← Chapters

ပြန်လည်မွေးဖွားလာခြင်း

Vol. 103 Ch. 1540

ပြန်လည်မွေးဖွားလာခြင်း

Vol. 103 Ch. 1540

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို တွန်းထုတ်ပြီးနောက် သူသည် ရုတ်တရက်ခွန်အားကို စိုက်ထုတ်ကာ သူ၏ ဧရာမတောင်ပံများကို ခတ်လိုက်၏။ သူက လေထဲသို့ ပျံတက်ပြီး သူ၏ နဂါးဦးခေါင်းကို လှုပ်ခါကာ လက်သည်းငါးဘက်နှင့်အတူ ရူးသွပ်စွာ ကုတ်ဆွဲလာခဲ့၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ အမူအရာတို့က ပြောင်းလဲသွားကြ၏။

အစကတော့ သူတို့သည် သူတို့လက်ထဲရှိ ဘိုးဘေးနတ်ဘုရား ရတနာများကြောင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် မျှခြေတစ်ခုမှာ လွန်ဆွဲနေနိုင်ခဲ့ကြ၏။ မည်သည့်ဘက်ကမှ အလျှော့မပေးလိုခဲ့ကြပေ။

ယခု... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရုတ်တရက် သူ၏ ခွန်အားကို စိုက်ထုတ်လာသောအခါ ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ပဲ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဆွဲယူခြင်းကိုခံရပြီး လေထဲမှာ ခါယမ်းခံလိုက်ကြရ၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် သူတို့၏ ဓမ္မရတနာများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုင်မြှောက်ခါယမ်းမှုမှာ မူးဝေနောက်ကျိလာကြ၏။

သူတို့က လက်မလွှတ်ဘူးဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ထဲရှိအရိုးများက ကြေမွကုန်ပေတော့မည်။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် သူတို့၏ လက်များကို လွှတ်ပြီး သူတို့၏ ဓမ္မရတနာများကို လောလောဆယ်မှာ စွန့်လိုက်ရလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဓမ္မရတနာနှစ်ခုကို လုယူပြီး သူတို့ကို မြေပြင်ပေါ်သို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။ သူက ဘိုးဘေးနတ်ဘုရားနှစ်ယောက်ရှိရာဘက်သို့ စိုက်ကြည့်ပြီး ရုတ်တရက် သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။

ရွှစ်...

မနှိုင်းယှဥ်သာအောင် ချစ်ချစ်တောက် ပူပြင်းသော သွေးနီရောင်မီးတောက်တစ်ခုက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ပါးစပ်ထဲကနေ ရုန်းကန်ထွက်ပေါ်လာပြီး အဲ့ဒါက လောကရှိ အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့်အလား အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။

အဲ့ဒါသည် နဂါးဖီးနစ်မီးတောက်ဖြစ်လေသည်။

အဲ့ဒါက တဗူးနဂါးဖီးနစ်တစ်ကောင်၏ ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်လေသည်။

ယခုအချိန်ထိကို ထျန်ဟွမ်ကုန်းမြေတိုက်မှာ နဂါးဖီးနစ်မီးတောက်များကို ယှဥ်နိုင်သည့် မည်သည့်သတ္တဝါ၏ မီးတောက်မှ မရှိပေ။

နဂါးဖီးနစ်မီးတောက် ဖြတ်သွားရာနေရာတိုင်း လေထဲမှာ ပါးလွှာသော စုတ်ပြဲကြောင်းများက ပေါ်ထွက်လာ၏။

မီးတောက်သည် အနီရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး တစ်ခဏချင်းမှာပင် ဘိုးဘေးနတ်ဘုရားနှစ်ယောက်ရှေ့သို့ ရောက်ရှိလာ၏။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအိုတို့က သုန်မှုန်သော အမူအရာများရှိလာပြီး နမော်နမဲ့မပြုမူရဲပဲ သူတို့၏ လက်ချောင်းများပေါ်ရှိ သိုလှောင်လက်စွပ်များက တောက်ပလာခဲ့၏။

ဧရာမ ရွှေရောင်ဒိုင်းကာတစ်ခုစီက သူတို့နှစ်ယောက်စလုံး၏ လက်များထဲမှာ ပေါ်ထွက်လာ၏။

ဘန်း...ဘန်း...

အဲ့ဒီမှာ ကျယ်လောင်သော မြည်သံနှစ်သံ ထွက်ပေါ်လာခဲ့၏။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအိုသည် သူတို့၏ ရှေ့မှာ ရွှေရောင်ဒိုင်းကာနှစ်ခုကို ထောင်မတ်လိုက်ကြ၏။ ဧရာမဒိုင်းကာက ပြိုးပြိုးပြက်ပြက် အလင်းတစ်ခုနှင့် တောက်ပလာပြီး ဝင်ရောက်လာသော နဂါးဖီးနစ်မီးတောက်နှစ်ခုကို ခုခံဆန့်ကျင်ကာ သဲများနှင့် ကျောက်ခဲများကို လွင့်စင်ထွက်သွား၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ အမြုတေစိတ်ဝိညာဥ်ကို ၎င်း၏ အကန့်သတ်ထိ လှည့်ပတ်လိုက်၏။

နဂါးဖီးနစ်မီးတောက်များ၏ စွမ်းပကားသည် ဆပွားတိုးလာပြီး ရွှေရောင်အလင်းကိုတဖြည်ဖြည်း ဝါးမျိုလာခဲ့၏။ ၎င်းသည် ဧရာမရွှေရောင်ဒိုင်းကာနှစ်ခုနှင့် ထိခတ်ပြီး ဆက်လက်၍ လောင်ကျွမ်းနေ၏။

သို့သော်လည်း ရွှေရောင်ဒိုင်းကာနှစ်ခုကလည်း ဓမ္မရတနာများဖြစ်လေသည်။

နဂါးဖီးနစ်မီးတောက်များ၏ စွမ်းပကားက ကြောက်စရာကောင်းသော်လည်း ၎င်းသည် ဧရာမရွှေရောင်ဒိုင်းကာ၏ ခုခံမှုကို မထိုးဖောက်နိုင်ပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က ပြတ်သားလာပြီး ရပ်တန့်မည့်လက္ခဏာမရှိပဲ အဲ့ဒါကို ဆက်လက်၍ ထုတ်ဖော်နေ၏။

နဂါးဖီးနစ်မီးတောက်များက ဧရာမရွှေရောင်ဒိုင်းကာများကို လွှမ်းခြုံပြီး အတောမသတ် ဆက်လက်၍ လောင်ကျွမ်းနေ၏။

များစွာသော မီးတောက်များက ဧရာမရွှေရောင်ဒိုင်းကာကို ကျော်လွန်၍ လူရိုင်းနန်းတော်၏ နံရံများပေါ်သို့ပင် ကျဆင်းလာခဲ့၏။

ကြီးမားသော ကျောက်တုံးများက တစ်ခဏချင်းမှာပင် ချော်ရည်များအဖြစ် အရည်ပျော်ကျလာပြီး နံရံများပေါ်ကနေ ဖြည်းဖြည်းချင်း စီးကျလာ၏။

လူရိုင်းနန်းတော်၏ မျက်နှာကျက်ကပင်လျှင် လှုပ်ခါလာခဲ့၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ယခုတင် သူတို့ကိုယ်သူတို့ ဟန်ချက်ထိန်းနိုင်ခါစဖြစ်ပြီး အဲ့ဒါကို တွေ့မြင်လိုက်ကြရ၏။

ရုတ်တရက်ဆိုသလို...

သူတို့နှစ်ယောက်စလုံး၏ အမူအရာကပြောင်းလဲသွားပြီး သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွား၏။

သူတို့နှစ်ယောက်၏ရှေ့တွင် ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ လက်များထဲရှိ ဧရာမရွှေရောင်ဒိုင်းကာများသည် တဖြည်းဖြည်းအသွင်ပြောင်းလဲလာပြီး ထွင်းဖောက်မတတ် ကြည်လင်နေသော အနီရဲရဲအရောင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဧရာမရွှေရောင်ဒိုင်းကာများသည် နဂါးဖီးနစ်မီးတောက်များကြောင့် လောင်ကျွမ်းခံလာရ၏။

“အား...”

ဧရာမရွှေရောင်ဒိုင်းကာများက ဤမျှအတိုင်းအတာထိ လောင်ကျွမ်းခံလာရပြီး ၎င်းတို့၏ နောက်ဘက်ရှိ ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ လက်ဖဝါးများကလည်း ထိခိုက်ဒဏ်ရာရရှိလာ၏။ သူက အဲ့ဒါက ဆက်လက်၍ ဆုပ်ကိုင်မထားနိုင်တော့ပဲ လေထဲသို့ ခုန်တက်လိုက်ရ၏။

အိုး...

နဂါးဖီးနစ်မီးတောက်များက သိပ်သည်းစုဖွဲ့လာပြီး ဧရာမရွှေရောင်ဒိုင်းကာများကို လွင့်စင်ထွက်သွားစေ၏။ ချက်ချင်းပင် မီးတောက်များက ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို ဝါးမျိုသွားလေသည်။

အဲ့ဒါက လူသားမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သာဆိုလျှင် သူသည် နဂါးဖီးနစ်မီးတောက်များ၏ ဝါးမျိုခြင်းခံရပါက သေဆုံးသွားရနိုင်ခြေများလေသည်။

သို့သော်လည်း ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ ပုံရိပ်များက နီရဲနေသော မီးတောက်များကြားမှာ အလွန်တရာရှင်းလင်းနေဆဲ ဖြစ်၏။ သူတို့သည် စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်ပြည့်နှက်နေပြီး ဝင်းလက်တောက်ပနေကြ၏။

“ငါတို့ရဲ့ နတ်ဘုရားသွေးကို ကြားခံအဖြစ်သုံးပြီး အဲ့ဒါကိုဖျက်ဆီးပစ်ရမယ်”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက သူ၏ လျှာကို ညင်သာစွာ ကိုက်ပြီး ရွှေရောင်နတ်ဘုရားသွေးစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။

အလွန်တရာပေါကြွယ်ဝသော စွမ်းအင်တစ်ခုပါဝင်သည့် နတ်ဘုရားသွေးသည် နဂါးဖီးနစ်မီးတောက်များပေါ်သို့ ပြန့်ကျဲ ကျဆင်းသွား၏။ ချက်ချင်းပင် မီးတောက်များက ငြိမ်း​သေသွားပြီး မီးခိုးများက အူထွက်လာ၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ တုံ့ပြန်မှုက လုံလောက်အောင် မြန်ဆန်လေသည်။ သို့သော်လည်း သူတို့သည် နဂါးဖီးနစ်မီးတောက်များ၏ ဆိုးဆိုးဝါးဝါးလောင်ကျွမ်းခြင်းကိုခံလိုက်ရဆဲ ဖြစ်ပြီး သူတို့၏ အဝတ်များပေါ်မှာ အပေါက်များစွာ ပေါ်ထွက်လာ၏။

သူတို့၏ ခန္ဓာကိုယ်များပင်လျှင် လောင်ကျွမ်းခံခဲ့ရ၏။

တကယ်တော့... ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ မျိုးဆက်သွေးနှင့် သိပ်သည်းပြင်းထန်သော ပြန်လည်ကုသနိုင်စွမ်းအရ ထိုကဲ့သို့သောဒဏ်ရာများက ဘာမှပြောပလောက်စရာ မဟုတ်ပေ။

နတ်ဘုရားသွေးက နဂါးဖီးနစ်မီးတောက်များနှင့် ထိတွေ့မိသောအခါ တရှဲရှဲမြည်သံများ ထွက်ပေါ်လာ၏။

မီးခိုးများက အူထွက်၍ မြူခိုးများက တလိပ်လိပ်တက်လာ၏။

နဂါးဖီးနစ်မီးတောက်များဖြစ်စေ ၊ နတ်ဘုရားသွေးဖြစ်စေ သူတို့နှစ်ခုစလုံးမှာ သိပ်သည်းပြင်းထန်သော စွမ်းအင်များပါဝင်လေသည်။ မတူညီသော စွမ်းအင်နှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုကနေ ဖြစ်ပေါ်လာသော မြူခိုးများက တုန်လှုပ်စရာကောင်းလေသည်။

“သတိထား”

ထိုစဥ်မှာပင် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ထံမှ သတိပေးသံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် အေးစက်နေသော သတ်ဖြတ်လိုစိတ်တစ်ခုက ဆင်းသက်လာခဲ့၏။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအို၏ နှလုံးများက သူတို့၏ ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မည့်အလား ခံစားလိုက်ရ၏။

“မကောင်းတော့ဘူး”

သူတို့နှစ်ယောက်၏ အမူအရာများက ပြောင်းလဲသွားပြီး မရဏအော်ရာကို ခံစားမိလိုက်ကြ၏။

နတ်ဘုရားသွေးသည် နဂါးဖီးနစ်မီးတောက်များနှင့် ထိတွေ့ရိုက်ခတ်ပြီး ချီမြူခိုးများကို ဖြစ်ပေါ်လာစေကာ သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအို၏ အမြင်အာရုံကို ပိတ်ကွယ်သွားစေ၏။ သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူတို့၏ တည်နေရာများကို အတိအကျ သိရှိထားလေသည်။

မြူခိုးများထွက်ပေါ်လာသည့်အချိန်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တိုက်ခိုက်လိုက်လေသည်။

တောင်ပံများကိုခတ်၍ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အနီရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ ချက်ချင်းပင် သူက ဘိုးဘေးနတ်ဘုရားနှစ်ယောက်ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ထက်ရှသော လက်သည်းငါးဖက်ကို သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားအပေါ်သို့ အုပ်မိုးကျဆင်းလာစေ၏။

တစ်ချိန်တည်းမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး အမျိုးသမီးအိုရှိရာဘက်သို့ ကိုက်ချလိုက်၏။

ဖောင်း... ဖောင်း... ဖောင်း...

သက်လတ်ပိုင်းရွယ်ဘိုးဘေးနတ်ဘုရား၏ နောက်ဆုတ်ရာလမ်းကြောင်းက နဂါးဖီးနစ်လက်သည်းငါးဖက်ဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရပြီး သူ၏ စွမ်းအားကြီးမားသော ခန္ဓာကိုယ်က တစ်ခဏချင်းမှာပင် အပိုင်းပိုင်း စုတ်ပြဲသွား၏။

ရွှေရောင်နတ်ဘုရားသွေးက နေရာတိုင်းမှာ ပြန့်ကျဲသွားလေသည်။

သူ၏ အင်္ဂါအစိတ်အပိုင်းများက သိပ်သည်းပြင်းထန်သော သွေးချီတစ်ခုနှင့်အတူ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။

ဂျွတ်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုက်ချက်က အမျိုးသမီးအို၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် နှစ်ပိုင်းကျိုးပျက်သွားစေ၏။

ဘန်း...

ဖီးနစ်အမြီးက ဆင်းသက်လာပြီး ခန္ဓာကိုယ်နှစ်ပိုင်းကို ပြင်းထန်စွာပစ်ရိုက်ကာ မည်သည့်အလောင်းမှ မကျန်ရှိစေဘဲ သွေးမြူများအဖြစ် သူတို့ကိုပြောင်းလဲသွားစေ၏။

အမျိုးသမီးအိုသည် သူမဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူမက ဘာပဲပြောပြော ဘိုးဘေးနတ်ဘုရား တစ်ယောက်ဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓသည် ကိုက်ချက်တစ်ချက်တည်းဖြင့် အမျိုးသမီးအိုကို မသတ်နိုင်မှာကို စိုးရိမ်သည့်အတွက် သူ၏ အမြီးဖြင့် ထပ်ဆင့်တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး အမျိုးသမီးအိုကို သွေးမြူများအဖြစ် ပြောင်းလဲသွားစေ၏။

တစ်ခဏချင်းမှာပင် ဘိုးဘေးနတ်ဘုရားနှစ်ယောက်က သေဆုံးသွားလေပြီ။

တစ်ယောက်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဆုတ်ဖြဲခြင်းကိုခံလိုက်ရ၏။

အခြားတစ်ယောက်ကတော့ ပို၍ပင် ဆိုးဝါးလေသည်။ သူမသည် မည်သည့်အင်္ဂါအစိတ်အပိုင်းမှမကျန်ရှိဘဲ သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလည်း အနည်းငယ်မောဟိုက်သွား၏။

လုံလောက်အောင်သန်မာသော တဗူးတစ်ကောင်၏ စွမ်းအားအပြင် သူသည် ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည့် အရေးပါသော နောက်ထပ်အကြောင်းအရင်းမှာ သူတို့သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို အသုံးမပြုခဲ့ကြသောကြောင့်ဖြစ်၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် ဘိုးဘေးအဆင့်စွမ်းအားက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို သတ်ဖြတ်ဖို့အတွက်လုံလောက်သည်ဟု ယုံကြည်ခဲ့ကြ၏။ သို့သော်လည်း နဂါးဖီးနစ်သည် သူ၏ ပြီးပြည့်စုံသော တဗူးခန္ဓာအဖြစ်သို့ အသွင်ပြောင်းလဲပြီးနောက် သူတို့ကိုပင် ဖိနှိမ်လာနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

တိုက်ပွဲက ပြီးဆုံးသွားသည်ဟု ထင်ရ၏။

သို့သော်လည်း လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက် ထူးဆန်းသောအမူအရာများရှိနေပြီး သူတို့၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မျက်မှောင်ကြုတ်၍ တစ်စုံတစ်ရာကို အမှတ်ရသွားကာ ရင်တစ်ချက်ထိတ်သွား၏။

“တဗူးတစ်ကောင်ဆိုတဲ့အတိုင်းပဲ... တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာတင် သူက ခွန်အားအရာမှာ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်နေပြီ”

ထိုစဥ်မှာပင် သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ အသံက နက်ရှိုင်းသော မကျေမချမ်းမှုနှင့်အတူ ပေါ်ထွက်လာ၏။

“ငါတို့က တော်တော်မဆင်မခြင်ပြုလုပ်ခဲ့မိတာပဲ”

အမျိုးသမီးအို၏ အသံကလည်း တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာ၏။

“ငါတို့က သူ့ကို သတ်ဖြတ်ဖို့အတွက် ငါတို့ရဲ့ နတ်ဘုရားစွမ်းအားတွေကို ချက်ချင်းအသုံးပြုခဲ့သင့်တယ်”

လေထဲတွင် သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအို၏ နတ်ဘုရားသွေးတို့က ပြန့်ကျဲသွားခြင်းမရှိပဲ စုဖွဲ့လာခဲ့၏။

မကြာခင်...

လူတိုင်း၏ ရှေ့မှောက်မှာပင် နတ်ဘုရားသွေးနှစ်ခုက လျင်မြန်စွာစုစည်းသွားပြီး တစ်ခဏချင်းမှာပင် နောက်တစ်ဖန်ပြန်လည်ပေါ်ထွက်လာ၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်ဒဏ်ရာအနာတရမှမရှိဘဲ ပြီးပြည့်စုံစွာကောင်းမွန်နေ၏။

သူတို့၏ အမြုတေစိတ်ဝိညာဥ်များက သေဆုံးမသွားသေးသရွေ့ သူတို့က သွေးကနေပြန်လည်မွေးဖွားခြင်းကို ပြုလုပ်နိုင်လေသည်။

အဲ့ဒါက မဟာယာနအဆင့်၏ နည်းလမ်းများဖြစ်၏။

All Chapters