← Chapters

ကျေးဇူးပြု၍ ခွန်အားများထပ်တိုးပေးပါ။

Vol. 47 Ch. 657

ကျေးဇူးပြု၍ ခွန်အားများထပ်တိုးပေးပါ။

Vol. 47 Ch. 657

ဘာသာပြန်- The Fate

ထျမ်းရွှမ်တာအိုနန်းတော်အတွင်း၌ အရိုးစု၏ ပြဇာတ်သည် ဆက်လက်ကပြနေစဉ်ဖြစ်၏။

ပြင်းထန်သော အရှိန်အဝါများသည် ခန်းမအတွင်း၌ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့ကာ ခန်းမကြီးကို အကြိမ်တိုင်း တသိမ့်သိမ့် တုန်ယင်သွားစေ၏။

လီပိုင်တို့အုပ်စုတွင်ဖြစ်စေ၊ရွှမ်ဝူတို့အုပ်စုတွင်ဖြစ်စေ နှစ်ဖက်စလုံးသည် အရှုံးပေးထားကြပြီးသာဖြစ်၏။ သူတို့ဟာ ကူကယ်ရာမဲ့နေပုံပေါ်ပေသည်။ သူတို့ဟာ အချိန်အကြာကြီး နှိပ်စက်ခံခဲ့ရတာဖြစ်တာကြောင့် သူတို့၏မျက်နှာများကတောင် ထုံပေပေဖြစ်နေရှာသည်။

အရိုးစု၏ အပန်းဖြေမှုအောက်တွင် တာအိုနန်းတော်နှစ်ခု၏ တပည့်များသည် သည်းမခံနိုင်ခဲ့ကြပါ။ တချို့တပည့်များ၏ ခန္ဓာကိုယ်များမှာ တိုက်ရိုက်ကို ပေါက်ကွဲသွားကြကာ သွေးမြူထူများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ၄င်းသွေးမြူထူများကို အရိုးစုက စုပ်ယူလိုက်လေသည်။

မူလက ထျမ်းရွှမ်တာအိုနန်းတော်ကို လာရောက်လေ့ကျင့်ကြသော တာအိုနန်းတော်၏ တပည့်များမှာ အယောက် ၂၀၀ ခန့်ရှိသော်လည်း လက်ရှိတွင်တော့ ၁၀၀စွန်းစွန်းမျှသာ ကျန်ရစ်တော့သည်။

ကျန်ရှိနေသာ တပည့် ၁၀၀ကျော်ကလည်း အားအင်ဖျော့တော့ကာ သေမင်းနှင့် လက်တစ်ကမ်းကို ရောက်ရှိနေပြီဖြစ်သည်။

သူတို့၌ အကြောက်တရားများမရှိတော့ပါ။ဤကဲ့သို့ ညှင်းပန်းမှုအောက်တွင် သူတို့၏စိတ်ခံစားမှုများက တစ်စစီကွဲကြေသွားခဲ့ကာ သေခြင်းတရားကသာ သူတို့အတွက် အပန်းဖြေရာဖြစ်ပေတော့သည်။ သူတို့ဟာ သေဆုံးသွားသောလူများကိုတောင် မနာလိုဖြစ်နေရ၏။

အရိုးစု၏ ဂရုစိုက်ပေးခြင်းခံနေရသော ဝမ်ဖုန်းကတော့ အင်မတန်ကို သနားစရာကောင်းနေခဲ့သည်။ သူ၏ကိုယ်ခန္ဓာပေါ်၌ အမာရွတ်များစွာရှိနေခဲ့ပြီး သွေးများကလည်း ယိုစီးကျနေခဲ့ကာ သွေးလူသားတစ်ယောက်နဲ့တောင်တူနေတော့သည်။

အသားလွှာများအတွင်းရှိ အရိုးဖြူများကိုတောင် ခပ်ဖျော့ဖျော့မြင်နေရသည်။ ဒါက အရိုးစုကို ပို၍စိတ်လှုပ်ရှားသွားစေခဲ့သည်။ သူ၏ခက်ထန်ကြမ်းတမ်းသောမျက်နှာသည် အဆုံးအဆမဲ့ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ညှင်းပန်းနှိပ်စက်မှုများကလည်း ပို၍ပို၍ပြင်းထန်လာချေသည်။

သူ၏ညှင်းပန်းမှုအောက်တွင် ဝမ်ဖုန်းက အထူးဆန်းဆုံးအခြေအနေတစ်ခုကို ရောက်ရှိသွားကြောင်းကိုတော့ အရိုးစုက မသိရှိခဲ့ပါ!

ဝမ်ဖုန်း၏အပြင်ပန်းအသွင်အပြင်က အင်မတန်သနားစရာကောင်းနေခဲ့သော်လည်း သူ၏အတွင်းပိုင်းကတော့ အဆက်မပြတ်ပြုပြင်ခြင်း၏အောက်တွင် ပို၍သန်မာလာခဲ့သည်။

နောက်ကွယ်တွင်ရှိနေသော မှော်ဝင်နဂါး၏အရိုးသည် ဝမ်ဖုန်းအရိုးများနှင့် အပြည့်အဝပေါင်းစပ်သွားခဲ့ကာ လျှို့ဝှက်ဆန်းကြယ်သော မှော်ဝင်သင်္ကေတများသည် မှော်ဝင်နဂါးထံမှ ပျံ့လွှင့်လာပြီးလျှင် ဝမ်ဖုန်းတစ်ကိုယ်လုံးရှိ အရိုးများသို့ ဆက်လက်ပျံ့ပွားသွားခဲ့သည်။

အဆိုပါမှော်ဝင်သင်္ကေတများသည် နဂါးငယ်လေးများကဲ့သို့ ဝမ်ဖုန်း၏အရိုးများကို ရုတ်တရက်ဖုံးလွှမ်းသွားခဲ့သည်။ ဤအချိန်၌ ဝမ်ဖုန်း၏အရိုးများအပေါ်၌ နက်မှောင်သော အနက်ရောင်ချပ်ဝတ်တန်ဆာတစ်စုံရှိနေခဲ့သည့်အလား ဖြစ်နေခဲ့သည်။

အဆိုပါမှော်ဝင်မျဉ်းကြောင်းများသည် ဝမ်ဖုန်း၏အရိုးများအတွင်း၌ရှိနေသော တစ်ဖက်လောက အစွမ်းများနှင့်ရောနှောသွားခဲ့ကာ ဝမ်ဖုန်း၏အရိုးများသည် မှော်ဝင်အရိုးများကဲ့သို့ အင်မတန်ကြံ့ခိုင်မာကြောလာခဲ့သည်။

အရိုးစု၏ညှင်းပန်းနှိပ်စက်မှုအောက်တွင် ဝမ်ဖုန်း၏အရိုးများသည် နောက်တစ်ဆင့်အထိအသွင်ပြောင်းလဲသွားခဲ့သည်။ ဤအချိန်၌ ဝမ်ဖုန်းသည် နဂါးအရိုးနှင့် ပထမဆုံးအကြိမ်ပေါင်းစပ်ခဲ့စဉ်ကထက် အဆပေါင်းများစွာ ပို၍သန်မာနေခဲ့သည်။

ဒါတင်မကသေးဘဲ ဝမ်ဖုန်း၏ကံတရားစိတ်ဝိဉာဉ်၊တစ်ဖက်လောက ရုပ်ခန္ဓာ လျို့ယင်းနှလုံးသားတို့ကလည်း အရိုးစု၏ဖိအားအောက်တွင် ပြောင်းလဲမှုအသစ်များကို ကြုံတွေ့နေရသည်။

မူလက အစိတ်အပိုင်းကြီး ၄ခုသည် ဝမ်ဖုန်း၏ကျင့်ကြံမှုကြောင့်သာ ပေါင်းစပ်နေခြင်းဖြစ်ပြီး အပြည့်အစုံမပေါင်းစပ်သေးပါ။ ယခုအခါ အရိုးစု၏ဖိအားအောက်တွင် အစိတ်အပိုင်းကြီး ၄ခုသည် အပြည့်အဝပေါင်းစည်းသွားခဲ့ကာ ပြီးပြည့်စုံသော ကိုယ်ခန္ဓာတစ်ခုကို ပုံဖော်နေခဲ့သည်။

အဆိုပါအစိတ်အပိုင်းကြီး ၄ခု၏ အရှိန်အဝါနှင့် စွမ်းအားများသည် အတူတကွရောစပ်ပြီးသွားလျှင် ဝမ်ဖုန်း၏ရုပ်ခန္ဓာသည် လျှို့ဝှက်ဆန်းကြယ်သော ရုပ်ခန္ဓာအသစ်တစ်ခုအဖြစ် အပြည့်အဝပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ ဝမ်ဖုန်း၏စိတ်အာရုံအတွင်းရှိ ကံတရားလက်ခုပ်အတွင်း၌ကျရောက်နေသည့် ဇာမဏိငှက်ဥကလေးသည် ပြန်လည်ဝင်စားခြင်း၏စွမ်းအင်များကို ထုတ်ဖော်လျက် ဝမ်ဖုန်း၏သွေးကြောများတစ်လျှောက်ပို့လွှတ်ပေးနေသည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်လျှောက်လုံးမှာ ပြန်လည်ဝင်စားခြင်းစွမ်းအင်များ၏သက်ရောက်မှုကို ခံခဲ့ရကာ ဇာမဏိငှက်ဥ၏အစွမ်းကို ဆက်ခံထားလေသည်။

အဆိုပါပြောင်းလဲမှုများသည် တိတ်တဆိတ်ဖြစ်ပျက်နေခြင်းဖြစ်၏။ အရူးအမူးဖြစ်နေသောအရိုးစုမှာ ဝမ်ဖုန်း၏ပြောင်းလဲမှုများကို လုံးဝသတိမထားမိခဲ့ပါ။ သူဟာ ဝမ်ဖုန်းကို နှိပ်စက်ရသည့်အတွက် အကြီးအကျယ်ပျော်ရွှင်နေမိသည်။

ခန္ဓာကိုယ်၏ပြောင်းလဲလာမှုနှင့်အတူ အစိတ်အပိုင်းကြီး ၄ခုအပေါ်ထားရှိသော ဝမ်ဖုန်း၏အတွေးအမြင်သည်လည်း ပို၍နက်ရှိုင်းလာခဲ့သည်။ သူဟာ တစ်ဖက်လောက၏ နိယာမလမ်းစဉ်များ၊နတ်ဆိုးတစ်သောင်း၏လမ်းစဉ်၊ကံတရားလမ်းစဉ်၊လျို့ယင်းလမ်းစဉ်၊ပြန်လည်ဝင်စားခြင်းလမ်းစဉ်တို့ကို အကြမ်းဖျင်းမျှ ထိတွေ့နိုင်ခဲ့သည်။

ယခင်က သူသည် ယွမ်ဟွားကောင်းကင်ဘုံအတွင်း၌ တာအိုလမ်းစဉ်တချို့ကို နားလည်သဘောပေါက်ခဲ့သည်။ သို့သော်လည်း ၄င်းတာအိုလမ်းစဉ်များမှာ လမ်းစဉ်ငယ်ကလေးများသာဖြစ်ပြီး ကောင်းကင်တာအိုအဆင့်သို့ မရောက်ရှိသေးပါ။ သို့သော်လည်း သူလက်ရှိ ထိတွေ့နိုင်ခဲ့သော လမ်းစဉ်ကြီးငါးခုသည် ကောင်းကင်အဆင့်သို့ရောက်ရှိနေသော တာအိုလမ်းစဉ်များဖြစ်ကြ၏။

ဝမ်ဖုန်းသာ ထိုအရာများကို အပြည့်အဝနားလည်သွားပါက ဟုန်မာန်နတ်ဘုရားနယ်ပယ်ကိုရောက်သည်အထိ သူ၏ကျင့်ကြံမှုလမ်းစဉ်မှာ ချောမွေ့နေပေလိမ့်မည်။ သို့သော်လည်း ထိုလမ်းစဉ်များကို အပြည့်အဝနားလည်ရန်မှာ မလွယ်ကူပါ။

အရိုးစု၏သန်မာသော ဖိအားဖြင့်တောင် ဝမ်ဖုန်းသည် လမ်းစဉ်ငါးခုကို အကြမ်းဖျင်းမျှသာ ထိတွေ့နိုင်ခဲ့ကာ အပြည့်အဝနားမလည်နိုင်ခဲ့ပါချေ။

ခန္ဓာကိုယ်၏အသွင်ပြောင်းမှုက ပို၍ပို၍တိုးတက်လာသည်နှင့်အမျှ အရိုးစု၏စွမ်းအားမှာ သူ့အပေါ်သက်ရောက်မှုမရှိတော့ကြောင်း ဝမ်ဖုန်းတစ်ယောက် တဖြည်းဖြည်းခံစားလာခဲ့ရသည်။ ဒါကဝမ်ဖုန်းကို မကျေမနပ်ဖြစ်သွားစေခဲ့သည်။

အသုံးချခံလူများသည် အသုံးချခံရသည့် အရေးကိစ္စမရှိတော့သည့်အခါ ကျိန်းသေပေါက် စွန့်ပစ်ခံရလိမ့်မည်!

ဒါကိုတွေးလိုက်ပြီးနောက် ဝမ်ဖုန်း၏မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့သည်။ သူက ဉီးခေါင်းကိုမော့လျှက် ရုန်းကန်နေရဟန် ဟန်ဆောင်ထားခဲ့သည်။ ထို့နောက် ဖျစ်ညှစ်ပြုံးထားရသော အပြုံးဖြင့် အရိုးစုကို ခက်ထန်စွာပြောဆိုလိုက်သည်။

"ကောင်းကင်ကိုယ်စားလှယ်တစ်ယောက်ရဲ့စွမ်းအားက အရမ်းကိုသန်မာနေလိမ့်မယ်လို့ ကျူပ်ထင်မထားခဲ့ဘူး"

"ဒါပေမဲ့ ဒါက ဒီဧကရာဇ်ကို အယားတောင်မပြေစေဘူးကွ! ထပ်ပြီးတော့ ခွန်အားနည်းနည်းလောက် ပိုထည့်လိုက်စမ်းပါလား"

‌ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အရိုးစုလို တည်ရှိမှုကတောင် ဝမ်ဖုန်းကို တွေဝေငေးမောစွာ စိုက်ကြည့်နေမိစေခဲ့သည်။

မူလက အမူအရာကင်းမဲ့နေကြသော လီပိုင့်တို့အုပ်စု၊ရွှမ်ဝူတို့အုပ်စုကတောင် ဒီအချိန်၌ ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။ သူတို့က ဝမ်ဖုန်းကို တညီတညွတ်တည်း လှမ်းကြည့်လိုက်ပြီး သူတို့၏မျက်ဝန်းများအတွင်း၌ လေးစားမှုများရှိနေခဲ့သည်။

ဤအချိန်တွင် မူလက ဝမ်ဖုန်းကို မုန်းတီးနေကြသော ရွှမ်ဝူတို့အုပ်စုကတောင် ဝမ်ဖုန်းကို မနေနိုင်ဘဲ လေးစားလာမိသည်။

ဒီကောင်က နာကျင်မှု နှစ်ခြိုက်သူတစ်‌ယောက်များလား။

သူ့အတွက် ညှင်းပန်းနှိပ်စက်ခံရတာက အပြစ်ပေးခံရတာတင်မကဘဲ ပျော်ရွှင်မှုတစ်ခုလည်းဖြစ်နေတာလား။ ဒီလိုမှမဟုတ်ရင် သူက ဒီလောက်ရူးနှမ်းတဲ့စကားမျိုးကို ဘယ်လိုလုပ်ပြောနိုင်မှာလဲ။

ရွှမ်ဝူတို့အုပ်စုသာမက အရိုးစုကိုယ်တိုင်ကတောင် ထိုသို့မတွေးဘဲ မနေနိုင်တော့ပါ။

လီပိုင်အပါအဝင် ရှန်ရှန်ကျံု့ဂိုဏ်း၏ အကြီးအကဲများသည် ဤအခါ၌ ဝမ်ဖုန်းကို တစ်ကြိမ်တစ်ခါမျှ မသိခဲ့ဖူးသော လူတစ်ယောက်အလား စိုက်ကြည့်နေမိသည်။ သူတို့အတွက် အရိုးစု၏နှိပ်စက်မှုသည် သေချင်နိုင်လောက်သည်အထိ ပြင်းထန်ခဲ့ရသည်။ သို့သော်လည်း ဝမ်ဖုန်းအတွက်တော့ မလုံလောက်သေးဘူးတဲ့လား။ သူက အရိုးစုရဲ့ အားနည်းမှုကိုတောင် လှောင်ပြောင်နေခဲ့တာလား။

ဂိုဏ်းချုပ်ကြီးက ဘယ်အချိန်ကတည်းက အခုလို ရူးနှမ်းသွားရတာလဲ။

"စိတ်ဝင်စားစရာကောင်းတယ်!"

"မင်းပြောတဲ့အတိုင်းပေါ့လေ!"

"ကြည့်ရတာ ဒီနတ်ဘုရားက မင်းကို အထင်အမြင်သေးခဲ့တဲ့ပုံပဲ"

"ကောင်းပြီ ဒီလိုနည်းလမ်းနဲ့ ဒီနတ်ဘုရားက မင်းကို အပြည့်အဝနှိပ်စက်ပေးရမှာပေါ့ကွာ"

"ဒီနတ်ဘုရားက အမြဲတမ်း ကျိုးကြောင်းဆီလျော်တဲ့သူပါကွ။ မင်းကတောင်းဆိုနေမှတော့လည်း ဒီနတ်ဘုရားက သန်မာခြင်းဆိုတာကို အပြည့်အဝနားလည်အောင် သင်ကြားပေးရတော့မှာပေါ့!"

တစ်ခဏကြာပြီးသည့်နောက် ဒေါသထွက်ရမည့်အစား အရိုးစုသည် ဝမ်ဖုန်းကို စိတ်ပါဝင်စားစွာ စူးစိုက်ကြည့်ခဲ့သည်။ သူက လှောင်ပြောင်လျှက် ပြောဆိုလိုက်လေသည်။ သူ၏ကြောက်လန့်စရာကောင်းသော မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာတစ်ခုရှိနေခဲ့သည်။

"မင်းတို့ရော ထပ်ပြီး ပြင်းထန်စေချင်သေးလား"

များမကြာမီအတွင်း၌ အရိုးစုက ရွှမ်ဝူတို့အုပ်စုကို လှမ်းကြည့်လိုက်ကာ ကျယ်လောင်စွာပြောဆိုလိုက်သည်။ ထိုစကားကိုကြားလိုက်ရသည့်အခါ ရွှမ်ဝူနှင့် အခြားသူများသည် ထိတ်လန့်သွားကြပြီး ဉီး‌ခေါင်းများကို လျင်မြန်စွာ ခါယမ်းလိုက်ကြသည်။ လက်ရှိခွန်အားဖြင့်တောင် သူတို့၏စိတ်ဝိဉာဉ်များသည် ငရဲ၌ရှိနေသကဲ့သို့ မသက်မသာခံစားနေရ‌သည်။ ဒါကတောင် ကြီးမားသော နှိပ်စက်မှုဖြစ်နေပါပြီ!

All Chapters