ကပ်ဆိုးကြားက အခွင့်အလမ်း
Vol. 102 Ch. 1530
ဆူဇီမိုသည် အနည်းငယ် ငေးငိုင်၍ ငိုက်မျဉ်းနေ၏။
နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်က တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည်ကို သူက ဝိုးတဝါး ခံစားမိလိုက်၏။ ထိုသူက စူးစူးဝါးဝါး အော်ဟစ်၍ အဲဒီနောက် တိတ်ဆိတ်ငြိမ်သက်သွား၏။
“အဲဒါက ဘယ်လိုဖြစ်ရတာလဲ”
“ဘာတွေများ ဖြစ်နေတာလဲ”
“နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်က သေသွားပြီလား”
ဆူဇီမို၏ စိတ်က ရှုပ်ထွေးနောက်ကျိနေ၏။
ကြမ္မာဆိုးဓား၏ စွမ်းအားက ဖန်တီးခြင်းကြာခုံ၏ ခံစစ်ကို ချိုးဖျက်ဝင်ရောက်လာခဲ့ပြီဖြစ်၏။
အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သည် အနက်ရောင် ပင့်ကူချည်မျှင်များ၏ ထူးဆန်းသော စွမ်းအားနှင့်အတူ ပျံ့နှံ့သွားပြီး သူ၏ အသက်ဓာတ်အားက အလျင်အမြန် လျော့ကျလာနေ၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် မလှုပ်မယှက် ရှိနေပြီး ၎င်း၏ အသက်ဓာတ်အားက ချိနဲ့နေလေပြီ။
ထိုစဉ်မှာပင်.. အလွန်တရာ ခံ့ညားထည်ဝါသော အသက်ဓာတ်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ ဒဏ်ရာများကို အမှန်တကယ်ပင် အဆက်မပြတ် ကုသပေးနေ၏။
ကြမ္မာဆိုးဓား၏ နက်မှောင်၍ အေးစက်နေသော စွမ်းအားကပင်လျှင် ထိုသိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိတ်ဆို့တားဆီးနိုင်ခြင်း မရှိပေ။
အစကတော့ ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သည် သေဆုံးတော့မည့်ဆဲဆဲ အခြေအနေမှာ ရှိနေလေပြီ။
သို့သော်လည်း သိပ်သည်းပြင်းထန်သော ထိုအသက်ဓာတ်အားက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီးနောက် သူ၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က တဖြည်းဖြည်း သက်သာပျောက်ကင်းလာပြီ ဖြစ်၏။
ဖန်တီးခြင်းကြာခုံပေါ်ရှိ အနက်ရောင် ချည်မျှင်များကလည်း တဖြည်းဖြည်း အရည်ပျော်ကျလာ၏။
အကန့်အသတ်မဲ့သော အသက်ဓာတ်အားနှင့် ရင်ဆိုင်ရချိန်တွင် ကြမ္မာဆိုးဓား၏ စွမ်းအားသည် နေရောင်နှင့် ထိတွေ့မိသော နှင်းခဲများကဲ့သို့ တိတ်တဆိတ် အရည်ပျော်ကျလာ၏။
သိပ်မကြာခင်.. ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်ထားသော ကြမ္မာဆိုးစွမ်းအားသည် ထိုကြီးမားသော အသက်ဓာတ်အားကြောင့် ပျက်ပြယ်လာခဲ့ပြီဖြစ်၏။
သူ၏ ရင်ဘတ်ကို ထိုးဖောက်ထားသော ကြမ္မာဆိုးဓားသည် တစ်စုံတစ်ရာနှင့် ဆွဲယူခြင်း ခံလိုက်ရသည့်အလား တစ်စတစ်စ ဆုတ်ခွာသွားလေသည်။
ဘန်းခနဲ မြည်သံနှင့်အတူ နတ်ဘုရားကုန်းမြေတိုက်၏ ထိုလက်နက်သည် ဆူဇီမို၏ ရင်ဘတ်ထဲကနေ ကျွတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ တိတ်တဆိတ် ပြုတ်ကျသွား၏။
သိပ်သည်းပြင်းထန်သော အသက်ဓတ်အားက ကြမ္မာဆိုးဓားကို ဆွဲနုတ်ပြီးနောက် ၎င်းက ရပ်တန့်မည့် လက္ခဏာ မရှိဘဲ ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တလိပ်လိပ်တိုးဝင်လာ၏။
ဆူဇီမို၏ မရီးဒါန်များ၊ ကိုယ်တွင်းအင်္ဂါများနှင့် အသွေးအသားတို့သည် အသက်ဓာတ်ပျောက်ဆုံးနေရာကနေ သိပ်သည်းပြင်းထန်သော ထိုအသက်ဓာတ်အား၏ နှိုးဆွမှုအောက်မှာ သူတို့၏ အသက်ဓာတ်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာ၏။
သူ၏ အသိစိတ်ကိုလည်း စတင်၍ ပြန်လည်ရရှိလာနေလေသည်။
သိပ်မကြာခင် သူက နိုးထလာခဲ့၏။
“ဘာတွေဖြစ်နေတာလဲ”
ဆူဇီမိုက အနည်းငယ် မှင်တက်သွားပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။
သူက ဧရာမ မုန်တိုင်းတစ်ခုအလယ်မှာ ရောက်ရှိနေသည်ကို နားလည်လိုက်၏။
ထိုမုန်တိုင်းမှာ အလွန်တရာ ကြီးမား၍ ကြွယ်ဝသော အသက်ဓာတ်အားတစ်ခု ပါဝင်ပြီး သမုဒ္ဒရာတစ်စင်းကဲ့သို့ ကျယ်ပြောကာ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တလိပ်လိပ်တိုးဝင်နေ၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။
သိပ်မကြာခင်.. အနာဖေးများက ဖြစ်ပေါ်လာပြီး ကွာကျသွား၏။
သူ၏ ဒဏ်ရာများပေါ်တွင် မည်သည့် အမာရွတ်မှ မကျန်ရှိတော့ဘဲ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေ၏။
သူ၏ ဒဏ်ရာများက အလျင်အမြန် သက်သာပျောက်ကင်းလာနေလေသည်။
ဤတိုက်ပွဲမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သေဆုံးလုနီးပါးဖြစ်ခဲ့ပြီး အလွန်တရာ ထိခိုက်ပျက်စီးထားလေသည်။ ၎င်းကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဖြင့်သာ ပြန်လည်ကုသနိုင်ပေလိမ့်မည်။
သို့သော် ယခုအခါမှာတော့ သိပ်သည်းပြင်းထန်သော ထိုအသက်ဓာတ်အားက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ၎င်း၏ သက်ရောက်မှုက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထက်ပင် ပို၍ သိပ်သည်းပြင်းထန်နေပုံ ရ၏။
“အဲဒါက နတ်ဘုရားစွမ်းအားမုန်တိုင်းလား”
ဆူဇီမိုက ဖြစ်ပျက်နေသည့်အရာကို အလျင်အမြန် နားလည်သွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက ကြမ္မာဆိုးဓားကို ဆင့်ခေါ်ခဲ့၏။
ကြမ္မာဆိုးဓား၏ အော်ရာက သန်မာသော်လည်း ၎င်းသည် နတ်ဘုရားစွမ်းအား မုန်တိုင်းကို နှိုးဆွစေဖို့အတွက် လုံလောက်အောင် မသန်မာပေ။
သို့သော်လည်း နောက်ပိုင်းတွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူသည် ကြမ္မာဆိုးဓား၏ စွမ်းအားကို အသုံးချပြီး သူ၏ ရင်ဘတ်ထဲသို့ ထိုဓားကို ထိုးစိုက်ခဲ့လေသည်။ အဲဒီနောက် ချက်ချင်းပင်.. နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာခဲ့၏။
ကြွင်းကျန်ရစ်သော နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကြောင့် နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပုံပြောအဘိုးအိုက သူ့ကို တစ်ခါပြောခဲ့ဖူးလေသည်။
ထို့ကြောင့်ပင်လျှင် နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုချင်းစီကနေ ထုတ်ဖော်သည့် စွမ်းအားက ကွဲပြားခြားနားလေသည်။
တိုက်ခိုက်ရေးနတ်ဘုရားစွမ်းအားတစ်ခုက နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုကို နှိုးဆွမိမည်ဆိုလျှင် ၎င်းသည် ကျင့်ကြံသူများကို အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်သည့် အလွန်တရာ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားတစ်ခုကို သေချာပေါက် ပိုင်ဆိုင်လာပေလိမ့်မည်။
သို့သော်လည်း သူ့ရှေ့ရှိ နတ်ဘုရားစွမ်းအားမုန်တိုင်းကို ကုသခြင်း အမျိုးအစား နတ်ဘုရားစွမ်းအား တစ်ခုကနေ နှိုးဆွမိခဲ့သည်မှာ သိသာလေသည်။
သို့သော်လည်း ကုသရေး နတ်ဘုရားစွမ်းအားတစ်ခုသည် လူတစ်ယောက်အပေါ် ထိခိုက်စေခြင်း မရှိဟု မဆိုလိုပေ။
အဲဒါက နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်နေသည့်နှင့်အမျှ ၎င်း၏ စွမ်းအားသည် တုန်လှုပ်စရာကောင်းပြီး သမုဒ္ဒရာတစ်စင်းကဲ့သို့ ကျယ်ပြောလေသည်။ အဲဒါက စွမ်းအားကြီးပုဂ္ဂိုလ်များ သို့မဟုတ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ကုသခြင်း နတ်ဘုရားစွမ်းအားသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ၏ ခန္ဓာကိုယ်ထဲသို့ ၎င်း၏ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားနှင့်အတူ အဆက်မပြတ် တလိပ်လိပ်တိုးဝင်ခဲ့လေသည်။ ကြီးမားလွန်းသော အသက်ဓာတ်အားကို ခံနိုင်ရည်မရှိဘဲ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး နေရာမှာပင် သေဆုံးခဲ့ရ၏။
သဘောတရားက ရိုးရှင်းလေသည်။ သစ်ပင်များသည် မိုးရေကို လိုအပ်လေသည်။ သို့သော်လည်း အလွန်ပြင်းထန်သည့် ရေစီးကြောင်းတစ်ခု ဆင်းသက်လာမည်ဆိုလျှင် ထိုသစ်ပင်များက သေဆုံးသွားပေလိမ့်မည်။
ရှင်းရှင်းပြောရလျှင်.. နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်သည် နတ်ဘုရားစွမ်းအားမုန်တိုင်းကနေ နှိုးဆွလိုက်သော သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား၏ မတန်တဆ ဝန်ပိမှုကြောင့် သေဆုံးသွားရခြင်း ဖြစ်၏။
ဆူဇီမိုသည် ယခုအချိန်ထိ အဆင်ပြေနေသေးသည့် အကြောင်းရင်းမှာ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား၏ ထက်ဝက်ကျော်ကို ကြမ္မာဆိုးဓားက ချေဖျက်လိုက်သောကြောင့် ဖြစ်၏။
ဆူဇီမိုအနေဖြင့် သူ၏ ခန္ဓာကိုယ်က အလွန်တရာ ပျက်စီးထိခိုက်ထား၍ သေဆုံးလုနီးပါး ဖြစ်နေလေသည်။
ထိုအသက်ဓာတ်အား၏ ကျူးကျော်ဝင်ရောက်လာခြင်းက ဆူဇီမိုကို မထိခိုက်စေရုံသာမက ၎င်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ဒဏ်ရာများကိုပင် အပြည့်အဝ သက်သာပျောက်ကင်းလာစေ၏။
နတ်ဘုရားစွမ်းအားမုန်တိုင်းသည် သိသိသာသာ အားပျော့သွားသော်လည်း အဲဒီမှာ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား ပမာဏတစ်ခု ကျန်ရှိနေဆဲဖြစ်ပြီး သူတို့က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ အဆက်မပြတ် တလိပ်လိပ်တိုးဝင်လာနေ၏။
ဆူဇီမို၏ မျက်လုံးနှစ်ဖက်က ဘဝင်ခိုက်မှုဖြင့် ပြည့်နှက်လာ၏။
အခြား တစ်စုံတစ်ယောက်သာဆိုလျှင် ကျန်ရစ်နေသော သိပ်သည်းပြင်းထန်သည့် ထိုအသက်ဓာတ်အား ပမာဏသည် သူတို့၏ ခန္ဓာကိုယ်များကို ဆုတ်ဖြဲပြီး သူတို့ကို နေရာမှာတင် သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
သို့သော်လည်း ထိုအသက်ဓာတ်အားက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခု ဖြစ်လေသည်။
ဆူဇီမိုသည် နတ်ဘုရားစွမ်းအားမုန်တိုင်းထဲမှာ တင်ပျဉ်ခွေထိုင်ချပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။ သူက သူ့ခန္ဓာကိုယ်ထဲရှိ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို စုပ်ယူသန့်စင်ပြီး ကျင့်ကြံနေလေသည်။
အခြား မည်သူကမှ ထိုအသက်ဓာတ်အားကို လက်မခံနိုင်ပေ။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အရာရာတိုင်းကို ဝါးမျိုနိုင်လေသည်။
အချိန်ကြာလာသည်နှင့်အမျှ.. ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပိုမို၍ သန့်စင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပို၍ သိပ်သည်းကျစ်လစ်လာကာ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း တဖြည်းဖြည်း မြင့်တက်လာနေ၏။
ဆူဇီမိုသည် အသောက သစ်သားကို စုပ်ယူသန့်စင်ပြီးနောက်.. နောက်ပိုင်း-ပေါင်းစည်းခန္ဓာအဆင့်သို့ မကြာသေးခင်ကမှ ဝင်ရောက်ခဲ့၏။
သူသည် နောက်ထပ် အဆင့်သေးတစ်ဆင့်ကို ဖြတ်ကျော်ပြီး ပေါင်းစည်းခန္ဓာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိတက်လှမ်းချင်သည်ဆိုလျှင် သူ့အနေဖြင့် ပုံမှန်အတိုင်း ကျင့်ကြံပါက နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီပင် လိုအပ်လေသည်။
သူ၏ အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့် ၈ သို့ ချိုးဖျက်တက်လှမ်းဖို့အတွက် ရှည်လျားသော လမ်းကြောင်းတစ်ခုကို ဖြတ်သန်းရပေလိမ့်မည်။
သို့သော် ယခုအခါ သေလောက်အောင် ကြောက်စရာကောင်းသော တိုက်ဆိုင်မှု တချို့ဖြင့် နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုက ဆင်းသက်လာခဲ့ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အလျင်အမြန် အသွင်ပြောင်းလဲ၍ ကြီးထွားလာစေ၏။
ခပ်လှမ်းလှမ်းကနေ အဆုံးစွန်မီး၊ နန်းကြည်၊ ညဝိညာဉ်နှင့် အခြားသူများက ထိုမြင်ကွင်းကို ကြည့်ပြီး နောက်ဆုံးမှာ စိတ်သက်သာရာရသွားကြ၏။
သူတို့သုံးယောက်သည် အကြည့်ချင်းဖလှယ်ပြီးနောက် ရယ်မောမိလိုက်ကြ၏။
သူတို့က မျက်ရည်များနှင့်အတူ ပြုံးရွှင်နေကြ၏။
အဲဒါက ကပ်ဆိုးတစ်ခုကနေ ရှင်သန်လာနိုင်ခြင်း၏ ဝမ်းသာပျော်ရွှင်မှု ဖြစ်၏။
များစွာသော ခွန်လွင်ကလန်သားများသည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေကြ၏။
တစ်စုံတစ်ယောက်က နတ်ဘုရားစွမ်းအားမုန်တိုင်းထဲမှာ တကယ်ပဲ ရှင်သန်နိုင်သည်လား…။
ညဝိညာဉ်၊ အဆုံးစွန်မီးနှင့် အခြားသူများသည် ခပ်ဝေးဝေးသို့ မသွားကြဘဲ အနီးနားမှာပင် အနားယူကာ အားဖြည့်နေကြ၏။
တစ်ဖက်မှာတော့ သူတို့သည် ဆူဇီမို၏ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်၏။
တစ်ဖက်မှာတော့ သက်တံရောင်လိုဏ်ဂူကနေ နောက်ထပ် နတ်ဘုရားမျိုးနွယ်သက်ရှိများ ပေါ်ထွက်လာမည်ကို သူတို့က စိုးရိမ်နေသောကြောင့် ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင် သေဆုံးပြီးနောက်.. နတ်ဘုရားကုန်းမြေတိုက်သည် တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ဆက်လက်ဝင်ရောက်လာခြင်း မရှိတော့ပေ။
တစ်ခဏအတွင်းမှာပင် တစ်နေ့တာ ကုန်ဆုံးသွားခဲ့လေသည်။
သူ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းအပေါ် မှီခို၍ ညဝိညာဉ်သည် သိသိသာသာ သက်သာပျောက်ကင်းလာပြီး အရင်ဆုံး ထရပ်လာ၏။ နောက်ထပ် နတ်ဘုရားမျိုးနွယ်သက်ရှိများက ဝင်ရောက်လာမည်ဆိုလျှင်တောင် သူက သူတို့ကို သတ်ဖြတ်နိုင်လေပြီ။
အခြားသော ခွန်လွင်ကလန်သားများသည် သူနှင့်ယှဉ်လျှင် များစွာနိမ့်ကျနေလေသည်။
သူတို့၏ မျက်နှာများ အားလုံးက ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး ဒဏ်ရာများဖြင့် ပြည့်နှက်ကာ ပြန်လည်ကုသဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြ၏။
အဆုံးစွန်မီးနှင့် နန်းကြည်၏ ဒဏ်ရာများက သက်သာပျောက်ကင်းမလာသေးသော်လည်း သူတို့က သက်လုံအား အတော်အတန်ကို ပြန်လည်ရရှိလာပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ကြလေပြီ။
ပြောင်းလဲမှု အရှိဆုံးသူမှာ ဆူဇီမို ဖြစ်လေသည်။
တစ်နေ့နှင့် တစ်ည ကြာပြီးနောက်.. နတ်ဘုရားစွမ်းအားမုန်တိုင်းက ပျက်ပြယ်လုနီးပါး ဖြစ်သွားလေပြီ။
သို့သော်လည်း ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က နောက်တစ်ဖန် ချိုးဖျက်တက်လှမ်းပြီး သူက ပေါင်းစည်းခန္ဓာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။
သူ၏ အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာကလည်း အဆင့် ၈ သို့ ရောက်ရှိဖို့ အလွန်တရာ နီးကပ်သွားခဲ့ပြီဖြစ်၏။
တကယ်တော့ အဆင့် ၈ သို့ ချိုးဖျက်တက်လှမ်းဖို့က နောက်ထပ် အချိန်တစ်ခု သို့မဟုတ် အခွင့်အလမ်းများကို ဖမ်းဆုပ်မိဖို့ လိုအပ်လေသည်။
သမိုင်းတစ်လျှောက်တွင် ရှေးဟောင်းဗုဒ္ဓဧကရာဇ်ကသာလျှင် ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့် ၈ အထိ ပြုစုပျိုးထောင်နိုင်ခဲ့လေသည်။