← Chapters

နတ်ဘုရားကို သတ်ဖြတ်ခြင်း

Vol. 103 Ch. 1538

နတ်ဘုရားကို သတ်ဖြတ်ခြင်း

Vol. 103 Ch. 1538

မဟာယာနမျိုးနွယ်စုခေါင်းဆောင်....

ဒါ့အပြင် အဲ့ဒါက နတ်ဘုရားမျိုးနွယ်၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်၏။ သူက ရှင်သန်ဖို့အတွက် ဘဝသက်တမ်း နှစ်တစ်ထောင်ကျော်ပဲရှိတော့သည်ဆိုလျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် လူသားမျိုးနွယ်စုခေါင်းဆောင်များ ရင်မဆိုင်ဝံ့သည့်တစ်စုံတစ်ရာဖြစ်လေသည်။

သို့သော်လည်း ကျတ်တီးမြေ၏ လွှမ်းခြုံမှုအောက်တွင် ဘိုးဘေးနတ်ဘုရားသည် သစ်ရွက်တစ်ရွက်ကဲ့သို့ ညှိုးခြောက်သွားရ၏။ သူ၏ မျက်နှာက အရေးအကြောင်းများဖြင့် ပြည့်နှက်သွားပြီး သူ၏ အကြည့်က မှေးမှိန်ကာ လူရိုင်းနန်းတော်ထဲမှာ လဲပြိုကျသွားလေသည်။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်က ပေါ်ထွက်လာ၏။

မိုးကောင်းကင်ပ​​ဒေသရာဇ်၏ အမူအရာကလည်း ပြောင်းလဲသွား၏။

သူသည် ကျတ်တီးမြေအတွင်းမှာရှိနေပြီး အချိန်တိုအတွင်း ဘဝသက်တမ်းယိုယွင်းပျက်စီးမှုကို သည်းခံနိုင်သေးလေသည်။ သို့သော်လည်း အစစ်အမှန်အန္တရာယ်သည် အပေါ်ကနေ ဆင်းသက်လာသော နဂါးဝိညာဥ်ဆေဘာထံမှ လာခြင်းဖြစ်၏။

နဂါးဟိန်းဟောက်သံကနေ ကျတ်တီးမြေ ထွက်ပေါ်လာချိန်ထိ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နဂါးဝိညာဥ်ဆေဘာက တစ်ချိန်လုံး ရုပ်သိမ်းသွားခြင်းမရှိဘဲ မိုးကောင်းကင်ပဒေသရာဇ်၏ ဦးခေါင်းထံသို့ ကျဆင်းလာနေဆဲ ဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကျတ်တီးမြေကို ထုတ်ဖော်ပြီးနောက် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် အနောက်သို့ဆုတ်၍ ဘိုးဘေးနတ်ဘုရားတစ်ယောက်က သေဆုံးသွားရ၏။ ကျန်ရှိနေသော ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကလည်း ကျတ်တီးမြေ၏ လွှမ်းခြုံမှုအောက်တွင် အရှိန်အဟုန်နှေးကွေးသွားရ၏။

ဆိုလိုသည်မှာ မိုးကောင်းကင်ပဒေသရာဇ်သည် သူ့အသက်ကို သူကယ်တင်ရပေတော့မည်။

သူသည် ဆူဇီမို၏ ခုတ်ချက်ကို ခုခံနိုင်ပြီး အချိန်တချို့ ဆွဲထားနိုင်မည်ဆိုလျှင် ဘိုးဘေးနတ်ဘုရားနှစ်ယောက်က ရောက်ရှိလာပေလိမ့်မည်။

မိုးကောင်းကင်ပ​ဒေသရာဇ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲရှိ အေးစက်မှုကို တွေ့မြင်သောအခါ သူက ရင်တစ်ချက်ထိတ်သွား၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်လိုစိတ်က အရမ်းကိုပြင်းထန်လွန်းလေသည်။

မိုးကောင်းကင်ပဒေသရာဇ်က သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏ သွေးချီကို တလိပ်လိပ် တက်လာစေ၏။ သူက နဂါးဝိညာဥ်ဆေဘာကို ခုခံဖို့အတွက် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ချင်လေသည်။

ရုတ်တရက်ဆိုသလို...

မိုးကောင်းကင်ပဒေသရာဇ်၏ အမူအရာက ပြောင်းလဲသွား၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နဂါးဝိညာဥ်ဆေဘာသည် ခုတ်ပိုင်းကျဆင်းလာပြီး ဆေဘာစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုဆေဘာစိတ်ဆန္ဒ၏ လွှမ်းခြုံမှုအောက်တွင် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးက အေးခဲသွား၏။

“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

မိုးကောင်းကင်ပဒေသရာဇ်က တုန်လှုပ်သွားရ၏။

နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးသည် မွေးရာပါ မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံနိုင်သည့်အဆင့်မှာ ရှိလေသည်။

သို့သော် ယခုအခါ ဆေဘာစိတ်ဆန္ဒ၏ လွှမ်းခြုံမှုအောက်တွင် မျိုးဆက်သွေးနယ်မြေတစ်ခုကို ထုတ်ဖော်ဖို့နေနေသာ ဆူနာမီသွေးကပင်လျှင် ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏ နတ်ဘုရားသွေးက တဖြည်းဖြည်းငြိမ်သက်လာပြီး သူ့ခန္ဓာကိုယ်ထဲမှာ မလှုပ်မယှက် ရှိလာခဲ့၏။

နဂါးများသည်ပင် ထိုခုတ်ချက်ကို မတွေ့မြင်ဖူးကြပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဤနေရာမှာ မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ဖြတ်ဖို့အတွက် ပြတ်သားစွာဖြင့် တိုက်ခိုက်လာ၏။ သူသည် လုံးဝထိန်ချန်ခြင်းမရှိပဲ ဆေဘာဧကရာဇ်၏ အမွေအနှစ်ထဲမှ စွမ်းအားအကြီးဆုံး လှုပ်ရှားကွက် တည်ငြိမ်ပင်လယ်ကို ထုတ်ဖော်လိုက်ခြင်းဖြစ်၏။

တည်ငြိမ်ပင်လယ်ကို ထုတ်ဖော်လိုက်သည်နှင့် မိုးကောင်းကင်ပဒေသရာဇ်သည် မနှိုင်းယှဥ်သာအောင် သန်မာသော နတ်ဘုရားသွေးကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူ၏ သွေးက ငြိမ်သက်သွားရပေလိမ့်မည်။

စဦးအရေးနိမ့်ပြီးနောက် မိုးကောင်းကင်ပဒေသရာဇ်အနေဖြင့် ဓမ္မပညာရပ်တစ်ခုကို စုဖွဲ့ဖို့ပင် နောက်ကျသွားခဲ့လေပြီ။

သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ မျက်လုံးနှစ်ဖက်က ချက်ချင်းပင် ရွှေရောင်အဖြစ်ပြောင်းလဲပြီး ဝင်းလဲ့တောက်ပလာ၏။

စက္ခုနည်းစနစ်...

စက္ခုနည်းစနစ်တစ်ခု၏ လျှပ်တပြက် ထုတ်ဖော်နိုင်စွမ်းသည် ချက်ချင်းလက်ငင်း အန္တရာယ်ကို ချေဖျက်ပြီး အရှုံးကနေ အနိုင်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်၏။

သို့သော်လည်း သူ၏ နတ်ဘုရားမျက်လုံးကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ပို၍ပင်တောက်ပသော အနီရောင်အလင်းတစ်ခုက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲကနေ ရုန်းကန်ထွက်ပေါ်လာသည်ကို သူကတွေ့မြင်လိုက်ရ၏။

မီးပဒေသာမျက်လုံး...

အဲ့ဒါသည် မီးပဒေသာနဂါးမျက်လုံးထက်ပင် ပို၍ကြောက်စရာကောင်းသော စက္ခုနည်းစနစ်တစ်ခုဖြစ်၏။

စက္ခုနည်းစနစ်နှစ်ခုက လေထဲမှာပင် ထိတွေ့သွား၏။

ရွှေရောင်အလင်းက အနီရောင်အလင်းနှင့် ထိတွေ့မိသည့်ခဏမှာပင် ၎င်းက စတင်ပျက်ပြယ်သွား၏။

အနီရောင်အလင်းက တလိပ်လိပ်ဆက်တိုးလာပြီး မိုးကောင်းကင်ပဒေသရာဇ်၏ မျက်လုံးထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။

“အား...”

မိုးကောင်းကင်ပဒေသရာဇ်က စူးစူးဝါးဝါး အော်ဟစ်၍ အနီရောင်အလင်းတန်းနှစ်ခုကြောင့် သူ၏ မျက်လုံးနှစ်ဖက်က ကွယ်သွားခဲ့လေပြီ။

သူက နာကျင်မှုဖြင့် သတိလစ်လုမတတ်ဖြစ်သွားရ၏။ သို့သော်လည်း နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားအနေဖြင့် သူသည် သူ၏အသိစိတ်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အစစ်အမှန်အန္တရာယ်က ယခုအချိန်ထိ ရောက်ရှိမလာသေးကြောင်း သိထားလေသည်။

အဲ့ဒါက သူ၏ ဦးခေါင်းထက်ရှိ နဂါးဝိညာဥ်ဆေဘာဖြစ်၏။

မိုးကောင်းကင်ပဒေသရာဇ်သည် သူ၏ မူပိုင်ဓမ္မလက်နက်ကိုပင် ဆင့်ခေါ်ဖို့ အချိန်မရဘဲ နဂါးဝိညာဥ်ဆေဘာကို ခုခံဖို့အတွက် သူ၏ လက်နှစ်ဖက်ကို အလိုလိုပင့်မြှောက်လိုက်၏။

ဖြောင်း...

ဓားသွားက ဆင်းသက်လာပြီး မည်သည့်ခုခံမှုမှ မရှိဘဲ မိုးကောင်းကင်ပဒေသရာဇ်၏ လက်နှစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်၏။

အဲ့ဒီနောက် လူတိုင်း၏ ရှေ့မှောက်မှာပင် ဓားသွားက မိုးကောင်းကင်ပဒေသရာဇ်၏ ဦးခေါင်းထိပ်ဖျားသို့ တိုးဝင်ပြီး အေးအေးလူလူပင် အောက်သို့ ခုတ်ပိုင်းကျဆင်းသွား၏။

၎င်းသည် သူ၏ အသိစိတ်ကို ထိုးခွင်းပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးကာ သူ့ကို နှစ်ပိုင်းကွဲထွက်သွားစေ၏။

မိုးကောင်းကင်ပဒေသရာဇ်၏ ခန္ဓာကိုယ်သည် ဓားသွားဖြင့် ဖြည်းဖြည်းချင်း နှစ်ပိုင်းထိုးခွဲခံလိုက်ရ၏။

ဓားသွားက မိုးကောင်းကင်ပ​ဒေသရာဇ်၏ အသားနှင့်အရိုးတို့ကို ဂျစ်ဂျစ်ဂျက်ဂျက်အသံတစ်ခုနှင့်အတူ ထိုးခွဲသွားလေသည်။

နဂါးဝိညာဥ်ဆေဘာက အရမ်းကိုထက်ရှလွန်း၏။

အဲ့ဒါသည် ဆေဘာဧကရာဇ်ချန်ထားရစ်ခဲ့သော ဓမ္မလက်နက်တစ်ခုဖြစ်ပြီး မိုးကောင်းကင်ပဒေသရာဇ်၏ ခန္ဓာကိုယ်ပင်လျှင် မခုခံနိုင်သော အစစ်အမှန်ဂမ္ဘီရလက်နက်တစ်ခုဖြစ်၏။

တည်ငြိမ်ပင်လယ် ဆေဘာစိတ်ဆန္ဒ၏ လွှမ်းခြုံမှုအောက်တွင် မိုးကောင်းကင်ပဒေသရာဇ်၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲထွက်သွားသော်လည်း သူ၏ ဒဏ်ရာများနှင့် ကိုယ်တွင်းအင်္ဂါများမှ ထွက်ပေါ်လာသော သွေးများသည် သူ၏ ခန္ဓာကိုယ်ထဲမှာပင် အေးခဲသွားရဆဲ ဖြစ်၏။

မည်သည့်သွေးတစ်စက်ကမှ ဖိတ်စင်ကျမလာခဲ့ပေ။

ချက်ချင်းပင် လူရိုင်းနန်းတော်တစ်ခုလုံးက သေလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွား၏။

လူရိုင်းမျိုးနွယ်၏ သခင်လေး... လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်နှင့် နဂါးများသည် တုန်လှုပ်ရလွန်း၍ အသက်ရှုဖို့ပင် မေ့လျော့နေကြ၏။

မိုးကောင်းကင်ပဒေသရာဇ်ဟုကျော်ကြားသော နတ်ဘုရားမျိုးနွယ်၏ သခင်လေးသည် လူရိုင်းနန်းတော်ထဲမှာ သတ်ဖြတ်သုတ်သင်ခံလိုက်ရလေပြီ။ ဒါ့အပြင် အဲ့ဒါက ကမ္ဘာဦးမျိုးနွယ်များ၏ မျိုးနွယ်စုခေါင်းဆောင် ၅ယောက်၏ ရှေ့မှာ ဖြစ်၏။ ဒါ့အပြင် ကမ္ဘာဦးမျိုးနွယ်များ၏ မျိုးနွယ်စုခေါင်းဆောင်များက သူတို့၏ လှုပ်ရှားမှုကို ပြုလုပ်လိုက်ဆဲဖြစ်၏။။

သူတို့သည် စစချင်းတိုက်ခိုက်ခဲ့သော်လည်း မိုးကောင်းကင်ပဒေသရာဇ်ကို ကယ်တင်ရာမှာ ကျရှုံးသွားရဆဲဖြစ်၏။

အဲ့ဒါထက် ဘိုးဘေးနတ်ဘုရားတစ်ယောက်ကပင် သူ၏ ဘဝသက်တမ်းကို ကုန်ဆုံးစေပြီးနောက် အရင်ဆုံးပင် သေဆုံးသွားရ၏။

ဖြစ်စဥ်တစ်ခုလုံးက ရှည်လျားသည်ဟု ထင်ရသော်လည်း တကယ်တော့ အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။

မိုးကောင်းကင်ပဒေသရာဇ်က အကြောင်းမဲ့သက်သက်သေဆုံးသွားရခြင်း မဟုတ်ပေ။

ထိုအချိန်တိုအတွင်းမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဝှက်ဖဲများစွာကို ထုတ်ဖော်ခဲ့၏။ ပထမဆုံး နဂါးဟိန်းသံနှင့် တည်ငြိမ်ပင်လယ်... အဲ့ဒီနောက် ကျတ်တီးမြေနှင့် မီးပဒေသာမျက်လုံးတို့ဖြစ်လေသည်။

“ပြဿနာအကြီးကြီးတက်ပြီ”

လုံရှီနှင့် အခြားသူများသည် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူတို့၏ ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကျတ်တီးမြေက စွမ်းအားကြီးမားသော်လည်း အဲ့ဒါသည် ဘဝသက်တမ်းလုံလောက်အောင်ရှိသော မျိုးနွယ်စုခေါင်းဆောင်များအတွက် သေစေနိုင်စွမ်းအား မမြင့်မားပေ။

ဒါ့အပြင် ကျတ်တီးမြေ၏ စွမ်းအားက ပျက်ပြယ်လာနေပြီဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင်များကို ခြိမ်းခြောက်နိုင်သည့် ဝှက်ဖဲတစ်ချပ်ကို အသုံးပြုခဲ့ပြီးလေပြီ။

ကျန်ရှိနေသော ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ အမျက်ဒေါသအောက်တွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သေချာပေါက် အန္တရာယ်ရှိလာပေလိမ့်မည်။

ဒါ့အပြင် ဤနေရာက လူရိုင်းနန်းတော်... လူရိုင်းမျိုးနွယ်၏ ပိုင်နက်နယ်မြေဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ဖြတ်လိုက်သည့်အတွက် လူရိုင်းမျိုးနွယ်ကလည်း ဒေါသူပုန်ထနေပေလိမ့်မည်။

လူရိုင်းမျိုးနွယ်ကလည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တိုက်ခိုက်လာမည်ဆိုလျှင်...

“လုံမို... မင်းဘယ်လိုတောင် လုပ်ရဲတာလဲ... မင်းက လူရိုင်းနန်းတော်ထဲမှာ သတ်ဖြတ်ရဲတယ်ပေါ့... မင်းက တဗူးနဂါးဖီးနစ်ဖြစ်နေတာနဲ့ပဲ လူရိုင်းမျိုးနွယ်က မင်းကို မချိုးနှိမ်ရဲဘူးလို့ ထင်နေတာလား”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သုန်မှုန်နေသော အမူအရာနှင့်အတူ အော်ပြောလိုက်၏။

တကယ်ဆို... လူရိုင်းမျိုနွယ်စုခေါင်းဆောင်က ဒေါသတကြီးတိုက်ခိုက်လာခဲ့ပြီဖြစ်၏။

“သူနဲ့စကားအပို ပြောမနေနဲ့တော့”

ဘိုးဘေးနတ်ဘုရား အမျိုးသမီးအိုက မကောင်းဆိုးဝါးဆန်ဆန်ပြောလိုက်၏။

“တဗူးတွေက သွေးဆာရက်စက်လွန်းတယ်... သူက အပြည့်အဝကြီးထွားမလာခင်မှာတင် ဒီလောက်ထိမောက်မာနေပြီ... သူသာ ဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင်... ငါတို့ကမ္ဘာဦးမျိုးနွယ်တွေက သူ့ရဲ့သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်”

“သတ်...”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် ဟိန်းဟောက်၍ သူ၏ သွေးချီကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

သူ၏ လက်ချောင်းကြားကနေ ဧရာမဓားတစ်ချောင်းက ရုတ်တရက်ပေါ်ထွက်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံသို့ ပြေးဝင်သွား၏။

အမျိုးသမီးအို ဘိုးဘေးနတ်ဘုရား၏ အမြုတေစိတ်ဝိညာဥ်က လှုပ်ရှားသွားပြီး သူမ၏ လက်ချောင်းပေါ်ရှိ လက်စွပ်ထဲကနေ တောင်ဝှေးတစ်ချောင်းက ပျံသန်းထွက်ပေါ်လာ၏။ ထိုတောင်ဝှေးကို ဆုပ်ကိုင်ပြီး မြေပြင်ပေါ်သို့ ပစ်ဆောင့်ချကာ စူးစူးရှရှ မြည်သံတစ်သံကို ထွက်ပေါ်လာစေ၏။

အစကတော့ လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်၏။

သို့သော်လည်း သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်၍ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီဖြစ်၏။

ဘုန်း... ဘုန်း...

မြင့်မားသော ပုံရိပ်နှစ်ခုက ယိမ်းထိုး၍ ခန်းမထဲမှရောက်ရှိလာပြီး ထကြွသောင်းကျန်းသော စွမ်းပကားတစ်ခုနှင့်အတူ ရှေးဟောင်းနတ်ဘုရားသက်ရှိတစ်ပါး ဆင်းသက်လာသည့်အလား ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုကို ထုတ်ဖော်လာ၏။

ဘိုးဘေးအဆင့် ပညာရှင်နှစ်ယောက်က တစ်ချိန်တည်းမှာဆင်းသက်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တိုက်ခိုက်လိုက်ကြ၏။

တစ်ခဏချင်းမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက လွန်မင်းစွာ အန္တရာယ်ရှိလာခဲ့လေပြီ။

မဟာယာနအဆင့်သို့ဝင်ရောက်၍ အစစ်အမှန် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီးနောက် လူတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာတိုးလာပေလိမ့်မည်။

သူတို့၏ ကိုယ်ကာယနှင့် ခန္ဓာကိုယ်တို့ကလည်း သိသာထင်ရှားစွာ အသွင်ပြောင်းလဲလာပေလိမ့်မည်။

ဤကွာဟချက်ကို ဖာထေးဖို့အတွက် အလွန်တရာခဲယဥ်းလေသည်။

လုံစန်းနှင့် အခြားသူများသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ကူညီချင်သော်လည်း သူတို့သည် မျိုးနွယ်စုခေါင်းဆောင်များနှင့် တိုက်ခိုက်ဖို့နေနေသာ သူတို့သည် စွမ်းအားကင်းမဲ့၍ သူ့ထံသို့ပင် ချဥ်းကပ်မသွားနိုင်ကြပေ။

All Chapters