← Chapters

လျှပ်စစ်ရှော့ကုထုံးမာဆက်

Vol. 57 Ch. 841

လျှပ်စစ်ရှော့ကုထုံးမာဆက်

Vol. 57 Ch. 841

အွန်လိုင်းဆန္ဒပြမှုအပြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြန်လည်ထူထောင်ရေးစင်တာကို ပိတ်သိမ်းလိုက်သည်။

သို့သော်လည်း ယခုအခါတွင် ရွေ့လျားနိုင်သည့် ပြန်လည်ထူထောင်ရေးဌာန ဖြစ်လာပြီး လူနာတစ်ရာကျော်ပင် ရှိနေပြီ ဖြစ်သည်။

လူနာများမှာ အသက်အရွယ်အမျိုးမျိုး ဖြစ်ပြီး ကလေးလူကြီးအားလုံး ပါဝင်၏။

အချို့က မာကျောက်ကို စွဲလမ်းသောကြောင့် ဖြစ်ပြီး အချို့ကအချစ်ကြီးလွန်းသောကြောင့် ဖြစ်သည်။

အချို့က Pepsi နှင့် Colaကို စွဲလမ်းနေသောကြောင့် ဤနေရာသို့ ပို့ခံရခြင်းဖြစ်သည်။

အချို့ကမူ ကော်ဟောက်၏ ဦးလေး ကောင်းဖုန်းကဲ့သို့ ချစ်သူရည်းစားရှာ၍ အိမ်ထောင်မပြုချင်သောသူများ ဖြစ်သည်။

ဆိုရလျှင် လူနာများသည် ဒေါက်တာယန်၏ ကုသမှုကို ခံယူရန် ပုံမှန်မဟုတ်သော အကြောင်းပြချက် အမျိုးမျိုးဖြင့် ဤနေရာသို့ ပို့ဆောင်ခံရခြင်း ဖြစ်၏။

စောစောက ခန်းမအတွင်း ဝမ်လင်း စောင့်ဆိုင်းနေစဉ် လုံမင်က ဝမ်လင်းကို မြင်ပြီး ထွက်ပြေးသွားခဲ့သည်။

ဝမ်လင်းက ဒေါက်တာယန်၏ မျိုးရိုးကို ခြေရာခံရန်အတွက် မဟာသွေးဇစ်မြစ် တာအိုကို အသုံးပြုခဲ့သည်။

အဆုံးသတ်တွင် ဒေါက်တာယန်၏ ဘိုးဘေးသည် ယခင်က အရိုက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။

လက်သည်တရားခံမှာ ဝမ်ကျန်း ဖြစ်ပြီး ဒေါက်တာယန်၏ ဘိုးဘေးကို လူရုပ်ပင် မပေါ်အောင် ရိုက်နှက်ခဲ့ကာ ကျိန်စာများပင် တိုက်ပစ်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ဤကျိန်စာသည် ယခုမျိုးဆက်တွင် ကုန်ဆုံးသွားဖွယ် ရှိ၏။

အဘယ်ကြောင့်ဆိုသော် တစ်ခဏအတွင်းမှာပင် ဤနေရာက ထာဝရပျောက်ကွယ်သွားတော့မည် ဖြစ်သောကြောင့်ပင်။

လက်တလောတွင် ဝမ်လင်းသည် စားပွဲတစ်လုံးပေါ်တွင် ချုပ်နှောင်ခံထားရသည်။

ပထမဦးဆုံးအကြိမ် လက်ထိပ်ခတ်ခံရခြင်းသည် အမှန်တကယ်ပင် ဆန်းသစ်သော အတွေအကြုံတစ်ခု ဖြစ်သော်လည်း ဤအရာမျိုးသည် မဆန်းကြည့်လျှင် အကောင်းဆုံးအရာ ဖြစ်သည်။

ဝမ်လင်းက သတိပေးချက်များကို နားမထောင်ဘဲ မြေအောက်ရထားတွင် ရဲများကိုဓားဖြင့် တိုက်ခိုက်ခဲ့သည့်(Miss Try) ကဲ့သို့ မဖြစ်စေချင်ပေ။

လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့ ထင်မြင်ယူဆသည့်လူများ အမြဲတစေ ရှိနေတတ်သည်။

သို့သော် ဤလူတွေကမူ ဦးနှောက်တစ်ဝက်ခန့် ပျောက်ဆုံးနေသူများ ဖြစ်သည်။

မူလတန်းကလေးပင် ဥပဒေကို အဘယ်ကြောင့် လိုက်နာရမည်ကို နားလည်သော်လည်း တက္ကသိုလ်တက်ပြီး ဥပဒေကို ချိုးဖောက်နေသောသူများလည်း ရှိနေပါသေးသည်။

ထိုအချက်ကို ပြောရလျှင် လူတစ်ဦး၏ အခြေခံအရည်အသွေးသည် ၎င်းတို့၏ ပညာရေးနောက်ခံနှင့် အနည်းငယ်သာ သက်ဆိုင်ပြီး မိသားစုများ၏ ပညာရေးအပေါ် လိုလိုလားလားမရှိမှု အပေါ်တွင် လုံးဝမူတည်သည်။

ဤအချက်ကို ဖေဖေဝမ်နှင့် မေမေဝမ်က အခြားသူများထက်ပင် ပို၍ ယုံကြည်ခဲ့သည်။

ဝမ်လင်းငယ်စဉ်က ပေါက်ကရ ထလုပ်တတ်သော်လည်း ဤဇနီးမောင်နှံသည် သူတို့၏သားကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ပို့ဆောင်နိုင်ခဲ့သည်။

ဝမ်လင်းက ထိုအချက်ကို သေချာပြန်စဉ်းစားကြည့်သောအခါ သူ့မိဘများ ဝတ္ထုရေးခြင်းနှင့် များစွာ သက်ဆိုင်နေသည်ဟု ခံစားရသည်။

ဝတ္ထုဇာတ်ကောင်များသည် အနည်းနှင့်အများ ဆိုသလို ပေါက်ကရ ထထလုပ်တတ်သည် မဟုတ်ပါလော။

ထို့ကြောင့် ဖေဖေဝမ်နှင့်မေမေဝမ်တို့သည် ဤအဆင့်ကိုကိုင်တွယ်သောအခါတွင် အလွန် ယုံကြည်မှုရှိနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယခုအခါတွင် ဝမ်လင်းသည် ကုသရေးစားပွဲပေါ်တွင် လဲလျောင်းနေပြီး လူသန်ကြီးများက သူ၏ ခြေထောက်များကို ဖိထားကြသည်။

သူတို့ထဲမှ တစ်ယောက်က ဝမ်လင်း၏ပါးစပ်ထဲကို ဘောလုံးတစ်လုံးပင် ထည့်လိုက်သေးသည်။

“ခရက်”

ဝမ်လင်းက‌ အံကြိတ်၍ ကိုက်လိုက်ရာ ထိုဘောလုံးက ကွဲသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ယန်ဟွိုက်က အံ့သြ မှင်တက်သွားခဲ့၏။

“အံ့ဩစရာပဲ.. မင်းက ကိုယ်ခံပညာကို တကယ်ပဲ သင်ယူထားတာလား”

ဘောလုံးကို အိတ်ထဲမှယူထုတ်လိုက်သည့် လူသန်ကြီးကလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။

“ဒေါက်တာယန်.. ဘာဆက်လုပ်ရမလဲ”

“ငါ့ကို အနက်ရောင်သံဘောလုံးလေး သွားယူပေးပါ”

ယန်ဟွိုက်က ပြောလိုက်ရာ လူသန်ကြီးက ခေါင်းငြိမ့်လိုက်သည်။

ထိုခဏမှာပင် သူ့လက်ထဲတွင် ဝိညာဉ်အလင်းရောင် လင်းလက်လာပြီး(80x40)ဆိုဒ် သေတ္တာတစ်ခု ပေါ်ထွက်လာသည်။

သေတ္တာကို ဖွင့်လိုက်ရာ အတွင်းထဲတွင် အမျိုးမျိုးသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဘောလုံးအမျိုးမျိုး ရှိနေသည်ကို တွေ့လိုက်ရသည်။

လူသန်ကြီးက ဝမ်လင်း၏ ပါးစပ်ထဲသို့ အနက်ရောင်သံဘောလုံးကို ထည့်လိုက်သောအခါတွင် လူတိုင်းသည် နောက်ထပ် အက်ကွဲသံကို ကြားလိုက်ရသည်။

ယန်ဟွိုက်က မျက်မှောင်ကြုတ်သွားပြီး ဒေါသအနည်းငယ်ထွက်လာခဲ့သည်။

“အနက်ရောင်နတ်ကျောက်စိမ်းဘောလုံးကို ငါ့ဆီယူလာပေးစမ်း”

“ခရက်…”

ယန်ဟွိုက် “ငါ့ကို ထိပ်တန်း အရည်အသွေးမြင့် စိန်တစ်လုံး ယူလာပေးစမ်း”

“ခရက်…”

ယန်ဟွိုက် “ပရီမီယံအဆင့် အနက်ရောင်ခရစ်စတယ်မှ ရမယ်ထင်တယ်.. ပရီမီယံ အနက်ရောင်ခရစ်စတယ် ဘောလုံးအိတ်ကို ယူလာစမ်း.. အလုပ်မဖြစ်ဘူးဆိုတာ ငါမယုံဘူး”

“ခရက်…”

“……….”

လူသန်ကြီး “ဒေါက်တာယန်.. နောက်ထပ် ယူရဦးမှာလား”

ယန်ဟွိုက်က ချွေးများစိုစွတ်နေပြီ ဖြစ်သည်။

“ယူ…ယူရဦးမယ် ဟုတ်လား.. ထားလိုက်တော့.. လျှာကိုက်ပြီးသေသွားရင်လည်း ဒင်းထိုက်နဲ့ ဒင်းကံပဲ”

ယန်ဟွိုက်က လူနာများ ကုသမှုကို ခံယူသောအခါတွင် အထူးသဖြင့် လူနာ၏ ပါးစပ်ထဲမှဘောလုံးကို မြင်သောအခါ စိတ်လှုပ်ရှားနေတတ်သည်။

ဤသည်က စိတ်လှုပ်ရှားမှုကို အလျင်အမြန် ဖြစ်စေပြီး လျှပ်စစ်ရှော့ရိုက်လေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်၏။

သို့သော် ဝမ်လင်း၏ပါးစပ်ထဲတွင် ဘောလုံးမရှိသောကြောင့် ဒေါက်တာယန်ဟွိုက်က သူ၏စိတ်အားထက်သန်မှု တစ်ဝက်ကို ချက်ချင်းဆိုသလို ဆုံးရှုံးသွားခဲ့သည်။

သူက ပြန်လည်ထူထောင်ရေးဌာနကို နှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့ပြီး ထူးဆန်းသော လူနာအမျိုးမျိုးကို တွေ့ကြုံခဲ့ရသည်။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများပင် လျှပ်စစ်ရှော့အနည်းငယ်ဖြင့် အဆုံးသတ်တွင် သေဆုံးသွားခဲ့သည်မျိုး ရှိဖူး၏။

သို့ရာတွင် ဤကဲ့သို့ လူမျိုးကိုမူ ယန်ဟွိုက် မကြုံဖူးပေ။

ယန်ဟွိုက်က ဒေါသထွက်လာပြီး ဆေးဘက်ဆိုင်ရာကိရိယာ၏ နံပါတ်ကို နံပါတ်၁၀အထိ မသိစိတ်ဖြင့် တင်လိုက်ရာ သူ့ဘေးနားရှိ လူသန်ကြီးများပင် ထိတ်လန့်စေခဲ့သည်။

သူတို့ပြန်ပေးဆွဲထားသည့် လူနာ၏ မိသားစု အချက်အလက်များအရ ဤလူသည် ချီဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိပြီး အထူးသဖြင့် သန်မာမှုမရှိပေ။

ဤအဆင့်လူနာများကို ကုသရန်မှာ စက်ပေါ်ရှိ နံပါတ်ကို ၂ သို့မဟုတ် ၃ထားလျှင် လုံလောက်နေပြီ ဖြစ်သည်။

သို့ရာတွင် ယန်ဟွိုက်၏ လုပ်ရပ်က ထိုပမာဏထက် ၅ဆ ဖြစ်သွားခဲ့၏။

ပြန်လည်ထူထောင်ရေးဌာန၏ အဆုံးစွန်သော ဆေးဘက်ဆိုင်ရာ ကိရိယာတွင် ပြင်းထန်မှုအဆင့် စုစုပေါင်း၁၀၀ခန့် ပါရှိသည်။

ထိုပမာဏသည် နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် ဒူးထောက်စေမည် ဖြစ်သည်။

“ငါတို့ရဲ့ဘောလုံးကို သူ့အံသွားတွေနဲ့ ချေမှုန်းနိုင်တယ် ဆိုတော့ ဒီကောင်လေးရဲ့ ခွန်အားက သူ့မိသားစု အချက်အလက်တွေထဲကလို လုံးဝ မဟုတ်တာသေချာတယ်.. မေဘေးလေးက သူ့ရဲ့စွမ်းအားကို ဖုံးကွယ်ထားခဲ့တဲ့ပုံပဲ”

ယန်ဟွိုက်က ရယ်မောလိုက်သည်။

ဤလူငယ်က အတင့်ရဲပြီး ခုခံနေသည့်အတွက် နာကျင်မှုကို ခံစားရန် အဆင်သင့်ဖြစ်သင့်သည်ဟု သူတွေးလိုက်သည်။

ထို့ကြောင့် ဝမ်လင်းကုသမှုကို စောင့်မျှော်နေချိန်တွင် ယန်ဟွိုက်သည် နောက်ဆုံး၌ လျှပ်စစ်ရှော့တိုက်သည့် ဂန်း၏ ထိပ်ကို ဝမ်လင်း၏ ဂွေးကျိ ပေါ်သို့ တင်လိုက်သည်။

ဤသည်မှာ ကုသမှုခံယူနေသည့် လူနာတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အဆင့် ဖြစ်သည်။

ထိုလျှပ်စစ်ရှော့တိုက်သောဂန်းသည် လျှပ်စီးကြောင်းများ မျက်ခုံးကြားသို့ မရောက်ရှိမီ ဂွေးကျိဘေးရှိ ဥနှစ်လုံးကိုပါ တုန်လှုပ်သွားစေမည် ဖြစ်သည်။

ယင်းက လူနာ၏အခြေအနေပေါ် မူတည်၍ ၁၀စက္ကန့်မှ စက္ကန့်၃၀အထိ ကြာမြင့်နိုင်သည်။

သို့ရာတွင် ဒေါသထွက်နေသည့် ယန်ဟွိုက်သည် ကုသမှုကိုစက္ကန့်၃၀ ကြာသည်အထိ အချိန်ဆွဲခဲ့သည်။

ဝမ်လင်းက သူ၏ချွေးပေါက်များမှ တဆင့် လျှပ်စီးကြောင်းကို ခံစားနိုင်ခဲ့သည်။

သို့ရာတွင် သူက ရုန်းကန်မနေခဲ့ပေ။

သူ့အတွက် အမှန်တကယ်ကို သက်သောင့်သက်သာ ရှိနေခဲ့သည်။

သူ၏ပုခုံးမှ ဖြတ်စီးသွားသည့် လျှပ်စီးကြောင်းများက သူ၏မျက်ခုံးကြားထဲသို့ တဖြည်းဖြည်းချင်း ရွေ့လျားသွားသည်က ဝမ်လင်းအတွက် ရင်းနှီးနေသည့် ခံစားချက်တစ်ခုပင်။

ဤအရာက မာဆက်တွင် မျက်စိတစ်ဝိုက်ကို နှိပ်နယ်ပေးနေခြင်းမျိုးနှင့် ဆင်တူသည်။

သို့ရာတွင် ဤလျှပ်စစ်လုပ်ဆောင်မှုက ထိုသို့ နှိပ်နယ်ခြင်းထက် များစွာပို၍ သက်သောင့်သက်သာ ရှိနေသည်မှာ သိသာထင်ရှားနေ၏။

တစ်မနက်လုံး စာမေးပွဲဖြေဆိုပြီးသည့်နောက်တွင် ဝမ်လင်းသည် လျှပ်စစ်ရှော့ကုထုံးမာဆက်ကို ခံစား၍ ဇိမ်ကျနေသည်။

တစ်ဖက်တွင်လည်း ယန်ဟွိုက်နှင့် လူသန်ကြီးများက အံ့ဩသွားကြသည်။

ရိုးသားစွာဝန်ခံရလျှင် ဤကဲ့သို့ အခြေအနေမျိုးကို သူတို့ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်၏။

ဤလူနာက လျှပ်စီးကြောင်းကို လုံးဝ တုံ့ပြန်ခြင်းမရှိခဲ့ပေ။

“ငါမင်းကိုသတ်ပစ်မယ်”

ဒေါသအိုးပေါက်ကွဲနေသော ယန်ဟွိုက်သည် သွားများကိုအံကြိတ်လိုက်ပြီး ဆေးဘက်ဆိုင်ရာကိရိယာ၏ နံပါတ်ကို ၅၀အထိ မြှင့်တင်လိုက်သည်။

ယင်းက အမြင့်ဆုံးအဆင့် မဟုတ်သော်လည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပင် ခံနိုင်ရည်မရှိသော နံပါတ် ဖြစ်သည်။

ဤလူက သူ၏ဘောလုံးများကို အံသွားဖြင့် ချေမှုန်းနိုင်လျှင်ပင် အဆင့်၅၀၏ ပြင်းထန်မှုက ဤလူကို အဆ၈၀ကျော် သတ်နိုင်မည်ဟု ယန်ဟွိုက်က ယုံကြည်ခဲ့သည်။

“ငရဲကိုသွားလိုက်တော့”

ထိုစကားကို ပြောပြီးနောက် ယန်ဟွိုက်သည် လျှပ်စစ်ရှော့တိုက်သည့်ဂန်းကို ဝမ်လင်း၏ ဂွေးကျိ ပေါ်သို့ နောက်တစ်ကြိမ် တင်ထားလိုက်သည်။

အပိုင်း(၈၄၁) ပြီး၏

All Chapters