← Chapters

ဆွံ့အသွားသော အဖိုးအို

Vol. 84 Ch. 1291

ဆွံ့အသွားသော အဖိုးအို

Vol. 84 Ch. 1291

ရွှီချင်းသည် ခေါင်းဆောင်၏ ရူးမိုက်သော အပြုအမူကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူက မအံ့ဩပေ။

ခေါင်းဆောင်က အာရုဏ်ဦးနေမင်းကို ထုတ်ပေးရန် တောင်းဆိုလာကတည်းက အရာအားလုံး ရှင်းရှင်းလင်းလင်း ထွက်ပေါ်ပြီးသား ဖြစ်သည်။ သူက ခေါင်းဆောင်၏ သေလမ်းရှာသော လုပ်ဆောင်မှုကို မတားဆီးနိုင်ကြောင်း သိသည်။ သူလုပ်နိုင်သော တစ်ခုတည်းသော အရာမှာ ဝေးနိုင်သမျှ အဝေးကို ထွက်ပြေးရန် ဖြစ်သည်။

ဤအခိုက်အတန့်မှာ အေးခဲနေသော အနီရောင်ပင်လယ်ပေါ်၌ ခေါင်းဆောင်၏ မျက်လုံးနှင့် အမူအရာသည် ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။ သူသာလျှင် အမြဲတမ်း တခြားလူများကို ကိုက်ခဲ့သည်မဟုတ်ပါလော။ သို့သော်လည်း ယနေ့မှာ သူက ဂျူနီယာညီလေး၏ အရှေ့မှာ ကမာခွံတစ်ကောင်၏ အကိုက်ခံခဲ့ရသည်။ ယင်းက သူ့ကို အလွန်အရှက်ရစေသည်။

ထို့ကြောင့် ခေါင်းဆောင်သည် ရူးသွပ်မှုနှင့်အတူ သူ့အောက်မှ ကမာခွံများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ ငါက မင်းကိုက်လို့ရတဲ့အကောင် မဟုတ်ဘူးဆိုတာ ငါမင်းကိုပြမယ် ”

သူက စကားပြောနေရင်း လက်ထဲမှ အာရုဏ်ဦးနေမင်းကို အသက်သွင်းလိုက်သည်။ ထိုအခါ ပြင်းထန်သော အပူသည် အပြင်သို့ ပျံ့နှံ့သွားသည်။

အပူဓာတ်ဖြတ်သန်းသွားသည့်နေရာတိုင်း ကမာခွံများသည် အနီရောင်သို့ ပြောင်းလဲသွားပြီး လှိုင်းအတွန့်များသည် ပင်လယ်ရေပြင်ပေါ်မှာ ထွက်ပေါ်လာလိမ့်မည်။

ကြောက်မက်ဖွယ်ကောင်းသော အပူဓာတ်သည် အေးခဲနေသော ပင်လယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

လောကကြီးသည် ပုံပျက်တွန့်လိမ်သွားသည်။ ပေသောင်းချီအကွာမှာ ထွက်ပြေးနေသော ရွှီချင်းသည်ပင် သူ့အနောက်မှ ပြင်းထန်သော အပူဓာတ်ကို အာရုံခံမိသွားသည်။

မည်သို့ဖြစ်ပါစေ ခေါင်းဆောင်က ရူးသွပ်နေသော်လည်း ရန်သူနှင့် အတူတကွ သက်သေရန် ဆန္ဒမရှိသေးပေ။ ဖြစ်နိုင်သည်မှာ ကမာခွံက သူ့ကို အပြင်းအထန် မကိုက်ခဲ့ဟန် ရ၏။ သို့ဖြစ်၍ သူ့မှာ အကျိုးအကြောင်းစဉ်းစားနိုင်စွမ်း ကျန်ရှိနေသေးသည်။ ထို့ကြောင့် သူက အာရုဏ်ဦးနေမင်း၏ အပူဓာတ်ကိုသာ ထုတ်လွှတ်ခဲ့သည်။ ယင်းကို မဖောက်ခွဲပစ်ခဲ့ပေ။

ယင်းကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်က အာရုဏ်ဦးနေမင်းကို ထိန်းချုပ်ရာမှာ အတော်လေး အတွေ့အကြုံများကြောင်း မြင်သာပေသည်။

မည်သို့ဖြစ်ပါစေ ဤအာရုဏ်ဦးနေမင်း၏ မူလအသွင်သဏ္ဍာန်သည် စတေးခံယင်မြစ်ထဲမှ ခေါင်းဆောင်ဆည်ယူခဲ့သော ရှေးဟောင်းနေလုံးသာ ဖြစ်သည်။

သို့တိုင် အာရုဏ်ဦးနေမင်းသည် လူသားမျိုးနွယ်၏ ဒေသစစ်လက်နက်ဖြစ်သည်။ ထို့ပြင် ရွှီချင်းသည် အာရုဏ်ဦးနေမင်းထဲသို့ နီလာနတ်သမီး၏ အသွေးအသားကို ပေါင်းစပ်ပစ်နိုင်သည်။ ထိုအခါကျလျှင် ယင်း၏ ပေါက်ကွဲအားသည် မူလအာရုဏ်ဦးနေမင်းထက် အဆပေါင်းများစွာ ကျော်လွန်သွားလိမ့်မည်။

သို့ဖြစ်၍ အာရုဏ်ဦးနေမင်းထံမှ အပူဓာတ်မျှသာ ထွက်ပေါ်လာသော်လည်း ယင်းက နတ်ဘုရားနယ်မြေထဲမှာ ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။

ယင်းက အေးခဲနေသော အနီရောင်ပင်လယ်ကို ပွက်ပွက်ဆူလာစေသည်။ ရေခဲပြင်သည် စတင်အရည်ပျော်လာပြီး စစ်မှန်သော ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကမာခွံများသည်တော့ ပြင်းထန်သော အပူဓာတ်ကြောင့် အနီရောင်ပြောင်းသွားကြသည်။ ကမာခွံထဲမှာ မျက်လုံးမှိတ်ထားသော ဧရာမလင်းယုန်များသည် မျက်လုံးဖွင့်လိုက်ကြသည်။ ၎င်းတို့က တုန်ယင်သွားကြသည်။

ပြင်းထန်သော အပူချိန်အောက်မှာ ဒြပ်နှောများသည် အတင်းအကျပ် ဖယ်ရှားခံလိုက်ရသည်။ ယင်းက ဤနေရာကို အာရုဏ်ဦးနေမင်း၏ ပိုင်နက်အဖြစ် ပြောင်းလဲသွားစေသည်။

ခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး သူ့အား ကိုက်ခဲ့သော ကမာခွံဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ကမာခွံထဲမှ နတ်ဘုရားပုလဲအကြွင်းအကျန်ကို ဆက်တူးဖော်လိုက်ပြီး အမြန်ထွက်ပြေးသည်။

သူ၏ အလျင်သည် မြန်ဆန်သည်။ ပြင်းထန်သော အပူချိန်အောက်မှာ တခြားကမာခွံများက ဖွင့်ထားသည်ကို အခွင့်ကောင်းယူ၍ သူက အစွမ်းကုန် ကြိုးစားပြီး နတ်ဘုရားပုလဲများကို လိုက်လံတူးဖော်လိုက်သည်။ တစ်ချိန်တည်းမှာ သူက မောက်မာထောင်လွှားစွာ ပြောသည်။

“ ငတုံးကောင်တွေ… ဘာလို့ ငြိမ်ငြိမ်လေးနေပြီး ငါ့ကို ပုလဲတွေ မပေးတာလဲ… အခုတော့ ငါ့ရဲ့ ပြိုင်ဘက်ကင်း လှုပ်ရှားမှုအောက်မှာ မင်းတို့တွေ ဘာတတ်နိုင်သေးလဲ ”

“ အတိတ်တုန်းကဆိုရင် ငါက မင်းတို့အားလုံးကို အေးခဲစေပြီး ပုလဲတွေကို အေးအေးဆေးဆေး ထုတ်ယူနိုင်ခဲ့တယ်… အဲ့ဒီတုန်းက မင်းတို့တွေ ငါ့ကို မော်ကြည့်ရဲလို့လား… ဒီနေ့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အရင်ကလောက် အစွမ်းမထက်ဘူးဆိုပေမဲ့ ငါ့မှာ မင်းတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု ရှိနေပါသေးတယ်… ဒီတစ်ကြိမ်တော့ မင်းတို့ကို ရေမခဲပစ်တော့ဘူး… မင်းတို့ကို ငါပြုတ်ပစ်မယ် ”

ခေါင်းဆောင်သည် စိတ်သက်တောင့်သက်သာ ခံစားမိသွားပြီး အဝေးသို့ ထွက်ပြေးနေသော ရွှီချင်းကို အော်ပြောလိုက်သည်။

“ ဂျူနီယာညီလေး… မင်းက အရမ်းသူရဲဘောကြောင်တာပဲ… လာ လာ လာ ငါနဲ့အတူ ပုလဲတွေ လာကူထုတ်ပေးပါဦး ”

ပေငါးသောင်းအဝေးမှ ရွှီချင်းသည် အနောက်သို့ လှည့်မကြည့်ဘဲ ဆက်လက် ပြေးသည်။

ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် ခေါင်းယမ်းလိုက်သည်။ ချင်းလေးကို ဆက်ပြီး လေ့ကျင့်ပေးရဦးမည်ဟု သူခံစားမိသွားသည်။ ထို့ကြောင့် သူက သီချင်းလေးညည်းပြီး ပုလဲများကို ဆက်လက် တူးဖော်လိုက်သည်။ သို့သော်လည်း ပုလဲအရေအတွက် တစ်ရာကျော်သွားသည့်အခါ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ပင်လယ်ရေက ပိုပြီးပြင်းထန်စွာ ဆူပွက်လာပြီး အပူချိန်က တစ်ဟုန်ထိုး မြင့်တတ်သွားသည့်အခါ အေးခဲနေသော ပင်လယ်သည် ပွက်ပွက်ဆူနေသော ရေနွေးပမာ ပြောင်းလဲသွားသည်။ ပင်လယ်ထဲမှ ကမာခွံများသည်လည်း ပိုပြီးနီရဲလာသည်။ ထိုသို့လှုံ့ဆော်မှုအောက်မှာ ကမာခွံများထဲမှ အိပ်ပျော်နေသော ဧရာမလင်းယုန်များသည် တစ်ကောင်ပြီးတစ်ကောင် မျက်လုံးဖွင့်လာကြသည်။

၎င်းတို့၏ မျက်လုံးထဲမှာ အနက်ရောင် အလင်းတန်း ထွက်ပေါ်လာသည်နှင့် ၎င်းတို့က စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်ကြသည်။

အော်မြည်သံသည် ကမာခွံတစ်ထောင်ကျော်ထံမှ ဆက်တိုက် ပဲ့တင်ထပ်လာသည်။ ထိုအော်သံများက အတူတကွ ပေါင်းစည်းသွားသည့်အခါ နားကွဲလုမတတ် ကျယ်လောင်သော အသံလှိုင်းအဖြစ် ပြောင်းလဲသွားသည်။

၎င်းတို့၏ ရုန်းကန်မှုသည် အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ကမာခွံများသည် ဆက်လက် တုန်ယင်သွားကြသည်။ ထို့နောက် ကမာခွံတချို့သည် အတောင်ပံရှိသည့်အလား လေထဲသို့ ပျံတတ်သွားကြသည်။

ပင်လယ်ထဲတွင်လည်း ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ပင်လယ်ရေသည် ဧရာမရေပန်းတစ်ခုပမာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ထို့ပြင် ယင်းက တစ်နေရာတည်း မဟုတ်ပေ။ ရေပန်းများက နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။

တဖျပ်ဖျပ်လှုပ်ခါ၍ ပျံသန်းနေသော ကမာခွံများကို ကြည့်နေရင်း ခေါင်းဆောင်သည် ဆွံ့အသွားသည်။

“ ဒီကောင်တွေက ပျံနိုင်တာလား ”

သူ၏ မှတ်ဉာဏ်ထဲတွင် အေးခဲနေသော အနီရောင်ပင်လယ်သည် တစ်ခါမှ ထိုသို့မပြောင်းလဲဖူးချေ။ ထိုကမာခွံများသည်လည်း မပျံသန်းနိုင်ကြချေ။

ခေါင်းဆောင်က အံ့အားသင့်နေစဉ် ပင်လယ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး မရေမတွက်နိုင်သော ကမာခွံများက အပေါ်သို့ ပျံသန်းသွားကြသည်။ ကမာခွံများက တဖျပ်ဖျပ်လှုပ်ခါနေစဉ် ပင်လယ်သည် လုံးဝမြှောက်တတ်သွားသည်။

ပင်လယ်ရေသည် လေထဲသို့ အမှန်တကယ် ပျံတတ်သွားသည်။

ဧရာမလင်းယုန်များ၏ အော်သံသည် ပိုပြီးကျယ်လောင်လာသည်။ ၎င်းတို့က ခေါင်းဆောင်ကို အေးစက်စက် စိုက်ကြည့်နေပြီး ပစ်မှတ်ထားလိုက်လေရာ ဒေါသနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ၎င်းတို့၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

၎င်းတို့က ခေါင်းဆောင်၏ အနောက်သို့ အမြန်လိုက်ဖမ်းကြသည်။

၎င်းတို့ချည်းသာဆိုလျှင် အဆင်ပြေသေး၏။ အေးစက်စက် အလင်းသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ မင်းတို့က ဘယ်သူ့ကို ခြောက်လှန့်ချင်နေတာလဲ ”

သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ဆွံ့အသွားသည်။

အဘယ့်ကြောင့်ဆိုသော် ပင်လယ်သည် ဝုန်းခနဲ မြည်သံများနှင့်အတူ လေထဲသို့ အံ့အားသင့်ဖွယ်ကောင်းစွာ မြှောက်တတ်သွားသည်။ အမှန်မှာ ပင်လယ်ရေအောက်ထဲတွင် လက်တံအများအပြား ထွက်ပေါ်လာကြသည်။

ခေါင်းဆောင်သည် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူက အာရုဏ်ဦးနေမင်းကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ရွှီချင်း၏ ဦးတည်ရာဆီသို့ အားကုန်သုံး၍ ထွက်ပြေးသည်။

အဝေးမှ ရွှီချင်းသည် သူ့အနောက်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းအတတ်အကျများကို အာရုံခံမိသွားသောအခါ အနောက်မလှည့်ကြည့်ဘဲ မနေနိုင်ပေ။

သူ၏ မျက်လုံးထဲတွင် လေထဲသို့ မြှောက်တတ်နေသည်မှာ ပင်လယ်ရေမဟုတ်တော့ပေ။ ယင်းအစား ပင်လယ်ကြီးတမျှ အရွယ်အစား ကြီးမားသော အနီရောင်ဂျယ်လီငါးဖြစ်သည်။

ထိုဂျယ်လီငါးသည် အလွန်ကြီးမားသည်။ ၎င်းသည် အစက ထိုနေရာမှာ အနားယူနေခြင်း ဖြစ်သည်။ ၎င်း၏ ဦးခေါင်းသည် အေးခဲနေသော ပင်လယ်ရေဖြစ်သည်။

ဤအခိုက်အတန့်မှာ ၎င်းက အိပ်မောကျနေခြင်းမှ အပြည့်အဝ နိုးထလာပြီး လေထဲသို့ မြှောက်တတ်သွားသည်။ ၎င်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ခေါင်းဆောင်သည် ဖုန်မှုန့်တစ်ခုထက် မပိုပေ။

ရွှီချင်းသည် ကြောက်စရာကောင်းသော ဧရာမဂျယ်လီငါးကို ကြည့်နေရင်း ဦးရေပြားစပ်ဖျင်းဖျင်း ခံစားမိသွားသည်။ သူက အရှေ့သို့ ပြန်လှည့်လိုက်ပြီး ပိုပြီးမြန်ဆန်စွာ ပြေးသည်။ သူ့အနောက်မှ ခေါင်းဆောင်သည်လည်း အလျင်ကုန် ထုတ်သုံးလိုက်သည်။ သူက လှမ်းအော်ပြောလိုက်သေးသည်။

“ ဂျူနီယာညီလေး… ”

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက လက်ကို အနောက်ပို့လိုက်ပြီး ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ခေါင်းဆောင်သည် ထိုဆွဲငင်အားကို အသုံးပြု၍ အရှိန်ထပ်မြှင့်လိုက်ပြီး သူ့အနောက်မှ ဧရာမလက်တံတစ်ချောင်းကို ရှောင်တိမ်းလိုက်သည်။

သူက အရေပြားကြိုးကို ပစ်လွှတ်လိုက်လေရာ သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။

ရွှီချင်းသည် ကြိုးကို ဖမ်းဆုပ်လိုက်ပြီး ဆောင့်ဆွဲလိုက်သည်။ ထိုအခါ ခေါင်းဆောင်သည် ရွှီချင်းနှင့် ချက်ချင်း နီးကပ်သွားသည်။

“ ဂျူနီယာညီလေး… ဒီဟာက မတော်တဆပါ… ”

ခေါင်းဆောင်သည် ရွှီချင်း၏ အနားသို့ ချဉ်းကပ်သွားသည့်အခါ အမောတကော အသက်ရှူလိုက်ပြီး ပြောသည်။ ရွှီချင်းသည် မည်သည့်စကားမှ ပြန်မပြောဘဲ အရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားသည်။

သူတို့နှစ်ယောက်၏ အနောက်တွင် အရေအတွက်တစ်ထောင်ကျော်သော ဧရာမလင်းယုန်များနှင့် ဧရာမဂျယ်လီငါးက လိုက်ဖမ်းနေကြသည်။

ဒေါသတကြီး အော်သံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး သတ်ဖြတ်ချင်သော စိတ်ဆန္ဒက ပိုပြီးအားကောင်းစွာ ပေါ်ထွက်လာသည်။

ကံကောင်းစွာဖြင့် ဤနေရာတွင် ပင့်ကူအိမ်အများအပြားရှိပြီး ဧရာမဂျယ်လီငါး၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားလွန်းသည်။ ထို့ကြောင့် ၎င်းက ရွေ့လျားနေစဉ် ပင့်ကူအိမ်များကို မရှောင်တိမ်းနိုင်ပေ။ ပင့်ကူအိမ်များ၏ စေးကပ်သော အကျိုးသက်ရောက်မှုက ၎င်း၏ အလျင်ကို သိသိသာသာ နှေးကွေးသွားစေသည်။

သို့သော်လည်း ထိုအချက်ကပင် ဧရာမဂျယ်လီငါးက မည်မျှကြောက်စရာကောင်းကြောင်း ပိုပြီးမြင်သာစေသည်။ ၎င်း၏ ကြီးမားသော အရှိန်အဟုန်ကြောင့် ပင့်ကူအိမ်တချို့သည် တိုက်ရိုက် ပျက်စီးသွားသည်။

၎င်းနှင့် တွေ့ဆုံသွားသော ပင့်ကူတချို့ဆိုလျှင် ချက်ချင်း သေကြေပျက်စီးသွားကြသည်။

ထိုမြင်ကွင်းသည် ရွှီချင်းကို နှလုံးတုန်သွားစေသည်။ ခေါင်းဆောင်သည်လည်း ကြောက်လန့်စိတ်ကြောင့် တုန်ယင်သွားသည်။

“ အရင်ဘဝက ဒီကို ငါလာတုန်းက ပင်လယ်က အဲ့ဒီလို မဟုတ်ပါဘူး… ပင်လယ်က တကယ်တော့ ဧရာမဂျယ်လီငါးပဲ… ”

ရွှီချင်းသည် မည်သည့်စကားမှ ပြန်မပြောနိုင်ပေ။ သူက အံတင်းတင်းကြိတ်လိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ခုနစ်ရက်ကြာပြီးနောက် နတ်ဘုရားနယ်မြေ၏ ကောင်းကင်ပေါ်တွင် ခေါင်းဆောင်နှင့် ရွှီချင်းကဲ့သို့ ရူးသွပ်စွာ ပြေးလွှားနေသော လူတစ်ယောက် ရှိသည်။

ထိုလူသည် ထုန်ရှီရှန်းမှလွဲ၍ တခြားလူမဟုတ်ပေ။ ဤအခိုက်အတန့်မှာ သူ၏ ဆံပင်က ဖရိုဖရဲဖြစ်နေပြီး သူက အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်နေသည်။ ဧရာမနှုတ်ခမ်းမွှေးငါးနှစ်ကောင်က သူ့အနောက်ကို လိုက်ဖမ်းနေကြောင်း မြင်နိုင်ပေသည်။ ၎င်းတို့က သူ့ကို ပစ်မှတ်ထားနေကြသည်မှာ ရှင်းလင်းသည်။

“ ငါဘာလို့ ဒီလောက်ကံဆိုးရတာလဲ ”

ထုန်ရှီရှန်းသည် အကူအညီမဲ့မှုကို ခံစားမိသွားပြီး အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။ သူက နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် မည်သည့်အမှားကို ကျူးလွန်ခဲ့မိမှန်း မသိပေ။ သူ၏ ခရီးစဉ်က အစပိုင်းမှာ အတော်လေး အဆင်ပြေချောမွေ့ခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်ပြီး အဆင်မချောခဲ့ပေ။

သူက အမြစ်ဖြတ်သုတ်သင်ခြင်းမျက်လုံးဖြင့်ပင် တွေ့ဆုံခဲ့သည်။

အရေးကြီးအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ အဖိုးအိုက နိုးထလာပြီး ဝင်မကယ်ပေးခဲ့လျှင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အမြစ်ဖြတ်သုတ်သင်ခြင်းမျက်လုံး၏ အကြည့်အောက်မှာ လုံးဝဖျက်ဆီးခံရလိမ့်မည်။

အစကတော့ သူ၏ ကံဆိုးမှုက ထိုနေရာမှာ ကုန်ဆုံးသွားပြီဟု တွေးထင်ခဲ့သည်။ သို့သော်လည်း သူက နှုတ်ခမ်းမွှေးငါးနှစ်ကောင်၏ ပစ်မှတ်ထားခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယခု အဖိုးအိုက ထပ်မံ အိပ်မောကျသွားပြီ ဖြစ်သည်။

ထုန်ရှီရှန်းသည် သက်ပြင်းချလိုက်သည်။ သူ၏ အကန့်အသတ်သို့ မရောက်မချင်း အဖိုးအိုကို အတင်းအကျပ် သူမနှိုးချင်ပေ။ အဖိုးအို၏ စတေးမှုကို မြင်သည့်အခါတိုင်း သူက နှလုံးနာကျင်ရသည်။

“ ကိစ္စမရှိဘူး… တခြားနည်းလမ်းတွေ ရှိသေးတယ်… နှုတ်ခမ်းမွှေးငါးတွေရဲ့ အကျင့်စရိုက်အရ သူတို့က တစ်စုံတစ်ခုကို အမဲလိုက်နေရမယ်ဆိုရင် ငါ့နောက်လိုက်တာ အလိုလို ရပ်သွားလိမ့်မယ်… ”

ထုန်ရှီရှန်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက ငါးနှစ်ကောင်ကို အာရုံလွှဲပြောင်းပေးရန် ပစ်မှတ်တစ်ခုခုကို ရှာဖွေလိုက်သည်။

သို့ဖြစ်၍ သူ၏ ဂရုတစိုက် စစ်ဆေးမှုအောက်မှာ နှစ်နာရီကြာပြီးနောက် အဝေးမှ တစ်ဟုန်ထိုး ပျံသန်းလာနေသော ပုံရိပ်နှစ်ခုကို သူမြင်သွားသည်။

“ ရွှီချင်းလား… သူ့ဘေးက ဘယ်သူလဲ… သူလည်းပဲ လူသားလား ”

ထုန်ရှီရှန်းသည် မျက်လုံးဝင်းလက်သွားသည်။ သူက ရွှီချင်းကို ဒုက္ခပေးသင့်မပေးသင့် စဉ်းစားနေရင်း တစ်ခဏကြာ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက အံတင်းတင်းကြိတ်လိုက်ပြီး သူ့ဘာသာ တွေးတောလိုက်သည်။

‘ ငါ့အစား တခြားတစ်ယောက် သေသွားတာက ပိုကောင်းတယ်… ကြီးမြတ်တဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ အကြင်နာမဲ့ရတယ် ’

‘ ရွှီချင်း ရွှီချင်း… ငါတို့ကြားမှာ ကြီးမားတဲ့ ရန်ငြိုးမရှိပေမဲ့ အခုလို လာဆုံနေမှတော့… မင်း အရမ်းကံဆိုးနေတယ်လို့ပဲ မှတ်ယူလိုက်ပါ ’

ထိုသို့တွေးမိသောအခါ ထုန်ရှီရှန်းသည် ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ သူက ရုတ်တရက် အရှေ့သို့ ပြေးသွားပြီး လက်ကျန်ခွန်အားကို အသုံးပြုလိုက်သည်။ ထိုအခါ သူ၏ အလျင်သည် ပေါက်ကွဲထွက်လာသည်။ သူက နှုတ်ခမ်းမွှေးငါးနှစ်ကောင်ကို ဦးဆောင်သွားပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာလည်း အားအင်ကုန်ခမ်းနေသည်။ ဤခုနစ်ရက်အတွင်းမှာ သူတို့က ဧရာမဂျယ်လီငါး၏ လိုက်ဖမ်းခံနေရသည်။ သူတို့က ဂျယ်လီငါး၏ အလျင်ကို နှောင့်နှေးစေရန်အတွက် ပင့်ကူအိမ်အလွန်ထူထဲသော နေရာများကိုပင် ရှာဖွေခဲ့သည်။

သို့သော်လည်း လိုက်ဖမ်းမှုသည် ဆက်ပြီး ဖြစ်ပွားခဲ့သည်။ ‘ မဟုတ်ဘူး ’ဟူသော စကားလုံး၏ အကျိုးသက်ရောက်မှုသည် ဧရာမဂျယ်လီငါးအပေါ် အလုပ်မဖြစ်ခဲ့ပေ။

“ ကမ္မရဲ့ ချည်နှောင်မှုအပေါ် ငါတို့ရဲ့ ဖုံးကွယ်မှုက သက်ရောက်မှုမရှိဘူး… ဒါပေမဲ့ ငါတို့က အကွာအဝေးတစ်ခု ခွာပြီးတော့ ဂျယ်လီငါးရဲ့ ပစ်မှတ်ထားမှုကို နာရီအနည်းငယ် ရှောင်ရှားနိုင်မယ်ဆိုရင် အဲ့ဒီကမ္မချည်နှောင်မှုကို ဖျက်ဆီးပစ်နိုင်လိမ့်မယ် ”

ခေါင်းဆောင်က အမြန်ပြောသည်။ ရွှီချင်းက ခေါင်းညိတ်လိုက်သည့်အခါ ထုန်ရှီရှန်းက သူတို့ဆီသို့ အမြန်ပျံသန်းလာနေကြောင်း သတိထားမိသွားကြသည်။ ထုန်ရှီရှန်း၏ အနောက်မှ နှုတ်ခမ်းမွှေးငါးနှစ်ကောင်ကိုလည်း သူတို့မြင်သွားကြသည်။

ရွှီချင်းက မျက်ခုံးပင့်တင်လိုက်သည်။

တစ်ချိန်တည်းမှာ ကမ္ဘာတုန်ဟီးစေနိုင်သော အော်သံသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ အနောက်မှ ပဲ့တင်ထပ်လာသည်။ ထို့နောက် ပင့်ကူအိမ်အများအပြားဖြင့် ဖုံးလွှမ်းခံထားရသော ဧရာမဂျယ်လီငါးသည် သူတို့၏ အနောက်မှာ ထွက်ပေါ်လာပြီး ဆက်လက် လိုက်ဖမ်းသည်။

၎င်း၏ အရွယ်အစားနှင့် အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။

ထိုအခါ ရွှီချင်းနှင့် ခေါင်းဆောင်ထံသို့ ကျရောက်နေသော ထုန်ရှီရှန်း၏ အကြည့်သည် အဝေးသို့ အလိုအလျောက် ရွှေ့ပြောင်းသွားသည်။

သူက အရွယ်အစား အလွန်ကြီးမားသော ဧရာမဂျယ်လီငါးနှင့် မရေမတွက်နိုင်သော လင်းယုန်များကို မြင်သွားသည်။

အကြည့်တစ်ချက်ဖြင့် သူ၏ နဖူးပေါ်မှာ ချွေးစေးများ ထွက်ပေါ်လာသည်။ သူ၏ အနောက်မှ နှုတ်ခမ်းမွှေးငါးနှစ်ကောင်သည် ချက်ချင်း ရပ်တန့်သွားကြသည်။ ၎င်းတို့က ဆက်ပြီး မလိုက်ဖမ်းတော့ဘဲ အနောက်လှည့်လိုက်ပြီး ထွက်ပြေးသွားကြသည်။ ၎င်းတို့က ဟင်းလင်းပြင်ထဲမှာ မြန်ဆန်စွာ ပုန်းအောင်းလိုက်ကြသည်။

ထုန်ရှီရှန်းက နှလုံးတုန်နေစဉ် ရွှီချင်းနှင့် ခေါင်းဆောင်က သူ့ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာကြသည်။ သူတို့က ထုန်ရှီရှန်းကို စိုက်ကြည့်လိုက်လေရာ ထူးဆန်းသော အလင်းရောင်က သူတို့၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ အစောနတုန်းက နှုတ်ခမ်းမွှေးငါးနှစ်ကောင်က ထုန်ရှီရှန်း၏ အနောက်သို့ လိုက်ဖမ်းနေကြောင်း သူတို့မြင်တွေ့ခဲ့သည်။

သေခြင်းရှင်ခြင်းကပ်ဘေးက ထုန်ရှီရှန်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက လုံးဝတုံ့ဆိုင်းမနေဘဲ ထက်မြက်သော အမူအရာဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ တာအိုရောင်းရင်းရွှီ… ငါမင်းကို ကူညီပေးမယ် ”

ထုန်ရှီရှန်းသည် စကားဆုံးသွားသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်ထဲမှာ အိပ်ပျော်နေသော အဖိုးအိုကို အတင်းအကျပ် နှိုးလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ တောက်ပသော အလင်းတန်းနှင့်အတူ အဖိုးအိုတစ်ယောက်၏ ပုံရိပ်က ဧရာမဂျယ်လီငါးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

All Chapters