← Chapters

ဘိုးဘေးနတ်ဘုရားများနှင့်တိုက်ခိုက်ခြင်း

Vol. 103 Ch. 1539

ဘိုးဘေးနတ်ဘုရားများနှင့်တိုက်ခိုက်ခြင်း

Vol. 103 Ch. 1539

ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်၏ စွမ်းပကားက အရမ်းကိုသန်မာလွန်းပြီး မွန်းကျပ်ဖွယ်ရာ ဖိအားတစ်ခုနှင့်အတူ သိပ်သည်းပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ရောက်ရှိလာ၏။

စောစောက ကျတ်တီးမြေ၏ စွမ်းအားနှင့်တုန်းက ဘိုးဘေးနတ်ဘုရားများသည် စိုးရိမ်ပူပန်နေခဲ့ပြီး သူတို့၏ စွမ်းပကားကို မထုတ်ဖော်နိုင်ခဲ့ပေ။

ယခုအခါ ကျတ်တီးမြေက ​ပျက်ပြယ်သွားပြီး ဘိုးဘေးအဆင့် ပညာရှင်လေးယောက်သည် ဆက်လက်၍ ငဲ့ကွက်ထိန်းချန်ခြင်း မရှိတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားပြီး သူတို့၏ ဓမ္မရတနာများကို ချက်ချင်းဆင့်ခေါ်ကာ ဆူဇီမိုထံသို့ ခုတ်ပိုင်းချလာကြ၏။

ဓမ္မရတနာများက ဓမ္မလက်နက်များထက် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့် ပိုမြင့်လေသည်။

အဲ့ဒါက သိသာထင်ရှားသော အသွင်ပြောင်းလဲမှုတစ်ရပ်ဖြစ်၏။

ဤအသွင်ပြောင်းလဲမှုသည် လက်နက်သွန်းလုပ်မှုနည်းစနစ် သို့မဟုတ် ထည့်သွင်းပြုလုပ်ထားသော ရှားပါးပစ္စည်းများနှင့် မသက်ဆိုင်ပေ။

မည်သည့်ဓမ္မလက်နက်ပင်ဖြစ်စေ ဓမ္မစွမ်းအားများနှင့် သန့်စင်မွန်းမံပြီးမှသာ အဲ့ဒါကို ဓမ္မရတနာတစ်ခုဟု ခေါ်ဆိုနိုင်လေသည်။

ပိုမိုများပြားသော ဓမ္မစွမ်းအားများနှင့် မီးဆေးထားလေလေ ဓမ္မရတနာများ၏ စွမ်းအားက ပိုမိုကြီးမားလေလေဖြစ်၏။

သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြင့် သန့်စင်မွန်းမံထားသော ဓမ္မရတနာတစ်ခုသည် ထုံးစံအားဖြင့် သာမန်နတ်ဘုရားစွမ်းအား ဆယ်ခုဖြင့် မွန်းမံသန့်စင်ထားသော ဓမ္မရတနာတစ်ခုထက် နိမ့်ကျလေသည်။

သို့သော်လည်း သာမန်နတ်ဘုရားစွမ်းအား ဆယ်ခုဖြင့် မွန်းမံသန့်စင်ထားခြင်းသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုဖြင့် သန့်စင်မွန်းမံထားခြင်းကို မယှဉ်နိုင်ပေ။

သို့သော်လည်း အဆင့်မြင့်နတ်ဘုရားစွမ်းအားများဖြစ်စေ ၊ သာမန်နတ်ဘုရားစွမ်းအားများဖြစ်စေ ဓမ္မရတနာများသည် ဓမ္မလက်နက်များထက် ပကတိအားသာချက်တစ်ရပ်ရှိလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်စေကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အင်အားကြီးမားသော စွမ်းပကားအောက်တွင် သူ၏ ပုံရိပ်က အလျင်အမြန်ပြောင်းလဲသွား၏။

“ဂါး...”

နဂါးဟိန်းသံနှင့် ဖီးနစ်အော်သံက ပေါက်ကွဲထွက်ပေါ်လာ၏

ထို့နောက်... ချက်ချင်းပင် လူတိုင်း၏ ရှေ့မှောက်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပျောက်ကွယ်သွားပြီး အဲ့ဒီနေရာမှာ ဧရာမသတ္တဝါတစ်ကောင်က အစားထိုးဝင်ရောက်လာ၏။

နဂါးဦးခေါင်းနှင့် အမြီးက မြောက်တက်လာပြီး ၎င်း၏ ကျောပေါ်မှာ ဧရာမတောင်ပံတစ်စုံရှိလေသည်။ ၎င်းသည် အနီရောင်တောက်တောက်အလင်းတစ်ခုဖြင့် လွှမ်းခြုံထားပြီး မီးတောက်များကကြားကနေ ပေါ်ထွက်လာကာ မီးတောင်များကိုထိန်းချုပ်သော နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေ၏။

ဧရာမသတ္တဝါ၏ ဝမ်းဗိုက်အောက်ရှိ လက်သည်းများက မည်သည့်သက်ရှိကိုမဆို ဆုတ်ဖြဲပစ်နိုင်သည့်အလား ထက်ရှနေ၏။

ထိုသတ္တဝါထံမှ ပေါက်ကွဲထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် စွမ်းပကားတစ်ခုသည် ဘိုးဘေးအဆင့် ပညာရှင်လေးယောက်နှင့် ယှဥ်နိုင်လေသည်။

ဘိုးဘေးအဆင့်လူရိုင်းနှစ်ယောက်နှင့် ဘိုးဘေးအဆင့် နတ်ဘုရားမျိုးနွယ်နှစ်ယောက်သည် ထိုဖိအားနှင့် ရင်ဆိုင်ရာမှာ ခဏမျှ မှက်တက်သွားကြ၏။

နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက သန်မာလေသည်။

သို့သော်လည်း ထိုကြီးမားသော သတ္တဝါနှင့် ရင်ဆိုင်ရချိန်မှာ နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက ဖိနှိမ်ခံလိုက်ရ၏။

အဲ့ဒါက တဗူးတစ်ကောင်၏ စွမ်းပကားဖြစ်၏။

နဂါးဖီးနစ်က ဆင်းသက်ပေါ်ထွက်လာခဲ့လေပြီ။

လူရိုင်းနန်းတော်ထဲရှိ အပူအချိန်က ချက်ချင်းပင် မြင့်တက်လာခဲ့၏။

လုံစန်းနှင့် အခြားသူများက တုန်လှုပ်သွားသော အမူအရာများနှင့်အတူ နောက်သို့ခုန်ဆုတ်လိုက်ကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နဂါးအရိုးတောင်ကြားသို့ ပြန်ရောက်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူတို့သည် နဂါးဖီးနစ်၏ အစစ်အမှန်ပုံစံကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ရခြင်းပင်ဖြစ်လေသည်။

တုန်လှုပ်မှုနှင့် သူတို့အပေါ် ထိတွေ့ရိုက်ခတ်မှုက ဖော်မပြနိုင်အောင်ပင်ဖြစ်​လေသည်။

လူရိုင်းနန်းတော်မှာ နဂါးဖီးနစ်နှင့် မျိုးနွယ်စုခေါင်းဆောင်လေးယောက်၏ ထိတွေ့ရိုက်ခတ်မှုက ပတ်ဝန်းကျင် လေဟာနယ်တစ်ခုလုံးကို တွန့်လိမ်သွားစေ၏။

လုံစန်းနှင့် အခြားသူများက အချိန်မီနောက်မဆုတ်ခဲ့ပဲ မတော်တဆ ထိုစက်ကွင်းထဲသို့ စုပ်ယူခြင်းခံရလျှင် သူတို့သည် အပိုင်းပိုင်းဆုတ်ဖြဲပစ်ခံရဖို့ အခွင့်များလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ လူသားပုံစံမှာ ဆက်ရှိနေမည်ဆိုလျှင် သူ့အနေဖြင့် မျိုးနွယ်စုခေါင်းဆောင် လေးယောက်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ခဲယဥ်းပေလိမ့်မည်။

နဂါးဖီးနစ်တစ်ကောင်အဖြစ် သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့် မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ပြီးမှသာလျှင် သူက မျိုးနွယ်စုခေါင်းဆောင်များနှင့် တိုက်ခိုက်နိုင်ပေလိမ့်မည်။

နဂါးဖီးနစ်၏ အစစ်အမှန်ပုံစံပေါ်ထွက်လာသောအခါ လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ မျက်လုံးထဲတွင် တွေဝေတုံ့ဆိုင်းမှုအရိပ်အယောင်များက ပေါ်ထွက်လာ၏။

သူတို့သည် နတ်ဘုရားမျိုးနွယ်ကိုဖြစ်စေ ၊ နဂါးမျိုးနွယ်ကိုဖြစ်စေ မဆန့်ကျင်လိုကြပေ။

ဒါ့အပြင် နဂါးမျိုးနွယ်က ဒီဘက်မျိုးဆက်မှာ တဗူးတစ်ကောင်ကို ပိုင်ဆိုင်ထား၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကတော့ လုံးဝ တွေဝေတုံ့ဆိုင်းမနေပေ။ သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တွေ့မြင်သောအခါ သူတို့၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံသို့ သူတို့၏ လက်သီးချက်များကို ထုတ်ဖော်လိုက်ကြ၏။

“အဲ့ဒါက တဗူးတစ်ကောင်ဖြစ်နေမယ်ဆိုရင်တောင် နတ်ဘုရားမျိုးနွယ်က အဲ့ဒါကို သတ်ဖြတ်ရဲတယ်”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက တင်းမာခက်ထန်စွာ ပြောလိုက်၏။

နဂါးဖီးနစ်သည် တဗူးတစ်ကောင်ဖြစ်သော်လည်း ထိုသူက ယခုအချိန်အထိ အပြည့်အဝကြီးထွားမလာသေးဟု သူက ခံစားမိလေသည်။

အဲ့ဒါက တဗူးတစ်ကောင်ကိုသတ်ဖြတ်ဖို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်လေသည်။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက သူ့လက်ထဲရှိ ဧရာမဓားကို လွှဲယမ်းပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်စေကာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ တောင်ပံများဆီသို့ အေးစက်နေသော ရွှေရောင်အလင်းတစ်ခုနှင့်အတူ ခုတ်ပိုင်းချလိုက်၏။

အမျိုးသမီးအိုကတော့ သူမသည် သူမ၏ တောင်ဝှေးကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းဆီသို့ ပစ်ရိုက်ချလိုက်၏။

သူမသည် သူမဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူမ၏ ရုန်းကန်ပေါက်ကွဲအားက အလွန်တရာစွမ်းအားကြီးမား၍ တုန်လှုပ်စရာကောင်းနေဆဲ ဖြစ်၏။

သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထွက်လမ်းများကို အပြည့်အဝ ပိတ်ဆို့ထားလေသည်။

“ဒီတောင်ဝှေးကို ဘိုးဘေးနဂါးတစ်ကောင်ရဲ့ အရိုးအစစ်ကနေ ပြုလုပ်ထားတာပဲ... ဘိုးဘေးနဂါးရဲ့ မကျေမချမ်းမှုတွေကို အဲ့ဒီထဲမှာ ချိပ်ပိတ်ထားပြီး ဘိုးဘေးနဂါးရဲ့သွေးစက်တွေနဲ့ နှစ်ပေါင်း ၇၇၄၉ နှစ် ကြာအောင် အဲ့ဒါကို သန့်စင်ထားတာ”

အမျိုးသမီးအိုက မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်၏။

“တဗူး... ငါ့ရဲ့နဂါးဦးခေါင်းတောင်ဝှေးရဲ့ စွမ်းပကားကို နင့်ကို ပြပေးမယ်”

“ဂါး...”

အမျိုးသမီးအို၏ တောင်ဝှေးထဲမှ နတ်ဘုရားသွေးက တလိပ်လိပ်တက်လာပြီး ကြီးမား၍ကြောက်စရာကောင်းသော နဂါးဦးခေါင်းတစ်ခုက ပေါ်ထွက်လာကာ နဂါးဟိန်းသံတစ်သံကို ထုတ်ဖော်လိုက်၏။

နဂါးဦးခေါင်းက ထွက်ပေါ်လာပြီးနောက် ၎င်း၏ မျက်လုံးများက နီရဲ၍ အဆုံးမဲ့ မကျေမချမ်းမှုများဖြင့် ပြည့်နှက်နေ၏။ ၎င်းက ဆင်ခြင်တုံတရားလုံးဝပျောက်ဆုံးနေပြီး လောကရှိ သက်ရှိများအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်ဟုထင်ရ၏။

နဂါးဖီးနစ်တဗူးနှင့် ရင်ဆိုင်ရလျှင်တောင် နတ်နဂါး၏ မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေပေ။

ချွင်... ချွမ်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အောက်ဘက်မှ လက်သည်းငါးဖက်က တစ်ချိန်တည်းမှာ ဆန့်တန်းလာပြီး လေထဲကနေ ခုတ်ပိုင်းကျဆင်းလာသော ဧရာမဓားကို ဖမ်းဆွဲလိုက်၏။

“မင်းကတော့... သေချင်နေပြီပဲ”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

အဲ့ဒီမှာ လက်သည်းအရိပ်များနှင့် အေးစက်စက်အလင်းတစ်ခုက ရောထွေးသွားလေသည်။

ချွမ်... ချွမ်.... ချွမ်...

နဂါးဖီးနစ်လက်သည်းက ဘိုးဘေးနတ်ဘုရား၏ ဧရာမဓားနှင့် ထပ်တလဲလဲ ရိုက်ခတ်ပြီး မီးပွားများက လွင့်စင်ထွက်လာ၏။

ဧရာမဓားသည် နဂါးဖီးနစ်လက်သည်းကို မဖြတ်တောက်နိုင်ပေ။ ထိုအစား ၎င်းသည် နဂါးဖီးနစ်လက်သည်း၏ တင်းကျပ်စွာ ဖမ်းဆုပ်ခြင်းကို ခံရပြီး ဓားသွားက တုပ်တုပ်မှမလှုပ်နိုင်အောင် ချုပ်နှောင်ခံလိုက်ရ၏။

တစ်ချိန်တည်းမှာပင်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ၎င်း၏ တောင်ပံများကို ခတ်ပြီး ဝင်ရောက်လာသော နတ်နဂါးဦးခေါင်းကို ပစ်ရိုက်ကာ ၎င်းကို ကြေမွသွားစေ၏။

ချက်ချင်းပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး ဝင်ရောက်လာသော နဂါးဦးခေါင်းတောင်ဝှေးကို ဖမ်းကိုက်လိုက်လေသည်။

“ဟမ့်...”

အမျိုးသမီးအိုကလည်း တုန်လှုပ်သွားပြီး သူမ၏ နဂါးဦးခေါင်းတောင်ဝှေးကို အလိုလိုပြန်ဆွဲကာ နောက်သို့ဆုတ်ချင်လေသည်။ သို့သော်လည်း သူမ၏ အစွမ်းကုန်ကို ဘယ်လိုပင် ထုတ်ဖော်သည်ဖြစ်စေ အဲ့ဒါကို တုပ်တုပ်မျှ မလှုပ်စေနိုင်တော့ပေ။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနဲ့ အမျိုးသမီးအို၏ ဓမ္မရတနာများက စွမ်းအားကြီးမားသော်လည်း သူတို့သည် သာမန်နတ်ဘုရားစွမ်းအားများနှင့် သန့်စင်မွန်းမံထားသော ဓမ္မရတနာများအဖြစ်သာရှိနေဆဲ ဖြစ်၏။

သို့သော်လည်း တဗူးတစ်ကောင်အနေဖြင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အသန်မာဆုံးနှင့် သေစေနိုင်စွမ်းအား အမြင့်မားဆုံး အစ်ိတ်အပိုင်းများသည် သူ၏ ဝမ်းဗိုက်အောက်ရှိ နဂါးဖီးနစ်လက်သည်းများနှင့် သူ၏ ထက်ရှသော သွားစွယ်များဖြစ်လေသည်။

ဘိုးဘေးနတ်ဘုရား ဓမ္မလက်နက်များသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို မထိခိုက်စေနိုင်ပေ။ ထိုအစား သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထိန်းချုပ်ခြင်းကို ခံရပြီး နှစ်ဘက်စလုံးက ခွန်အားကုန်စိုက်ထုတ်နေကြရ၏။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအိုတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။ သူတို့၏ ပူးပေါင်းခွန်းအားနှင့်ပင် သူတို့၏ လက်နက်များကို ပြန်ဆွဲမယူနိုင်ကြပေ။

“လူရိုင်းမျိုးနွယ်... ခင်ဗျားတို့က ဘာကိုစောင့်နေတာလဲ”

ရုတ်တရက် သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက ငေါက်ငမ်းလိုက်၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် သူတို့သည် ရှေ့သို့တိုးဝင်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဖိနှိမ်ဖို့အတွက် သူတို့၏ လက်သီးများကို လွှဲယမ်းလိုက်ကြ၏။

သူတို့၏ ဧရာမလက်သီးများက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ တောင်များကဲ့သို့ ဆင်းသက်လာ၏။

ရွှစ်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက နောက်သို့လုံးဝပြန်လှည့်မလာခဲ့ပေ။ သူက သွေးနီရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော အမြီးကို လွှဲယမ်းပြီး လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ လက်သီးများကို ကျယ်လောင်သောမြည်သံနှင့်အတူ ပစ်ရိုက်ချလိုက်၏။

ဘုန်း...

အဲ့ဒါက ကမ္ဘာတုန်လောက်လေသည်။

လူရိုင်းနန်းတော်ကပင်လျှင် ပြင်းထန်စွာ တုန်ခါသွား၏။

ဘုန်း... ဘုန်း..

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် တုန်လှုပ်သွားသောအမူအရာများနှင့်အတူ အဆက်မပြတ်နောက်သို့ဆုတ်လိုက်ကြရ၏။

သူတို့ထုတ်ဖော်လိုက်သော ဘိုးဘေးအဆင့်၏ ရုန်းကန်အောက်ကွဲစွမ်းအားက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးဖီးနစ်တစ်ကောင်၏ အမြီးရိုက်ချက်တစ်ချက်ကို မခုခံနိုင်ခဲ့ပေ။

ဒါ့အပြင် နဂါးဖီးနစ်အမြီးနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် သူတို့၏ လက်သီးများပေါ်မှာ ငြှိမ်းသတ်၍ မလွယ်ကူသော သွေးနီရောင်မီးတောက်များကိုပင် လက်ခံရရှိလိုက်ကြ၏။

သွေးနီရောင်မီတောက်များက လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ လက်ဖျံများတစ်လျှောက်ပင် လောင်ကျွမ်းလာခဲ့၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ လက်ဖျံများပေါ်ရှိ သားမွေးထူထူများက သိပ်မကြာခင် လောင်ကျွမ်းပြာကျသွား၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ထိပ်ထိပ်ပျာပျာအမူအရာဖြင့် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ရိုက်ပုတ်၍ အတန်ကြာပြီးမှသာလျှင် မီးတောက်များကို ငြှိမ်းသတ်လိုက်နိုင်ကြ၏။

တကယ်တော့... မီးတောက်များသည် သူတို့၏ သားမွေးများကို ပြာအဖြစ်လောင်ကျွမ်းစေခဲ့သော်လည်း ထိုမီးတောက်များက သူတို့၏ ခန္ဓာကိုယ်များကို မထိခိုက်စေနိုင်ပေ။

လူရိုင်းမျိုးနွယ်၏ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဥ်က အတော်လေးကို သာမန်ဆန်လေသည်။

သို့သော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များကတော့ အသန်မာဆုံး ဖြစ်လေသည်။

ထိုခွန်အားသည် သူတို့ခန္ဓာကိုယ်၏ ခွန်အားအရာမှာသာလျှင် မဟုတ်ပဲ သူတို့၏ ရုန်းကန်ပေါက်ကွဲအားနှင့် သူတို့၏ ခံစစ်အားကိုလည်း တစ်မူထူးခြားအောင် မြှင့်တင်ပေးနိုင်လေသည်။

နဂါးဖီးနစ်၏ မီးတောက်များဖြင့် အတန်ကြာသည့်အထိ လောင်ကျွမ်းခံရပြီးတာတောင် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ အရေပြားများသည် မည်သည့်ဒဏ်ရာမှ မရှိဘဲ မီးဟပ်မှုဖြင့် မဲတူးသွားရုံမျှသာဖြစ်လေသည်။

All Chapters