← Chapters

အပြစ်များကို ပြေရာပြေကြောင်း

Vol. 103 Ch. 1531

အပြစ်များကို ပြေရာပြေကြောင်း

Vol. 103 Ch. 1531

တကယ်တော့.. နတ်ဘုရားစွမ်းအားမုန်တိုင်းကနေ တွေ့ကြုံပြောင်းလဲခဲ့ရသော ဆူဇီမို၏ အသွင်ပြောင်းလဲမှုသည် အပေါ်ယံမျှသာ မဟုတ်ပေ။

နတ်ဘုရားစွမ်းအားမုန်တိုင်း၏ အကူညီနှင့်အတူ ဆူဇီမိုသည် နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို အမှန်တကယ်ပင် ခံစားမိခဲ့သည်။

တကယ်တော့... တစ်နေ့ တစ်ညမျှနှင့် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်လိမ့်မည် မဟုတ်ပေ။

နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စကိုပင် နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်ပေ။ သို့သော်လည်း နတ်ဘုရားစွမ်းအားများနှင့် ဤကဲ့သို့ အနီးကပ်တွေ့ကြုံခံစားပြီးနောက် နတ်ဘုရားစွမ်းအားများအပေါ် သူ၏ အနာဂတ်နားလည်ဆင်ခြင်နိုင်မှုအတွက် ပြီးပြည့်စုံသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့လေသည်။

တစ်နေ့လုံး တစ်ညလုံး ကျင့်ကြံပြီးနောက် ဆူဇီမို၏ ရင်ထဲမှာ နားလည်သဘောပေါက်မှုတစ်ခုက လှိုက်တက်လာ၏။

အစကတော့ သူသည် အလွန်တရာကံကောင်းပြီး မဟာကံကြမ္မာအခွင့်အလမ်းတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု တွေးမိနေ၏။

ကုသခြင်းအမျိုးအစား နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုကို ကြမ္မာဆိုးဓားကနေ နှိုးဆွမိခဲ့သောကြောင့်ဖြစ်၏။

အဲ့ဒါက သတ်ဖြတ်ခြင်းအမျိုးအစား နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုသာဆိုလျှင် သူသည် ချက်ချင်းပင် အပိုင်းပိုင်းစုတ်ပြဲပြီး သေဆုံးသွားရပေလိမ့်မည်။

သို့သော်လည်း နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို ခံစားမိပြီးနောက် ဆူဇီမိုသည် တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် အစကတည်းက နတ်ဘုရားစွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားလေသည်။

သို့သော်လည်း အဲ့ဒါက သာမန်လား ၊ အဆင့်မြင့်လား သို့မဟုတ် အန္တိမနတ်ဘုရားစွမ်းအားလားဆိုတာ သူမသိပေ။

အဲ့ဒါက ဘယ်လိုအဆင့် နတ်ဘုရားစွမ်းအားပင်ဖြစ်စေ အဲ့ဒါက သေချာပေါက် ကုသခြင်းနတ်ဘုရားစွမ်းအားသာ ဖြစ်လေသည်။

အဲ့ဒါကြောင့် နတ်ဘုရားစွမ်းအားတားမြစ်နယ်မြေကို နှိုးဆွပေးခဲ့သည့်အရာမှာ ကြမ္မာဆိုးဓားဖြစ်သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာ၏ တည်ရှိမှုက ကုသခြင်းအမျိုးအစား နတ်ဘုရားစွမ်းအားမုန်တိုင်းကို ဖန်တီးခဲ့ခြင်းဖြစ်၏။

အရာရာတိုင်းက ကြိုတင်ပြဋ္ဌာန်းပြီးသားဖြစ်လေသည်။

သူ့အတွက် မည်သည့်အခွင့်အလမ်းကမှ အကြောင်းအရင်းမရှိပဲ ရောက်ရှိလာခြင်း မဟုတ်ပေ။

နောက်ထပ် ခြောက်နာရီကုန်ဆုံးသွား၏။

နတ်ဘုရားစွမ်းအား မုန်းတိုင်းက လုံးဝပျက်ပြယ်သွားလေပြီ။

ဆူဇီမိုသည် သူ၏ မျက်လုံးကိုဖွင့်ပြီး သိပ်သည်းပြင်းထန်သောစွမ်းအားနှင့် ပေါကြွယ်ဝသော အသက်ဓာတ်ကို ခံစားမိပြီး သူက သံရှည်ဆွဲ၍ တစ်ချက်ဟိန်းဟောက်လိုက်၏။

ပေါင်းစည်းခန္ဓာအဆင့်၏ အထွတ်အထိပ်...

အဆင့်-၇ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အထွတ်အထိပ်...

သူသည် ခွန်လွင်အပျက်အစီးနယ်မြေသို့ ရောက်ရှိမလာဘူးဆိုလျှင် ဤအဆင့်သို့ရောက်ရှိဖို့အတွက် နှစ်ပေါင်းများစွာကြာမြင့်အောင် ကျင့်ကြံရပေလိမ့်မည်။

ဒါ့အပြင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာပေါ် နတ်ဘုရားစွမ်းအား မုန်တိုင်း၏ ဆေးကြောသန့်စင်မှုနှင့်အတူ သူ့အပေါ်မှာ ထုတ်ဖော်ခဲ့သော သွေးနွယ်ပင်မျိုးနွယ်၏ သတ်ဖြတ်ခြင်းတံဆိပ်ပြားစွမ်းအားကလည်း ဘာမှမကျန်အောင်ပျက်ပြယ်သွားခဲ့လေပြီ။

“ဂုဏ်ယူပါတယ် ဇီမို”

အဆုံးစွန်မီးက ရှေ့သို့တက်လှမ်းပြီး အပြုံးနှင့်အတူ ပြောလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“​ကံကြမ္မာအခွင့်အလမ်းက အကြောင်းအခွင့်တိုက်ဆိုင်စွာနဲ့ ရုပ်ဖျက်ပြီးတော့ ရောက်လာတာပဲ”

အဆုံးစွန်မီး၏ ကျင့်ကြံမှုအဆင့်က ဤတိုက်ပွဲအပြီး၌ ချိုးဖျက်တက်လှမ်းမလာသော်လည်း သူ၏ အလုံးစုံတိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးမြင့်လာခဲ့၏။

အဲ့ဒါသည် သေခြင်းရှင်ခြင်း၏ ဆေးကြောသန့်စင်ပေးမှုဖြစ်၏။

အဲ့ဒါက သွေးဖြင့် ဆေးကြောသန့်စင်ပေးမှုဖြစ်၏။

သူတို့၏ ကျင့်ကြံမှုလမ်းကြောင်းတစ်လျှောက်တွင် ဤကဲ့သို့သော ကြီးမားသည့် တိုက်ပွဲတစ်ခုကို တွေ့ကြုံခံစားနိုင်သည့်သူ များများစားစားမရှိပေ။

ဤကဲ့သို့ ကြောက်စရာကောင်းသည့် တိုက်ပွဲကနေ ရှင်သန်နိုင်သည့်သူက ပို၍ပင် နည်းပါးလေသည်။

အဲ့ဒီကနေ ရှင်သန်လာနိုင်ခဲ့သော မည်သူမဆို အနာဂတ်မှာ အကန့်သတ်မဲ့သော အောင်မြင်ထွန်းပေါက်မှုများကို သေချာပေါက်ရရှိလာပေလိမ့်မည်။

ဤကဲ့သို့သော အတွေ့ကြုံများက အဖိုးတန်ဆုံးရတနာများဖြစ်လေသည်။

ဆူဇီမိုသည် ဘေးဘက်သို့ လှည့်ကြည့်ပြီး တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိသွား၏။ ရုတ်တရက် သူက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

“နန်းကြည် ဘယ်ရောက်သွားတာလဲ”

“အာ... ငါလည်း သူ့ကို သတိမထားမိလိုက်ဘူး”

အဆုံးစွန်မီးက အံ့အားတသင့်ရေရွတ်လိုက်၏။

“ဟိုမှာ”

မျက်စိစူးသော ခွန်လွင်ကလန်သားတစ်ယောက်က လေထဲရှိ သက်တံရောင် လိုဏ်ဂူကို လက်ညိုးထိုးပြီး အော်ပြောလိုက်၏။

ဆူဇီမိုနှင့် အခြသူများက လှည့်ကြည့်လိုက်ကြ၏။

နန်းကြည်က သက်တံရောင်လိုဏ်ဂူ၏ ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ပြီး လှမ်းမျှော်ကြည့်ရှုနေ၏။ သူမ၏ လှပသောမျက်လုံးများက နက်ရှိုင်းသော နှမြောတမ်းတမှုနှင့် သံယောဇဥ်တွယ်တာမှုနှင့်အတူ ဆူဇီမိုအပေါ် မမှိတ်မသုန် ကျရောက်နေ၏။

နေရောင်အောက်တွင် နန်းကြည်၏ မျက်ဝန်းထောင့်ကနေ တဖျတ်ဖျတ်တလက်လက်မျက်ရည်များက လိမ့်ဆင်းလာနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာမြင်နိုင်လေသည်။

ဆူဇီမိုသည် တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး သူက အလောတကြီးရှေ့တက်ကာ အော်ပြောလိုက်၏။

“နန်းကြည်... နင်ဘာလုပ်နေတာလဲ ပြန်လာခဲ့”

နန်းကြည်က သူမ၏ ခေါင်းကို တိတ်တဆိတ် ခါယမ်းပြီး သူမ၏ မျက်လုံးများထဲမှာ ပြတ်သားသည့် ပုံရိပ်တစ်ခုကရှိနေ၏။

“နန်းကြည်... ဘာများဖြစ်လို့လဲ”

အဆုံးစွန်မီးကလည်း အော်ပြောလိုက်၏။

“အဲ့ဒီမှာ ဘာပြဿနာများရှိလို့လဲ... အခုပဲဆင်းလာပြီး ငါတို့နဲ့ ဆွေးနွေးတိုင်ပင်လို့ရတယ်... နင်က အဲ့ဒီမှာဘာလုပ်နေတာလဲ အဲ့ဒါက အရမ်းကို အန္တရာယ်များတယ်”

“သခင်လေး... ကျွန်မ ထွက်သွားတော့မယ်”

ခဏနေပြီးနောက် သူမက ညင်သာစွာ ပြောလိုက်၏။

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“နန်းကြည်... နင်က ငါ့ကို နင့်ရဲ့သခင်လေးအဖြစ် သတ်မှတ်နေသေးတယ်ဆိုရင် အခုချက်ချင်း ပြန်လာခဲ့... ဘာမှ တဇွတ်ထိုးတစောက်ကန်း လျှောက်လုပ်မနေနဲ့”

“ငါနင့်ကို ပြန်လာခဲ့ဖို့ အမိန့်ပေးတယ်”

ဆူဇီမို၏ လေသံက ပို၍ပင် တင်းမာခက်ထန်လာ၏။

သူသည် နန်းကြည်ကို အရင်က ဤကဲ့သို့ တင်းမာခက်ထန်သော လေသံမျိုးဖြင့် တစ်ခါမှ မပြောခဲ့ဖူးပေ။

နန်းကြည်သည် သူ၏ ဘေးမှာ ရှိနေခဲ့သည်မှာ အချိန်များစွာကြာမြင့်ခဲ့လေပြီ။

သူမသည် အိမ်ဖော်အစေခံတစ်ယောက်အဖြစ် အမြဲတမ်းရှိနေခဲ့သော်လည်း သူသည် သူမကို အစေခံတစ်ယောက်အဖြစ် ဘယ်တုန်းကမှ မရှုမြင်ခဲ့ပေ။

ဆူဇီမိုသည် နန်းကြည်ကို သူ၏ ဆွေမျိုးအဖြစ်သတ်မှတ်ထားပြီး သူမကို ညီမလေးတစ်ယောက်ကဲ့သို့ ပြုမူဆက်ဆံခဲ့လေသည်။

နန်းကြည်ကလည်း သူ၏ စိတ်ဆန္ဒကို ဘယ်တုန်းကမှ မနာမခံ မရှိခဲ့ပေ။

ဆူဇီမိုက မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ နန်းကြည်သည် တွေဝေတုံ့ဆိုင်းမှု သို့မဟုတ် မကျေမချမ်းမှု တစ်စွန်းတစ်စမျှမရှိပဲ သူ့ကိုအမြဲတမ်း အားပေးထောက်ခံခဲ့လေသည်။

“သခင်လေး... ကျွန်မတောင်းပန်ပါတယ်”

နန်းကြည်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူမမျက်ဝန်းထဲရှိ မျက်ရည်များ ထပ်မံ၍ စီးကျမလာစေရန် ထိန်းချုပ်လိုက်၏။ သူမက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“ဒီတစ်ခေါက်တော့... ကျွန်မက ရှင့်စကားကို နားမထောင်နိုင်တော့ဘူး... ကျွန်မထွက်သွားတော့မယ်”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။

နန်းကြည်သည် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ပြီး သူက သူမကို မည်သို့ပင် ဖျောင်းဖျဖို့ ကြိုးစားသည်ဖြစ်စေ အကြောင်းမထူးနိုင်သောကြောင်း သိရှိလိုက်ပြီဖြစ်၏။

“ထွက်သွားမှာလား... အဲ့ဒီကလေးမက ဘယ်ကိုသွားမလို့လဲ”

အဆုံးစွန်မီးက တွေဝေရှုပ်ထွေးနေဆဲ ဖြစ်ပြီး ဆူဇီမိုကိုလှည့်မေးလိုက်၏။

“နတ်ဘုရားကုန်းမြေတိုက်”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အာ...”

အဆုံးစွန်မီးက တုန်လှုပ်သွား၏။

သူက အလောတကြီးမေးလိုက်၏။

“သူက ဘာလို့ အဲ့ဒီကိုသွားမှာလဲ... သူမှာ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေးရှိတယ်ဆိုပေမဲ့ သူက နတ်ဘုရားကုန်းမြေတိုက်နဲ့ ပတ်သက်ပြီး ဘာမှသိတာ မဟုတ်ဘူး... နောက်ပြီး သူက ထျန်ဟွမ်ကုန်းမြေတိုက်ကနေ လာတာဆိုရင် သူက နတ်ဘုရားကုန်းမြေတိုက်ရဲ့ သေချာပေါက် တိုက်ခိုက်ခြင်းကို ခံရလိမ့်မယ်... နောက်ပြီး သူ့မှာ သန့်စင်တဲ့ မျိုးဆက်သွေးလည်း ရှိတာမဟုတ်ဘူး... သူတို့မျိုးဆက်သွေးရဲ့ တစ်ဝက်ကိုပဲ ပိုင်ဆိုင်ထားတာ.. နတ်ဘုရားကုန်းမြေတိုက်က သူ့ကို သေချာပေါက် ကြိုဆိုမှာ မဟုတ်ဘူး”

ဆူဇီမိုက အဆုံးစွန်မီး၏ စကားကို ပြန်မဖြေဖြစ်ပေ။

အခြားသူများသည် အဲ့ဒါကို နားလည်ချင်မှ နားလည်မည်ဖြစ်သော်လည်း သူက နန်းကြည်၏ စိတ်ဆန္ဒကို ကောင်းကောင်းနားလည်လေသည်။

တကယ်တော့... သူမသည် ပန်းချီကားရှစ်ချပ်ကို တွေ့မြင်ပြီး ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို သိရှိခဲ့ပြီးကတည်းက နန်းကြည်သည် တစ်မူထူးခြားစွာ ​ပြုမူလာခဲ့လေသည်။

သူမသည် မကြာခဏ စိတ်အာရုံပျံ့လွင့်နေပြီး ခေါင်းငိုက်စိုက်ကျကာ ညဝိညာဥ်နှင့် အကြည့်ချင်းဆုံရဲခြင်း မရှိပေ။

သူမသည် ကမ္ဘာဦးစစ်ပွဲနှင့် မည်သို့မှ မပတ်သက်ပေ။ သို့သော်လည်း သူမသည် မလုံမလဲခံစားနေရပြီး ထိုကိစ္စကြောင့် သူမကိုယ်သူမ အပြစ်တင်မိနေလေသည်။

သူမ၏ မလုံမလဲခံစားချက်နှင့် သူမကိုယ်သူမ အပြစ်တင်မှုသည် မနေ့ကတိုက်ပွဲအပြီး၌ သူတို့၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့လေပြီ။

နန်းကြည်သည် နတ်ဘုရားမျိုးနွယ်၏ မိဘမဲ့ကလေးတစ်ယောက်ဖြစ်၏။ သူမသည် ဆူဇီမိုနှင့် တွေ့ဆုံပြီးမှသာ ဆွေမျိုးဟူသော ခံစားချက်ကို ရှာတွေ့ခဲ့၏။ သို့သော်လည်း သူမ၏ နှလုံးသားအနက်ပိုင်းထဲမှာ ထိခိုက်ခံစားလွယ်နေဆဲ ဖြစ်၏။ နန်းကြည်သည် အနာဂတ်မှာ ညဝိညာဥ်နှင့် မည်သို့မည်ပုံရင်ဆိုင်ရမလဲ မသိရှိပေ။

ညဝိညာဥ်သည် သူမအပေါ် ရန်လိုမှုမရှိသော်လည်း သူသည် သူမကို တစ်ကြိမ်မြင်တိုင်း သူ့မိဘများ၏ သွေးကြွေးကို သေချာပေါက်ပြန်လည်အမှတ်ရနေပေလိမ့်မည်။

နန်းကြည်သည် နောက်နောင်မှာ ဆူဇီမိုနှင့် ဘယ်လိုရင်ဆိုင်ရမလဲ မသိရှိပေ။

ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားက အနှေးနှင့်အမြန်ဆိုသလို ပေါ်ထွက်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဆူဇီမို၏ အစေခံမိန်းကလေးက နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်ဆိုတာကို အခြားသူများ သိရှိသွားသည့်အခါ သူ့အပေါ် မရေမတွက်နိုင်သော ပြစ်တင်ဝေဖန်မှုများက ရောက်ရှိလာပေလိမ့်မည်။

သူမသည် ဆူဇီမိုအတွက် ဒုက္ခ​ရောက်စေမည်၊ သူ့ကို ဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်လေသည်။

ပို၍အရေးကြီးသည်မှာ နန်းကြည်သည် သူမကိုယ်သူမ ဘယ်လိုရင်ဆိုင်ရမလဲ မသိရှိတော့ပေ။

သူမသည် နတ်ဘုရားကုန်းမြေတိုက်ကို ပြန်သွားချင်လေသည်။

သူမ၏ အနာဂတ်က ရေရာသေချာမှုမရှိဘဲ အလွန်တရာအန္တရာယ်များသည်ဆိုလျှင်တောင် သူမက အဲ့ဒီကိုသွားရပေမည်။

သူမသည် နတ်ဘုရားကုန်းမြေတိုက်ကို တစ်ယောက်တည်းရင်ဆိုင်ချင်လေသည်။

သူမသည် ​နတ်ဘုရားမျိုးနွယ်၏ ပြစ်မှုများကို ပြေလို့ပြေငြား ဆူဇီမို၊ ထျန်ဟွမ်ကုန်း​မြေတိုက်နှင့် မနေ့ကစစ်ပွဲမှာ သေဆုံးခဲ့ရသော မရေမတွက်နိုင်သော သက်ရှိများအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးချင်လေသည်။

အဲ့ဒါက သူမကိုယ်သူမ ဖြေသိမ့်သည့် ပုံစံတစ်မျိုးလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဆူဇီမိုနှင့် နန်းကြည်က တစ်ယောက်ကိုတစ်ယောက် ခပ်လှမ်းလှမ်းကနေ ကြည့်နေကြ၏။

ပြောစရာ သို့မဟုတ် ရှင်းပြစရာမလိုအောင်ပင် ဆူဇီမိုက သူမ၏ စိတ်ဆန္ဒကို နားလည်သွားပြီဖြစ်၏။

“သခင်လေး... အခုကစပြီး ရှင့်ဘေးမှာ ကျွန်မ မရှိတော့တဲ့အခါ ရှင့်ကိုယ်ရှင် ကောင်းကောင်းဂရုစိုက်ရမယ်နော်”

နန်းကြည်က ညင်သာစွာ ပြောလိုက်၏။

“ငါဂရုစိုက်ပါ့မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“သခင်လေး... ဘာမှမပူနဲ့ ကျွန်မသေချာပေါက် ပြန်လာခဲ့မယ်”

နန်းကြည်က ခဏမျှရပ်တန့်ပြီးနောက် ခပ်မြန်မြန်စဥ်းစားလိုက်၏။

“ကျွန်မ.. ကျွန်မက ပြန်မလာခဲ့ဘူးဆိုရင် ရှင်က ဘာမှစိတ်ပူနေစရာမလိုဘူး... အဲ့ဒါက...”

“မင်းပြန်မလာဘူးဆိုရင် ငါက အဲ့ဒီကိုလာပြီး မင်းကိုလာရှာမှာပေါ့”

ဆူဇီမိုက နန်းကြည်၏ စကားကို ခိုင်မာစွာဖြင့် ဖြတ်ပြောလိုက်၏။

ထိုစကားကိုကြားရပြီးနောက် ဆူဇီမိုကို မမှိတ်မသုန်ငေးကြည့်နေသော နန်းကြည်၏ မျက်နှာပေါ်မှာ မျက်ရည်များက သွင်သွင်စီးကျလာလေသည်။

All Chapters