← Chapters

ပေမင်သို့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 103 Ch. 1534

ပေမင်သို့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 103 Ch. 1534

“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ”

အခန်းထဲသို့ ပြန်ရောက်လာပြီးနောက်.. သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

“သခင်လေး.. လူသားမျိုးနွယ်က ဒီအကျပ်အတည်းကို ဖြတ်ကျော်နိုင်မှာလား”

လူသားမျိုးနွယ်သည် အလွန်တရာ ခက်ခဲကျပ်တည်းသော အခြေအနေတစ်ရပ်မှာ ကျရောက်နေပြီဖြစ်ကြောင်း ထောင်ယောင်ကလည်း နားလည်နေ၏။

“ငါ မသိဘူး”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“ဒါပေမဲ့… အခုက ပေမင်ကို သွားရောက်စစ်ဆေးရမယ့် အချိန်ပဲ”

အဲဒါသည် လူသားမျိုးနွယ်၏ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသာဆိုလျှင် သူတို့သည် ဤမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ကမ္ဘာဦးမျိုးနွယ်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ခွန်အားအရာမှာဖြစ်စေ.. အော်ရာအရာမှာဖြစ်စေ.. သူတို့က အရမ်းကို နိမ့်ကျနေ၏။

ဤတစ်ခေါက်မှာ အခြားသော ကမ္ဘာဦးမျိုးနွယ် ၃စုကလည်း သူတို့၏ ရပ်တည်မှုကို ပြသလာပေလိမ့်မည်။

နောက်ဆုံး သူ့မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှိနေသည့်အတွက်ကြောင့်​ နဂါးမျိုးနွယ်နှင့် ညှိနှိုင်းပူးပေါင်းဖို့က လွယ်ကူလေသည်။

ထိုအခိုက်အတန့်တွင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဘိုးဘေးနဂါးကုန်းမြေကနေ ထိုသတင်းကို လက်ခံရရှိသွားခဲ့ပြီဖြစ်၏။

သူ လုပ်စရာရှိသည့် တစ်ခုတည်းသော အရာမှာ ခွန်မျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်၏ ထောက်ပံ့မှုကို ရရှိဖို့ ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် လူရိုင်းမျိုးနွယ်နှင့် ပတ်သက်၍ ဘာမှ သိရှိမထားပေ။

သို့သော်လည်း.. သူသည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ခွန်မျိုးနွယ်ထံသို့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ဖူးလေသည်။

အဲဒါသည် မမျှော်မှန်းနိုင်သော ကောင်းချီးများ သို့မဟုတ် ကပ်ဆိုးများကို ဆောင်ကြဉ်းပေးလာနိုင်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့၏။

အဲဒါက သာမန်မျိုးဆက်သွေး သို့မဟုတ် သာမန်တောကောင်တစ်ကောင် မဟုတ်ပေ။ အဲဒါက တဗူး ခွန်ဖန်း ဖြစ်၏။

တဗူးများ အားလုံးက သတ်ဖြတ်ရာမှာ ပြတ်သားလေသည်။

ခွန်ဖန်းက ကြီးထွားလာပြီး သူ့ကို ဆရာအဖြစ် အသိအမှတ်မပြုဘူးဆိုလျှင်.. သူသည် ပေမင်သို့ သွားရောက်မည်ဆိုလျှင်တောင် မည်သည့်ထောက်ပံ့မှုကိုမှ ရရှိလိမ့်မည် မဟုတ်ပေ။

သူသည် အန္တရာယ်နှင့် ကြုံတွေ့ရဖို့ပင် အခွင့်တစ်ရပ် ရှိလေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပေမင်သို့ ဦးတည်လိုက်၏။

တစ်ချိန်တည်းမှာပင်.. သူသည် ခွန်လွင်အပျက်အစီးဒေသမှာ ကျင့်ကြံနေဆဲဖြစ်သော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို သတိပေးပြီး ဤနှစ်များအတွင်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဖြစ်ပျက်ခဲ့သည့် အရာများနှင့် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ သတင်းကိုပါ ပြောပြလိုက်လေသည်။

နောက် ၇ရက် ကြာပြီးနောက်…

အဆုံးစွန်မြောက်ပိုင်းရေခဲမြစ်များပေါ်မှာ လူတစ်ယောက် ပေါ်ထွက်လာ၏။

ရေခဲနှင့် နှင်းများကြားမှာပင်.. ထိုလူ၏ ခြေလှမ်းများက သက်ရောက်ခြင်း မခံရပေ။ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲမှာ ဧရာမ မီးဖိုတစ်လုံးက လောင်မြှိုက်နေသည့်အလားပင်။

သိပ်မကြာခင်.. သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာ နက်မှောင်နေသော သမုဒ္ဒရာတစ်စင်းက ပေါ်ထွက်လာ၏။

အဆုံးစွန်မြောက်ပိုင်းတွင် ရေခဲမှု မရှိသည့် သမုဒ္ဒရာ တစ်စင်းသာလျှင် ရှိလေသည်။

အဲဒါက ခွန်မျိုးနွယ်၏ တားမြစ်ကုန်းမြေ၊ ပေမင် ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ပေမင်၏ အစပ်မှာ ရပ်ပြီး အောက်ဘက်ရှိ နက်ရှိုင်းသော သမုဒ္ဒရာကို ကြည့်ကာ စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုကို ဖြာထုတ်၍ အော်ခေါ်လိုက်၏။

“ရှောင်း..ယောင်..”

ထိုအသံက ပေမင်တစ်ခွင် ပျံ့နှံ့သွားဖို့ လုံလောက်လေသည်။

ရှောင်းယောင်က ထိုအသံကို သေချာပေါက် ကြားရလိမ့်မည်ဟု သူက ယုံကြည်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ပေမင်အစပ်မှာ မတ်တတ်ရပ်၍ တိတ်တဆိတ် စောင့်ဆိုင်းနေ၏။

နောက်ပိုင်းတွင် သူက ကြိုဆိုခံရမလား သို့မဟုတ် တိုက်ခိုက်ခံရမလား မသိရှိပေ။

သိပ်မကြာခင်..

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။

အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ပင်လယ်ရေမျက်နှာပြင်ထက်သို့ အရှိန်အဟုန်နှင့် လာနေကြောင်း သူက ခံစားမိလိုက်၏။

သိပ်မကြာခင်.. ပုံရိပ်တစ်ခုက ရေမျက်နှာပြင်ကို ထိုးခွဲပြီး ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

အဲဒါက ငွေရောင်ဆံပင်များရှိသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် အေးစက်စက် အမူအရာတစ်ခု ရှိပြီး သူရဲကောင်းဆန်သည့်ပုံပေါ်ကာ စိမ်းသက်သော အမူအရာတစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်နေ၏။

အမျိုးသမီးက ငယ်ရွယ်သည့်ပုံပေါ်သော်လည်း သူမ၏ အော်ရာက အလွန်တရာ ကြောက်စရာကောင်းပြီး ပေါင်းစည်းခန္ဓာအဆင့်ကို ကျော်လွန်နေခဲ့လေပြီ။

မဟာယာနအဆင့်…

ခွန်လွင်မျိုးနွယ်၏ အမျိုးသမီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်…

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏မျက်လုံးကို မှေးကျဉ်းကာ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။

သူ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ.. သူက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်​ယောက်ကို အနိုင်ရရှိဖို့ အခွင့်အရေး မရှိသေးပေ။

ရွှစ်..

ထိုစဉ်မှာပင်.. ပင်လယ်ရေမျက်နှာပြင်ထက်ကနေ နောက်ထပ် ရေသံတစ်သံက ထွက်ပေါ်လာ၏။

ဗလတောင့်တောင့် ပုံရိပ်တစ်ခုက ရေထဲကနေ ထိုးထွက်လာပြီး လေထဲမှာ ကျွမ်းတစ်ပတ်ပစ်လိုက်၏။ သူက ဆူဇီမိုဘေးသို့ ရောက်ရှိလာပြီး ဒူးထောက်ချလိုက်၏။

“နှုတ်ဆက်ပါတယ် ဆရာ”

အဲဒါက ၁၆နှစ် အရွယ်လောက် ရှိသည့်ပုံပေါ်သော ငယ်ရွယ်သည့် အမျိုးသားတစ်ယောက် ဖြစ်၏။ သူက ရုပ်ရည်ချောမော​ပြီး တစ်မူထူးခြားအောင် ပေါ့ပါးဖျတ်လတ်ကာ ရေလို ကြည်လင်သော ကြီးမားသည့် မျက်လုံးများ ရှိလေသည်။

“ရှောင်းယောင်လား”

သိုင်းတာအိုပင်မခန္ဓာက အနည်းငယ် မှင်တက်သွား၏။

ဘာပဲပြောပြော.. သူသည် ရှောင်းယောင်ကို ပေမင်သို့ ခေါ်လာခဲ့စဉ်က ထိုသူက ဧရာမ ဥတစ်လုံးအဖြစ်သာ ရှိနေသေး၏။

ရှောင်းယောင်က ကြီးထွားလာသောအခါ ဘယ်လိုပုံ ရှိမလဲ သိုင်းတာအိုပင်မခန္ဓာက မသိရှိပေ။

မတွေ့ရတာ နှစ်တစ်ရာကြာပြီးနောက်.. ရှောင်းယောင်၏ ကျင့်ကြံမှုသည် ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

“ကျုပ်ပါပဲ”

ခဏမျှ ရယ်မောပြီး ရှောင်းယောင်က လေထဲရှိ ငွေရောင်ဆံပင်နှင့် အမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်၏။

“အစ်မ.. ဒါက ကျုပ်ဆရာပဲ.. အဲ့လိုမျိုး ရိုင်းပျတဲ့​ အမူအရာ မလုပ်စမ်းပါနဲ့”

“ဟွန့်”

ရှောင်းယောင်၏ စကားကို ကြားရပြီးတာတောင် ငွေရောင်ဆံပင်နှင့် အမျိုးသမီးသည် ကောင်းမွန်သည့် အမူအရာတစ်ခု ရှိမလာဘဲ အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။

“နင်က ရှောင်းယောင်ကို ပြန်ခေါ်ပေးခဲ့တာကြောင့် မဟုတ်ရင်.. နင်က အခုချိန်မှာ လူသေတစ်ယောက် ဖြစ်နေလောက်ပြီ”

သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ ငြင်းဆန်ခြင်း မရှိပေ။

ယခုအချိန်တွင် သူ့မှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို အနိုင်ရရှိဖို့ အခွင့်အရေး မရှိပေ။

သို့သော်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သူ့ကို သတ်ဖြတ်ဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။

“ဆရာ.. သူ့ကို ထားလိုက်”

ရှောင်းယောင်က နှုတ်ခမ်းစူပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“ဆရာ.. ခင်ဗျားက ကျုပ်ကို လာရှာမယ်ပြောပြီး ရောက်မလာတာ အတော်ကြာသွားခဲ့ပြီ… ကျုပ်က ဒီနေရာမှာ နေရတာ ပျင်းလွန်းလို့ သေတော့မှာပဲ.. ခင်ဗျားက အပြင်မှာ ကစားဖို့အတွက် ကျုပ်ကို ဘယ်တော့ ခေါ်သွားမှာလဲ”

“ရက်အနည်းငယ်ကြာရင် အရမ်းကို သက်ဝင်လှုပ်ရှားတဲ့ ပွဲတော်တစ်ခုကို ကျင်းပဖို့ ရှိတယ်.. မင်းက အဲဒါကို သွားပြီး စစ်ဆေးကြည့်ရှုနိုင်တယ်”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံးပြလိုက်၏။

“တကယ်ပြောနေတာလား”

ရှောင်းယောင်၏ မျက်လုံးက ဝင်းလက်သွား၏။

“နင်.. ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက စိမ်းသက်သော လေသံနှင့်အတူ အေးစက်စွာ မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိဘဲ လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကျုပ်က.. ခွန်မျိုးနွယ်ကို မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပါဝင်စေချင်တယ်.. နောက်ပြီး ကျုပ်က ခင်ဗျားတို့တွေကို လူသားမျိုးနွယ်ဘက်ကနေ ရပ်တည်ပေးစေချင်တယ်”

“ဟင်းဟင်း”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက လှောင်ရယ်လိုက်၏။

“ဘယ်အပေါ်မှာ အခြေခံပြီးတော့လဲ.. နင်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ အချက်ပေါ်မှာလား”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။

“ခွန်မျိုးနွယ်က လူသားမျိုးနွယ်ရဲ့ ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုပြီး ဘေးထွက်ရပ်နေမယ်ဆိုရင်.. ကမ္ဘာဦးမျိုးနွယ် ၆စုက လူသားမျိုးနွယ်ကို ချိုးနှိမ်ပြီးတာနဲ့ ခင်ဗျားတို့ဘက်ကို သေချာပေါက် လှည့်လာလိမ့်မယ်”

“ကမ္ဘာဦးမျိုးနွယ် ၆စုက တဗူးတစ်ကောင်ကို သေချာပေါက် ကြီးထွားခွင့်ပေးမှာ မဟုတ်ဘူး”

“ဘာလို့လဲဆိုတာ ခင်ဗျားတို့ ကောင်းကောင်းသိမှာပါ.. ကျုပ်က အဲဒါကို အကျယ်တဝံ့ ရှင်းပြနေစရာ မလိုလောက်ဘူး ထင်တယ်”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက တိတ်ဆိတ်ငြိမ်သက်သွား၏။

“အစ်မ.. ကျုပ် သွားချင်တယ်”

ရှောင်းယောင်က ခပ်လောလော ပြောလိုက်၏။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ရှောင်းယောင်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် ဆူဇီမိုဘက်သို့ လှည့်မေးလိုက်၏။

“ငါ သိရသလောက်ဆိုရင် နဂါးမျိုးနွယ်မှာလည်း တဗူးတစ်ကောင် ရှိတယ်”

“အဲဒါ အမှန်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

“နဂါးမျိုးနွယ်ရဲ့ တဗူးက ကျုပ်ရဲ့ ကိုယ်ပွားပဲ.. နဂါးမျိုးနွယ်ကလည်း ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပါဝင်တက်ရောက်လိမ့်မယ်.. ကျုပ်ရဲ့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပဟေဠိနန်းတော်ကို ကိုယ်တိုင်သွားရောက်လိမ့်မယ်”

ထိုစကားကို ကြားသောအခါ ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ရင်တစ်ချက်ထိတ်သွား၏။

ထိုစကားမှာ ကြီးမားသည့် သတင်းအချက်အလက်တစ်ခု ပါဝင်လေသည်။

နဂါးမျိုးနွယ်သည် လူသားမျိုးနွယ်ဘက်ကနေ သေချာပေါက် ရပ်တည်ပေးလိမ့်မည်။

“ငါ ပြန်သွားပြီး ဒီကိစ္စကို ဆွေးနွေးရမယ်.. နင် ပြန်လို့ ရပြီ”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ခဏမျှ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ပြောလိုက်လေသည်။ သူမက ရှောင်းယောင်ကို လှည့်ကြည့်လိုက်၏။

“ပြန်သွားကြရအောင်”

“ဆရာ…”

ရှောင်းယောင်က သိုင်းတာအိုပင်မခန္ဓာကို စိတ်ထိခိုက်စွာဖြင့် ကြည့်လိုက်၏။

“လိုက်သွားလိုက်”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြပြီး ဆက်လက်၍ ကြန့်ကြာမနေဘဲ လှည့်ထွက်လာခဲ့၏။

. . . . .

အရှေ့ပိုင်းဒေသ၊ မဟာကျောက်တုံးတောအုပ်တွင်…

အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေ ၉ခုထဲမှ တစ်ခုဖြစ်ပြီး မည်သည့်သက်ရှိကမှ ထိုနေရာသို့ ခြေမချရဲကြပေ။

သို့သော်လည်း ဤနေ့တွင် ကျင့်ကြံသူ တစ်အုပ်စုက မဟာကျောက်တုံးတောအုပ်၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။

သူတို့၏ ခေါင်းဆောင်က ပခုံးထောက် သွေးနီရောင်ဆံပင်နှင့် သွေးနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ သူက ကြော့ရှင်းသန့်ပြင်သော သွင်ပြင်ရှိသော်လည်း သူ့ထံမှ အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခု ဖြာထွက်နေ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ရောက်ရှိလာခဲ့လေပြီ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ နောက်ဘက်တွင် နဂါးတစ်အုပ်စု ရှိနေ၏။ သူတို့အားလုံးက လူငယ်မျိုးဆက်၏ အသန်မာဆုံး ပြိုင်စံရှားနှင့် ပြန်ဝင်စား မွန်းစတားများ ဖြစ်ကြ၏။

လက်သည်းငါးဖက် နတ်နဂါး လုံစန်းနှင့်အတူ ဦးချိုမဲ့ နဂါးမျိုးနွယ်၏ လုံရှီ ပါဝင်လေသည်။

ယခုအချိန်မှာ မီးပဒေသာနဂါးမျိုးရိုးသို့ ဝင်ရောက်ထားသော တစ်ကိုယ်တော်တိမ်စိုင်ကလည်း ပါဝင်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အရှေ့ပိုင်းဒေသ၏ မဟာကျောက်တုံးတောအုပ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာရသည့် အကြောင်းရင်းမှာ သူက လူရိုင်းမျိုးနွယ်ကို တံခါးပိတ်ကျင့်ကြံရာကနေ ဖိတ်ခေါ်ဖို့ ဖြစ်၏။

“ကျုပ်က လုံမိုပဲ.. ကျုပ်က လူရိုင်းမျိုးနွယ်က တာအိုရောင်းရင်းတွေနဲ့ တွေ့ဆုံဖို့အတွက် ဒီနေရာကို ရောက်လာတယ်… ကျေးဇူးပြုပြီး ကျုပ်ကို တွေ့ဆုံခွင့်ပေးပါဦး”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသံက မတိုးလွန်း မကျယ်လွန်းသော်လည်း ထိုအသံသည် မဟာကျောက်တုံးတောအုပ်၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။

သိပ်မကြာခင်.. မဟာကျောက်တုံးတောအုပ်ထဲမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော ကျောက်တုံးများက ယိမ်းထိုးလှုပ်ရှားသွားပြီး စင်္ကြန်လမ်းတစ်ခုက ပွင့်ဟသွား၏။ အလွန်တရာ မြင့်မားသော အရပ်အမောင်းများနှင့် သန်မာသော လူတစ်အုပ်စုသည် ဖိနှိမ်ထားသော အော်ရာတစ်ခုနှင့်အတူ ကျောက်တုံးများ၏ အနက်ပိုင်းထဲကနေ လျှောက်လှမ်းထွက်လာကြ၏။

All Chapters