← Chapters

အရိုးစု စိတ်တုန်လှုပ်သည်။

Vol. 47 Ch. 653

အရိုးစု စိတ်တုန်လှုပ်သည်။

Vol. 47 Ch. 653

ဘာသာပြန်- The Fate

ဝမ်ဖုန်း၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။ ထျန်းရွှမ်တာအိုနန်းတော်အတွင်း၌ ဤကဲ့သို့အစွမ်းထက်သော တည်ရှိမှုတစ်ခု ပုန်းကွယ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပါ။

အင်မော်တယ်ဧကရာဇ်အဆင့်!...

ဤကျင့်ကြံမှုအဆင့်သည် ပျက်သုန်းခြင်းဧကရာဇ်နယ်မြေ၏ ထိပ်ဆုံး၌ရှိနေခဲ့သည်။ ဒီ့လူ့ရဲ့စွမ်းအားက သာမန်ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်တာကိုတောင် ထည့်မပြောရသေးဘူး။

ထိုလူသာ ပျက်သုန်းခြင်းဧကရာဇ်ဘုံ‌ေလာကသို့ ရောက်ရှိလာပါက သူဟာပြိုင်ဘက်ကင်းဖြစ်နိုင်ပေလိမ့်မည်။ သူသာ မွန်မြတ်ဘုံလောက်အတွင်း ထွက်ပေါ်လာပါက သူ၏အရှိန်အဝါတစ်ခုတည်းကတောင် မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်၏။

ဤအချိန်၌ ဝမ်ဖုန်း၏ နှလုံးသားအတွင်းတွင် မထိန်းချုပ်နိုင်သော အကျပ်အတည်းတစ်ခုပေါက်ဖွားလာခဲ့ရသည်။

ဤကမ္ဘာလောကို ရောက်ရှိလာပြီးနောက် ထိုကဲ့သို့ အစွမ်းထက်သော တည်ရှိမှုကြီးသည် သူတွေ့ကြုံရသည့် အသန်မာဆုံး ပြိုက်ဘက်ပင်ဖြစ်ပေတော့သည်။

ထိုလူက သူ့ကို တိုက်ခိုက်မလားဆိုတာကို ဝမ်ဖုန်းမသိပါ။ သို့သော်လည်း သူဟာ သူ၏အသက်ကို အခြားသူများ၏ ကြင်နာမှုအပေါ် ပုံအပ်မည့်သူတော့ မဟုတ်ပါချေ။ ဒါ့အပြင် သူ့နှလုံးသားအတွင်းရှိ စက်ဆုပ်မှုနှင့် သတ်ဖြတ်လိုစိတ်များကလည်း ပို၍ပြင်းထန်လာခဲ့သည်။

သူ၏ စိတ်ဝိညာဥ်အနက်ပိုင်း၌ အသံတစ်သံသည် အရိုးစုအမည်ရသော ကောင်းကင်ဆရာသခင်ကို သတ်ဖြတ်ရန် သူ့ကိုပြောဆိုနေခဲ့သည်။

"ကြွက်စုတ်လေးတွေ... ဒီနတ်ဘုရားကို ခိုးကြောင်ခိုးဝှက် စောင့်ကြည့်ရဲတယ်လား"

ဝမ်ဖုန်း၏ ခန္ဓာကိုယ်က တုန်ယင်နေသည့်အချိန်တွင် အရိုးစုသည် ဝမ်ဖုန်းနှင့် အခြားသူများ ပုန်းကွယ်နေသည့်နေရာဘက်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မီးခိုးရောင် မျက်ဝန်းများအတွင်း၌ ထိတ်လန့်စရာအလင်းတန်းတစ်ခုရှိနေခဲ့သည်။ အေးစက်၍ ခက်ထန်သော အသံကြီးသည် ခန်းမအတွင်း ဟိန်းထွက်သွားခဲ့သည်။

၎င်းအသံသည် ပြိုင်ဘက်ကင်းသော စွမ်းအားကို သယ်ဆောင်ထားခဲ့ကာ ဝမ်ဖုန်းနှင့်အခြားသူများကို ပုန်းကွယ်ရာနေရာမှ အတင်းအကျပ် ထွက်ပေါ်လာစေခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးက ဝမ်ဖုန်းတို့ကို တိုက်ရိုက်ဖိနှိပ်ခဲ့သည်။ ဝမ်ဖုန်းတို့အုပ်စု၏ ခွန်အားဖြင့်တောင် ၎င်းထိတ်လန့်ဖွယ်ခွန်အားကို မရင်ဆိုင်နိုင်ခဲ့ပါ။

ဝမ်ဖုန်းနှင့် အခြားသူများ၏ နဖူးပြင်၌ ချွေးအေးများ အဆက်မပြတ် ထွက်ပေါ်နေခဲ့ကာ ဝမ်ဖုန်းတို့၏ ဝတ်ရုံကလည်း ချွေးများဖြင့် စိုရွှဲနေခဲ့သည်။

ဤထိတ်လိန့်ဖွယ်ကောင်းသော ဖိအား၏အောက်တွင် သူတို့ခန္ဓာကိုယ်က အဆက်မပြတ် ခါယမ်းနေခဲ့သည်။

အရိုးစု၏အော်သံကို ကြားလိုက်ရသည့်အခါ မြေပြင်ပေါ်၌ရှိနေသော ရွှမ်ဝူတို့အုပ်စုသည် ချွေးပြန်သွားကြသည်။ အရိုးစုက သူတို့ကို ပြောနေသည်ဟု သူတို့ထင်ခဲ့သည်။

သို့သော်လည်း အရိုးစု၏ ထိတ်လန့်ဖွယ်စွမ်းအားကြောင့် ဝမ်ဖုန်းတို့ ထွက်ပေါ်လာခဲ့ရသည့် အခါမှာတော့ သူတို့အားလုံး ကြောင်အသွားခဲ့ရသည်။

တစ်ယောက်ယောက်က သူတို့ကို အမှောင်ထုထဲက စောင့်ကြည့်နေခဲ့လိမ့်မည်ဟု ရွှမ်ဝူတို့အားလုံး တွေးထင်မထားခဲ့ပါ။ သူတို့တွေ လုံးဝသတိမမူခဲ့ဘူးလား။ ဒီလူတွေက သူတို့နောက်ကို အစကတည်းက လိုက်ပါနေခဲ့တာလား?။

ရွှမ်ဝူတို့ လူငယ်လေးများအားလုံး၏ နှလုံးသားအတွင်း၌ အကြောက်တရားကို ခံစားခဲ့ရသည်။ အရိုးစု၏ ထွက်ပေါ်လာခြင်းကြောင့် မဟုတ်ပါက သူတို့က ထိုလူများကို သတိပြုမိခဲ့မှာတောင် မဟုတ်ပါ။ ထိုသို့သာ ဆက်ဖြစ်နေပါက သူတို့သည် သူတို့ဘဝ၏ သနားစရာအဆုံးသတ်ကို ကြုံတွေ့ရပေလိမ့်မည်!။

ဤသည်က ရွှမ်ဝူတို့အုပ်စု၏ နှလုံးသားများကို အမျက်ဒေါသဖြင့် ပြည့်နှက်သွားစေခဲ့သည်။ သူတို့ဟာ ဝမ်ဖုန်းနှင့် အခြားသူများကို ပြုံးရယ်လျက် စူးစိုက်ကြည့်ခဲ့ကြသည်။ ဤအချိန်၌ သူတို့သည် အရိုးစု၏ထွက်ပေါ်လာခြင်းကိုတောင် အနည်းငယ်ကျေးဇူးတင်နေမိ၏။

ဒီလိုမှမဟုတ်ရင် ဝမ်ဖုန်းတို့ ပုန်းကွယ်နေတာကို သူတို့ ဘယ်လိုလုပ်ရှာတွေ့နိုင်မှာလဲ။

သူတို့ဟာ အရိုးစု၏လက်အောက်တွင် သေဆုံးရတော့မှာ မှန်သော်လည်း သူတို့နောက်ကို နောက်ယောင်ခံလိုက်နေခဲ့သော ဝမ်ဖုန်းတို့ကိုလည်း အဆုံးသတ်ကောင်း မရှိစေချင်ပါ။

မင်းက ငါတို့နောက်ကို လိုက်ပါလာရဲမှတော့ အကုန်လုံးအတူတူသေကြတာပေါ့ကွာ!

အဆုံးအစမဲ့သော စိတ်ပျက်အားလျော့မှုများကြောင့် ရွှမ်ဝူနှင့် အခြားသူများသည် အကြောက်တရားကိုတောင် မခံစားရတော့ပါ။ ဘာပဲဖြစ်ဖြစ် သေခြင်းထက်တော့ မဆိုးနိုင်ပါဘူးလေ။

အရိုးစု၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် လီပိုင်နှင့် ကြွင်းကျန်ရစ်သူများ၏ အမူအရာများက ပျက်ယွင်းလာခဲ့၏။ သူတို့ခန္ဓာကိုယ်များပေါ်၌လည်း အရိုးများအက်ကွဲသံများကို ကြားနေရသည်။

အရိုးများကွဲကြေရသည့်နာကျင်မှုသည် လီပိုင်နှင့် အခြားသူများ၏ အမူအရာကို လုံးဝပျက်ယွင်းသွားစေခဲ့သည်။ သူတို့ခန္ဓာကိုယ်မှ သွေးများကလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ သူတို့အားလုံးသည် သွေးလူသားများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ရွှမ်ဝူနှင့် အခြားသူများသည် အရမ်းကိုပျော်ရွှင်သွားကြသည်။ သူတို့ဟာ ဤအချိန်၌ သနားစရာဖြစ်နေခဲ့သော်လည်း လီပိုင်တို့လောက်တော့ အခြေအနေမဆိုးရွားသေးပါ။

ဝမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်နေခဲ့သည်။ ချွေးအေးများကလည်း သူ၏နဖူးထက်၌ စိုရွှဲနေခဲ့သည်။ သူဟာ လီပိုင်တို့လောက် အခြေအနေမဆိုးသော်လည်း သူ၏ခန္ဓာကိုယ်ကလည်း ကွဲကြေသွားတော့မည့်အလား ခံစားနေရခဲ့ရသည်။

ဤဖိအား၏အောက်တွင် သူ၏တစ်မူထူးခြားသော ရုပ်ခန္ဒာကလည်း သက်ရောက်မှု မရှိတော့သည့်ပုံပေါ်၏။ ဝမ်ဖုန်း၏ အစွမ်းထက်သော ရုပ်ခန္ဓာကြောင့်မဟုတ်ပါက ဤအချိန်၌ ဝမ်ဖုန်း၏ အခြေအနေကလည်း လီပိုင်တို့ထက် ပိုကောင်းနေနိုင်မှာမဟုတ်ပါ။

ဝမ်ဖုန်းသည် အသက်ကိုပြင်းပြင်းရှုရှိုက်လိုက်ပြီး သူ၏အစိတ်အပိုင်းကြီးလေးခုဖြစ်သော တစ်ဘက်လောက ရုပ်ခန္ဓာ ၊ ကံတရားစိတ်ဝိညာဥ် ၊ လျှိုယင်းနှလုံးသားနှင့် နဂါးအရိုးတို့ကို ဖွင့်လှစ်လိုက်ကာ အစွမ်းထက်သည့် အရှိန်အဝါကို ခုခံရန် ကြိုးစားခဲ့သည်။

ဝမ်ဖုန်းခန္ဓာကိုယ်၏ အစိတ်အပိုင်းလေးခုစလုံးဟာ ထိတ်လန့်ဖွယ်ကောင်း၍ လျှို့ဝှက်ဆန်းကြယ်ပါ၏။ သို့သော်လည်း ဝမ်ဖုန်းသည် လက်ရှိကျင့်ကြံမှုစွမ်းအားဖြင့် ၎င်းအစိတ်အပိုင်းလေးခု၏စွမ်းအားကို အပြည့်အဝအသုံးမချနိိုင်သေးပါ။အထူးသဖြင့် အရိုးစုလို အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်ရှိနေပြီး ဟုန်မာန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်များကို သတ်ဖြတ်နိုင်သော ရန်သူ၏ရှေ့မှောက်၌ ဝမ်ဖုန်းသည် ကြန့်ကြန့်မခံနိုင်ခဲ့ပါချေ။

သည်းမခံနိုင်သော နာကျင်မှုကို ခံစားနေခဲ့ရသော်လည်း ဝမ်ဖုန်းဟာအံကိုကြိတ်လျက် တောင့်ခံထားခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ စိတ်ပိုင်းဖြတ်မှုများရှိနေခဲ့သည်။ အရှိန်အဝါမှာ ထိတ်လန့်ဖွယ်ကောင်းသော်လည်း ၎င်းမှာ ဝမ်ဖုန်းအတွက် ကောင်းကျိုးတစ်ခု ပြုပေးနေခဲ့သည်။

ထိတ်လန့်ဖွယ်အရှိန်အဝါ၏အောက်တွင် ဝမ်ဖုန်းသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းကြီးလေးခုက ပိုမို၍ပြည့်စုံလာသလို ခံစားခဲ့ရသည်။ အဆိုပါအစိတ်အပိုင်းလေးရပ်အပေါ်ထားရှိသည့် ဝမ်ဖုန်း၏ နားလည်ဆင်ခြင်မှုကလည်း ပို၍နက်ရှိုင်းလာခဲ့သည်။

"ဘယ်လို.... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"မင်းက ဘာလို့အသက်ရှင်နေသေးတာလဲ"

ဤအချိန်၌ အရိုးစု၏ နှုတ်ဖျားမှ ထိတ်လန့်နေသော အသံတစ်သံထွက်ပေါ်လာခဲ့သည်။ သူ၏ မိးခိုးရောင်မျက်ဝန်းများက ဝမ်ဖုန်းကို စူးစိုက်ကြည့်နေခဲ့ကာ သူ၏ မျက်နှာပြင်ပေါ်တွင် ထိတ်လန့်ချောက်ချားမှုများရှိနေခဲ့သည်။

လွန်ကဲသော ထိတ်လန့်မှုကြောင့် အရိုးစုသည် နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာခဲ့ရသည်။

အရိုးစု၏ ထိတ်လန့်သွားမှုကြောင့် ကြီးမားသောအရှိန်အဝါကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ဤသည်ကြောင့် ဝမ်ဖုန်းနှင့် အခြားသူများသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သေမင်းနှင့် လက်တစ်ကမ်းအလို၌ ရှိခဲ့သောသူတို့၏ ခန္ဓာကိုယ်များက အဆက်မပြတ် မောပန်းနွမ်းနယ်နေခဲ့သည်။

လီပိုင်နှင့် အခြားသူများသည် အရိုးစု၏ ထိတ်လန့်မှုကို အခွင့်ကောင်းယူကာ ခွန်အားများကို အသုံးပြု၍ အပြင်းအထန် ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ပြုပြင်လိုက်ကြသည်။ အရိုးစုလိုတည်ရှိမှုကို ပြန်လည်၍ မတိုက်ခိုက်နိုင်မှန်း သူတို့သိသော်လည်း လီပိုင်တို့သည် အသက်ရှင်သန်ခွင့်ကိုတော့ အရှုံးမပေးခဲ့ကြပါ။

ဝမ်ဖုန်းကတော့ ဒဏ်ရာအနာတရများကို ဂရုမစိုက်နိုင်သေးပဲအရိုးစုကို စူးစိုက်ကြည့်လိုက်သည်။ မြင်ကွင်းက ဝမ်ဖုန်းကိုအနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။

ဤအချိန်၌ အရိုးစု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဆက်မပြတ်တုန်ယင်နေခဲ့သည်။ သူ၏ မီးခိုးရောင်မျက်ဝန်းများအတွင်း၌ မည်သည့်အလင်းတန်းမှ ရှိမနေခဲ့သော်လည်း ဝမ်ဖုန်းသည် အဆိုပါမျက်ဝန်းများ၏ အတွင်းပိုင်း၌ရှိနေသော အကြောက်တရားကို ရှင်းလင်းစွာတွေ့မြင်ခဲ့ရသည်။

ဒီအရိုးစုကဘာလဲ?

ဝမ်ဖုန်း၏ မျက်နှာကို တွေ့မြင်လိုက်ရပြီးနောက် အရိုးစုဟာ ပို၍တောင် ထိတ်လန့်သွားခဲ့သည်။ သူဟာ အနောက်ကို ခြေလှမ်းအနည်းငယ်ပို၍ ဆုတ်ခွာသွားခဲ့သည်။ သူ့မျက်နှာထက်ရှိ ထိတ်လန့်ချောက်ချားမှုမှာ ပိုမို၍ ထင်ရှားလာခဲ့သည်။ ရွှမ်းဝူတို့အုပ်စုကတောင် ဤအချိန်၌ ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။ အရိုးစုက တကယ့်ကို အပြင်းအထန် တုန်လှုပ်နေခဲ့လေသည်။

ဘာဖြစ်နေတာလဲ?... ဒီလိုထိတ်လန့်ဖွယ်ကောင်းတဲ့ တည်ရှိမှုကြီးက ကြောက်လန့်နေတာလား?။

ရွှမ်ဝူတို့အားလုံးသည် ပဟေဠိဖြစ်နေခဲ့ကြကာ သူတို့၏ အမူအရာက သံသယဝင်နေခဲ့ကြသည်။

"မဖြစ်နိုင်ဘူး!"

"မဖြစ်နိုင်ဘူး... မင်းဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ"

ထိတ်လန့်ချောက်ချားစွာဖြင့် အရိုးစုက ဝမ်ဖုန်းကို စူးစိုက်ကြည့်ကာ ရေရွတ်ပြောဆိုလိုက်သည်။ သူဟာ အနောက်ကို ပို၍ဆုတ်ခွာသွားခဲ့သည်မှာ ဝမ်ဖုန်းနှင့် အနီးမကပ်လိုသည့်အလား ဖြစ်နေခဲ့သည်။

ဤမြင်ကွင်းက ရွမ်းဝူတို့ကိုသာမက လီပိုင်တို့ကိုပါ ထိတ်လန့်သွားစေခဲ့သည်။

ဤအချိန်၌ သူတို့အားလုံး ဘယ်လောက်ပဲ ရူးအပါစေ၊ အရိုးစုက ဝမ်ဖုန်းကို ကြောက်လန့်နေခြင်းဖြစ်ကြောင်း တွေမြင်နိုင်၏။

ဒါပေမဲ့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

အရိုးစုက အရမ်းအစွမ်းထက်လို့ ဝမ်ဖုန်းကိုတောင် အရှိန်အဝါချည်းသက်သက်နှင့် ဖိနှိမ်နိုင်ခဲ့တာလေ။ ဒါကိုတောင် အရိုးစုက ဝမ်ဖုန်းလိုပုရွက်ဆိတ်တစ်ကောင်ကို ကြောက်လန့်နေတာလား။

ဒီလိုလူတစ်ယောက်က အရိုးစုကို ဘာလို့ဒီလောက်ထိ ကြောက်လန့်စေနိုင်ရတာလဲ။

ဖြစ်နိုင်တာက ဒီလူ့မှာ သာမန်မဟုတ်တဲ့ အဆင့်အတန်းရှိနေတာလား?။ ရွှမ်ဝူတို့အုပ်စု၏ အတွေးထဲ၌ မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သူတို့ဘယ်လောက်ပဲ ခန့်မှန်းပါစေ ဝမ်ဖုန်းကို အရိုးစုကြောက်လန့်ရသည့် အမှန်တရားကိုတော့ မတွေ့မြင်နိုင်ခဲ့ပါ!။

All Chapters