← Chapters

ခက်ခဲသော ပြိုင်ဘက်

Vol. 84 Ch. 1296

ခက်ခဲသော ပြိုင်ဘက်

Vol. 84 Ch. 1296

ဝဲကတော့၏ ဘေးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ ကြော့ရှင်းသော ဆံပင်ရှည်သည် လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ သူ၏ လျော့တိလျော့ရဲ တာအိုဝတ်ရုံသည်ပင် သူ၏ ခန္ဓာကိုယ်အလှကို မဖုံးကွယ်ထားနိုင်ပေ။ သို့သော်လည်း သူ၏ သေးသွယ်သော မျက်နှာပေါ်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ သို့တိုင် ယင်းက သူ၏ ချောမောလှပမှုကို မပျက်စီးသွားစေပေ။

သူက စတင်တိုက်ခိုက်လိုက်သည်နှင့် လှိုင်ဂူတစ်ခုလုံး တုန်ယင်သွားပြီး ပြိုကျပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။ ရွှမ်မီးလျှံ၏ လက်သီးစွမ်းအားက ဝိညာဉ်စုစည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်လေရာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ဟန် ရ၏။

ထိုလက်သီးသည် လေဟာနယ်ကို ပုံပျက်တွန့်လိမ်စေပြီး အချိန်ကို ကမောက်ကမာ ဖြစ်စေသည်။ ဟင်းလင်းပြင်သည်ပင် ထိုလက်သီး၏ ဖောက်ထွင်းခံလိုက်ရသည်။ ထို့ပြင် ယင်းက အမြစ်ဖြတ်သုတ်သင်ခြင်းစိတ်ဆန္ဒကိုလည်း သယ်ဆောင်ထားသည်။

အမှန်မှာ ရွှီချင်းက မလှုပ်ရှားနိုင်ခင်မှာ ခေါင်းဆောင်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ရွှမ်မီးလျှံ၏ လက်သီးအောက်မှာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည်။

မရေမတွက်နိုင်သော အသွေးအသားအပိုင်းအစများနှင့် အရိုးများသည် ပေတစ်ရာပတ်လည်အတွင်းမှာ ပြန့်ကျဲသွားကြသည်။

ရွှမ်မီးလျှံ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူက လက်သီးဖြင့် ထိုးပြီးနောက် မရပ်တန့်ခဲ့ပေ။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ခေါင်းဆောင်၏ ပြန့်ကျဲသွားသော အသွေးအသားအပိုင်းအစများဆီသို့ ဦးတည်သွားသည်။ သူက ခေါင်းဆောင်၏ အသွေးအသားအားလုံးကို နောက်လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်ချင်နေခြင်း ဖြစ်သည်။

ရွှမ်မီးလျှံက ဒုတိယအကြိမ် လက်သီးဖြင့် ထိုးတော့မည့်အချိန် ရွှီချင်း၏ အကြည့်က လေးနက်သွားသည်။

စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်က ချက်ချင်း ဖွဲ့စည်းသွားပြီး ကျူးလီ၏ ဦးခေါင်းကိုးလုံးက ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားကာ သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

သူ၏ တိုက်ပွဲစွမ်းအားသည် တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာပြီး ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့်နှင့် နှိုင်းယှဉ်နိုင်သွားသည်။

သူက ချိပ်တံဆိပ်လက်ဟန်တချို့ကို ဆက်တိုက် ဖွဲ့စည်းလိုက်ပြီး တားမြစ်အဆိပ်ကို အသက်သွင်းလိုက်သည်။ ခရမ်းလက ဆင်းသက်လာသည့်အခါ ခရမ်းအရှင်သခင်၏ နတ်ဘုရားအတတ်ပညာသည် အပြည့်အဝ ပေါ်လျှိုးလာသည်။ ဟင်းလင်းပြင်က ကွဲထွက်သွားစဉ် ကောင်းကင်ဘုံဆေဘာဓားက ဆင်းသက်လာသည်။

ရှေးဟောင်းဘုရားကျောင်းသည် လေထဲမှာ ထွက်ပေါ်လာသည်။ ဘုရားကျောင်း၏ ဂိတ်တံခါးက ပွင့်သွားသည့်အခါ ဘုရားကျောင်းထဲမှ ရုပ်တုသည် အပြင်သို့ ထွက်လျှောက်လာပြီး ဆေဘာဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

သက်တံ့သဖွယ်အောက်မေ့ရသော ဆေဘာဓားအလင်းသည် ရွှီချင်း၏ နတ်ဘုရားအစွမ်းဖြင့် ပေါင်းစပ်သွားသည်။ ကျူးလီနှင့် တတိယနတ်ဘုရားရတနာသိုက်ထဲမှ ကောင်းကင်ဘုံတာအို၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် ဤတစ်ကြိမ် သူထုတ်ဖော်ခဲ့သော စွမ်းအားသည် ယခင်တစ်ကြိမ်ထက် အများကြီး ပိုသန်မာသည်။

ဆေဘာဓားသည် ရွှမ်မီးလျှံဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ရွှမ်မီးလျှံသည် ရပ်တန့်သွားသည်။ ခေါင်းဆောင်၏ အသွေးအသားများဆီသို့ ကျရောက်သွားတော့မည့် သူ၏ လက်သီးက ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော ကောင်းကင်ဘုံဆေဘာဓားဆီသို့ ဦးတည်သွားသည်။

နားကွဲလုမတတ် ကျယ်လောင်သော မြည်သံ ပေါက်ကွဲသွားသည်။

လက်သီးနှင့် ဆေဘာဓားသည် ထိပ်တိုက် တွေ့ဆုံသွားသည်။

လက်သီးသည် မည်သည့်ဒဏ်ရာမှ မရရှိသွားသော်လည်း ဆေဘာဓားသည် ပျက်စီးသွားသည်။

ရွှမ်မီးလျှံ၏ တိုက်ပွဲစွမ်းအားသည် အမှန်တကယ် ကြောက်စရာကောင်းသည်။ ထို့ကြောင့် သူက အစစ်အမှန် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား ရွှီချင်း ခံစားမိသွားသည်။

ရွှမ်မီးလျှံသည် ဗလာနတ္ထိအဆင့်မှာသာ ရှိသေးသော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ် မဟာကောင်းကင်အရွေးချယ်ခံအနေဖြင့် ပြိုင်ဘက်ကင်းသော သူ၏ ပါရမီနှင့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က သူ၏ တိုက်ပွဲစွမ်းအားကို ဗလာနတ္ထိအဆင့်အား ကျော်လွန်သွားစေပြီး နယ်ပယ်အသစ်သို့ ရောက်ရှိသွားစေသည်။

ဤအခိုက်အတန့်မှာ ထိုလက်သီးချက်အောက်တွင် ကောင်းကင်ဘုံဆေဘာဓားတစ်ခုတည်း ပြိုကွဲသွားခြင်းမဟုတ်ပေ။ လက်သီးထံမှ ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးဖိနှိပ်သော စိတ်ဆန္ဒသည် ဆက်လက် တိုးဝင်လာပြီး ရွှီချင်း၏ တစ်ကိုယ်လုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ဤသည်မှာ မရေမတွက်နိုင်သော တောင်များက သူ့အပေါ်သို့ ပြိုကျလာသည့်အလားပင်။

သူ၏ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည် ချက်ချင်း ပြိုကွဲသွားသည်။ သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်သည်ပင် လွင့်ပြယ်သွားပြီး သန်းပေါင်းများစွာသော ဝိညာဉ်ချည်မျှင်များအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။

ရွှီချင်းသည် သွေးတစ်ပွက် အန်လိုက်ရပြီး တန်ပြန်အားကြောင့် အနောက်သို့ ပေတစ်ရာခန့် ဆုတ်သွားရသည်။

သို့သော်လည်း အဆုံးမှာတော့ ယင်းက ခေါင်းဆောင်အတွက် အချိန်ဆွဲပေးနိုင်ခဲ့သည်။

လေထဲတွင် လက်သီးချက်ကြောင့် အပိုင်းပိုင်းအစစ ပြန့်ကျဲသွားသော ခေါင်းဆောင်၏ အသွေးအသားများသည် မြန်ဆန်စွာ ပြန်စုဝေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းလိုက်ပြီး ရွှမ်မီးလျှံကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

သူ၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်ပင် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဂျူနီယာညီလေး… ဒီဒွိလိင်ကောင်ကို သတ်ကြမယ် ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။ သူက စကားပြောလိုက်သည့်အခါ မျက်နှာတစ်ခုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုမျက်နှာ၏ မျက်လုံးထဲတွင် နောက်ထပ်မျက်နှာတစ်ခု ရှိသည်။ ထို့အတူ နောက်ထပ် မျက်နှာများ၏ မျက်လုံးထဲတွင် မျက်နှာများ ထပ်မံရှိသည်။ နောက်ဆုံးမှာတော့ ယင်းတို့က မရေမတွက်နိုင်အောင် များပြားသွားပြီး တစ်ခုပေါ်တစ်ခု ထပ်သွားကြကာ ထူးဆန်းသော အရှိန်အဝါတစ်ခုကို ဖန်တီးလိုက်သည်။

အဆုံးမဲ့သော အအေးဓာတ်သည်လည်း ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်လေရာ သူ၏ လက်ပေါ်မှ အသားအပိုင်းအစတစ်ခုသည် လူးလွန့်သွားပြီး အပြာရောင်ရေခဲဓားအဖြစ် ပြောင်းလဲသွားသည်။

သူက လက်ကို လှုပ်ယမ်းလိုက်သည်နှင့် အပြာရောင်ရေခဲဓားသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ရွှမ်မီးလျှံကို ခုတ်ပိုင်းလိုက်သည်။

ခေါင်းဆောင်သည် သူ၏ ဘယ်လက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်လေရာ စူးရှသော အပြာရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ ယင်းက အဆုံးမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်မည့် အပြာရောင်အလင်းပင်လယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

အပြာရောင်အလင်းပင်လယ် ဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ရေခဲအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ထို့နောက် ရေခဲဆူးချွန်များသည် အက်ကွဲသံများနှင့်အတူ ရွှမ်မီးလျှံဆီသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။

ရွှီချင်း၏ အမူအရာသည်လည်း တည်ကြည်လေးနက်သွားသည်။ ဤသည်မှာ သူက ရွှမ်မီးလျှံနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း ရွှမ်မီးလျှံ၏ လက်သီးချက်နှင့် သူထံမှ လွှမ်းမိုးဖိနှိပ်သည့် အရှိန်အဝါက သူ့အား တစ်စုံတစ်ယောက်ကို ပြန်အမှတ်ရသွားစေသည်။

အင်ပါယာကြယ်…

အင်ပါယာကြယ်နှင့် ရွှမ်မီးလျှံသည် ရုပ်မတူသလို သူတို့ကြားမှ စွမ်းအားကိုလည်း မနှိုင်းယှဉ်နိုင်ပေ။ ရွှီချင်းက အင်ပါယာကြယ်ကို စဉ်းစားမိသွားရသည့် အကြောင်းအရင်းမှာ ဤအခိုက်အတန့်မှာ ရွှမ်မီးလျှံက သူ့ကို ပေးသော ခံစားမှုကြောင့် ဖြစ်သည်။ ယင်းက ဖီးနစ်တားမြစ်နယ်မြေထဲမှာ အင်ပါယာကြယ်နှင့် သူရင်ဆိုင်ခဲ့စဉ်ကနှင့် တူညီသည်။

သူတို့နှစ်ယောက်စလုံးသည် အစွမ်းကြီးမားပြီး အဆင့်အတန်းမြင့်မားသည့်အပြင် ပြိုင်ဘက်ကင်းသော လွှမ်းမိုးဖိနှိပ်မှုကို ပေးသည်။

သို့သော်လည်း အတိတ်တွင် ရွှီချင်းသည် အင်ပါယာကြယ်ကို အနိုင်ယူခဲ့ပြီး သူ၏ ပြိုင်ဘက်ကင်းသော လမ်းစဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။ ယနေ့မှာ သူက အင်ပါယာကြယ်နှင့်တူသော ရွှမ်မီးလျှံဖြင့် ရင်ဆိုင်ရသောအခါ တိုက်ပွဲစိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။

ထိုတိုက်ပွဲစိတ်ဆန္ဒသည် ချက်ချင်း မြင့်တတ်သွားသည်။ သူ၏ အသိစိတ်ပင်လယ်က လှိုင်းထသွားသည့်အခါ ရတနာသိုက်ဂိတ်တံခါးများက တုန်ခါသွားကြသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအင်အားလုံးက ပေါ်လျှိုးလာပြီး သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်က ထပ်မံဖွဲ့စည်းသွားသည်။ သူ၏ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည်လည်း ပြန်လည်ဖွဲ့စည်းသွားပြီး အသွေးအသားမီးအိမ်ကိုးခုက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။

ဇောက်ထိုးတောင်သုံးလုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ရွှေကျီးကန်းသည် အနီရောင်လှံအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။ ရွှီချင်းသည် လှံကို ဖမ်းဆုပ်လိုက်ပြီး ခေါင်းဆောင်နှင့်အတူ ရွှမ်မီးလျှံဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

စက္ကန့်ပိုင်းအတွင်းမှာ သူတို့သုံးယောက်က ထိပ်တိုက် တိုက်ခိုက်လိုက်ကြသည်။

ကျယ်လောင်သော မြည်သံသည် လှိုင်ဂူထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်က အပိုင်းပိုင်းဆုတ်ဖြဲခံနေရသော အသံနှင့် ဆင်တူသည်။

ရွှမ်မီးလျှံ၏ စွမ်းအားသည် ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။ ရွှီချင်းနှင့် အားညို၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် ရင်ဆိုင်နေရသော်လည်း သူက မည်သည့်နတ်ဘုရားအတတ်ပညာကိုမှ အသုံးမပြုသလို မည်သည့်ဓမ္မရတနာကိုမှလည်း အသုံးမပြုချေ။ သူက လက်သီးကိုသာ အသုံးပြုနေဆဲပင်။

လက်သီးတစ်ချက်ဖြင့် သူက အားညို၏ အပြာရောင်ရေခဲဓားကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်သည်။

လက်သီးတစ်ချက်ဖြင့် သူက အနက်ရောင်လှံကို အနောက်သို့ လွင့်ထွက်သွားစေသည်။

လက်သီးတစ်ချက်ဖြင့် သူက အားညို၏ ရေခဲဆူးချွန်များကို အက်ကွဲသွားစေပြီး အအေးဓာတ်ကို လွင့်ပြယ်သွားစေသည်။

လက်သီးတစ်ချက်ဖြင့် သူက ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော တောင်သုံးလုံးကို ဖြိုခွဲပစ်လိုက်သည်။

ဤသည်မှာ သူက လက်သီးတစ်ချက်ဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိဟန် ရ၏။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် ပိုပြီးအားကောင်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော စိတ်ခံစားမှုသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။ အထူးသဖြင့် သူ၏ ပုံရိပ်ဖြစ်သည်။ ပြိုင်ဘက်ကင်းသော စိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားနေစဉ် သူက အားညိုထံသို့ နောက်တစ်ကြိမ် လက်သီးထိုးလွှတ်လိုက်သည်။

လက်သီးက ကျဆင်းလာတော့မည့်အချိန် (ဃ၁၃၂)သည် ဒြပ်ထည်ဖြစ်ပေါ်လာပြီး သူ့ကို ချုပ်နှောင်လိုက်သည်။

ရွှမ်မီးလျှံသည် အမှန်တကယ် လွှမ်းမိုးဖိနှိပ်သည်။ သူ၏ လက်သီးချက်က ကျဆင်းသွားသည့်အခါ (ဃ၁၃၂)သည် တိုက်ရိုက် ပြိုကွဲသွားသည်။ ထို့နောက် သူက ဘေးသို့ လှည့်လိုက်ပြီး ရွှီချင်းထံသို့ ဦးတည်သွားသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လက်သီးတစ်ချက် ထိုးလွှတ်လိမ့်မည်။ သူ၏ လက်သီးချက်များအောက်မှာ ကျူးလီသည် အက်ကွဲသွားပြီး ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် ပြိုကွဲထွက်သွားသည်။ ရွှီချင်းသည် သွေးတစ်ပွက် အန်လိုက်ရပြီး ဆက်တိုက် အနောက်ဆုတ်သွားသည်။

ရွှမ်မီးလျှံက အရှေ့သို့ ဆက်လက် ချဉ်းကပ်လာနေကြောင်း မြင်သွားသောအခါ ခေါင်းဆောင်၏ မျက်လုံးထဲရှိ မရေမတွက်နိုင်သော မျက်နှာများက တစ်ပြိုင်နက် ပါးစပ်ဟလိုက်ကြသည်။ ထိုအခါ ဝိညာဉ်ကို လှုပ်ခါစေနိုင်သော သဏ္ဍာန်မဲ့ အသံလှိုင်းတစ်ခုက ပျံ့လွင့်ထွက်လာသည်။

ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။

ခေါင်းဆောင်၏ မျက်လုံးထဲတွင် ရူးသွပ်မှုဖြင့် ပြည့်နှက်သွားသည့်အခါ သူက လူသားမဟုတ်သော သားရဲဟိန်းသံတစ်သံကို ထုတ်ဖော်လိုက်သည်။ ပုံရိပ်ယောင်ရှေးဟောင်းလှေကားတစ်ခုသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

လှေကားသည် လေထဲမှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းက စုစုပေါင်း လှေကားထစ်ကိုးခုရှိပြီး ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ထိုလှေကားက ရှေးခေတ်ကာလမှ ဆင်းသက်လာဟန် ရ၏။ ခေါင်းဆောင်သည်တော့ ခြေထောက်ကို မြှောက်လိုက်ပြီး လှေကားပေါ်သို့ တတ်လှမ်းသွားသည်။

လှေကားတစ်ထစ်တတ်သွားတိုင်း သူ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး သူ၏ ရင်ဘက်က လူးလွန့်လှုပ်ရှားလာလိမ့်မည်။ နဝမမြောက်လှေကားထစ်ပေါ်သို့ ရောက်ရှိသွားသည့်အခါ အပြာရောင်ရေခဲအရိုးသည် သူ၏ အသွေးအသားထဲမှ ဖောက်ထွင်းထွက်လာသည်။ အရိုးသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့နောက် ပြင်းထန်သော သေခြင်းအငွေ့အသက်သည် အရိုးထံမှ ပေါ်လျှိုးလာပြီး ရွှမ်မီးလျှံကို လွှမ်းခြုံသွားသည်။

ရွှိချင်းသည်လည်း တုံ့ဆိုင်းမနေပေ။ သူက ညာလက်ကို မြှောက်လိုက်လေရာ ကောင်းကင်ဘုံတာအိုသည် သူ၏ ခန္ဓာကိုယ်ထဲမှ တိုးထွက်လာပြီး ဆေဘာဓားအဖြစ် ပြောင်းလဲသွားသည်။ တားမြစ်အဆိပ်နတ်ဘုရားကျိန်စာသည် ဆေဘာဓား၏ ဓားသွားဖြစ်လာပြီး ကျောက်ရှာအလင်းသည် ဆေဘာဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။ တစ္ဆေအင်ပါယာတောင်ကုန်းသည် ကွပ်မျက်စင်အဖြစ် ပြောင်းလဲသွားပြီး (ဃ၁၃၂)၏ ကမ္မသည် ဆေဘာဓား၏ မျှော့ကြောင်းဖြစ်လာသည်။

‌ရွှေကျီးကန်းသည် ကောင်းကင်ဘုံဆေဘာဓားနှင့် ကွပ်မျက်စင်ကြားမှ ဆက်သွယ်မှုဖြစ်လာပြီး ခရမ်းလသည် ချိပ်တံဆိပ်ဖြစ်လာသည်။ ယင်းတို့အားလုံးဆီမှာ အချိန်နိယာမပါရှိပြီး နေနာရီသက်စောင့်မီးအိမ်ဖြင့် အမိန့်ပေးနိုင်သည်။

နတ်ဘုရားကွပ်မျက်စင်သည် ဤနေရာသို့ ဆင်းသက်လာသည်။ ဆေဘာဓားသည် လင်းလက်တောက်ပလာပြီး ရွှမ်မီးလျှံထံသို့ ခုတ်ပိုင်းလိုက်သည်။

ခေါင်းဆောင်နှင့် ရွှီချင်းသည် တစ်ချိန်တည်းမှာ သူတို့၏ အထွတ်အထိပ် တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ ထိုအခါ ရွှမ်မီးလျှံကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်သည်ပင် အလေးအနက်ထားသွားရသည်။

သို့သော်လည်း ယင်းက အနည်းငယ်မျှသာ ဖြစ်သည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။ ထိုအခါ သူ့ဘေးမှ ဟင်းလင်းပြင်သည် ပြိုကွဲတော့မည့် လက္ခဏာများ ပြလာသည်။

သူ၏ တစ်ကိုယ်လုံးသည် ဤအခိုက်အတန့်မှာ ရွှေရောင်တောက်ပလာသည်။ ရွှေရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်နှင့် တာအိုအရိုးများထဲသို့ စီးဆင်းသွားပြီး မဖျက်ဆီးနိုင်သော စိတ်ဆန္ဒသည် သူ၏ လက်သီးထဲမှာ စုစည်းသွားသည်။ ထိုအခါ သူ၏ လက်သီးက မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးအဖြစ် ပြောင်းလဲသွားသည်။

သူက အားညိုကို လက်သီးဖြင့် ထိုးလိုက်သည်။

အားညို၏ အပြာရောင်ရေခဲအရိုးသည် တိုက်ရိုက် ပေါက်ကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ထပ်မံ ပြိုကွဲသွားပြီး သူ၏ အသွေးအသားများနှင့် အရိုးများက အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားကြသည်။

အမြဲတမ်း အောင်မြင်စွာ ခုတ်ပိုင်းနိုင်ခဲ့သော ရွှီချင်း၏ နတ်ဘုရားကွပ်မျက်စင်သည် ဤတစ်ကြိမ်တွင် လက်သီးတစ်ချက်ကြောင့် ကျရှုံးသွားသည်။ ခပ်အုပ်အုပ်မြည်သံသာ ထွက်ပေါ်လာပြီး မည်သည့်ဦးခေါင်းမှ လေထဲသို့ မမြှောက်တတ်သွားခဲ့ပေ။ နတ်ဘုရားကွပ်မျက်စင်သည် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် တန်ပြန်သက်ရောက်အားကြောင့် အနောက်ဆုတ်သွားရသည်။ သွေးသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒလဟော စီးကျလာသည်။

သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်၏ ပူးပေါင်းတိုက်ခိုက်မှုက မည်သည့်သက်ရောက်မှုမှ မရှိခဲ့ခြင်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးက အံ့ဖွယ်ကောင်းသော်လည်း ရွှမ်မီးလျှံ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသည်။ သွေးစီးကြောင်းတစ်ခုသည်ပင် သူ၏ ပါးစပ်ထောင့်မှာ စီးကျနေသည်။

သို့သော်လည်း သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် လွှမ်းမိုးဖိနှိပ်မှုက အားကောင်းနေဆဲပင်။ နောက်အခိုက်အတန့်မှာ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး အားညို၏ အရှေ့သို့ ဦးတည်သွားသည်။

သူ၏ ပစ်မှတ်သည် အမြဲတမ်း အားညိုသာ ဖြစ်သည်။

အားညိုအပေါ် သူ၏ သတ်ဖြတ်ချင်စိတ်သည် သူ့အတွက် ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။

သို့သော်လည်း သူက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီး လက်သီးဆုပ်လိုက်စဉ် အက်ရှရှအသံသည် သူ့အနောက်မှ ပဲ့တင်ထပ်လာသည်။

“ ဒီလောကရဲ့ ကောင်းကင်နဲ့မြေပြင်က ရေတွင်းနဲ့တူတယ်… ”

“ ရေတွင်းထဲမှာ သက်ရှိအားလုံး နေထိုင်တယ်… ”

ထိုအသံက ပဲ့တင်ထပ်လာစဉ် လှိုင်းဂယက်များသည် လှိုင်ဂူထဲမှာ ထွက်ပေါ်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ထိုထဲမှာ ရွှမ်မီးလျှံလည်း ပါဝင်သည်။

ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်သည် ထပ်မံ ရပ်တန့်သွားသည်။ သူ့ခြေဖဝါးအောက်မှ ရေပြင်ပေါ်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

အဝေးတစ်နေရာ၌ ရွှီချင်း၏ ပါးစပ်ထောင့်မှာ သွေးစီးကြောင်းတစ်ခု စီးကျနေသည်။ သို့သော်လည်း သွေးစီးကြောင်းကို သုတ်ပစ်ရန် သူ့မှာ အချိန်မရှိပေ။ တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပိုပြီးအားကောင်းလာသည့်အခါ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှမ်မီးလျှံ၏ ခြေဖဝါးအောက်မှ ပုံရိပ်ကို ဆည်ယူလိုက်သည်။

ရွှမ်မီးလျှံ၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ သေခြင်းရှင်ခြင်းကပ်ဘေးက သူ၏ နှလုံးသားထဲမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်အလင်းသည် သူ၏ တစ်ကိုယ်လုံးမှ တောက်ပလာပြီး ရေပြင်ပေါ်မှ ပုံရိပ်ပြန်မှုနှင့် ပေါင်းစပ်သွားသည်။

ရေပြင်ပေါ်မှ ရွှေရောင်အလင်းသည် ပိုပြီးထွန်းလင်းတောက်ပလာပြီး နေလုံးအသွင် ပြောင်းလဲသွားသည်။ ထို့နောက် နေလုံးသည် ရေပြင်ထဲမှ ရုတ်တရက် မြှောက်တတ်လာသည်။

နေလုံးထွက်ပေါ်လာသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်သည် ပေါ်ထွက်လာပြီး အရာအားလုံးကို ပြင်းထန်စွာ လောင်ကျွမ်းပစ်လိုက်သည်။ အပူဓာတ် ဖြတ်သန်းသွားသော မည်သည့်နေရာမဆို ဟင်းလင်းပြင်သော်လည်းကောင်း သို့မဟုတ် ရေပြင်သော်လည်းကောင်း ချက်ချင်း အငွေ့ပျံသွားပြီး လွင့်ပြယ်သွားသည်။

ရေတွင်းထဲမှ လကို မျှားခြင်းသည် အငွေ့ပျံသွားသည်။

ရွှီချင်း၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး သူ၏ မျက်လုံးသည် ပြင်းထန်သော နာကျင်မှုကြောင့် နီရဲသွားသည်။ နာကျင်မှုသည် သူ၏ ဝိညာဉ်ထဲအထိ ပျံ့နှံ့သွားသည်။ သို့သော်လည်း သူက ထိုနာကျင်မှုကို တောင့်ခံနိုင်ဆဲပင်။ ရေတွင်းထဲမှ လကို မျှားခြင်းက ပျက်စီးသွားသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်ထဲမှ တတိယနတ်ဘုရားရတနာသိုက်သည် ဝုန်းခနဲ လှုပ်ခါသွားသည်။ ရတနာသိုက်ထဲမှ အဖြူရောင်စက်လုံးသည် ဂိတ်တံခါးကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်သည်။

ဂိတ်တံခါးသည် တုန်ခါသွားပြီး အဟရာသည် ပိုပြီးကျယ်ပြောသွားသည်။ ထိုအခါ ငရဲရောင်ဝါထံမှ အေးစက်စက် လေသည် အပြင်ဘက်သို့ ချက်ချင်း ပျံ့နှံ့သွားသည်။

ယင်းက အစွန်းရောက်ယင်၏ စွမ်းအားဖြစ်ပြီး ဘိုးဘေးလစန္ဒာ၏ စွမ်းအားဖြစ်သည်။ ယင်းက အချိန်နှင့် လေဟာနယ်ကိုပင် အေးခဲပစ်နိုင်စွမ်း ရှိသည်။ အအေးဓာတ်သည် ပျံ့နှံ့ထွက်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ အရှေ့မှာ လက်ချောင်းတစ်ချောင်းအသွင် စုစည်းသွားပြီး ရွှမ်မီးလျှံကို ဖိနှိပ်လိုက်သည်။

ရွှမ်မီးလျှံသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး အနောက်ဆုတ်သွားသည်။ ဤသည်မှာ တိုက်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ် သူအနောက်ဆုတ်သွားခြင်း ဖြစ်သည်။

သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း လေထဲမှာ ပြန့်ကျဲနေသော ခေါင်းဆောင်၏ အသွေးအသားအစိတ်အပိုင်းများသည် အပြာရောင်ပိုးကောင်များအဖြစ် ပြောင်းလဲသွားကြသည်။ ပိုးကောင်အရေအတွက်သည် တစ်သိန်းကျော်သည်။

ဤအခိုက်အတန့်မှာ ပိုးကောင်အားလုံးသည် တည်နေရာပြောင်းရွှေ့သွားကြပြီး ရွှမ်မီးလျှံ၏ ဘေးပတ်ပတ်လည်မှာ ပြန်ပေါ်လာကြသည်။ အပြာရောင်ပိုးကောင်တစ်ကောင်စီမှာ ခေါင်းဆောင်၏ မျက်နှာရှိသည်။ ယခုအချိန်မှာ ၎င်းတို့အားလုံးက တစ်ပြိုင်နက် ပါးစပ်ဟလိုက်ကြပြီး အေးစက်စက် အပြာရောင်လေကို ရွှမ်မီးလျှံဆီသို့ မှုတ်ထုတ်လိုက်ကြသည်။

ဤတစ်ကြိမ်တွင် ထိုအပြာရောင်လေမှ အအေးဓာတ်သည် ယခင်ထက် အများကြီး သာလွန်သည်။ ယင်းက ရွှီချင်း၏ အစွန်းရောက်ယင်လက်ချောင်းဖြင့် ပေါင်းစပ်သွားသည့်အခါ လေဟာနယ်နှင့် အချိန်ကိုပင် အေးခဲပစ်နိုင်စွမ်းရှိသည်။

အက်ကွဲသံများသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဧရာမရေခဲတုံးသည် လေထဲမှာ ထွက်ပေါ်လာသည်။ ရေခဲတုံး၏ အကျယ်အဝန်းသည် လှိုင်ဂူ၏ ထိပ်ဖျားမှစပြီး နံရံများထိ ဆန့်တန်းနေသည်။

ရွှမ်မီးလျှံသည် ရေခဲတုံးထဲမှာ ချိပ်ပိတ်ခံလိုက်ရသည်။ ယခု သူက လှုပ်ရှားမှုကင်းမဲ့သွားသည်။

“ သူ့ကို အချိန်ကြာကြာ မချုပ်နှောင်ထားနိုင်ဘူး… မြန်မြန် အနောက်ဆုတ်ကြရအောင်… လာ ငါ့နောက်က လိုက်ခဲ့… ငါရွေးချယ်လိုက်တဲ့ လမ်းကြောင်းက သူ့အလိုအလျောက် ရှင်သန်ခြင်းလမ်းကြောင်း ပြောင်းသွားလိမ့်မယ်… ဒီမိန်းမက ငါတို့နောက်ကို လိုက်ဝင်နိုင်မှာ မဟုတ်ဘူး ”

ပိုးကောင်တစ်သိန်းကျော်သည် တစ်ပြိုင်နက် ပြောလိုက်ကြသည်။ ထို့နောက် ၎င်းတို့က မြန်ဆန်စွာ ပြန်စုစည်းသွားပြီး ခေါင်းဆောင်၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ခေါင်းဆောင်၏ လက်ရှိပုံစံသည် ဖရိုဖရဲဖြစ်နေသည်။ သူက အနောက်သို့ လှည့်မကြည့်တော့ဘဲ တတိယမြောက် ဝဲကတော့ဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။

ရွှီချင်းသည်လည်း တုံ့ဆိုင်းမနေပေ။ သူက ခေါင်းဆောင်နောက်သို့ အမြန်လိုက်သွားသည်။ သို့သော်လည်း သူက တတိယမြောက် ဝဲကတော့ထဲသို့ ဝင်ရောက်တော့မည့်အချိန် သတ္တမမြောက်ဝဲကတော့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စီနီယာအကိုကြီး… အဲ့ဒီကို ငါသွားမယ် ”

ရွှီချင်းသည် စကားဆုံးသည်နှင့် သတ္တမမြောက်ဝဲကတော့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

“ မသွားနဲ့… ”

ခေါင်းဆောင်သည် ထိတ်လန့်သွားသည်။ သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ ရွှီချင်း၏ ပုံရိပ်က ဝဲကတော့ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ခေါင်းဆောင်သည် အကူအညီမဲ့မှုကို ခံစားမိသွားသည်။ သို့သော်လည်း မြေပြင်ပေါ်မှ ရေခဲတုံးက စတင်အက်ကွဲလာနေပြီဖြစ်ကြောင်း သူမြင်သွားသောအခါ အနောက်လှည့်လိုက်ပြီး တတိယမြောက် ဝဲကတော့ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

မကြာမီ သူတို့နှစ်ယောက်က လှိုင်ဂူထဲမှ ပျောက်ကွယ်သွားသောအခါ လှိုင်ဂူထဲမှ ရေခဲတုံးထဲတွင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

ရေခဲတုံးထဲမှာ ချိပ်ပိတ်ခံထားရသော ရွှမ်မီးလျှံ၏ အနောက်တွင် ပုံရိပ်ယောင်မဟာလောကတစ်ခု ထွက်ပေါ်လာသည်။

မဟာလောကထဲတွင် ကောင်းကင်နှင့်မြေပြင်၊ ကြယ်များနှင့် သက်ရှိများ ရှိသည်။

ပုံရိပ်ယောင်မဟာလောက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ပုံရိပ်များသည် ထိုလောကထဲမှ ခုန်ထွက်လာကြသည်။ ၎င်းတို့သည် အရေအတွက် တစ်ရာကျော်သည်။ ၎င်းတို့အားလုံးသည် ရွှမ်မီးလျှံများ ဖြစ်ကြသည်။

ရွှမ်မီးလျှံတစ်ရာကျော်သည် အပြင်သို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း တစ်ပြိုင်နက် လက်သီးဆုပ်လိုက်ကြပြီး ရေခဲတုံးကို အပြင်ဘက်မှ ထိုးခွဲလိုက်ကြသည်။

ရေခဲတုံးသည် အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ ထိုအခါ ရွှမ်မီးလျှံသည် ရေခဲတုံးထဲမှ လွတ်မြောက်သွားသည်။ သို့သော်လည်း သူ၏ အဝတ်အစားများက အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားလေရာ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက မြင်သာစွာ ထွက်ပေါ်လာသည်။

သို့သော်လည်း သူက ယင်းကို လုံးဝဂရုမစိုက်ပေ။ သူက ဝဲကတော့တစ်ခုထဲသို့ ဝင်ရောက်သွားသည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။

All Chapters