား၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ထောင်ထျဲသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်လျှင်တောင် သူသည် ညဝိညာဥ်၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ညဝိညာဥ်သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး နတ်ဘုရားမျိုးနွယ်များနှင့် တိုက်ခိုက်ပြီးနောက် သူ၏ ခွန်အားက ကြီးမားစွာ လျော့ကျသွားခဲ့လေပြီ။ သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှုက ပို၍ပင် အကြိတ်အနယ်ရှိလာခဲ့၏။
ခေါင်းဆောင်တပ်မှုး ၅ယောက်က ရှေ့သို့ပြေးဝင်လာကြ၏။
ညဝိညာဥ်သည် ထောင်ထျဲနှင့် လူချင်းပြန်ခွာပြီး ဂမ္ဘီရဟို့၏ လျှို့ဝှက်အတတ်ကို အသုံးချကာ ထိုသူ၏ ဘေးပတ်လည်မှာ လှည့်ပတ်လှုပ်ရှားနေ၏။
ဖောက်...
ရုတ်တရက်ဆိုသလို...
အနက်ရောင်အရိပ်တစ်ခုက ပေါ်ထွက်လာပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွား၏။
ခေါင်းဆောင်တပ်မှူးများထဲမှ တစ်ယောက်သည် မှေးမှိန်သွားသော အမူအရာနှင့်အတူ သူ၏ အသက်ဓာတ်က လျင်မြန်စွာ လျော့ကျလာ၏။ သူ၏ နှာရောင်ပေါ်တွင် သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာပြီး လတ်ဆတ်သောသွေးများက စီးကျလာ၏။
သူက ညဝိညာဥ်၏ အမြီးဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
ခေါင်းဆောင်တပ်မှုးသည် တစ်ချိန်လုံး ညဝိညာဥ်၏ ပုံရိပ်ကို မဖမ်းမိနိုင်ခဲ့ပေ။
ဖောက်... ဖောက်... ဖောက်...
သားရဲတောကောင် ၆ ကောင်က တိုက်ခိုက်လိုက်ကြပြီး သွေးရောင်များက အဆက်မပြတ် ဖြာလက်လာ၏။ တကယ်ဆို... လေထဲသို့ မြောက်တက်လာသော ခြေပြတ်လက်ပြတ်များပင် ပေါ်ထွက်လာပြီး တိုက်ခိုက်မှုက ပို၍ပင် ချောက်ချားစရာကောင်းလာ၏။
သားရဲတောကောင်များကြား အနီးကပ်တိုက်ခိုက်ခြင်းက အရမ်းကို အန္တရာယ်များလေသည်။
သူတို့က အခြားတစ်ဘက်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် သူတို့သည်လည်း ထိခိုက်ဒဏ်ရာရရှိမည်မှာ မလွဲမသေပင်။
အသက်ရှုချိန်အနည်းငယ်ကြာမြင့်ပြီးနောက် ညဝိညာဥ်သည် သူ၏ တစ္တေသရဲဆန်ဆန် လှုပ်ရှားမှုနည်းစနစ်ကို မှီခိုကာ ခေါင်းဆောင်တပ်မှူးသုံးယောက်ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာ ခုနှစ်ခု ရှစ်ခုက ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
ဒဏ်ရာတစ်ခုချင်းစီသည် အလွန်တရာ နက်ရှိုင်းပြီး အရိုးများကိုပင် မြင်နေရကာ လတ်ဆတ်သောသွေးများက အထိန်းအကွပ်မဲ့စွာ စီးကျနေ၏။
ထိုဒဏ်ရာသည် ထောင်ထျဲ၏ လက်ချက်ဖြင့် ရရှိလာခြင်းဖြစ်၏။
ညဝိညာဥ်က တုံ့ပြန်မှုအနည်းငယ်နှေးကွေးခဲ့လျှင် ထောင်ထျဲသည် ထိုတိုက်ခိုက်မှုဖြင့် ညဝိညာဥ်ကို နှစ်ပိုင်း ဆုတ်ဖြဲနိုင်ပေလိမ့်မည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်၏။
ညဝိညာဥ်၏ ခြေထောက်များထဲမှတစ်ချောင်းသည် ထောင်ထျဲ၏ ချိုးဖျက်ခြင်းကို ခံလိုက်ရ၏။
ထိုကဲ့သို့သော ဒဏ်ရာတစ်ခုက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအတွက် မသေစေနိုင်ပေ။ သို့သော်လည်း ညဝိညာဥ်သည် သူ၏ ဓမ္မစွမ်းအားများစွာကို အသုံးပြုခဲ့ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က အားနည်းနေပြီဖြစ်၏။ သူသည် ပြင်းထန်သော တိုက်ပွဲအခြေအနေမှာ သူ၏ ကျိုးပျက်သွားသော ခြေထောက်ကို ပြန်မပေါက်စေနိုင်ပေ။
ညဝိညာဥ်သည် ကျန်ရှိနေသော ခေါင်းဆောင်တပ်မှုး နှစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ဤကဲ့သို့ ပြင်းထန်သောဒဏ်ရာများကို ဆက်လက်ခံယူလိုက်ရ၏။
ထောင်ထျဲသည် ညဝိညာဥ်၏ ကျိုးပျက်သွားသော ခြေထောက်ကို ပလုတ်ပလောင်းဝါးမျိုပြီး လတ်ဆက်သောသွေးများက စီးကျလာ၏။
အဲ့ဒါက ပြတ်တောက်သွားသော ခြေတစ်ချောင်းသာဖြစ်လျှင်တောင် ဂမ္ဘီရဟို့၏ သွေးမှာ မမျှော်မှန်းနိုင်သော စွမ်းအင်ပမာဏတချို့ပါဝင်နေ၏။
ထောင်ထျဲသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အဲ့ဒါကိုစားသုံးနေပြီး သူ၏ ပါးစပ်က သွေးများဖြင့် ပေကျံနေ၏။
ညဝိညာဥ်၏ သွေးသည် သူ၏ ကြမ်းကြုတ်ခက်ထန်မှုကို လုံးလုံးလျားလျား နှိုးဆွမိသွား၏။
“ဟီးဟီး”
ထောင်ထျဲက သူ၏ မသတီစရာနှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး ညဝိညာဥ်ကို ဖြည်းဖြည်းချင်း လှည့်ပတ်ကာ ညဝိညာဥ်၏ အားနည်းချက်ကို ရှာဖွေရင်းပြောလိုက်၏။
“သားပေါက်လေး... မင်းက သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
“မင်းကို သတ်ဖို့အထိတော့ လုံလောက်တယ်”
သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ ခန္ဓာကိုယ်က ချုံးချုံးကျနေသည်ဆိုလျှင်တောင် ညဝိညာဥ်၏ အသံက လုံးဝလှုပ်ရှားယိမ်းယိုင်ခြင်း မရှိပေ။
ညဝိညာဥ်အတွက်တော့... သူသည် အခွင့်အလမ်းတစ်ခုကို ချိန်ဆနိုင်သည်နှင့်အမျှ ထောင်ထျဲကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
ဂမ္ဘီရဟို့မျိုးနွယ်အတွက် သတ်ဖြတ်ခြင်းသည် သူတို့၏ ပင်ကိုယ်ဗီဇဖြစ်၏။
ဂမ္ဘီရဟို့၏ ခန္ဓာကိုယ်ပေါ်ရှိ အရိုးတစ်ချောင်းချင်းစီနှင့် ကြွက်သားတစ််ခုချင်းစီသည် ချွင်းချက်မရှိ သတ်ဖြတ်ဖို့အတွက် မွေးဖွားလာခြင်းဖြစ်၏။
သူ၏ အထွတ်အထိပ်အခြေအနေမှာဆိုလျှင် ဂမ္ဘီရဟို့သည် အလွန်တရာကြောက်စရာကောင်းလေသည်။
ညဝိညာဥ်သည် သူ၏ အထွတ်အထိပ်အခြေအနေမှာရှိလျှင် ထောင်ထျဲက အသက်သုံးရှိုက်စာတောင် တောင့်ခံနိုင်ချင်မှ တောင့်ခံနိုင်ပေလိမ့်မည်။
ထောင်ထျဲသည် ညဝိညာဥ်၏ ကျိုးပျက်သွားသော ခြေထောက်ဘက်ကနေ လှည့်ပြီး ရုတ်တရက် ခုန်ဝင်လိုက်၏။
ထိုကျိုးနေသော ခြေထောက်က ယခုအချိန်မှာ ညဝိညာဥ်၏ အကြီးမားဆုံး အားနည်းချက်ဖြစ်လေသည်။
ထောင်ထျဲသည် ဤဟာကွက်ကို ချိန်ဆပြီး ညဝိညာဥ်ကို နေရာမှာပင် သတ်ဖြတ်ချင်လေသည်။
ထင်မှတ်ထားသည့်အတိုင်းပင်။
ခြေတစ်ဖက် ဆုံးရှုံးထားခြင်းကြောင့် ညဝိညာဥ်၏ အလှည့်အထွက်က အစပိုင်းကကဲ့သို့ ပေါ့ပါးဖျတ်လတ်မှု မရှိတော့ဘဲ ပို၍ပင် နှေးကွေးလာခဲ့၏။
သားရဲတောကောင်နှစ်ကောင်က ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွားကြ၏။
ရုတ်ရုတ်သဲသဲ အခြေအနေမှာ ထောင်ထျဲသည် ညဝိညာဥ်၏ လက်ကို ဖမ်းကိုက်လိုက်၏။
ထက်ရှသောသွားများက ညဝိညာဥ်၏ ခရမ်းရွှေရောင်ချပ်ဝတ်များကို ချက်ချင်းပင် ထိုးဖောက်သွား၏။
ထိုကိုက်ခဲမှုသည် ညဝိညာဥ်၏ လက်ကို ကျိုးပျက်လုနီးပါးဖြစ်စေ၏။
ညဝိညာဥ်၏ မျက်လုံးထဲတွင် နာကျင်မှုအရိပ်အယောင်က ပေါ်ထွက်လာ၏။ သို့သော်လည်း သူက ရုန်းကန်ခြင်း သို့မဟုတ် ဟိန်းဟောက်ခြင်း မရှိပေ။ ထိုအစား သူသည် နာကျင်မှုကို တောင့်ခံပြီး ထောင်ထျဲ၏ ဦးခေါင်းကို ရက်ရက်စက်စက် ကိုက်ချလိုက်၏။
ထောင်ထျဲ၏ မျက်လုံးထဲတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။ သူက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပဲ သူ၏ ခွန်အားကို ဆက်လက်ထုတ်သုံးကာ ညဝိညာဥ်လက်ကိုကိုက်ပြီး သူ၏ ကြီးမားသည့်ခေါင်းကို ခါယမ်းနေ၏။
သူက အလောတကြီးရှိမနေပေ။
သူ၏ သက်လုံအားနှင့် ဒဏ်ရာများက ညဝိညာဥ်ထက် ပို၍အခြေအနေကောင်းလေသည်။
သူသည် အားသာချက်အနည်းငယ်နှင့်အတူ ဆက်လက်စောင့်စားနိုင်သည်နှင့်အမျှ သူသည် ညဝိညာဥ်ကို သေသည့်တိုင်အောင် ခြေကုန်လက်ပန်းကျစေပေလိမ့်မည်။
ဤတစ်ခေါက်မှာတော့ ညဝိညာဥ်၏ လက်တစ်ဖက်ကို ဆုတ်ဖြဲပစ်ဖို့ရည်ရွယ်ထား၏။
သူက သူ၏ ခေါင်းကို လုံးဝဂရုမစိုက်ပေ။
အကြောင်းမှာ သူ၏ ဦးခေါင်းက ညဝိညာဥ်၏ ချေမွဖျက်ဆီးခြင်းခံရမည်ဆိုလျှင်တောင် သူက သေသွားလိမ့်မည်မဟုတ်သောကြောင့်ပင်။
သားရဲတောကောင်များအားလုံးနီးပါး၏ အမြုတေစိတ်ဝိညာဥ်များသည် သူတို့၏ အသိစိတ်ထဲမှာ ရှိကြသော်လည်း သူကတော့ ကွဲပြားခြားနားလေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏အသိစိတ်ထဲမှာ လုံးဝမရှိပေ။
အဲ့ဒါက သူ၏ချိုင်းကြားအောက်ရှိ မျက်လုံးများထဲမှာ ရှိလေသည်။
ထောင်ထျဲမျိုးနွယ်သည် သူတို့၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲပြီးနောက် သူတို့သည် ဆိတ်တစ်ကောင်၏ မျက်နှာနှင့် လူသားတစ်ယောက်၏ ခန္ဓာကိုယ်ရှိလာ၏။ သူတို့၏ မျက်နှာပေါ်မှာ မည်သည့်မျက်လုံးမှ မရှိပေ။
သူတို့၏ မျက်လုံးများကို အလွန်တရာသိုဝှက်သောပုံစံဖြင့် သူတို့၏ ချိုင်းကြားအောက်မှာ ဖုံးကွယ်ထား၏။
အဲ့ဒါက သူတို့၏ အကြီးမားဆုံး အားနည်းချက်ဖြစ်၏။
ထောင်ထျဲသည် အမြုတေစိတ်ဝိညာဥ်တစ်ခုကို ကျင့်ကြံပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်ကို သူ့ချိုင်းကြားအောက်ရှိမျက်လုံးထဲမှာ ဖုံးကွယ်ထားလေသည်။
ထောင်ထျဲသည် ဆူဇီမို၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် ပြန်လည်ရှင်သန်လာနိုင်ခဲ့သည့် အကြောင်းရင်းမှာ အဲ့ဒါက အဓိကသော့ချက်ဖြစ်လေသည်။
သူ၏ ဦးခေါင်းက ကြေမွပျက်စီးသွားသည်ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင်ပြေနေသေးသည့်အတွက် သူက သူ၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို ပြန်လည်ပေါက်စေနိုင်လေသည်။
ထောင်ထျဲမျိုးနွယ်အတွက်တော့ ဦးခေါင်းများက သူတို့၏ ခြေလက်များနှင့်တူလေသည်။
ပို၍ အရေးကြီးသည်မှာ သူသည် ဆူဇီမို၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ဤမျှအထိ မြန်မြန်ပြန်လည်ရှင်သန်လာနိုင်ခဲ့သည့် နောက်ထပ်အကြောင်းရင်းမှာ သူ့တွင် အမြုတေစိတ်ဝိညာဥ်နှစ်ခုရှိနေသောကြောင့်ဖြစ်၏။
သူသည် ခွန်လွင်အပျက်အစီးနယ်မြေမှာ ကြီးမားသော အခွင့်အလမ်းတစ်ခုကို ရရှိခဲ့ပြီး အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ကျင့်ကြံနိုင်ခဲ့ကာ သူတို့ကို သူ၏ ချိုင်းကြားအောက်ရှိ မျက်လုံးများထဲမှာ သိုဝှက်ထားလေသည်။
တစ်နည်းအားဖြင့်ဆိုလျှင် သူ၏ ဓမ္မစွမ်းအားများက အခြားသောထောင်ထျဲများထက် နှစ်ဆပိုလေသည်။
သူသည် ခွန်လွင်အပျက်အစီးနယ်မြေမှာ စီးပိုးခြယ်လှယ်ပြီး ခွန်လွင်အရှင်ဖြစ်လာနိုင်သည်မှာ သူ့တွင် ဤကဲ့သို့သော ဝှက်ဖဲများရှိနေသောကြောင့်ဖြစ်၏။