← Chapters

အရှေ့တိုင်း၏ဧကရာဇ်ထိုက်ရိ

Vol. 47 Ch. 660

အရှေ့တိုင်း၏ဧကရာဇ်ထိုက်ရိ

Vol. 47 Ch. 660

ဘာသာပြန်- The Fate

"ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်သလဲကွာ"

အရိုးစုက အရိုင်းဆန်စွာ အော်ဟစ်ရယ်မောခဲ့သည်။ သူသည် လက်နှစ်ဖက်ကို ဖြန့်ကားလျက် တသိမ့်သိမ့်လျက် ရယ်မောနေခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားများကလည်း ပို၍ပို၍ သန်မာလာခဲ့သည်။

သူ့ကို အချိန်အတော်ကြာအောင် ဒုက္ခပေးခဲ့သော အိပ်မက်ဆိုးကြီးသည် ပြိုကွဲသွားခဲ့လေပြီ။ သူ၏စိတ်အစဉ်ကား နောက်တစ်ဆင့်သို့ရောက်ရှိသွားကြောင်းကို အရိုးစုခံစားလိုက်ရသည်။ ဒါက သူ့ကို ပျော်ရွှင်စေခဲ့သည်။

သူဟာ အထွတ်အထိပ်အခြေအနေသို့ မရောက်သေးပါ။ သို့သော်လည်း သူ၏စိတ်အဆင့်တိုးတက်သွားခြင်းက ယခင်က သူ၏အဆင့်ထက် ပို၍သန်မာပေလိမ့်မည်။

သူ့လိုတည်ရှိမှုကြီးအတွက် စိတ်အခြေအနေကို မြင့်မားစေခြင်းမှာ မဖြစ်နိုင်လုနီးပါး ခဲယဉ်းလှပါသည်။

ဝမ်ဖုန်းသည် ပထမဘဝတွင် အလွန်ကြောက်စရာကောင်း၍ သန်မာခဲ့ပေသည်။ ထို့အတွက်ကြောင့် ဝမ်ဖုန်း၏ ပထမဘဝသည် အရိုးစုအတွက် အိပ်မက်ဆိုးကြီးသာ ဖြစ်လာခဲ့သည်။

ယခုအခါမှာတော့ ပြန်လည်ဝင်စားလာသော ဝမ်ဖုန်းသည် သူ၏နှိပ်စက်ညှင်းပန်းခြင်းကို ခံနေရသည်။ ထို့အတွက်ကြောင့် သူ၏စိတ်အခြေအနေကလည်း ပိုမို၍ ကောင်းမွန်လာခဲ့သည်။ အနည်းငယ် ပိုမိုကောင်းမွန်လာခြင်းဆိုလျှင်တောင် ဤသည်ကား အရိုးစုအတွက် ကြီးမားသော တိုးတက်မှုကြီးဖြစ်ပါသည်။

အိပ်မက်ဆိုးကြီးက အပြည့်အဝပျက်ဆီးသွားခဲ့ရင် သူ့ရဲ့စိတ်အခြေအနေက ဘယ်လောက်တောင်မှ တိုးတက်သွားဦးမှာလဲ။

ဒါကိုတွေးမိလိုက်တော့ သူ၏ရယ်မောသံကြီးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက ကျောက်စိမ်းဖြူနန်းတော်ကြမ်းပြင်ပေါ်၌ လှဲလျောင်းနေသော ဝမ်ဖုန်းကို စူးစိုက်ကြည့်ရှုခဲ့သည်။ သူ၏မီးခိုးရောင် မျက်ဝန်းများအတွင်း၌ ရွှတ်နောက်နောက်အကြည့်တစ်ခု ရှိနေခဲ့သည်။

"ဒါက လုံလောက်အောင် မသန်မာသေးဘူးလား။ မင်းထက်ပြီးတော့ လိုချင်သေးလားကွ"

လှောင်ပြောင်ရယ်မောသံကြီးသည် အရိုးစုထံမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ အဆုံးအဆမဲ့သော အေးစက်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ ရွှမ်ဝူတို့အုပ်စုသာမက လီပိုင်တို့အုပ်စုသည်လည်း ဤအချိန်၌ တုန်ယင်သွားခဲ့ရသည်။

အရိုးစု၏ ရန်စခြင်းကိုခံခဲ့ရသော်လည်း ဝမ်ဖုန်းသည် လျစ်လျူရှုထားခဲ့ကာ တွင်းပေါက်ကြီးထဲ၌ ငြိမ်သက်စွာ လှဲလျောင်းနေခဲ့သည်။

"စနစ် ဂိုဏ်းအမှတ် တစ်ထရီလီလျံကို အသုံးပြုပြီး ဘိုးဘေးငှားရမ်းခြင်း လုပ်ဆောင်ချက်ကို ဖွင့်လှစ်လိုက်ပါ"

ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အေးစက်သည့် အလင်းတန်းတစ်ခုပေါက်ဖွားလာခဲ့ကာ လျို့ဝှက်စွာ ပြောဆိုလိုက်သည်။

ကောင်းကင်ကိုယ်စားလှယ်လား?!

ဟား ဟား!

သူဆိုတဲ့ ဝမ်ဖုန်းရဲ့အရှေ့မှာ ကောင်းကင်ရဲ့ ကိုယ်စားလှယ်ဆိုရင်တောင် ကျိန်းသေပေါက် ဒူးထောက်ရမယ်။

အရင်ကဆိုပါက ဝမ်ဖုန်းသည် အရိုးစုကဲ့သို့ အသန်မာဆုံးတည်ရှိမှုကြီးကို သတ်ဖြတ်နိုင်မည် မဟုတ်ပါ။ သို့သော်လည်း အရိုးစုသည် လက်ရှိအချိန်၌ ချိတ်စည်းမှ လွတ်မြောက်ခါစဖြစ်သည်။ သူ၏ခွန်အားကလည်း အထွတ်အထိပ်အခြေအနေသို့ မရောက်ရှိသေးပါ။ ထို့အတွက်ကြောင့် ဝမ်ဖုန်းက ရဲဝဲ့နေခဲ့သည်။

စနစ်က ကံတရားအမှတ် တစ် ထရီလီလျံက သတ်နိုင်မည်ဟုပြောလျှင် ကျိန်းသေပေါက် သတ်နိုင်လိမ့်မယ်။

စနစ်ကို ရရှိလာပြီးကတည်းက ထိုစနစ်သည် ဘယ်တုန်းကမှ မှားယွင်းခဲ့ဖူးခြင်း မရှိပါ။

ထို့အတွက်ကြောင့် ဝမ်ဖုန်းသည် ကံတရားအမှတ်များကို လိုအပ်သည်ထက် ပို၍ မသုံးစွဲပါ။

"ဘယ်လိုလဲ"

"မင်း ဒီတစ်ကြိမ်ရော လွတ်မြောက်နိုင်ဦးမှာလား"

"မင်းက မောက်မာတယ်မဟုတ်လား။ ဆက်ပြီး မောက်မာစမ်းပါဦး"

"လာစမ်းပါ။ ငါ့ကို ဖျော်ဖြေစမ်းပါ"

မလှုပ်ရှားတော့သည့် ဝမ်ဖုန်းကို တွေ့လိုက်ရသည့်အခါ အရိုးစုမျက်နှာရှိ လှောင်ပြောင်မှုသည် ပို၍ ကျယ်ပြောလာခဲ့သည်။ သူသည် ရူးနှမ်းနေပုံပေါ်ကာ မီးခိုးရောင်မျက်ဝန်းများအတွင်း၌ ထိတ်လန့်ဖွယ် အလင်းတန်းတို့ ပျံ့နှံ့နေခဲ့သည်။

သို့သော်လည်း သူဘယ်လောက်ပဲ ရန်စပါစေ ဝမ်ဖုန်းကတော့ အနည်းငယ်တောင် လှုပ်ရှားမလာခဲ့ပါ။

ဝမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်း၌ ဇီဝဓာတ်ကို ခံစားနေရတာကြောင့်သာ မဟုတ်ပါက လူတိုင်းသည် ဝမ်ဖုန်းကို သေဆုံးသွားပြီဟုတောင် ထင်လောက်သည်။

"ဒင်၊ ကံတရားအမှတ် တစ်ထရီလီလျံကို သုံးစွဲပြီး ဘိုးဘေးငှားရမ်းခြင်းအလုပ်အတွက် သုံးစွဲလိုက်သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"

"ဒင်၊ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အရှေ့တိုင်းဧကဂာဇ်ထိုက်ရိကို ဆင့်ခေါ်ခဲ့ပါပြီ။ သူက ရှန်းရှန့်ကျုံ့ဂိုဏ်းရဲ့ ရှစ်ဆက်မြောက် ဂိုဏ်းချုပ်ပါ"

"ဒီဆင့်ခေါ်ခြင်းက အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို ဒီတိုက်ပွဲအတွင်း၌သာ ထွက်ပေါ်လာစေမှာပါ။ ဒီတိုက်ပွဲပြီးရင်တော့ ထိုက်ရိက ပြန်ပျောက်ကွယ်သွားမှာပါ။ အကယ်၍ ထိုက်ရိရဲ့ အကူအညီကို ဆက်လက်လိုအပ်မယ်ဆိုရင်တော့ ပိုင်ရှင်က ကံတရားအမှတ်ကို အသုံးပြုပြီး ထပ်မံဆင့်ခေါ်ဖို့ လိုအပ်ပါလိမ့်မယ်"

ဤအချိန်တွင် အေးစက်သော စနစ်၏အသံက ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် သူတော်စင်များအကြား၌ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်၏။

သူသည် အတိတ်နှင့် ပစ္စုပ္ပန်၏ဟန်ချက်ညီမှုကို ထိန်းသိမ်းထားခဲ့ပြီး ကောင်းကင်နှင့် ကမ္ဘာမြေပြင်အတွင်း၌ နိယာမလမ်းစဉ်များကို ချမှတ်ခဲ့သည်။ မိုးကောင်းကင်ကတောင် မော့ကြည့်ခဲ့ရသည့် ကြီးမြတ်သည့် ဖြစ်တည်မှုကြီးတစ်ခုဖြစ်ပါသည်။

ဒီလိုတည်ရှိမှုကြီးရဲ့ စွမ်းအားကို သူအခု မြင်တွေ့နိုင်တော့မှာလား။ ဤအချိန်၌ ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ မျှော်လင့်စောင့်စားမှုများ ဖြစ်ပေါ်လာခဲ့သည်။

အတိတ်နှင့် ပစ္စုပ္ပန်အကြား၌ လောကကို လှောင်ပြောင်၍ တိုက်ခိုက်နေသူမှာ ဘယ်သူနည်း။ ထိုသူမှာ သုံ့ဟွမ်ထိုက်ရိပင်!

ထိုကဲ့သို့ပြိုင်ဘက်ကင်းသော မြင့်မြတ်သည့် အင်ပါယာတစ်ပါးသည် ထျန်းရွှမ်တာအိုနန်းတော်အတွင်း၌ ‌မွေးဖွားလာပေတော့မည်။ အပြင်ဘက်‌တွင်ဆိုပါက ကောင်းကင်နှင့် ကမ္ဘာမြေကိုတောင် ထိတ်လန့်တုန်ယင်‌သွားစေရန် လုံလောက်လေ၏။

"စနစ် အရှေ့တိုင်းဧကရာဇ်ထိုက်ရိရဲ့ စွမ်းအင်ဇယားကို စစ်ဆေးကြည့်လိုက်ပါ။

ဝမ်ဖုန်း၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ကာ တုန်ယင်စွာရေရွတ်ပြောဆိုလိုက်သည်။

"အရှေ့တိုင်းဧကရာဇ်ထိုက်ရိရဲ့ စွမ်းအင်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်"

ရှန်းရှန့်ကျုံ့ဂိုဏ်းရဲ့ ရှစ်ဆက်မြောက်ဘိုးဘေး- အရှေ့တိုင်းဧကရာဇ်ထိုက်ရိ

လက်ရှိကျင့်ကြံမှုအဆင့်- သုခဘုံအထွတ်အထိပ်

မှော်ဝင်ရတနာပစ္စည်းများ -ပျက်စီးခြင်းနာရီ၊ကျောက်စိမ်းရောင်မီးအိမ်

"မှတ်ချက် လက်ရှိဆင့်ခေါ်ထားတဲ့ အရှေ့တိုင်းဧကရာဇ်ထိုက်ရိက အထွတ်အထိပ်အခြေအနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကံတရားအမှတ် တစ် ထရီလီလျံက ဒီလောက်အတိုင်းအတာအထိပဲ ဆင့်ခေါ်နိုင်ပါတယ်"

"မှတ်ချက် အရှေ့တိုင်းဧကရာဇ်ထိုက်ရိရဲ့ ပါရမီက ပြိုင်ဘက်ကင်းပြီး အတိုက်အခိုက်က အင်မတန် သန်မာပါတယ်။ သူက သုခဘုံနတ်ဘုရား အထွတ်အထိပ်မှာပဲ ရှိနေပေမဲ့ သူ့ရဲ့ခွန်အားကတော့ သုခဘုံနတ်ဘုရား အဆင့်ကို ကျော်လွန်သွားခဲ့ပါပြီ။

အရှေ့ပိုင်းဧကရာဇ်ထိုက်ရိ၏ စွမ်းအင်ဇယားကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းကတောင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားမိသည်။

သုခဘုံနတ်ဘုရားအထွတ်အထိပ်ကတောင် ထိုက်ရိရဲ့ ကန့်သတ်ချက် မဟုတ်သေးဘူးလား။

သေချာပါပြီ။ ထိုလူသည် သူတော်စင်များအကြား၌ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် အမှန်တကယ် ထိုက်တန်လေပြီ။

သူ၏မူရင်းကမ္ဘာ၌ ထိုက်ရိသည် ကွာချီသူတော်စင်အထွတ်အထိပ်၌ ရှိခဲ့သည်။ သူ၏ခွန်အားသည် သူတော်စင်များအကြား၌ နံပါတ်တစ်ဟုတောင် သတ်မှတ်၍ ရလေသည်။ သို့သော်လည်း သူဟာ လက်ရှိကမ္ဘာလောကအတွင်း၌ ကွာချီ သူတော်စင်အထွတ်အထိပ်အထိ မရောက်နိုင်ပါ။ ဒီကမ္ဘာရဲ့ကျင့်ကြံမှုမှာဆိုရင် သူ့ရဲ့အဆင့်က ဘယ်အဆင့်နဲ့ ညီမျှမှာလဲ။

သို့သော်လည်း တွက်ဆကြည့်ရပါလျှင် ကွာချီသူတော်စင်အထွတ်အထိပ်အဆင့်သည် ဤကမ္ဘာလောကအတွင်း၌လည်း ထိတ်လန့်ဖွယ်ကောင်းသော အဆင့်ဖြစ်ပေလိမ့်မည်။ ၎င်းက အသန်မာဆုံးဖြစ်တည်မှုနှင့် မနှိုင်းယှဉ်နိုင်ရင်တောင် အများကြီးဆိုးရွားမှာတော့ မဟုတ်ပါ။

အရိုးစု၏ ပေါ်ပေါက်လာမှုကြောင့်သာ မဟုတ်လျှင် ဝမ်ဖုန်းသည် ကံတရားအမှတ် တစ် ထရီလီလျံကို အသုံးပြုပြီး ဘိုးဘေးငှားရမ်းခြင်းကို ဖွင့်လှစ်မှာမဟုတ်ပါ။ အဲ့ဒါက ကံတရားအမှတ် တစ် ထရီလီလျံကြီးတောင်လေ!

လက်ရှိ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ခွန်အားဖြင့်ဆိုလျှင်တောင် ထိုပမာဏကို အလွယ်တကူ မရရှိနိုင်ပါ။

တစ်ချိန်တည်းမှာပဲ အရှေ့တိုင်းဧကရာဇ်ထိုက်ရိက အရိုးစုကို သတ်ဖြတ်လိုက်လျှင် အဘယ်သို့သော ဆုလာဒ်များကို ရရှိလာမလဲဆိုတာကိုပါ စောင့်မျှော်နေမိသည်။

အရိုးစုသည် အင်‌ေမာ်တယ်ဧကရာဇ်ကျင့်ကြံမှုမျှဖြင့် မြင့်မြတ်သော နတ်ဘုရား အထွတ်အထိပ်ကို ပေါ့ပါးစွာ ရင်ဆိုင်နိုင်သော်လည်း သုခဘုံနတ်ဘုရား အထွတ်အထိပ်၌ရှိနေသော အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေမည်မဟုတ်ပါလော။

အရိုးစုသည် တစ်ချိန်တစ်ခါက ကမ္ဘာလောကကြီး၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးလျှင်တောင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည်လည်း သူ၏ကမ္ဘာလောကအတွင်း၌ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

သူ၏ခွန်အားသည် သုခဘုံနတ်ဘုရားအထွတ်အထိပ်အဆင့်လောက် ရိုးရှင်းခြင်းမရှိပါ။

ဒါကိုတွေ့မြင်လိုက်သည့်အခါ ဝမ်ဖုန်း၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်။ သူဟာ ခြေထောက်နှစ်ဖက်ကို ထောက်ကန်လျက် တဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကာ အရိုးစုကို အကြောက်တရားများ မပါဝင်ဘဲ စိုက်ကြည့်လိုက်သည်။ သူ၏အပြုံးက ပို၍ ကျယ်ပြောလာခဲ့သည်။

ဝမ်ဖုန်း၏ ထူးဆန်းသောအမူအယာကို တွေ့မြင်လိုက်ရသည့်အခါ အရိုးစု၏ မျက်ဝန်းများသည် တုန်လှုပ်သွားခဲ့သည်။ သူဟာ လက်ရှိအခြေအနေ၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလာခဲ့ရသည်။ သူ၏ခန္ဓာကိုယ်ကား တောင့်တင်းသွားခဲ့လေသည်။

သူဟာ ဝမ်ဖုန်းကို အထင်သေးရဲခြင်းမရှိပါ။ ဝမ်ဖုန်းဟာ အရမ်းကို အားနည်းနေရင်တောင် အဲ့ဒီလူရဲ့ လူပြန်ဝင်စားတာဆိုမှတော့ သူ့ကို သာမန်အမြင်လောက်နဲ့ ဘယ်လိုလုပ် တိုင်းတာလို့ရမှာလဲ။

"ကောင်းကင်ကိုယ်စားလှယ်လား"

"မင်းတို့လို ကောင်းကင်ကိုယ်စားလှယ်တွေမှာ ဝှက်ဖဲတွေ ဘယ်လောက်များများရှိနေလဲ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ အဌမမြောက်ဘိုးဘေးကို ရင်ဆိုင်နိုင်ပါ့မလား။"

ဝမ်ဖုန်း၏ မျက်ခုံးများသည် တွန့်ကွေးသွားခဲ့ကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

သူ၏အသံက အားနည်းဖျော့တော့နေသော်လည်း ခန်းမတစ်ခွင် ဟိန်းထွက်သွားခဲ့ကာ အရိုးစုကို တုန်ယင်သွားစေခဲ့သည်။ သူ၏ခက်ထန်ကြမ်းတမ်းသော မျက်နှာပြင်ထက်တွင် ထူးဆန်းသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းမီးခိုးရောင်မျက်ဝန်းများက ဝမ်ဖုန်းကို မြဲမြံစွာ စိုက်ကြည့်နေခဲ့သည်။ သူဟာ ဝမ်ဖုန်းကို ထွင်းဖောက်ကြည့်မြင်ချင်လာသည်။ ဒီလိုမျိုး ယုံကြည်မှုရှိစေတဲ့အထိ ဘယ်အရာကများ ထောက်ပံ့ပေးလိုက်တာလဲ။

ဝမ်ဖုန်းရဲ့ နောက်မှာ တစ်ယောက်ယောက်များ ရှိနေသေးတာလား။

All Chapters