ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ ဖရိုဖရဲ အခြေအနေများ
Vol. 103 Ch. 1532
နန်းကြည်က ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတာကို ဆူဇီမိုက သိလိုက်၏။
သူက သူမကို တားဆီးဖို့ မည်သို့ပင် ကြိုးစားသည်ဖြစ်စေ.. သူက သူမ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်တော့မည် မဟုတ်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ကျရောက်လာတော့မည့် ကပ်ဆိုးများနှင့်အတူ အတွင်းရေး ပဋိပက္ခများ၊ အပြင်ပိုင်း ပြဿနာများနှင့် ပြည့်နှက်လာနေပြီဖြစ်၏။
အဲဒါထက် သူသည် ဤနေရာကနေ ထွက်ခွာပြီး နတ်ဘုရားကုန်းမြေတိုက်သို့ နန်းကြည်နောက် လိုက်ပါပေးနိုင်ခြင်း မရှိပေ။ သူပြုလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ သူမကို ကတိတစ်ခုပေးခြင်း ဖြစ်လေသည်။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး မလှမ်းမကမ်းရှိ ဧရာမ ဓားတစ်လက်က ရုတ်တရက် သူ၏ လက်ထဲသို့ ပျံသန်းလာ၏။ အဲဒါက နတ်ဘုရားမျိုးနွယ်၏ ကောင်းကင်လက်နက် ၄ခုထဲမှ တစ်ခုဖြစ်သော ကြမ္မာဆိုးဓား ဖြစ်၏။
ရွှစ်…
သူက သူ၏ လက်ဖဝါးကို လှုပ်ရှားပြီး ကြမ္မာဆိုးဓားကို နန်းကြည် ရှိရာသို့ ပစ်ထုတ်ပေးလိုက်၏။
နန်းကြည်က အဲဒါကို အလိုလိုဖမ်းယူလိုက်လေသည်။
ဧရာမ ဓားက အလွန်တရာ သိပ်သည်းလေးလံလေသည်။
နန်းကြည်၏ စွမ်းအားနှင့်ပင်လျှင် သူမသည် ဓားရိုးကို ဖမ်းဆုပ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ယိုင်ကျသွား၏။
ကြမ္မာဆိုးဓားသည် ဆူဇီမို၏ လက်ဖဝါးထဲမှာ တုပ်တုပ်မျှ မလှုပ်ခဲ့ပေ။ သို့သော်လည်း နန်းကြည်၏ လက်ဖဝါးထဲမှာ နက်မှောင်၍ အေးစက်နေသော အော်ရာက နောက်တစ်ဖန် စတင်ဖြာထွက်လာ၏။
“သခင်လေး.. ဒါက…”
နန်းကြည်က တွေဝေနေ၏။
“အဲဒီဓားကို နတ်ဘုရားကုန်းမြေတိုက်ဆီ ယူသွားလိုက်”
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“အဲဒီ ဓားက ငါ့လက်ထဲမှာဆိုရင် သုံးစားမရဘူး.. နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေးကပဲ သူ့ရဲ့ စွမ်းအားကို အသက်သွင်းနိုင်တယ်”
နန်းကြည်က မည်သည့်စကားမှ ပြောဆိုခြင်း မရှိဘဲ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
ဆူဇီမိုသည် သာမန်ကာလျှံကာ အကြောင်းပြချက်တစ်ခု ပေးလိုက်ခြင်းမျှသာဖြစ်ကြောင်း သူမက သိလေသည်။
ဆူဇီမိုက ကြမ္မာဆိုးဓား၏ စွမ်းအားကို အသက်မသွင်းနိုင်ဘူးဆိုလျှင်တောင် အဲဒါက ရှားရှားပါးပါး ဂမ္ဘီရလက်နက်တစ်ခု ဖြစ်နေဆဲဖြစ်၏။
ဆူဇီမိုသည် နတ်ဘုရားကုန်းမြေတိုက်ဆီသို့ ကြမ္မာဆိုးဓားကို သူမနှင့်အတူ ယူဆောင်သွားစေသည့် အကြောင်းရင်းမှာ သူမအတွက် ဘေးကင်းလုံခြုံမှု ရှိစေဖို့ဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဝင်ရောက်လာသော နတ်ဘုရားမျိုးနွယ်၏ စစ်တပ်နှစ်တပ်နှင့် နဂါးစီးနင်းသူ များစွာက တစ်ယောက်မကျန် ချေမှုန်းသတ်ဖြတ်ခံခဲ့ရ၏။
သူတို့၏ ဂမ္ဘီရလက်နက်ကပင်လျှင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆုံးရှုံးခဲ့ရ၏။
နန်းကြည်က နတ်ဘုရားမျိုးနွယ်၏ သွေးနှောကပြားတစ်ယောက်ဖြစ်ပြီး မသန့်စင်သော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်လည်း သူမအနေဖြင့် ကြမ္မာဆိုးဓားကို ပြန်လည်ယူဆောင်လာနိုင်ခြင်းက နတ်ဘုရားကုန်းမြေတိုက်အတွက် ကြီးမားသည့် အကျိုးဆောင်မှုတစ်ရပ် သေချာပေါက် ဖြစ်ပေလိမ့်မည်။
သူမအပေါ် နတ်ဘုရားကုန်းမြေတိုက်၏ စိတ်သဘောထားကလည်း ပြောင်းလဲသွားပေလိမ့်မည်။
အနည်းဆုံးတော့… သူမ၏ အသက်က အန္တရာယ်ရှိတော့မည် မဟုတ်ပေ။
အဲဒါက ဆူဇီမို၏ အစစ်အမှန်ရည်ရွယ်ချက်ဖြစ်၏။
“ကျေးဇူးတင်ပါတယ် သခင်လေး”
နန်းကြည်က ကြမ္မာဆိုးဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဆူဇီမို ရှိရာဘက်သို့ ဦးညွှတ်လိုက်၏။ အဲဒီနောက် သူမသည် သက်တံရောင်လိုဏ်ဂူထဲသို့ ခုန်ဝင်ပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။
ဆူဇီမိုသည် ထိုဘက်အရပ်သို့ ကြည့်ပြီး အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေ၏။
“အာ…”
အဆုံးစွန်မီးက သက်ပြင်းချ၍ ညည်းတွားရေရွတ်လိုက်၏။
“တကယ်တော့.. အဲဒီကလေးမက အဲဒါကို လုပ်စရာ မလိုပါဘူး.. သူက အရမ်းကို စိတ်ထိခိုက်ခံစားလွယ်တာပဲ”
“သူမကို လွှတ်ပေးထားလိုက်ပါ”
ဆူဇီမို တိုးတိတ်စွာ ပြောလိုက်၏။
သူ့လေသံက ပေါ့ပါးသည့်ပုံပေါက်သော်လည်း နန်းကြည်က ဤခရီးစဉ်တွင် ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်မည်ဖြစ်ပြီး သူမ၏ အနာဂတ်က ရေရာသေချာမှု မရှိသည်ကို တွေးမိသောအခါ သူက စိုးရိမ်ပူပန်မှုနှင့် စိတ်ထိခိုက်မှုကို ခံစားရလေသည်။
“အစ်ကိုကြီး.. သွားကြရအောင်”
ညဝိညာဉ်က ပြောလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်၍ ညွှန်ကြားလိုက်၏။
“နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားကို စောင့်ကြည့်ဖို့အတွက် လူတချို့ကို စီစဉ်ပေးလိုက်… နတ်ဘုရားမျိုးနွယ်ဘက်က ထူးဆန်းတဲ့ ပြုမူလှုပ်ရှားမှုတစ်ခုခု ရှိလာခဲ့ရင် ငါတို့ အဲဒါကို ချက်ချင်းသိနိုင်တာပေါ့”
တကယ်တော့ နတ်ဘုရားမျိုးနွယ်သည် ဤတစ်ခေါက် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ပြီးနောက်.. အချိန်အတိုင်းအတာတစ်ခုထိ ငြိမ်သက်သွားဖို့ အခွင့်များလေသည်။
သို့သော်လည်း.. မထင်မှတ်ထားသော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားခြင်းက ပိုကောင်းလေသည်။
ဆူဇီမိုသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သော်လည်း သူက ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်သွားဖို့ အလောတကြီး ရှိမနေပေ။ ထိုအစား သူက ခွန်လွင်အပျက်အစီးဒေသမှာ ယာယီအားဖြင့် နေထိုင်ပြီး ဆက်လက်ကျင့်ကြံလေသည်။
ခွန်လွင်အပျက်အစီးဒေသသည် တည်ငြိမ်လာခဲ့ပြီး ညဝိညာဉ်က ခွန်လွင်အရှင်အသစ် ဖြစ်လာ၏။
ကျင့်ကြံဖို့အတွက် ဤနေရာထက် ပိုမိုဘေးကင်းလုံခြုံ၍ သင့်လျော်သော နေရာ မရှိတော့ပေ။
သူက ဤတိုက်ပွဲကနေ အကျိုးအမြတ် ကြီးမားစွာ ရရှိခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသွင်ပြောင်းလဲမှု၊ နတ်ဘုရားစွမ်းအားများအပေါ် ထိုးထွင်းသိမြင်မှုနှင့် တမလွန်မီးရောင်ကျောက်တုံးမှ စက္ခုနည်းစနစ်တို့ကို အခြေခိုင်ကျစ်လစ်ဖို့အတွက် အချိန်အတော်ကြာ ယူရပေလိမ့်မည်။
အဆုံးစွန်မီးကလည်း ခွန်လွင်အပျက်အစီးဒေသမှာ နေထိုင်လေသည်။
ရာသီများက ပြောင်းလဲ၍ အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။
တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း အချိန်စီးဆင်းမှုက ပိုမိုမြန်ဆန်သည်ဟု ထင်ရလေသည်။ တစ်ခဏအတွင်းမှာပင် ဆူဇီမိုသည် ခွန်လွင်အပျက်အစီးဒေသသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ ရှိသွားခဲ့လေပြီ။
လွန်ခဲ့သည့် နှစ် ၈၀က နတ်ဘုရားမျိုးနွယ်က ခွန်လွင်အပျက်အစီးဒေသသို့ ကျူးကျော်ဝင်ရောက်လာပြီး ကြီးမားသော တိုက်ပွဲက ဖြစ်ပွားခဲ့၏။
သို့သော်လည်း ပြီးခဲ့သည့် နှစ် ၈၀ မှာ ခွန်လွင်အပျက်အစီးဒေသ၏ အတွင်းရေးပဋိပက္ခက ပြေလည်သွားခဲ့လေပြီ။
များစွာသော ခွန်လွင်ကလန်သားများသည် ပြန်လည်အားဖြည့်နေကြပြီး သက်တံရောင်လိုဏ်ဂူကနေ မည်သည့်လှုပ်ရှားမှုမှ ရှိမလာသည့်အတွက် သူတို့သည် တည်ငြိမ်အေးချမ်းသည့် အချိန်ကာလတစ်ခုကို ပိုင်ဆိုင်လာ၏။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှာတော့ ဖရိုဖရဲ အခြေအနေများက ဖြစ်ပေါ်နေလေပြီ။
ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း ကမ္ဘာဦးမျိုးနွယ်များ၏ လှုပ်ရှားမှုက ပိုမို၍ စိပ်လာ၏။
ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ နဂါးမျိုးနွယ်၊ ခွန်မျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်တို့က လွဲလျှင် အခြားသော ကမ္ဘာဦးမျိုးနွယ် ၆စုသည် အမျိုးမျိုးသော တားမြစ်ကုန်းမြေများကနေ ထွက်လာပြီး သူတို့၏ ပိုင်နက်နယ်မြေများကို ရူးသွပ်စွာ ချဲ့ထွင်လာကြ၏။
ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း မရေမတွက်နိုင်သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများက ကမ္ဘာဦးမျိုးနွယ်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။
သူတို့ကြားမှာ အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းမှ ၃၇ ဂိုဏ်းက ဖျက်ဆီးခံခဲ့ရလေသည်။
အရေအတွက်က တဖြည်းဖြည်း တိုးလာနေဆဲဖြစ်၏။
ဤကဲ့သို့ ဖရိုဖရဲ အခြေအနေမှာ ဒေသကြီး ၄ခု၊ သမုဒ္ဒရာ ၃စင်းနှင့် တိုက်ကြီးတစ်တိုက်မှာ သေဆုံးသော သက်ရှိအရေအတွက်က ပို၍ပင် များပြားလာ၏။
အရှေ့ပင်လယ်က သွေးများဖြင့် နီစွေးနေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
ကမ္ဘာဦးမျိုးနွယ် ၆စုဖြစ်သော စုန်း၊ သွေးနွယ်ပင်၊ နတ်ဘုရား၊ ရွှေကျီးကန်း၊ ယက္ခနှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်တို့ကို သူတို့၏ သခင်လေးများက ဦးဆောင်ပြီး ဂိုဏ်းများကို တိုက်ခိုက်၍ ပိုင်နက်နယ်မြေများကို သိမ်းပိုက်လာကြ၏။ သူတို့ ဖြတ်သွားရာ နေရာတိုင်း သွေးမုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာပေလိမ့်မည်။
ကမ္ဘာဦးမျိုးနွယ်များ၏ တိုက်ခိုက်ရည်ခွန်အားက အရမ်းကို ကြောက်စရာကောင်းလေသည်။
သူတို့၏ သခင်လေးများ အားလုံးနီးပါးသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ကျင့်ကြံခဲ့ပြီးလေပြီ။ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်မလာသရွေ့… မည်သူကမှ ကမ္ဘာဦးမျိုးနွယ်၏ ပညာရှင်များကို မဖိနှိမ်နိုင်ပေ။
ကမ္ဘာဦးမျိုးနွယ်များအနေဖြင့် ကျင့်ကြံရေးလောက၏ ထိပ်သီးဂိုဏ်းကြီးများဖြစ်သော အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းကဲ့သို့ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများကို အရေးမလုပ်ဘဲ နှစ်တစ်ရာကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြ၏။
ထိပ်သီးဂိုဏ်းကြီးများနှင့် ကမ္ဘာဦးမျိုးနွယ် ၆စုကြားမှာ လျှို့ဝှက်ဆန်းကြယ်သော မျှခြေတစ်ခု ရှိနေခဲ့၏။
သို့သော်လည်း ထိုမျှခြေက သိပ်ကြာကြာခံတော့မည် မဟုတ်ကြောင်း ကျင့်ကြံသူများ အားလုံးက သိထားကြ၏။
နောက်ဆုံးမှာတော့…
တောင်ပိုင်းဒေသမှာ ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးနောက် ထိုမျှခြေက အညှာအတာ ကင်းမဲ့စွာဖြင့် ကျိုးပျက်သွားခဲ့လေပြီ။
သွေးနွယ်ပင်မျိုးနွယ်၏ တားမြစ်ကုန်းမြေက တောင်ပိုင်းဒေသမှာ ရှိပြီး သူတို့၏ ပိုင်နက်နယ်မြေကို အဆက်မပြတ် ချဲ့ထွင်လာနေ၏။ သူတို့နှင့် အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော ရှင်းသန့်လေပြေဘုရားကျောင်းအကြား ကြီးမားသည့် တိုက်ပွဲတစ်ရပ် ဖြစ်ပွားလာဖို့က မလွဲဧကန်ပေ။
လွန်ခဲ့သည့် နှစ်တစ်ရာက ထျန်လင်းကျီသည် ဆူဇီမို၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
သွေးနွယ်ပင်မျိုးနွယ်က သခင်လေးအသစ်တစ်ယောက်ကို အစားထိုးခဲ့ပြီးလေပြီ။
သွေးနွယ်ပင်မျိုးနွယ်မှ သခင်လေး၏ ဦးဆောင်မှုအောက်တွင် သွေးနွယ်ပင်စစ်တပ်က ရှင်းသန့်လေပြေဘုရားကျောင်းကို တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ပွဲက တစ်ရက်လုံးလုံး ကြာမြင့်ခဲ့၏။ ရှင်းသန့်လေပြေဘုရားကျောင်း၏ မရေမတွက်နိုင်သော ကျင့်ကြံသူများက သေဆုံးခဲ့ရပြီး သွေးနွယ်ပင်မျိုးနွယ်၏ ဝါးမျိုခြင်းကို ခံကြရ၏။
နောက်ဆုံးမှာတော့ ရှင်းသန့်လေပြေဘုရားကျောင်းမှ မျိုးနွယ်စုခေါင်းဆောင်များက ရောက်ရှိလာ၏။
သို့သော်လည်း.. ထိုအတွက်ကြောင့် သွေးနွယ်ပင်မျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာပြန်၏။
သွေးနွယ်ပင်မျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်တည်းက ရှင်းသန့်လေပြေဘုရားကျောင်း၏ မျိုးနွယ်စုခေါင်းဆောင် ၁၀ယောက်ကျော်ကို ခြွင်းချက်မရှိ သတ်ဖြတ်ခဲ့၏။
တိုက်ပွဲက အရှိန်အဟုန် မြင့်တက်လာခဲ့၏။
ရှင်းသန့်လေပြေဘုရားကျောင်း၏ ဧကရာဇ်က ပေါ်ထွက်လာပြီး သွေးနွယ်ပင်မျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ပစ်လိုက်၏။
သို့သော်လည်း နောက်ပိုင်းတွင် သွေးနွယ်ပင်မျိုးနွယ်မှ သွေးဧကရာဇ်က ဆင်းသက်လာပြီး ဂိုဏ်း၏ တောင်ထွတ်ပေါ်မှာ ရှင်းသန့်လေပြေဘုရားကျောင်း၏ ဧကရာဇ်ကို သုံးချီအတွင်း သတ်ဖြတ်ပစ်လိုက်၏။
နောက်ဆုံးမှာတော့.. ဂမ္ဘီရဧကရာဇ်သည် ပေါ်ထွက်လာပြီး သွေးဧကရာဇ်နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့လေသည်။ အဲဒါက သရေရလဒ်ဖြစ်ပြီး ဂမ္ဘီရဧကရာဇ်သည် ရှင်းသန့်လေပြေဘုရားကျောင်းမှ ကျင့်ကြံသူအချို့ကို အတင်းအကျပ် ကယ်ထုတ်ကာ ပဟေဠိနန်းတော်သို့ ဆုတ်ခွာခဲ့ရ၏။
သို့သော်လည်း ထိုတိုက်ပွဲအပြီး၌ အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော ရှင်းသန့်လေပြေဘုရားကျောင်းက ဖျက်ဆီးခံလိုက်ရလေပြီ။
ထိုတိုက်ပွဲအပြီး၌ သွေးနွယ်ပင်မျိုးနွယ်က ခြိမ်းခြောက်မှုတစ်ရပ်ကိုပင် ပြုလုပ်လာ၏။
လူသားမျိုးနွယ်မှ ဧကရာဇ်များက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တိုက်ပွဲများမှာ တစ်ဖန်ထပ်၍ ပါဝင်ပတ်သက်ရဲမည်ဆိုလျှင် သွေးဧကရာဇ်က ပေါ်ထွက်လာပြီး သူတို့အားလုံးကို သတ်ပစ်မည်ဟူ၍ ဖြစ်၏။
အဲဒါက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခြင်း ဖြစ်၏။
ဒါ့အပြင် အဲဒါက လူသားမျိုးနွယ်၏ ဧကရာဇ်များ အားလုံးကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်၏။
ကျင့်ကြံရေးလောကက အသံတိတ်နေ၏။
မည်သည့် ဧကရာဇ်ထံမှ ပြန်ဖြေစကား ရှိမလာခဲ့ပေ။
ရှင်းသန့်လေပြေဘုရားကျောင်း၏ ဧကရာဇ်က သုံးချီအတွင်း သွေးဧကရာဇ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသောအခါ မည်သည့်ဧကရာဇ်ကမှ ယုံကြည်မှု မရှိတော့ပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဒီဘက်မျိုးဆက်တွင် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ဧကရာဇ်များကြားမှာ သွေးဧကရာဇ်က အားအနည်းဆုံး ဧကရာဇ် ဖြစ်သည်ကို လူသားမျိုးနွယ်၏ ဧကရာဇ်များစွာက သိရှိထားကြလေသည်။
ဒါ့အပြင်.. သွေးနွယ်ပင်မျိုးနွယ်မှာ ဧကရာဇ်တစ်ယောက်မက ရှိလေသည်။
သိပ်မကြာခင်.. ရွှေကျီးကန်းမျိုးနွယ်က အရှေ့ပိုင်းဒေသသို့ ခြေချလာခဲ့၏။
ဗုဒ္ဓကျောင်းတော် ၆ကျောင်းထဲမှ တစ်ကျောင်းဖြစ်သော အရှေ့ပိုင်းဒေသ၏ သန့်စင်နှလုံးသား သီလရှင်ကျောင်းက အရင်ဆုံး ဖျက်ဆီးခံခဲ့ရ၏။
ထိုတိုက်ပွဲမှာ သန့်စင်နှလုံးသား သီလရှင်ကျောင်း၏ မည်သည့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်မှ ပေါ်ထွက်မလာခဲ့ပေ။
အကြောင်းမှာ.. သန့်စင်နှလုံးသား သီလရှင်ကျောင်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် သူတို့က ပေါ်ထွက်လာမည်ဆိုလျှင်တောင် သန့်စင်နှလုံးသား သီလရှင်ကျောင်းကို ဖျက်ဆီးခံရခြင်းကနေ ကယ်တင်နိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိထားသောကြောင့်ဖြစ်၏။
သူတို့က ပေါ်ထွက်လာမည်ဆိုလျှင် သူတို့သည် ရှင်းသန့်လေပြေဘုရားကျောင်း၏ မျိုးနွယ်စုခေါင်းဆောင်များကဲ့သို့ သတ်ဖြတ်ခံရပေလိမ့်မည်။
အဆင့်မြင့် ရှေးဟောင်းတိုက်ပွဲမြေသည် သူ့ကိုယ်ပိုင်သီးခြားလောကတစ်ခုဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ်များက မဝင်ရောက်နိုင်ပေ။
အနည်းဆုံးတော့ သူတို့သည် အဆင့်မြင့် ရှေးဟောင်းတိုက်ပွဲမြေအတွင်းမှာ နေထိုင်သည်နှင့်အမျှ ဘေးကင်းလုံခြုံမှု ရှိလေသည်။
နေ့တစ်ပိုင်းမျှနှင့် သန့်စင်နှလုံးသား သီလရှင်ကျောင်းက အပျက်အစီးပုံဘဝသို့ ကျရောက်သွား၏။
ပဟေဠိနန်းတော်၏ မျိုးနွယ်စုခေါင်းဆောင်များ ရောက်ရှိလာသည့်အချိန်မှာ အဲဒါက နောက်ကျသွားခဲ့လေပြီ။