← Chapters

ဘိုးဘေးနတ်ဘုရားတစ်ယောက် သေဆုံးခြင်း

Vol. 103 Ch. 1537

ဘိုးဘေးနတ်ဘုရားတစ်ယောက် သေဆုံးခြင်း

Vol. 103 Ch. 1537

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တိုက်ခိုက်လိုက်ပြီ ဖြစ်၏။ လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်နှင့် ဘိုးဘေးနတ်ဘုရား ၃ယောက်၏ ရှေ့မှောက်မှာပင် တစ်စုံတစ်ယောက်က တိုက်ခိုက်ရဲလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ဤနေရာက လူရိုင်းနန်းတော်နှင့် လူရိုင်းမျိုးနွယ်၏ ပိုင်နက်နယ်မြေ ဖြစ်၏။ နတ်ဘုရားမျိုးနွယ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအပေါ် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ရှိနေမည်ဆိုလျှင်တောင် သူတို့က ဤနေရာမှာ တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။

နတ်ဘုရားမျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်တို့ကို မပြောနှင့်… လုံစန်းနှင့် အခြားသော နဂါးများပင်လျှင် ကြောင်အ,မှင်တက်၍ အချိန်မီ မတုံ့ပြန်နိုင်ကြပေ။

“သခင်လေးက အရမ်းကို ရဲတင်းလွန်းမနေဘူးလား”

အဲဒါက များစွာသော နဂါးများ၏ စိတ်ထဲသို့ ဝင်ရောက်လာသော အတွေးဖြစ်၏။

စောစောကတင် နဂါးများသည် နတ်ဘုရားမျိုးနွယ်၏ သတ်ဖြတ်ခြင်းကနေ ဘယ်လိုရှောင်တိမ်းရမလဲ ဆွေးနွေးနေကြဆဲဖြစ်၏။

ယခုအခါမှာတော့ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လူရိုင်းနန်းတော်ထဲမှာ လူတိုင်း၏ ရှေ့မှောက်မှာပင် မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းလာရဲလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ပြောသော လက်ဆောင်သည် မိုးကောင်းကင်ပဒေသရာဇ်၏ အသက်ဖြစ်နေလိမ့်မည်ဟု နဂါးများက ထင်မှတ်မထားခဲ့ပေ။

မိုးကောင်းကင်ပဒေသရာဇ်က ငေးငိုင်သွားသော အမူအရာနှင့်အတူ အနည်းငယ် မှင်တက်သွား၏။ သူ့နှုတ်ခမ်းပေါ်ရှိ လှောင်ရယ်မှုက ပျက်ပြယ်မသွားခင်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ကွက်က ဆင်းသက်လာခဲ့လေပြီ။

အဲဒါက ရုတ်တရက်ဆန်လွန်း၏။

အဲဒါက လုံးဝ ဆိုင်းမဆင့်ဗုံမဆင့် ဖြစ်လေသည်။

ဖြစ်ပျက်နေသည့်အရာကို မိုးကောင်းကင်ပဒေသရာဇ်က နားလည်သွားသည့်အချိန်မှာ ထက်ရှသော နှင်းဖြူရောင်ဆေဘာတစ်လက်က ဆင်းသက်လာခဲ့ပြီဖြစ်၏။

ဆေဘာထဲရှိ နဂါးအရိုးများကို ရှင်းလင်းစွာ မြင်နိုင်လေသည်။

အဲဒါက ဆေဘာဧကရာဇ် ချန်ထားရစ်ခဲ့သော ဓမ္မလက်နက် နဂါးဝိညာဉ်ဆေဘာ ဖြစ်လေသည်။

မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်သော ဆေဘာချီတစ်ခုက လှည့်ပတ်နေပြီး အသက်ဝင်နေသော နတ်နဂါးတစ်ကောင်ကို ဖြစ်ပေါ်စေလေသည်။ ထိုနဂါးက ၎င်း၏ ကြီးမားသော ပါးစပ်ကို ဖွင့်ဟပြီး ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။

တစ်ချိန်တည်းနီးပါးမှာပင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကလည်း သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ဟိန်းထွက်နေသော နဂါးအော်သံတစ်သံကို ထုတ်ဖော်လိုက်၏။

နဂါးဟိန်းသံနှစ်သံက ပြီးပြည့်စုံစွာ ပေါင်းစည်းသွားပြီး အလွန်တရာ သေစေနိုင်စွမ်းအားနှင့်အတူ ပဲ့တင်ထပ် မြည်ဟိန်းသံတစ်သံကို ဖြစ်ပေါ်လာစေ၏။

“ဂါး…”

နဂါးဟိန်းသံက အလွန်တရာ ကျယ်လောင်သော အော်သံဖြင့် လူရိုင်းနန်းတော်ထဲမှာ ပဲ့တင်ထပ် မြည်ဟည်းသွား၏။

နဂါးဟိန်းသံသည် မိုးကောင်းကင်ပဒေသရာဇ်၏ နားထဲမှာ မြည်ဟည်းလာခဲ့လေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးက အရမ်းကို နီးကပ်လွန်း၏။

မိုးကောင်းကင်ပဒေသရာဇ်၏ နားနှစ်ဖက်က နာကျင်သွားပြီး သူ၏ စိတ်က ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။

သူ၏ နားနှစ်ဖက်မှ သွေးစီးကြောင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။

မိုးကောင်းကင်ပဒေသရာဇ်၏ နောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် အနည်းငယ် လှမ်းလှမ်းမှာ ရှိနေကြ၏။ သို့သော်လည်း ထိုနဂါးဟိန်းသံမှာ သူတို့က အခြေအနေ ပို၍ပင် ဆိုးဝါးလေသည်။

ဖွီး.. ဖွီး..

သူတို့သည် ပြင်းထန်သော ရိုက်ချက်များနှင့် တွေ့ကြုံလိုက်ရသည့်အလား.. နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။ သူတို့၏ ခန္ဓာကိုယ်များကနေ သွေးမြူများက ထွက်ပေါ်လာပြီး ရှင်းလင်းသော သွေးဒဏ်ရာများက သူတို့၏ ချောမောသော မျက်နှာများပေါ်မှာ ပေါ်ထွက်လာ၏။

ဒါ့အပြင် အဲဒါက နတ်ဘုရားမျိုးနွယ် ဖြစ်လေသည်။

အခြားမျိုးနွယ်ဝင်များသာဆိုလျှင် သူတို့သည် နဂါးဟိန်းသံတစ်သံဖြင့် နေရာမှာတင် သေဆုံးသွားနိုင်၏။

ဥပမာအားဖြင့် စုန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော်လည်း သူတို့၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယတို့က အားနည်းလေသည်။ ဤကဲ့သို့ ကြောက်စရာကောင်းသော နဂါးဟိန်းသံ တစ်သံက သူတို့၏ ခန္ဓာကိုယ်များကို ကြေမွပျက်စီးစေနိုင်၏။

သို့သော်လည်း နတ်ဘုရားမျိုးနွယ်ကတော့ ကွဲပြားခြားနားလေသည်။

နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ ထိပ်တန်းအဆင့်တွင် ရပ်တည်ပြီး နဂါးမျိုးနွယ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်။

ဒါ့အပြင်.. မိုးကောင်းကင်ပဒေသရာဇ်သည် နှစ်ပေါင်းသောင်းချီအတွင်း နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံး ပြန်ဝင်စား မွန်းစတား ဖြစ်၏။

ဝေါ…

သူက အဲဒါကို တကူးတက ထုတ်ဖော်စရာ မလိုဘဲ သူ၏ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်၍ သူ၏ နတ်ဘုရားသွေးက သူ့ဘာသာသူ လှည့်ပတ်လာခဲ့၏။

ချက်ချင်းပင် အဲဒါက ဆူနာမီသွေးအဆင့်သို့ ရောက်ရှိသွား၏။

သူ့နားထဲရှိ စပ်ဖျဉ်းဖျဉ်း နာကျင်မှုနှင့် သူ့စိတ်ထဲမှာ မြည်ဟည်းနေသော အသံက ချက်ချင်းပင် ပျောက်ကွယ်သွား၏။

မိုးကောင်းကင်ပဒေသရာဇ်၏ မျက်လုံးနှစ်ဖက်က ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာလေသည်။

သို့သော်လည်း ထိုသို့ဆိုလျှင်တောင် သူက စဦးအရေးနိမ့်သွားခဲ့လေပြီ။

“လုံမို.. မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”

“မင်းကတော့ သေချင်နေပြီပဲ”

ဘိုးဘေးနတ်ဘုရား ၃ယောက်သည် ဒေါသူပုန်ထသွားပြီး ဟိန်းဟောက်ပြောဆိုကာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ ချက်ချင်းပင် ပြေးဝင်လာကြ၏။

“အတင့်ရဲလိုက်တာ”

“မခန့်လိုက်တာ”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည်လည်း ဟိန်းဟောက်၍ မြေပြင်ကို ဆောင့်နင်းချလိုက်၏။ ဝုန်းခနဲ မြည်သံနှင့်အတူ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များက လေထဲသို့ မြောက်တက်လာပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှိရာသို့ ပြေးဝင်လာကြ၏။

လူရိုင်းမျိုးနွယ်က သူ့ကို တားဆီးရပေမည်။

သူတို့၏ ပိုင်နက်နယ်မြေထဲမှာ တိုက်ခိုက်ခြင်းဖြင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက လူရိုင်းမျိုးနွယ်အပေါ် ရိုင်းပျခြင်းက သိပ်ပြီး အရေးမကြီးပေ။

မိုးကောင်းကင်ပဒေသရာဇ်က လူရိုင်းနန်းတော်ထဲမှာ သေဆုံးသွားမည်ဆိုလျှင်.. သူက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဆိုလျှင်.. လူရိုင်းမျိုးနွယ်သည် တာဝန်ယူမှု တာဝန်ခံမှုကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ဘဲ နတ်ဘုရားမျိုးနွယ်နှင့် နက်ရှိုင်းသော ရန်ငြိုးရန်စတစ်ခု သေချာပေါက် ရှိလာပေလိမ့်မည်။

အဲဒါက လူရိုင်းမျိုးနွယ် လိုချင်သောအရာ သေချာပေါက် မဟုတ်ပေ။

လူရိုင်းမျိုးနွယ်သည် ကြီးမားသော ခန္ဓာကိုယ်များ ရှိပြီး လူရိုင်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်က ခြေနှစ်လှမ်းနှင့် နန်းတော်တစ်ဝက်ကို ဖြတ်ကျော်လာကြ၏။ သူတို့က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အထက်မှာ ရောက်ရှိလာကြလေပြီ။

လုံစန်းနှင့် အခြားသူများက ရင်တစ်ချက်ထိတ်သွားကြ၏။

ကမ္ဘာဦးမျိုးနွယ်စု ခေါင်းဆောင် ၅ယောက်က တိုက်ခိုက်လာကြမည်ဆိုလျှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အဆင့်မှာသာ ရှိနေသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ဖြတ်ဖို့နေနေသာ.. သူပင်လျှင် သေရပေလိမ့်မည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှင့် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အကြား ကွာဟချက်က ကျင့်ကြံမှု အဆင့်ကြီးတစ်ဆင့် ဖြစ်လေသည်။

ဓမ္မဝိသေသအဆင့်မှာ ကမ္ဘာဦးမျိုးနွယ်များနှင့် သားရဲအချို့သည် သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားတချို့ကို နိုးထစေနိုင်ပြီဖြစ်၏။

ဤပင်ကိုနတ်ဘုရားစွမ်းအားများသည် နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် ကျော်ကြားသော်လည်း အဲဒါက ကျင့်ကြံရေးလောက၏ နတ်ဘုရားစွမ်းအားများနှင့် အလွန်တရာ ကွဲပြားလေသည်။ အဲဒါက မွေးရာပါ စွမ်းရည်တစ်ခုနှင့် ပိုတူလေသည်။

သို့သော်လည်း.. သူတို့၏ ကျင့်ကြံမှုအဆင့် တိုးမြင့်လာသည်နှင့်အမျှ ပင်ကိုနတ်ဘုရားစွမ်းအားများစွာကလည်း အဆက်မပြတ် အဆင့်မြင့်တက် ကြီးထွားလာနိုင်လေသည်။

ကမ္ဘာဦးမျိုးနွယ်များသည် မဟာယာနအဆင့်သို့ ဝင်ရောက်ပြီးနောက်.. သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများသည် ကျင့်ကြံရေးလောကရှိ သာမန်၊ အဆင့်မြင့်နှင့် အန္တိမနတ်ဘုရားစွမ်းအားများနှင့်ပင် ယှဉ်နိုင်သော အစစ်အမှန် နတ်ဘုရားစွမ်းအားများအဖြစ် အဆင့်မြင့်ကြီးထွားလာပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင်.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာသာ ရှိနေသေးသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ခွန်အားအရာမှာ မျိုးနွယ်စုခေါင်းဆောင်များကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

မိုးကောင်းကင်ပဒေသရာဇ်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ဖျတ်ခနဲလက်သွားပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်နေ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ရုတ်တရက် တိုက်ခိုက်လိုက်သော်လည်း ဘိုးဘေးနတ်ဘုရားများ၏ ကာကွယ်မှုနှင့်အတူ သူက သေရလိမ့်မည် မဟုတ်ကြောင်း သိထားလေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ထိုသို့ပြုလုပ်ခြင်းဖြင့် သူ့ကိုယ်သူ သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။

ရုတ်တရက်ဆိုသလို…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ ဘယ်ဘက်လက်နှင့်အတူ ထူးဆန်းသော ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်ပြီး သူ၏ လက်ချောင်းများကို ဖြန့်၍ သူ၏ လက်ဖဝါးကနေ မီးခိုးရောင်မြူခိုးတစ်ခုကို ထွက်ပေါ်လာစေ၏။

“ကျတ်တီး​မြေ”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ဗဟိုပြု၍ အလွန်တရာ ထူးဆန်းသော ဓမ္မစွမ်းအား အတက်အကျတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

လေထဲတွင် မီးခိုးရောင် ဝဲဂယက်များက ပေါ်ထွက်လာပြီး ရေလှိုင်းဂယက်များကဲ့သို့ အဘက်ဘက်သို့ ဖြန့်ကြက်သွားကာ မိုးကောင်းကင်ပဒေသရာဇ်ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။

“ဟမ်”

မိုးကောင်းကင်ပဒေသရာဇ်၏ အမူအရာက ပြောင်းလဲသွား၏။

သူ၏ ဘဝသက်တမ်းက ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် လျော့ကျလာနေသည်ကို သူက ရှင်းလင်းစွာ ခံစားမိနိုင်၏။ သူ၏ နတ်ဘုရားမျိုးဆက်သွေးကပင်လျှင် အဲဒါကို မတားဆီးနိုင်ပေ။

မီးခိုးရောင် ဝဲဂယက်များက ဖြန့်ကြက်လာပြီး လူရိုင်းမျိုးနွယ်စုခေါင်းဆောင် ၂ယောက်နှင့် ဘိုးဘေးနတ်ဘုရား ၃ယောက်ကို တစ်ခဏချင်း လွှမ်းခြုံသွား၏။

အိုး…

လူရိုင်းမျိုးနွယ်စုခေါင်းဆောင် ၂ယောက်၏ အမူအရာက ပင့်သက်ကို ရှိုက်ရင်း ပြောင်းလဲသွားကြ၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ပို၍ပင် ထက်ရှသော အာရုံခံစိတ် ရှိကြ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ ချဉ်းကပ်လာလေလေ.. သူတို့၏ ဘဝသက်တမ်း လျော့ကျမှုက ပိုမိုမြန်ဆန်လာလေလေဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားမိနိုင်၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၅​ယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို တစ်ချိန်တည်းမှာ ထုတ်ဖော်ပြီး ထူးဆန်းသော မီးခိုးရောင် ဝဲဂယက်များကို ပိတ်ဆို့တားဆီးချင်လေသည်။

သို့သော် မကြာခင် သူတို့၏ နတ်ဘုရားစွမ်းအားများသည် သူတို့၏ ဘဝသက်တမ်း ယိုယွင်းပျက်စီးမှုကို ခုခံမပေးနိုင်ကြောင်း မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၅​ယောက်က နားလည်သဘောပေါက်သွားကြ၏။

ထိုဓမ္မပညာရပ်က သူတို့၏ ကျင့်ကြံမှုအဆင့်ကို လျစ်လျူရှုနိုင်လေသည်။

သူတို့၏ နတ်ဘုရားစွမ်းအားများကပင် အဲဒါကို မချေဖျက်နိုင်ပေ။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် ရှည်လျားသော ဘဝသက်တမ်းတစ်ခု ရှိပြီး လူသားမျိုးနွယ်စုခေါင်းဆောင်များက နှစ်တစ်သိန်း ဘဝသက်တမ်း ရှိကြ၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်များနှင့် ဘိုးဘေးနတ်ဘုရားများ၏ ဘဝသက်တမ်းက ပို၍ပင် ရှည်လျားလေသည်။

သို့သော်လည်း.. မည်သူကမှ သူတို့၏ ဘဝသက်တမ်း လျော့ကျလာခြင်းကို လက်မခံလိုကြပေ။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်သည် ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် လောလောဆယ်မှာ မီးခိုးရောင် ဝဲဂယက်များကနေ ရုန်းထွက်ဖို့အတွက် နောက်သို့ ဆုတ်လိုက်ကြ၏။

ဘာပဲပြောပြော.. မိုးကောင်းကင်ပဒေသရာဇ်သည် လူရိုင်းမျိုးနွယ်၏ သခင်လေး မဟုတ်ပေ။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်သည် အခြားသော မျိုးနွယ်စုမှ တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့အတွက် သူတို့၏ နှစ်ထောင်ချီ ဘဝသက်တမ်းများကို မစတေးလိုပေ။ အဲဒါက ထိုက်တန်မှု မရှိပေ။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်က ယာယီအားဖြင့် နောက်သို့ဆုတ်လိုက်သော်လည်း ဘိုးဘေးနတ်ဘုရား ၃ယောက်ကတော့ ထိုသို့ မလုပ်နိုင်ပေ။

ဘိုးဘေးနတ်ဘုရား ၃ယောက်ကြားတွင် အကြီးအကဲ အမျိုးသားတစ်ယောက်၊ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ပါဝင်လေသည်။

ပြောစရာမလိုအောင်ပင်.. သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် ရှည်လျားသော ဘဝသက်တမ်းနှင့်အတူ သူ၏ အရွယ်ကောင်းမှာ ရှိနေပြီး ကြောက်ရွံ့မှု မရှိပေ။

အမျိုးသမီးအိုက သူမဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေသော်လည်း သူမမှာ နှစ်တစ်သောင်း ဘဝသက်တမ်း ကျန်ရှိနေဆဲဖြစ်ပြီး အသက်တစ်ရှိုက်စာမှာ ဘဝသက်တမ်း နှစ်နှစ်ထောင် လျော့ကျခြင်းကို ခံနိုင်ရည်ရှိလေသည်။

သို့သော်လည်း အသက်ကြီးကြီး အမျိုးသားကတော့ သူ့မှာ အသက်ရှင်ဖို့အတွက် နှစ်တစ်ထောင်ကျော်ကျော် ဘဝသက်တမ်းသာလျှင် ကျန်ရှိတော့လေသည်။

သူက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ ရောက်မလာခင်မှာပင် ထိုအဘိုးအို၏ ဘဝသက်တမ်းက လျင်မြန်စွာ လျော့ကျသွားပြီး ထွက်ပြေးဖို့ပင် အခွင့်အရေးမရတော့ပေ။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဘိုးဘေးနတ်ဘုရားတစ်ယောက်က သေဆုံးသွားလေသည်။

All Chapters