အရှင်သခင်အသစ်တစ်ပါး မွေးဖွားပေါ်ထွက်လာခြင်း
Vol. 102 Ch. 1519
ညဝိညာဉ်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ထောင်ထျဲသည် ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မရှိဘဲ ညဝိညာဉ်၏ လက်ကိုသာ အစွမ်းကုန်ရှိသမျှနှင့် ကိုက်ခဲနေ၏။
ညဝိညာဉ်၏ လက်က ထောင်ထျဲ၏ ကိုက်ခဲမှုဖြင့် ပြတ်တောက်သွားပြီး သွေးများက တစက်စက်စီးကျကာ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
“သခင်လေး”
အဖွဲ့အစည်းဟောင်းဘက်မှ ခွန်လွင်ကလန်သားများစွာသည် ထိုသည်ကို မြင်သောအခါ ပူဆွေးဝမ်းနည်းသော အမူအရာများနှင့်အတူ အော်ဟစ်လိုက်ကြ၏။
အဆုံးစွန်မီးနှင့် နန်းကြည်သည်လည်း အလွန်တရာ စိတ်သောကများလာခဲ့၏။
သို့သော်လည်း သူတို့သည် ခွန်လွင်စစ်တပ်ကြားမှာ ပိတ်မိနေပြီး ညဝိညာဉ်ကို ကူညီဖို့နေနေသာ.. သူတို့ကိုယ်သူတို့ပင် အနိုင်နိုင်ခုခံနေရ၏။
တိုက်ပွဲမြေပြင်တွင်…
သူ၏ ခြေလက်လေးဖက်ထဲမှ ညဝိညာဉ်သည် ခြေလက်နှစ်ဖက်သာလျှင် အကောင်းတိုင်း ကျန်ရှိတော့ပြီး အဲဒါက အရမ်းကို ချောက်ချားစရာကောင်းနေ၏။
ထောင်ထျဲကတော့ ညဝိညာဉ်၏ ကျိုးပြတ်သွားသော လက်ကို စိတ်လှုပ်ရှားစွာဖြင့် ကိုက်ဝါးကာ ပလုပ်ပလောင်းဖြင့် အဲဒါကို ဝါးမျိုနေ၏။
ရုတ်တရက်ဆိုသလို..
ထောင်ထျဲသည် အံ့မခန်း အန္တရာယ်တစ်ခုကို အာရုံခံမိသွားပြီး ထိတ်လန့်တကြား အမူအရာရှိလာ၏။ သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး နောက်ဆုံးမှာ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။
ညဝိညာဉ်က သူ၏ ဦးခေါင်းကို လုံးဝကိုက်ခဲခြင်း မရှိခဲ့ပေ။
ထိုအစား.. သူသည် နောက်ဆုံးအခိုက်အတန့်မှာ သူ၏ လမ်းကြောင်းကို ပြောင်းလဲပြီး သူ၏ ပခုံးတစ်ဖက်ကို ကိုက်ချလိုက်လေသည်။
ညဝိညာဉ်၏ ခန္ဓာကိုယ်က အားနည်းနေပြီဖြစ်သော်လည်း သူ၏ သွားများသည် ထောင်ထျဲ၏ သွားများထက် များစွာပို၍ပင် ကြောက်စရာကောင်းလေသည်။
ထိုကိုက်ခဲချက်က ထောင်ထျဲ၏ လက်တစ်ဖက်လုံးကို ချက်ချင်းပင် ပြတ်ထွက်သွားစေ၏။
ထောင်ထျဲ၏ ချိုင်းကြားအောက်ရှိ မျက်လုံးထဲမှာ ဖုံးကွယ်ထားသော အမြုတေစိတ်ဝိညာဉ်သည် ညဝိညာဉ်၏ ကိုက်ခဲခြင်းကို ခံလိုက်ရလေပြီ။ ၎င်းက ထွက်မပြေးနိုင်ခင်မှာပင် ညဝိညာဉ်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
“အား…”
ထောင်ထျဲက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သူသည် ညဝိညာဉ်နှင့် အကွာအဝေးတစ်ခု ခွာချင်သည့်အတွက် နောက်သို့ ဆုတ်ခွာပြီးမှ အသစ်တစ်ဖန် ပြန်လည်တိုက်ခိုက်ချင်လေသည်။
ဘာပဲပြောပြော.. သူ၏ တခြားချိုင်းကြားအောက်မှာ သိုဝှက်ထားသည့် နောက်ထပ် အမြုတေစိတ်ဝိညာဉ်တစ်ခု ရှိသေးလေသည်။
သူက ထပ်မံ၍ တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူ့မှာ အားသာချက် ရှိနေသေးလေသည်။
သူက အမြုတေစိတ်ဝိညာဉ်တစ်ခုကို ဆုံးရှုံးထားရ၏။
သို့သော်လည်း သူ၏ ပြတ်တောက်သွားသော လက်ထဲသို့ ဓမ္မစွမ်းအားများက တလိပ်လိပ်တိုးဝင်လာပြီး တစ်ခဏချင်း အဲဒါကို ပြန်ပေါက်စေနိုင်၏။
သို့သော်လည်း ညဝိညာဉ်ကတော့ အရမ်းကို အားနည်းနေပြီဖြစ်ပြီး သူ၏ ခြေလက်များကို ပြန်မပေါက်စေနိုင်တော့ပေ။
ဒါတောင် ညဝိညာဉ်၏ သတ်ဖြတ်မှုက လုံးဝ ရပ်တန့်မသွားပေ။
ထောင်ထျဲက နောက်ဆုတ်မည့် အချိန်မှာပင် သူ့မှာ ပြေးစရာနေရာ မရှိတော့ဘူးဆိုတာကို နားလည်သွား၏။
ဝှစ်…
ထောင်ထျဲ၏ နောက်ဘက်ကနေ နက်မှောင်နေသော အရိပ်တစ်ခုက ဖြတ်သန်းလာပြီး အလွန်တရာ တိကျစွာဖြင့် သူ၏ အခြားသော ပခုံးစွန်းဆီကို ဝင်ရောက်ကာ သူ၏ ချိုင်းကြားအောက်ရှိ မျက်လုံးကို ထိုးဖောက်သွား၏။
အဲဒါက ညဝိညာဉ်၏ အမြီးဖြစ်၏။
ထောင်ထျဲ၏ ဒုတိယ အမြုတေစိတ်ဝိညာဉ်ကလည်း ညဝိညာဉ်၏ နေရာမှာတင် သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
“အဲ.. အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
ထောင်ထျဲ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုက ပေါ်ထွက်လာပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ လျော့ကျလာ၏။ သူ သေဆုံးရတော့မည့် အချိန်မှာပင်.. သူ ဘာကြောင့် ဤမျှအထိ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားရသလဲ နားမလည်နိုင်ပေ။
“ကမ္ဘာဦးခေတ်က လူတွေက လွဲရင်.. ဘယ်သူကမှ ထောင်ထျဲမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်ကို မသိကြတော့ဘူး.. မင်း.. မင်းက ဘယ်လိုလုပ်ပြီး…”
ထောင်ထျဲ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုက ဖျက်ဆီးခံလိုက်ရပြီးလေပြီ။
သူသည် ချက်ချင်း သေဆုံးမသွားရသည်မှာ.. သူ၏ အသက်ဓာတ်အားက ပေါကြွယ်ဝသောကြောင့် ဖြစ်၏။ ကြွင်းကျန်ရစ်သော ဝိညာဉ်တစ်စနှင့် အစွဲအလမ်းဥပါဒါန်တစ်ခုက အတန်ကြာသည်အထိ သူ့ဘေးမှာ ရစ်သိုင်းနေ၏။
“မင်းပြောတာ မှန်တယ်”
ညဝိညာဉ်က မှင်သေသေဖြင့် ပြောလိုက်၏။
“တကယ်ပဲ ကမ္ဘာဦးခေတ်က လူတွေကပဲ မင်းတို့ရဲ့ လျှို့ဝှက်ချက်ကို သိတယ်”
“ငါက အဲဒါကို သိထားတယ်ဆိုတာ.. ငါ့အဖေနဲ့ အမေက သူတို့ မသေဆုံးခင် အမွေအနှစ်မှတ်ဉာဏ်ပုံစံထဲမှာ အဲဒီလျှို့ဝှက်ချက်တွေ အားလုံးကို ထည့်သွင်းပြီး ငါ့ကို ပြောပြခဲ့လို့ပဲ”
ထောင်ထျဲက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။
“ခွန်လွင်အဟန့်အတားကို ချန်ထားရစ်ခဲ့တုန်းက.. သူတို့က ဒီနေ့လို အခြေအနေမျိုး ပေါ်ထွက်လာမှာကို စိုးရိမ်နေခဲ့ကြတယ်… အဲဒါကြောင့် သူတို့က ထောင်ထျဲမျိုးနွယ် အပါအဝင် သူတို့ရဲ့ ခေါင်းဆောင်တပ်မှူး လေးယောက်ရဲ့ အားနည်းချက်တွေ အားလုံးကို ငါ့ကို ပြောပြခဲ့တယ်”
ထောင်ထျဲက ခါးသီးစွာဖြင့် ရယ်မောလိုက်၏။
သူတို့မျိုးရိုးသည် နတ်ဘုရား ဟို့နှစ်ကောင် သေဆုံးပြီးနောက်.. ခွန်လွင်ဒေသကို အမြဲတမ်း စိုးမိုးခြယ်လှယ်ချင်ခဲ့၏။
ယခု နောက်ဆုံးမှာတော့ သူသည် ဂမ္ဘီရဟို့နှစ်ကောင်ထံမှာ ရှုံးနိမ့်နေရဆဲဖြစ်၏။
ထောင်ထျဲ၏ ကြီးမားသော ခန္ဓာကိုယ်က လေထဲကနေ ပြုတ်ကျလာပြီး ဘုန်းခနဲ မြည်သံနှင့်အတူ သွေးအိုင်ထဲသို့ ထိုးဆင်းသွား၏။ သွေးရည်များက အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။
ထောင်ထျဲ ဦးဆောင်ထားသော ခွန်လွင်စစ်တပ်ဖြစ်စေ.. ယခင် ခွန်လွင်မျိုးနွယ်စစ်တပ်ဖြစ်စေ.. ။
ခွန်လွင်ကလန်သားများ အားလုံးသည် တုန်လှုပ်စရာကောင်းသော ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရ၏။
ယခင် ခွန်လွင်အရှင်က သေဆုံးသွားလေပြီ။
အဲဒါသည် ခွန်လွင်အရှင် အသစ်တစ်ပါး မွေးဖွာပေါ်ထွက်လာပြီဟု နိမိတ်ပြလိုက်သည့်အလားပင်။
လေထဲမှာ ညဝိညာဉ်သည် သူ၏ လက်တစ်ဖက်နှင့် ခြေတစ်ဖက်သာလျှင် ကျန်ရှိတော့ပြီး သူ၏ အမြီးကို မှီခိုကာ ဟန်ချက်ညီအောင် အနိုင်နိုင်ရပ်နေရ၏။
သို့သော်လည်း သူသည် အဆုံးမဲ့သော စွမ်းပကားတစ်ခုနှင့် အေးစက်စက် အမူအရာနှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေ၏။ သူသည် သက်ရှိများ အားလုံးကို ငုံ့ကြည့်ကာ ခွန်လွင်စစ်တပ် ရှိရာဘက်သို့ ဟိန်းဟောက်လိုက်၏။
“ဂါး…”
စွမ်းပကားတစ်ခုက တရုန်းရုန်းထကြွလာ၏။
များစွာသော ခွန်လွင်ကလန်သားများက တုန်လှုပ်ချောက်ချားသွားကြလေသည်။
အဆုံးစွန်မီးနှင့် နန်းကြည်က ကျေနပ်သဘောကျသွား၏။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် သူတို့သည် နောက်ဆုံးမှာ အလှည့်အပြောင်းကို ဖြစ်စေနိုင်ခဲ့လေပြီ။
“ခွန်လွင်မျိုးနွယ်ဝင်တို့ နားထောင်ကြ.. အဲဒီထောင်ထျဲက သေဆုံးသွားခဲ့ပြီ… မင်းတို့တွေက မင်းတို့ရဲ့ သခင်ကို သတ်ဖို့အတွက် သူ့ရဲ့ အတင်းအကျပ် ဖိအားပေးခံရတယ်ဆိုတာ ငါသိတယ်”
“မင်းတို့တွေက အခုချက်ချင်း အညံ့ခံမယ်ဆိုရင်.. ခွန်လွင်အရှင်သစ်က ပြီးခဲ့တာတွေကို ခဝါချပေးလိမ့်မယ်”
နန်းကြည်ကလည်း အော်ဟစ်ပြောဆိုလိုက်၏။
“ငါတို့က အဲဒီ အညံ့ခံတဲ့သူတွေကို သတ်မှာ မဟုတ်ဘူး”
ညဝိညာဉ်၏ မာန်မာနအရ သူသည် ဤကဲ့သို့သော တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။
သူက တိုက်ပွဲမှာ သေဆုံးရမည်ဆိုလျှင်တောင် နောက်ဆုတ်ခြင်း သို့မဟုတ် ဦးညွှတ်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း.. လက်ရှိအခြေအနေမှာ ထောင်ထျဲက သေဆုံးသွားပြီဖြစ်သော်လည်း သူ၏ အာဏာစက်အောက်မှာ သန်းနှင့်ချီသော ခွန်လွင်စစ်သည်များက ကျန်ရှိနေဆဲဖြစ်၏။
သူတို့၏ ခွန်အားအရ.. အသေအကြေ တိုက်ခိုက်လာမည်ဆိုလျှင် သူတို့သည် ကြီးမားသော ခွန်လွင်စစ်တပ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ညဝိညာဉ်သည်လည်း ခပ်ယဲ့ယဲ့သာ ကျန်ရှိတော့ပြီး သိပ်ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ တောင်ကြားထဲရှိ အခြေအနေကို လုံးဝ ခန့်မှန်းလို့ မရပေ။
သူတို့အတွက် အရေးကြီးဆုံးအရာမှာ လက်ရှိအခြေအနေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းပြီး ဆူဇီမိုကို ကူညီပေးရန် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားဆီသို့ သွားရောက်ကြဖို့ ဖြစ်၏။
နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားတွင်…
နတ်ဘုရားမျိုးနွယ်ဝင်များ၏ သေဆုံးမှုက ဆက်လက်၍ မြင့်တက်လာနေဆဲဖြစ်၏။
ဆူဇီမိုသည် ရှေးဟောင်းအတုမရှိရတနာနှစ်ခုဖြစ်သော ဂမ္ဘီရသံလိုက်တောင်နှင့် ဓမ္မဖြိုခွင်းလေးကို ကိုင်စွဲကာ အလင်းစစ်တပ် တစ်တပ်လုံးနီးပါးကို တစ်ယောက်တည်းဖြင့် ချေမှုန်းဖျက်ဆီးနေ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ အေးစက်ခက်ထန်မှုနှင့် မှင်သေသေ အမူအရာတို့သည် သူတို့၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်များအဖြစ် စတင်ပြောင်းလဲလာခဲ့လေပြီ။
ထိုအချိန်တိုအတွင်းမှာပင်.. နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည် ၄၀၀ကျော်က ဆူဇီမို၏ ဓမ္မဖြိုခွင်းလေးအောက်မှာ သေဆုံးသွားခဲ့ရလေပြီ။
နောက်ထပ် ဘယ်နတ်ဘုရားမျိုးနွယ်ဝင်များက သေဆုံးရမလဲ မည်သူကမှ မသိရှိရပေ။
ဓမ္မစွမ်းအားမြှား အစင်း ၄၀၀ကျော်ကို ဆက်တိုက်ပစ်လွှတ်ပြီးနောက်.. ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကလည်း တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
“အားလုံးပဲ.. ငါ့အမိန့်ကို နာခံကြ.. မင်းတို့ရဲ့ ချပ်ဝတ်တန်ဆာတွေကို ခွာချပြီး မင်းတို့ရဲ့ ဓားတွေနဲ့ ဒိုင်းကာတွေကိုလည်း သိမ်းဆည်းလိုက်ကြ”
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက နောက်ဆုံးမှာ အဖြေတစ်ခုကို ရှာတွေ့သွားပြီး အော်ပြောလိုက်၏။
“ငါတို့တွေက လက်ဗလာနဲ့ဆိုရင်တောင် အဲဒီလူကို သတ်နိုင်တယ်”
နတ်ဘုရားမျိုးနွယ်သက်ရှိများက လျင်မြန်စွာ တုံ့ပြန်လိုက်ကြ၏။
ယခုအချိန်တွင်.. သူတို့သည် ရှေ့လည်းမတိုးနိုင် နောက်လည်းမဆုတ်နိုင်သော အခြေအနေတစ်ခုမှာ ကျရောက်နေကြ၏။ ပို၍အရေးကြီးသည်မှာ သူတို့၏ ခန္ဓာကိုယ်များသည် ဂမ္ဘီရသံလိုက်တောင်၏ ကန့်သတ်ချုပ်နှောင်ခြင်းကို ခံနေရ၏။
သူတို့၏ ချပ်ဝတ်တန်ဆာများ၊ ဒိုင်းနှင့် ဒိုင်းကာတို့ကို သိမ်းဆည်းလိုက်မည်ဆိုလျှင် သူတို့၏ ခံစစ်နှင့် တိုက်စစ်စွမ်းအားက ကြီးမားစွာ လျော့ကျသွားမည်ဖြစ်သော်လည်း သူတို့သည် ဂမ္ဘီရသံလိုက်တောင်၏ ကန့်သတ်ချုပ်နှောင်မှုကနေ လွတ်မြောက်နိုင်ပေလိမ့်မည်။
ထိုသို့ဖြင့် သူတို့သည် သူတို့၏ ချပ်ဝတ်များ၊ ဓားနှင့် ဒိုင်းကာတို့ မရှိလျှင်တောင် နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို အသုံးချကာ ကမြောက်ကခြောက် ဤလူသားကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
လူသားမျိုးနွယ်၏ မျိုးဆက်သွေးက နတ်ဘုရားမျိုးနွယ်ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။
ထိုသို့အတွေးဖြင့် နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ မျက်လုံးများထဲတွင် အားမာန်တက်ကြွမှုက ပေါ်ထွက်လာ၏။
ဆူဇီမိုကလည်း ပြုံးလိုက်၏။
ဓမ္မဖြိုခွင်းလေးကို အဆက်မပြတ် ဆွဲတင်ပြီးနောက်.. သူ၏ အမြုတေစိတ်ဝိညာဉ်က ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို အနားပေးရတော့မည့်ဆဲဆဲမှာပင်.. ဤနတ်ဘုရားမျိုးနွယ် သက်ရှိများသည် ဆက်လက်၍ တောင့်မခံနိုင်ကြသောကြောင့် သူတို့၏ နည်းဗျူဟာကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြ၏။
“အဲဒါက ပြီးပြည့်စုံသွားတာပေါ့”
ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူ၏ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ရန် ဆေးလုံးတချို့ကို ထုတ်ယူကာ မျိုချလိုက်၏။
တစ်ချိန်တည်းမှာပင်.. သူ၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံသည် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို ထိန်းသိမ်းပြီး ဖြည်းဖြည်းချင်း လည်ပတ်ကာ အစိမ်းရောင် အလင်းရောင်ခြည်များကို လျှံထွက်စေ၍ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေ၏။
ဖန်တီးခြင်းကြာခုံ၏ အကူအညီနှင့်အတူ အမြုတေစိတ်ဝိညာဉ်ကို အားအင်ပြန်လည်ဖြည့်တင်းနိုင်ခြင်းမှာ ဆူဇီမိုကို မည်သူကမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ရုန်းကန်ပေါက်ကွဲအားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် သာလွန်လေသည်။ သို့သော်လည်း အမြုတေစိတ်ဝိညာဉ်၏ ခံနိုင်ရည်အရာမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည်ပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
များစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများသည် အတွေးတစ်ချက်နှင့်အတူ သူတို့၏ ချပ်ဝတ်တန်ဆာများကို ခွာချပြီး သူတို့၏ ဓားများ၊ ဒိုင်းကာများနှင့်အတူ အဲဒါတွေကို သူတို့၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သူတို့၏ ချပ်ဝတ်တန်ဆာများကို ခွာချ၍ သူတို့၏ လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိလာပြီးနောက် အမျက်ဒေါမာန်ဖြင့် ပြည့်နှက်လာကြ၏။ သူတို့အားလုံးက မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့်အတူ လှည့်ကြည့်လိုက်ကြ၏။
“လူသားမျိုးနွယ်က ပုရွက်ဆိတ်.. သေဖို့သာ ပြင်ထားပေတော့”
“သူ့ကို အလွယ်တကူ မသတ်လိုက်နဲ့.. ငါတို့က သူ့ကို ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ရမယ်.. မဟုတ်ရင် သေဆုံးသွားရတဲ့ ငါ့တိုရဲ့ ကလန်သားတွေက အလဟဿ ဖြစ်သွားလိမ့်မယ်”
နတ်ဘုရားမျိုးနွယ် သက်ရှိများသည် ယခုတင် တစ်ဖက်သို့လှည့်ပြီး ဆူဇီမိုနှင့် တိုက်ခိုက်ဖို့အတွက် ရှေ့သို့ ပြေးတက်တော့မည့်ဆဲဆဲမှာပင်.. အိပ်မက်ဆိုးဆန်ဆန် ထိုအရိပ်က သူတို့ထံသို့ စတင်လျှောက်လှမ်းလာနေသည်ကို တွေ့ရှိလိုက်ရ၏။