ဘက်ပြန်ကြေးခွံ ပျက်ပြယ်သွားခြင်း
Vol. 103 Ch. 1542
လုံစန်းသည် နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို သတ်ဖြတ်လိုက်သော်လည်း အဲဒါက လက်ရှိအခြေအနေအပေါ် မည်သို့မှ သက်ရောက်နိုင်ခြင်း မရှိပေ။
သူသည် လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်အဖြစ် သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲထားလျှင်တောင် သူသည် ဘိုးဘေးအဆင့် ပညာရှင်များအကြား တိုက်ပွဲမှာ ဝင်ပါဖို့ အဆင့်မမီပေ။
လူရိုင်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်နှင့် ဘိုးဘေးနတ်ဘုရား နှစ်ယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။ သို့သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ တည်ငြိမ်နေဆဲဖြစ်၏။
မဟာယာနအဆင့်သို့ တက်လှမ်းပြီး သွေးကနေ ပြန်လည်မွေးဖွားခြင်းကို နားလည်ဆင်ခြင်နိုင်ပြီးနောက် ထိုသူများကို သတ်ဖြတ်ဖို့က တကယ်ကို ခဲယဉ်းလေသည်။
သို့သော်လည်း.. သေဖို့ ခဲယဉ်းခြင်းက မသေနိုင်ဘူးဟု မဆိုလိုပေ။
မဟုတ်ပါက လူသားမျိုးနွယ်သည် ဤနှစ်များအတွင်း များပြားလှသည့် မျိုးနွယ်စုခေါင်းဆောင်များကို ဆုံးရှုံးခဲ့ရလိမ့်မည် မဟုတ်ပေ။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များ ပျက်စီးထိခိုက်ခြင်းကို ခံနိုင်ရည်မရှိပေ။
အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး သူတို့၏ ဝိညာဉ်က ပျက်ပြယ်သွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်များက အကောင်းအတိုင်း ကျန်ရှိနေသည်ဆိုလျှင်တောင် သူတို့က သေရပေလိမ့်မည်။
အဲဒီမှာ နောက်ထပ် နည်းလမ်းတစ်ခုလည်း ရှိလေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် သွေးတစ်စက်ပင် မကျန်ရှိဘဲ သူတို့၏ အသားထဲရှိ အသက်ဓာတ်တစ်မျှင်ချင်းစီတိုင်းက ဖျက်ဆီးခံရမည်ဆိုလျှင်.. သူတို့၏ အမြုတေစိတ်ဝိညာဉ်က အကောင်းတိုင်း ကျန်ရှိနေမည်ဆိုလျှင်တောင် သူတို့က သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည်တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့၏ ခန္ဓာကိုယ် ဆုံးရှုံးသွားရသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ တိုက်ခိုက်ရည်ခွန်အားသည် ကြီးမားစွာ လျော့ကျသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် သူတို့ကို သတ်ဖြတ်ဖို့က များစွာ လွယ်ကူသွားပေလိမ့်မည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမူအရာက အေးစက်ခက်ထန်နေ၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ သွေးကနေ ပြန်လည်မွေးဖွားခြင်းက သူ့ကို ထိတ်လန့်မသွားစေခဲ့ပေ။
သူသည် အမြုတေစိတ်ဝိညာဉ်ကို တိုက်ရိုက်သတ်ဖြတ်နိုင်သည့် လျှို့ဝှက်အတတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ဘက်ပြန်ကြေးခွံ..
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ နှာရောင်က တောက်ပသွားပြီး လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်နှင့် ဘိုးဘေးနတ်ဘုရားနှစ်ယောက်က ရှေ့သို့ ပြေးဝင်လာကြ၏။ သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်က အဆက်မပြတ် သိပ်သည်းကျစ်လစ်လာပြီး ချောက်ချားစရာကောင်းသော စိတ်ဝိညာဉ်အတက်အကျတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။
လက်တစ်ဖဝါးအရွယ် သွေးနီရောင် ကြေးခွံတစ်ခုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ နှာရောင်ကနေ ဖြည်းဖြည်းချင်း လွင့်မျောထွက်ပေါ်လာ၏။ အဲဒါက လခြမ်းကွေးသဏ္ဌာန်ရှိပြီး သာမန်ဆန်လေသည်။
သို့သော်လည်း.. နဂါးကြေးခွံ ပေါ်ထွက်လာမှုက လောကတစ်ခုလုံးကို တုန်ခါသွားစေ၏။
လေဟာနယ်က အေးခဲရပ်တန့်သွားသည့်အလား ထင်ရ၏။
ဘက်ပြန်ကြေးခွံက ဆင်းသက်လာခဲ့လေပြီ။
ကမ္ဘာဦးမျိုးနွယ်များ၏ မျိုးနွယ်စုခေါင်းဆောင် ၄ယောက်သည် ဘက်ပြန်ကြေးခွံဖြင့် သတ်ဖြတ်ခြင်း မခံရလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဒဏ်အရာအပြင်းအထန် ရရှိသွားလိမ့်မည်ဟု နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ယုံကြည်လေသည်။ ထိုအချိန်ကျလျှင် သူက ပကတိအားသာချက်တစ်ရပ် ရရှိလာနိုင်ပြီး သူတို့ကို တိုက်ခိုက်သတ်ဖြတ်နိုင်ပေလိမ့်မည်။
လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သို့သော်လည်း.. လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ မျက်နှာများပေါ်မှာ မည်သည့် ကြောက်ရွံ့မှုမှ မရှိပေ။ ထိုအစား အဲဒီမှာ မယုံကြည်နိုင်သည့် ပုံရိပ်တစ်ခု ရှိနေ၏။
“မဖြစ်နိုင်တာ”
လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က အာရုံစိုက်မိသွားကြ၏။
လူရိုင်းမျိုးနွယ်၏ သခင်လေးက အရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူး၍ ကြည့်နေ၏။
ဘက်ပြန်ကြေးခွံ ပေါ်ထွက်လာပြီးနောက်… ကမ္ဘာဦးမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင် ၄ယောက်သည် သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသော်လည်း သူတို့သည် ခုခံဖို့အတွက် သူတို့၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို စုဖွဲ့ခြင်း မရှိကြပေ။
ဘိုးဘေးနတ်ဘုရားနှစ်ယောက်က အိုးတိုးအမ်းတမ်း အမူအရာများနှင့်အတူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကြ၏။
“ဟမ်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။
သူ၏ ရှေ့တွင် ယခုတင် စုဖွဲ့လာသော ဘက်ပြန်ကြေးခွံသည် အလျင်အမြန် ပျက်ပြယ်လာပြီး တစ်ခဏချင်းမှာ ပျောက်ကွယ်သွား၏။
“ဟားဟား”
သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက စိတ်သက်သာစွာ သက်ပြင်းချ၍ ဟားတိုက်ရယ်မောလိုက်၏။
“လုံမို.. မင်းက တကယ်ကို ရူးမိုက်တာပဲ.. မင်းက လူရိုင်းမျိုးနွယ်ရဲ့ ပိုက်နက်နယ်မြေထဲမှာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်တာကတော့ မင်းကိုယ်မင်း အရှက်ခွဲနေတာပဲ”
ကမ္ဘာဦးမျိုးနွယ် ၉စုတိုင်းသည် မတူညီသော တိုက်ခိုက်ရည်ခွန်အားနှင့် မတူညီသော နယ်ပယ်များမှာ အထူးပြုကြလေသည်။
ကမ္ဘာဦးမျိုးနွယ်တိုင်းတွင် မတူညီသော အားနည်းချက်များလည်း ရှိကြလေသည်။
ဥပမာအားဖြင့် စုန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာ အားအနည်းဆုံး ကိုယ်ကာယနှင့် မျိုးဆက်သွေး ရှိပြီး သာမန်လူသားများနှင့် များစွာမကွာခြားပေ။
သို့သော်လည်း စုန်းမျိုးနွယ်သည် အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းမှာ အသန်မာဆုံး ဖြစ်လေသည်။
လူရိုင်းမျိုးနွယ်ကတော့ သူတို့နှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။
လူရိုင်းမျိုးနွယ်သည် အလွန်တရာ သန်မာသော ကိုယ်ကာယရှိပြီး သူတို့၏ ခန္ဓာကိုယ်သက်သက် ကျင့်ကြံမှုက နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ထက် သာလွန်လေသည်။
သို့သော်လည်း လူရိုင်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာ အမြုတေစိတ်ဝိညာဉ် ကျင့်ကြံခြင်းတွင် အားအနည်းဆုံး ဖြစ်လေသည်။
ကမ္ဘာဦးစစ်ပွဲနှင့် ရှေးဟောင်းစစ်ပွဲမှာ အဆင့်တူချင်းတွင် လူရိုင်းမျိုးနွယ်ကို ထိခိုက်အောင် လုပ်နိုင်သော သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်သော ပညာရှင်များ မရှိသလောက်နီးပါးပင်။
သို့သော်လည်း များစွာသော လူရိုင်းမျိုးနွယ်များက ထိုတိုက်ပွဲနှစ်ပွဲမှာ သေဆုံးခဲ့ကြရ၏။
သူတို့၏ ခန္ဓာကိုယ်အများစုက အကောင်းအတိုင်း ကျန်ရှိသော်လည်း သူတို့က အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကြောင့် သေဆုံးခဲ့ရလေသည်။
အဲဒါကြောင့်ပင်.. ရှေးဟောင်းလူရိုင်းဧကရာဇ်သည် လူရိုင်းမျိုးနွယ်၏ ပိုင်နက်နယ်မြေထဲမှာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို မထုတ်ဖော်နိုင်မည့် နတ်ဘုရားစွမ်းအားတစ်ခုကို အသုံးပြုထားခဲ့လေသည်။
လူရိုင်းမျိုးနွယ်၏ ပိုင်နက်နယ်မြေထဲမှာ ဓမ္မပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများ သို့မဟုတ် လူတစ်ယောက်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့ကို အသုံးပြုနိုင်လေသည်။ သူတို့ မထုတ်ဖော်နိုင်သည့် တစ်ခုတည်းသောအရာမှာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ဖြစ်၏။
တကယ်တော့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဘက်ပြန်ကြေးခွံကို စုဖွဲ့နိုင်လိုက်ချိန်တွင် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က တုန်လှုပ်သွားခဲ့ကြပြီဖြစ်၏။
လူရိုင်းမျိုးနွယ်၏ ပိုင်နက်နယ်မြေထဲမှာ ရှေးဟောင်းလူရိုင်းဧကရာဇ်၏ နတ်ဘုရားစွမ်းအားနှင့်အတူ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်များကို ထုတ်ဖော်ဖို့နေနေသာ… စုဖွဲ့မှုကိုပင် မပြုလုပ်နိုင်ကြပေ။
စောစောက ဘက်ပြန်ကြေးခွံက အမှန်တကယ်ပင် စုဖွဲ့လာခဲ့၏။
သို့သော်လည်း အဲဒါသည် ရှေးဟောင်းလူရိုင်းဧကရာဇ် ချန်ထားရစ်ခဲ့သည့် နတ်ဘုရားစွမ်းအားကို မခုခံနိုင်ဘဲ အလျင်အမြန် ပျက်ပြယ်သွားရ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အဲဒါကို သိပ်မကြာခင် နားလည်သဘောပေါက်သွား၏။
ဤပြောင်းလဲမှုက သူ၏ ထိန်းချုပ်မှုထက် တစ်နည်းတစ်ဖုံ ကျော်လွန်သွားခဲ့လေပြီ။
“သတ်”
သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက ဟိန်းဟောက်၍ ကောင်းကင်ဘုံနတ်ဘုရားပုံရိပ်ယောင်က ယိမ်းထိုးသွား၏။ သူ၏ ဧရာမ ဓားကို လွှဲယမ်းပြီး ရှေ့သို့ နောက်တစ်ဖန် ပြေးဝင်ကာ သူ၏ ခန္ဓာကိုယ်က ဝင်းလက်တောက်ပလာ၏။
အမျိုးသမီးအိုကလည်း ယိမ်းနွဲ့လှုပ်ရှား၍ ကောင်းကင်ဘုံနတ်ဘုရားဆင်းသက်ခြင်း၏ နတ်ဘုရားစွမ်းအားကို အသုံးချလိုက်၏။ ချက်ချင်းပင် သူမသည် သူမ၏ နဂါးဦးခေါင်းတောင်ဝှေးကို ကိုင်မြှောက်ပြီး စီးပိုးခြယ်လှယ်သော စွမ်းပကားတစ်ခုနှင့်အတူ ပစ်ရိုက်ချလိုက်၏။
လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကလည်း ရှေ့သို့ ပြေးဝင်လာကြပြီဖြစ်၏။
လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် စိုးရိမ်ပူပန်၍ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားဆဲဖြစ်ပြီး သူတို့၏ ဓမ္မရတနာများကို ထုတ်ဖော်ခြင်း မပြုသည်ကို နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သတိထားမိလေသည်။
ထိုသို့ဆိုလျှင်တောင် သူတို့၏ နတ်ဘုရားစွမ်းအားများကို အသုံးပြုလိုက်သောအခါ မျိုးနွယ်စုခေါင်းဆောင် ၄ယောက် ထုတ်ဖော်လိုက်သော စွမ်းအားသည် အလွန်တရာ ကြောက်စရာကောင်းနေဆဲ ဖြစ်ပြီး သူ့ကို သတ်ဖြတ်နိုင်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ အသိစိတ်ထဲရှိ ပင်လယ်ရေမျက်နှာပြင်ထက်တွင် စိတ်ဝိညာဉ်လိပ်တစ်ကောင်ကို ပေါ်ထွက်လာစေ၏။ စိတ်ဝိညာဉ်လိပ်က ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်လေသည်။
“စုဖွဲ့စမ်း”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အော်ဟစ်လိုက်၏။
သူ၏နှာရောင်ကနေ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး လေထဲမှာ စုဖွဲ့သွား၏။
ဇီ…
လောကကို လှုပ်ခါစေသော နတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်လာ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး သူ၏ ရှေ့တွင် ဧရာမ ကျောက်သားဒိုင်းကာတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် ၎င်းပေါ်မှာ ကောက်ကောက်ကွေးကွေး အင်းကွက်များကို ခတ်နှိပ်ထားပြီး ကြမ်းတမ်း၍ ရှေးကျနေလေသည်။
ကျောက်သားဒိုင်းကာက ရှေးဟောင်းလိပ်ကျောခွံတစ်ခုနှင့် ဆင်တူနေ၏။
လိပ်ကျောခွံပေါ်ရှိ အရေးအကြောင်းများသည် လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုနှင့်အတူ ဝင်းလက်တောက်ပလာခဲ့ပြီဖြစ်၏။
အဲဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ ပင်ကိုနတ်ဘုရားစွမ်းအား စိတ်ဝိညာဉ်လိပ်ဒိုင်းကာ ဖြစ်လေသည်။
အဲဒါသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသန်မာဆုံး ခုခံရေးနည်းစနစ်တစ်ခုလည်း ဖြစ်လေသည်။
စိတ်ဝိညာဉ်လိပ်ဒိုင်းကာ ဖြစ်ပေါ်လာသည့် ခဏမှာပင် မျိုးနွယ်စုခေါင်းဆောင် ၄ယောက်၏ တိုက်ခိုက်မှုများက ကျဆင်းလာခဲ့ပြီဖြစ်၏။
ချွမ်း… ချွမ်း…
ဧရာမ ဓားနှင့် နဂါးဦးခေါင်းတောင်ဝှေးသည် စိတ်ဝိညာဉ်လိပ်ဒိုင်းကာကို တစ်ချိန်တည်းနီးပါး ရိုက်ခတ်လာ၏။
ဘန်း.. ဘန်း..
လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ လက်သီးချက်များကလည်း စိတ်ဝိညာဉ်လိပ်ဒိုင်းကာနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်သံကို ထွက်ပေါ်လာစေ၏။
မြင်ကွင်းက အေးခဲရပ်တန့်သွားသည်ဟု ထင်ရ၏။
ခဏမျှ ရပ်တန့်ပြီးနောက် စိတ်ဝိညာဉ်လိပ်ဒိုင်းကာထံကနေ ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ထကြွသောင်းကျန်းသော အော်ရာတစ်ခုက တလိပ်လိပ် ထိုးတက်လာ၏။
ဝုန်း…
စိတ်ဝိညာဉ်လိပ်ဒိုင်းကာက ကြေမွပျက်စီးသွား၏။
ဧရာမ ဓားနှင့် နဂါးဦးခေါင်းတောင်ဝှေးကလည်း ပြန်ကန်ထွက်သွား၏။
လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကလည်း ခြေလှမ်းဝက်စီ နောက်ဆုတ်လိုက်ရ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကတော့ ပို၍ပင် အခြေအနေဆိုးပြီး လေထဲကနေ အလျင်အမြန် ကျဆင်းလာ၏။
ဘုန်းခနဲ မြည်သံနှင့်အတူ သူက မြေပြင်နှင့် ပြင်းထန်စွာ ပစ်ရိုက်မိပြီး သဲများနှင့် ကျောက်ခဲများက အဘက်ဘက်သို့ လွင့်စင်ကာ ဖုန်များက တထောင်းထောင်းထလာ၏။
“အဟွတ်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ချောင်းဆိုး၍ သွေးတစ်လုတ်ကို ထွေးထုတ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲနေသည်ဟု ခံစားလိုက်ရ၏။ သူ၏ အရိုးများနှင့် အရွတ်များက ကွဲထွက်ကုန်တော့မည့်အလား ခံစားရလေသည်။
မျိုးနွယ်စုခေါင်းဆောင် ၄ယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ပြီးနောက် သူတို့၏ ခွန်အားက ဆပွားများစွာ တိုးလာခဲ့၏။
နတ်ဘုရားစွမ်းအားများ၏ ထိုစွမ်းအားအမျိုးအစားက အရမ်းကို သန်မာလေသည်။
စိတ်ဝိညာဉ်လိပ်ဒိုင်းကာသည် နတ်ဘုရားစွမ်းအား အများစုကို ပိတ်ဆို့တားဆီးပေးလိုက်သော်လည်း သူတို့က သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာဆဲဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အပေါ် ကြီးမားသည့် ရိုက်ချက်တစ်ခုကို ဖြစ်ပေါ်စေ၏။
“သခင်လေး..”
လုံစန်းနှင့် အခြားသူများက ထိုမြင်ကွင်းကို တွေ့မြင်သောအခါ ထိတ်လန့်တကြား အော်ခေါ်လိုက်ကြ၏။
“မလာကြနဲ့”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသံက ပြန်လှန်မေးခွန်းမထုတ်ဝံ့သော လေသံနှင့်အတူ ထွက်ပေါ်လာ၏။
လုံစန်းနှင့် အခြားသူများက သူတို့၏ ခြေလှမ်းများကို အလောတကြီး ရပ်တန့်လိုက်ကြ၏။
သူတို့က မဆင်မခြင် ရှေ့တက်မိလျှင် သူတို့သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ကို နဂါးများက သိထားကြလေသည်။
လုံစန်းသည် သူ၏ သိုလှောင်အိတ်ထဲကနေ သတင်းပို့အဆောင်တစ်ခုကို ထုတ်ယူပြီး အဲဒါကို ချက်ချင်းပင် ချိုးချေလိုက်၏။
အဆောင်က အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လူရိုင်းနန်းတော်ထဲကနေ ပျံသန်းသွား၏။
ဘန်း…
အလင်းတန်းက လူရိုင်းနန်းတော် အပြင်ဘက်သို့ မထွက်ခွာနိုင်ခင်မှာပင် အဲဒါသည် ဧရာမ လက်ဖဝါးဖြင့် ဖမ်းဆုပ်ပြီး ချေမွခြင်းကို ချက်ချင်းပင် ခံလိုက်ရ၏။
လူရိုင်းမျိုးနွယ် သခင်လေး၏ ပုံရိပ်က ပေါ်ထွက်လာခဲ့လေပြီ။