နတ်ဘုရားမျက်လုံး
Vol. 102 Ch. 1521
ဝန်းရံပိတ်ဆို့မှုက ဖြစ်ပေါ်လာတော့မည့်ဆဲဆဲမှာပင် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်တပ်မှူးက ရုတ်တရက် အော်ပြောလိုက်၏။
“အားလုံးပဲ... မင်းတို့ရဲ့ မျိုးဆက်သွေးနယ်မြေတွေကို ထုတ်ဖော်လိုက်ကြ”
သူက အမိန့်ပေးလိုက်ပြီဖြစ်၏။
ဘန်း ဘန်း ဘန်း...
ရှေးဟောင်းပိရမစ်များသည် နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အောက်ဘက်မှာ ပေါ်ထွက်လာကြ၏။
သန်းနှင့်ချီသော သက်ရှိများသည် ပိရမစ်များ၏ အောက်မှာ ဒူးထောက်နေကြပြီး ပိရမစ်ထိပ်ဖျားရှိ နတ်ဘုရားမျိုးနွယ် သက်ရှိများကို မော့ကြည့်ကာ ဝတ်ပြုဆုတောင်းနေကြ၏။
အဆုံးမဲ့သော စွမ်းအင်စီးကြောင်းတစ်ခုက နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အော်ရာများက အဆက်မပြတ် မြင့်တက်လာနေကြ၏။
အဲ့ဒါက နတ်ဘုရားမျိုးနွယ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက အသက်ဝင်လာသည်နှင့် မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံရခြင်းမရှိဘဲ ပိုင်ဆိုင်လာပေလိမ့်မည်။
ပိရမစ်ငါးရာကျော်သည် အလွန်တရာ တုန်လှုပ်စရာကောင်းသောပုံစံဖြင့် လေထဲမှာ ရစ်ဝဲနေပြီး နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ ပုံရိပ်များက ဖြည်းဖြည်ချင်း မြင့်တက်လာကာ လောကနှင့်တစ်သားတည်း ကျလာ၏။
စဥ်းစားကြည့်၍ မရနိုင်သော စွမ်ပကားတစ်ခုက ဆင်းသက်လာခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ဖိအားဒဏ်ကို မခံနိုင်တော့ပေ။ သူ၏ အရိုးများက ကွဲထွက်ကုန်တော့မည့်အလား တကျွိကျွိမြည်လာ၏။
“အား...”
ဆူဇီမိုသည် ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်ရင်း သူ၏ အော်ရာက အဆက်မပြတ် မြင့်တက်လာကာ တစ်ခဏချင်းမှာပင် ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။
သူ၏ ပုံရိပ်က ဝေဝါး၍ ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။
ထိုနေရာမှာ ကျောက်စိမ်းရောင်ကြာပင်တစ်ပင်က ကောင်းကင်ထက်သို့ ထိုးတက်လာ၏။
အစိမ်းရောင်ကြာပင်သည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး အဆုံးမဲ့သော အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အကြည့်အောက်မှာပင် အစိမ်းရောင်ပင်၏ ထိပ်ဖျားကနေ ကြာပန်းတစ်ပွင့်က ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုနှင့်အတူ ဖူးပွင့်လာခဲ့၏။
“ဒါက...”
နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သူတို့၏ မျက်လုံးထဲရှိ တုန်လှုပ်မှုများနှင့်အတူ မော့ကြည့်လိုက်ကြ၏။
သူတို့က လောကနှင့်တစ်သားတည်း ကျနေသည်ဟုဆိုလျှင်...
အစိမ်းရောင်ကြာပန်း၏ စွမ်းအားသည် လောကကို ဆုတ်ဖြဲပစ်ပေလိမ့်မည်။
ရုတ်တရက်ဆိုသလို....
ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့သွား၏။
လောကက တသိမ်သိမ့်တုန်ခါသွားပြီး တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံးပစ်ချလိုက်သည့်အလား ဝဲဂယက်များက လေဟာနယ်မှတစ်ဆင့် ဖြန့်ကြက်လာခဲ့၏။
ဝဲဂယက်များက အားနည်းသည်ဟုထင်ရပြီး သူတို့၏ ဘေးပတ်လည်ရှိ ရှေးဟောင်းပိရမစ် ငါးရာဆီသို့ လွှမ်းခြုံသွားလေသည်။
ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာခဲ့၏။
ဝဲဂယက်များက အားနည်းသည်ဟု ထင်ရသော်လည်း သူတို့နှင့် ထိတွေ့ပြီးနောက် ပိရမစ်များပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွား၏။
ဘုန်း... ဘုန်း.. ဘုန်း...
ဝဲဂယက်များ၏ လွှမ်းခြုံမှုအောက်တွင် ပိရမစ်များက ကြေမွသွားပြီး ဘာမှမကျန်အောင် ပြိုကျကုန်၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက တူန်လှုပ်သွားကြ၏။
လွန်ခဲ့သည့်နှစ်၂၀ ကသာဆိုလျှင် ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေသည် ဤမျှများပြားသည့် နတ်ဘုရားမျိုးနွယ် မျိုးဆက်သွေးနယ်မြေများကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အသောကသစ်သားကို စုပ်ယူသန့်စင်ပြီးနောက် ဆူဇီမို၏ အစိမ်းရောင်ကြာပန်းခန္ဓာသည် ရူးသွပ်စွာကြီးထွားလာခဲ့၏။ ခွန်အားအရာမှာဖြစ်စေ... မျိုးဆက်သွေးအရာမှာဖြစ်စေ အဲ့ဒါက သိသာထင်ရှားသည့် ခုန်တက်မှုတစ်ခုဖြစ်ခဲ့၏။
ယခုအချိန်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၈ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လာဖို့ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်၏။
တကယ်တော့... ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေသည် ပိရမစ်ငါးရာကျော်စလုံးကို မဖိနှိမ်နိုင်ပေ။
ပိရမစ်နှစ်ရာကျော်ကိုသာ ကြေမွစေပြီးနောက် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးနယ်မြေသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
သို့သော်လည်း အဲ့ဒါက လုံလောက်လေသည်။
ပိရမစ်နှစ်ရာကျော်ကျော် လဲပြိုကျသွားပြီး နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ ဝန်းရံပိတ်ဆို့မှုက ချက်ချင်းပင် ပျက်ပြယ်သွား၏။ ဆူဇီမိုက လှောင်ရယ်၍ သူ၏ ပုံရိပ်က တစ်ဖန်ပြန်လည် ပေါ်ထွက်လာပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ သူသည် နတ်ဘုရားမျိုးနွယ် စစ်သည်တော်တစ်ယောက်ရှေ့သို့ ရောက်ရှိလာပြီး လက်ပြန်လွှဲကာ ရိုက်ချလိုက်၏။
နတ်ဘုရားမျိုးနွယ် သက်ရှိ၏ မျိုးဆက်သွေးနယ်မြေသည် ပျက်ပြယ်သွားပြီး သူ၏ သွေးချီက ကသောင်းကနင်းဖြစ်လာ၏။ သူက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
“မင်း...”
နတ်ဘုရားမျိုးနွယ် သက်ရှိက အသံတစ်ချက်သာ ထွက်ဖို့ အချိန်ရလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို အလောတကြီး ပင့်မြှောက်ကာ ဆူဇီမို၏ စွမ်းအားကို ခုခံချင်လေသည်။
ဖြောင်း...
ဆူဇီမို၏ လက်ဖဝါးက နတ်ဘုရားမျိုးနွယ် သက်ရှိ၏ လက်နှစ်ဖက်ကို သွင်သွင်ကျိုးအောင်ရိုက်ချလိုက်၏။
သူ၏ လက်ဖဝါးက ၎င်း၏ အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းလာပြီး ထိုသူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်လေသည်။
ထိုသူ၏ အမြုတေစိတ်ဝိညာဥ်က ချက်ချင်းပင် ကြေမွသွားပြီး နေရာမှာတင်သေဆုံးကာ သူ၏ အလောင်းက လေထဲကနေ ပြုတ်ကျလာ၏။
အခြားသော နတ်ဘုရားမျိုးနွယ် သက်ရှိများက တုံ့ပြန်၍ တိုက်ခိုက်လာကြ၏။
သို့သော်လည်း ဆူဇီမို၏ ပုံရိပ်က နောက်တစ်ဖန် ရိပ်ခနဲ လှုပ်ရှားသွားပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
သူတစ်ဖန်ပေါ်ထွက်လာသောအခါ သူက နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး တူညီသော ပုံစံဖြင့်ပင် သူ၏ သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်၏။
သူတို့နှစ်ယောက်သည် အလျင်အဟုန်ဖြင့် တိုက်ခိုက်နေကြပြီး တိုက်ကွက်သုံးလေးကွက် ဖလှယ်လိုက်ကြ၏။
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ဖြူဖပ်ဖြူရော်အမူအရာတစ်ခုရှိလာပြီး ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ရုတ်တရက်ဆိုသလို...
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ မျက်လုံးများက ရွှေရောင်အလင်းစက်များဖြင့် တဖျတ်ဖျတ်တောက်ပလာ၏။
တစ်ခဏချင်းမှာပင် သူ၏ မျက်လုံးများက ရွှေရောင်ပြောင်းလဲသွား၏။
သူတို့သည် လောကရှိ အပြစ်သားများအားလုံးကို တရားစီရင်ချမှတ်တော့မည့်အလား အေးစက်၍ သနားညှာတာမှု ကင်းမဲ့ပြီး အဆုံးမဲ့သော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။
နတ်ဘုရားမျက်လုံး...
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူသည် အသင်္ချေနယ်မြေမြို့တော်တိုက်ပွဲမှာတုန်းက နတ်ဘုရားမျိုးနွယ်များနှင့် တိုက်ခိုက်ခဲ့ဖူးလေသည်။
ထိုစဥ်တုန်းက နတ်ဘုရားမျိုးနွယ် သက်ရှိသည် နတ်ဘုရားမျက်လုံးနည်းစနစ်ကို ကျင့်ကြံထားပြီး အဲ့ဒါက ယခုသူ့ရှေ့မှာ ထွက်ပေါ်လာသော မြင်ကွင်းနှင့် အလွန်တရာဆင်တူလေသည်။
တကယ်တော့... နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက သူ၏ နတ်ဘုရားမျက်လုံးကို ထုတ်ဖော်လိုက်သောအခါ ဆူဇီမိုပင်လျှင် တုန်လှုပ်မှုကို ခံစားလာရလေသည်။
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ နတ်ဘုရားမျက်လုံးများက နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုက ထိတ်လန့်သွား၏။
သူက နမော်နမဲ့ မပြုမူရဲပေ။
ဆန်းကြယ်တောင်ပံ ၊ မိုးကြိုးထွက်ပြေးခြင်းနှင့် ကန့်သတ်မဲ့ရွှေအလင်းတို့က တစ်ချိန်တည်းမှာ ရုန်းကန်ထွက်ပေါ်လာပြီး သူက အဆက်မပြတ် နောက်ဆုတ်ရင်း နတ်ဘုရားမျက်လုံး၏ စွမ်းအားကို ရှောင်တိမ်းချင်လေသည်။
အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာသည် နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စပါဝင်သော နတ်ဘုရားမျက်လုံးကို ခုခံနိုင်ချင် ခုခံနိုင်ပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုက ထိုအန္တရာယ်ကို မစွန့်စားရဲပေ။
ဤနေရာမှာ နတ်ဘုရားမျိုးနွယ် သက်ရှိပေါင်း ငါးရာကျော်ကျန်ရှိနေ၏။
သူတို့၏ နောက်မှာ ဒဏ္ဍာရီလာ အမှောင်စစ်တပ်ကလည်း ရှိနေသေး၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နတ်ဘုရားမျက်လုံးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဆိုလျှင် ဆိုးဝါးသော နောက်ဆက်တွဲအကျိုးဆက်များက လိုက်လာပေလိမ့်မည်။
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးကလည်း အရမ်းကို ပါးနပ်လေသည်။
ဆူဇီမိုက ရွေ့လျားခြင်းနည်းစနစ်များနှင့်အတူ ထွက်ပြေးသည်ကို မြင်သောအခါ သူက သူ၏ စက္ခုနည်းစနစ်ကို အလောတကြီးထုတ်ဖော်ခြင်း မရှိဘဲ အဆက်မပြတ် လိုက်လံချဥ်းကပ်နေ၏။
သူက စက္ခုနည်းစနစ်ကို ကောင်းကောင်းအသုံးချနိုင်မည်ဆိုလျှင် ဆူဇီမိုက သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်တော့မည် မဟုတ်ကြောင်း ကောင်းကောင်းသိထား၏။
သို့သော်လည်း သူသည် တစ်ချိန်လုံးမှာ အဲ့ဒါကို ထုတ်လွှတ်ဖို့ ငြင်းဆန်ထားပြီး ဆူဇီမိုကိုသာ အဆက်မပြတ် စိုက်ကြည့်နေ၏။
အဲ့ဒါသည် ဆူဇီမို၏ ဦးခေါင်းထက်မှာ ဓားတစ်လက်ကို တစ်ချိန်လုံး အုပ်မိုးထားပြီး အဲ့ဒါက အချိန်မရွေး ဆင်းသက်လာနိုင်သည့်အလားပင်။
ဆူဇီမိုက ကန့်သတ်ချုပ်နှောင်မှုကို သေချာပေါက်ခံစားရပေလိမ့်မည်။
အခြားသော နတ်ဘုရားမျိုးနွယ် သက်ရှိများကလည်း အဲ့ဒါကို သတိထားမိသွားပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ သူတို့က နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှင့် ပူးပေါင်းလိုက်ကြလေသည်။
နတ်ဘုရားမျိုးနွယ် သက်ရှိအချို့သည် သူတို့၏ မျိုးဆက်သွေးနယ်မြေများကို ထုတ်ဖော်ပြီး ဆူဇီမိုထံသို့ ပြေးဝင်လာကြ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သူတို့၏ စက္ခုနည်းစနစ်များကို အသက်သွင်းပြီး သူတို့၏ မျက်လုံးများက ရွှေရောင်အလင်းဖြင့် တောက်ပလာကြ၏။
သူတို့က ဆူဇီမိုကို တစ်ချိန်လုံးစိုက်ကြည့်နေပြီး အဆက်မပြတ်ချဥ်းကပ်လာနေကြ၏။
အလင်းစစ်တပ်သို့ ဝင်ရောက်နိုင်သော မည်သူမဆို နတ်ဘုရားကုန်းမြေတိုက်၏ ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ယောက်ချင်းစီသည် နတ်ဘုရားမျက်လုံးကို ကျင့်ကြံထားကြ၏။
ရွှေရောင်မျက်လုံးတစ်ထောင်ကျော်က ဆူဇီမို၏ ကိုယ်ပေါ်မှာ မမှိတ်မသုန်ကျရောက်နေပြီး သူ့ကို ခေါင်းနပန်းကြီးလာစေ၏။
တစ်ခဏချင်းမှာပင် အခြေအနေက ပြောင်းလဲသွားလေပြီ။
ကျန်ရှိနေသော နတ်ဘုရားမျိုနွယ်သက်ရှိငါးရာကျော်သည် တဖြည်းဖြည်း အသာစီးရရှိလာကြ၏။
ဆူဇီမိုဖန်တီးထားသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မိစ္ဆာဂိုဏ်းများ၏ စက္ခုနည်းစနစ်ကို ကျင့်ကြံထားလေသည်။ သို့သော်လည်း... ၎င်းသည် သန်မာသော သေစေနိုင်စွမ်းအားမရှိသည့်အတွက် နတ်ဘုရားမျက်လုံးများကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
စက္ခုနည်းစနစ်များ၏ ကြောက်မက်ဖွယ်ရာကောင်းမှုသည် လျှပ်တပြက် ချက်ချင်း ကျရောက်လာနိုင်ခြင်းဖြစ်၏။
အဲ့ဒါက လုံးဝ ဆိုင်းမဆင့်ဗုံမဆင့် ကျရောက်လာနိုင်လေသည်။
ဆူဇီမိုက သတိတစ်ချက်လျော့ကျသွားသည့် အခိုက်အတန့်မှာပင် စက္ခုနည်းစနစ် တစ်ခုက ဆင်းသက်လာခဲ့၏။
ရှဲ...
ဆူဇီမိုသည် ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်ပြီး ထိုစက္ခုနည်းစနစ်က သူ့နောက်ဘက်ရှိ ကျောက်တုံးများပေါ် ကျဆင်းကာ အဆုံးမမြင်ရသော တွင်းပေါက်နှစ်ခုကို ဖြစ်ပေါ်သွားစေ၏။
နတ်ဘုရားမျိုးနွယ်များ၏ မျိုးဆက်သွေးနယ်မြေအချို့၏ ဖိအားအောက်တွင် ဆူဇီမို၏ ရှောင်တိမ်းနိုင်သော နေရာလွတ်က အချိန်နှင့်အမျှ ကျဥ်းမြောင်းလာခဲ့၏။
ရှဲ... ရှဲ...
နောက်ထပ် စက္ခုနည်းစနစ်နှစ်ခုက ကျဆင်းလာခဲ့၏။
ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ကို တုန်လှုပ်စရာကောင်းလောက်အောင် တွန့်လိမ်လိုက်ပြီးနောက် စက္ခုနည်းစနစ်နှစ်ခုကို ရှောင်တိမ်းလိုက်နိုင်၏။
စက္ခုနည်းစနစ် နှစ်ခုသည် လေထုကို ဆုတ်ဖြဲပြီး ကြီးမားသော သားရဲတောကောင်ကြီး၏ အရိုးစုပေါ်သို့ ကျဆင်းသွား၏။
အဲ့ဒါက ကမ္ဘာဦးခေတ်မှ ခရမ်းရောင်ဟို့၏ ရုပ်အလောင်း ဖြစ်လေသည်။