← Chapters

ဝမ်လင်း၏အမျက်ဒေါသ

Vol. 57 Ch. 842

ဝမ်လင်း၏အမျက်ဒေါသ

Vol. 57 Ch. 842

ဤလျှပ်စစ်ပမာဏက ငေါက်ခနဲ သေစေနိုင်လောက်သည့်အတွက် လူအနည်းငယ်မျှသာ ဤဒဏ်ကို ခံနိုင်ရည်ရှိကြသည်။

ထိုလျှပ်စီးဒဏ်မှ အသက်ရှင်ခဲ့လျှင်ပင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် သေချင်သလို ခံစားရမည် ဖြစ်သည်။

ဤအဆင့်ကို ယခင်က လူဆယ်ဦးလောက်သာ ခံနိုင်ရည်ရှိခဲ့သည်။

ထိုအထဲမှ အချို့မှာ အလွန်ပင် ကျော်ကြားနေပြီ ဖြစ်၏။

ဆိုရလျှင် ပြန်လည်ထူထောင်ရေး ဌာနသည် ထိုပမာဏကိုအသုံးပြုသည့် အခိုက်အတန့်တွင် ရာနှုန်းပြည့် အောင်မြင်မှုမျိုး မရရှိခဲ့ဘဲ ၉၇%သာ ရရှိခဲ့သည်။

ဥပမာပြရလျှင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဝတ္ထုဆရာတစ်ယောက်သည် တစ်လလောက်နေမှ တစ်ကြိမ်သာ အက်ဒိတ်လုပ်သောကြောင့် စာဖတ်သူများက အွန်လိုင်းကနေ ငွေကောက်ခံပြီး ပြန်လည်ထူထောင်ရေးဌာန အမှတ်13သို့ ပို့ပစ်လိုက်ကြသည်။

သို့သော် ထိုစာရေးဆရာ၏ အရေပြားက ထူထဲနေ၍ လျှပ်စစ်ဓာတ်က ဖြတ်မစီးနိုင်ခဲ့ပေ။

အဆုံးသတ်တွင် ဒေါက်တာယန်ဟွိုက်က လက်လျှော့လိုက်ရသည်။

တစ်ခါကလည်း နေ့စဉ်ရက်ဆက် စာချည်းသာ လှိမ့်ရေးနေသော စာရေးဆရာတစ်ယောက်သည် စိတ်ပင်ပန်းနွမ်းနယ်ကာ ပန်းသေသွားခဲ့သည်။

သူ၏စိတ်ပင်ပန်းနွမ်နယ်မှုကို ကုသရန် ပြန်လည်ထူထောင်ရေးဌာန အမှတ်13ကို ပို့ဆောင်ခဲ့သော်လည်း အဆုံးသတ်တွင်လျှပ်စစ်စီးကြောင်း၏ လှုံ့ဆော်မှုက သူ၏ သွေးကြောများကို နိုးထလာစေခဲ့ပြီး မသန်မစွမ်းမှုကိုပင် ပြုပြင်ပေးခဲ့သည်။

အခြားဥပမာတစ်ခု ပြရလျှင် အလွန် အကကောင်းသော်လည်း သီချင်းဆိုရန် ကြောက်ရွ့သည့် အကသမား တစ်ဦး ရှိခဲ့သည်။

သူ၏ပရိတ်သတ်များက အွန်လိုင်းကနေ ရန်ပုံငွေရှာပြီး သူ့ကိုပြန်လည်ထူထောင်ရေးဌာန အမှတ်13သို့ ပို့ဆောင်ခဲ့သည်။

ကုသမှုကို ခံယူပြီးနောက်တွင် သူက မထင်မှတ်ဘဲ အီလက်ထရောနစ်ဂစ်တာ၏ ဘုရင် ဖြစ်လာပြီး ပရိတ်သတ်များ၏ အရူးအမူး အားပေးခြင်းကို ခံခဲ့ရကာ အီလက်ထရောနစ် ဂီတမင်းသားလေးဟုပင် နာမည်ပြောင်ရခဲ့သည်။

သို့သော် ဤကဲ့သို့ ဖြစ်ရပ်မျိုးမှာ ရှားရှားပါးပါး ဖြစ်ပြီး လူနာတိုင်းကို ၎င်းတို့၏ ကိုယ်ရေးအကျဉ်းကို အခြေခံ၍ တင်းကျပ်စွာ ရွေးချယ်ထားခြင်း ဖြစ်သည်။

ယန်ဟွိုက်က ကုသမှုကို ခံနိုင်ရည်ရှိနေမည့် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကို လက်ခံမည်မဟုတ်ပေ။

လက်ရှိကုသရေးဌာနရှိ လူနာအများစုသည် သာမန်လူများသာဖြစ်ကြပြီး အနည်းငယ်လောက်သာ အခြေခံ တည်ထောင်ခြင်းအဆင့်တွင် ရှိကြသည်။

ထို့ကြောင့် ကောင်းဖုန်း၏ ဖြစ်ရပ်သည် ယန်ဟွိုက် အတွက် အံ့အားသင့်စရာ ဖြစ်နေ၏။

၎င်းက သာမန်လူတစ်ဦးမျှသာ ဖြစ်သော်လည်း သူ၏ကုသမှုကို သက်သောင့်သက်သာ ခံနိုင်ရည်ရှိနေခဲ့သည်။

အဆင့်၅၀ရှိ လျှပ်စစ်ဗို့အားက ဝမ်လင်း၏ အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားခဲ့သည်။

အဆုံးသတ်တွင် ဝမ်လင်း၏မျက်ခုံးများက အနည်းငယ်လှုပ်ယမ်းသွားခဲ့သည်။

ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် စီးဆင်းနေသော အပူများက တိုးမြင့်လာသည်ဟု သူခံစားရသည်။

ဤခံစားချက်က အလွန်ပင် သက်သောင့်သက်သာ ရှိလွန်းနေခဲ့သည်။

လျှပ်စစ်ရှော့ခ်တိုက် မာဆက်က ဝမ်လင်းအတွက် ဇိမ်ခံစရာကောင်းသော်လည်း ကောင်းကင်တာအို ကပ်ဘေးမာဆတ်လောက်တော့ မကောင်းသေးပေ။

ဝမ်လင်းသည် ကလေးဘဝကတည်းကပင် မဟာတာအိုများကို လှုံ့ဆော်နိုင်ခဲ့ပြီး ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် အလွန်ထူးဆန်းစွာဖြင့် ကပ်ဘေးမိုးကြိုးလျှပ်စီးက သူ့ကို မထိခဲ့ပေ။

၎င်းက တစ်ခုခုကို စွန့်စားရတော့မလိုမျိုး သူ့ကို ကြောက်ရွံ့နေခဲ့သည်။

သို့ရာတွင် ဝမ်လင်းက လျှပ်စီးကြောင်း၏ အရသာကို ခံစားချင်သောကြေင့် ကောင်းကင်တာအို လျှပ်စီးကြောင်းကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ပြန်လည်ဆွဲယူကာ မာဆက်လုပ်ခိုင်းလိုက်၏။

သူက ထိုခံစားချက်ကို ယနေ့တိုင် မှတ်မိနေပါသေးသည်။

ကောင်ကင်မိုးကြိုးကပ်ဘေးက သေဆုံးနိုင်ချေ အလွန်မြင့်မား၍ သာမန်ကျင့်ကြံသူများ အလွန်ပင် ကြောက်ရွံကြသည်။

ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် မိုးကြိုးပစ်ခြင်း၂၀ ခန့်ကိုသာ ခံနိုင်ရည်ရှိကြသည်။

ယင်းပမာဏမှာ ကပ်ဘေး၏ ကန့်သတ်ချက်လည်းဖြစ်သည်။

အကယ်၍ ကံဆိုးခဲ့လျှင် မိုးကြိုးအရေအတွက်က ထိုကိန်းဂဏန်းထက် ကျော်လွန်နိုင်ပြီး သေဆုံးနိုင်ချေလည်း သိသိသာသာ တိုးမြင့်လာမည် ဖြစ်သည်။

ကပ်ဘေးကို မကျော်ဖြတ်နိုင်လျှင် အမှုန်အမွှားအဖြစ်သို့ ကွဲထွက်သွားမည်၊ သို့မဟုတ်လျှင် ဝက်ကင်ကဲ့သို့ နီရဲကြွပ်ဆတ်သွားမည် ဖြစ်၏။

ပြင်းထန်မှုအဆင့်ကို ၅၀အထိ မြှင့်တင်ထားသော်လည်း ဝမ်လင်း၏အမူအရာက ပြောင်းလဲမှုမရှိသေးပေ။

“မဖြစ်နိုင်ဘူး”

ယန်ဟွိုက်က မျက်လုံးများပြူးကျယ်သွားပြီး ဆေးဘက်ဆိုင်ရာ ကိရိယာ၏ ပြင်းထန်မှုအဆင့်ကို ထပ်မံ မြှင့်တင်ရန် ရည်ရွယ်လိုက်သည်။

သို့သော် ထိုခဏမှာပင် ဝမ်လင်းက ရုတ်တရက် ငေါက်ခနဲ ထထိုင်လိုက်သည်။

သူက တိုက်တေနီယံလုပ် လက်ပတ်များနှင့် သံကြိုးများကို ပေါ့ပေါ့ပါးပါးပင် တိုက်ရိုက် ဖြုတ်ချလိုက်သည်။

ယန်ဟွိုက်နှင့် သူ့လူများ၏ ရှေ့မှောက်မှာပင် ထိုအရာများကို စက္ကူကဲ့သို့ ချေမွှကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

“အဆုံးသတ်ပြီ”

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ထိုအသံက ရှေးဟောင်း ခေါင်းလောင်းထိုးသံကဲ့သို့ လူအများ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေခဲ့သည်။

“သူ့ကိုဖမ်းကြစမ်း”

ယန်ဟွိုက်က အမိန့်ပေးလိုက်သည်။

သို့ရာတွင် လူသန်ကြီးများသည် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာသာ ကြည့်လိုက်ကြသည်။

သူတို့တစ်ယောက်မျှ မလှုပ်ရှားနိုင်တော့ပေ။

အကြောင်းရင်းမှာ သူတို့၏ ခြေထောက်များတွင် အလေးချိန်စီးသော သံတုံးများအား ဆွဲထားရသလို ခံစားနေရသောကြောင့် ဖြစ်၏။

ယန်ဟွိုက်၏ မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။

သူက အလွန်အမင်းထိတ်လန့်ကာ ဆံပင်မွှေးအချို့ပင် ကျွတ်ထွက်သွားခဲ့သည်။

“မင်း…”

တစ်ဖက်လူ၏ ထိတ်လန့်တုန်လှုပ်သော အကြည့်အောက်မှာပင် ဝမ်လင်းသည် သူ၏ကျောင်းသားIDကဒ်ကို ထုတ်ယူကာ ယန်ဟွိုက်အား ပြလိုက်သည်။

ကျောင်းသားအချက်အလက်= ဝမ်လင်း

လိင်အမျိုးအစား= ကျား

မွေးသက္ကရာဇ်= ဒီဇင်ဘာ၂၆၊ ၄၃၈၀

အတန်း= Grade 1 အခန်း ၃

ကျောင်း= အမှတ်၆၀အထက်တန်းကျောင်း၊ စုန့်ဟိုင်မြို့။

အကြိုက်ဆုံးအစားအစာ= ခေါက်ဆွဲခြောက်ကြွပ်ကြော်

အထက်ဖော်ပြပါ အချက်အလက်များအပြင် ကျောင်းသားIDတွင် ပညာရေးစီမံခန့်ခွဲမှုဌာန၏ စည်းတံဆိပ်ကိုလည်း ရိုက်နှိပ်ထားသည်။

ကျင့်ကြံခြင်းကျောင်းများ၏ စည်းတံဆိပ် ရိုက်နှိပ်သည့် တံဆိပ်တုံးများ အားလုံးသည် ဝိညာဉ်စွမ်းအင်ကို သယ်ဆောင်ထားကြသည်။

ယန်ဟွိုက်က ကျင့်ကြံခြင်းနယ်ပယ် အဆင့် မမြင့်မားသော်လည်း ထိုစည်းတံဆိပ်ထဲမှ ဝိညာဉ်စွမ်းအင်ကို နားလည်နိုင်ခဲ့သည်။

အဆုံးသတ်တွင် ဤရိုးရှင်းသော ကုသမှုက အဘယ်ကြောင့်ထပ်ကာတလဲလဲ ကျရှုံးသွားခဲ့ရသည်ကို သူနားလည်သွားပြီဖြစ်သည်။

ဒီကောင်က လုံးဝ ကောင်းဖန် မဟုတ်ပေ။

သူ၏သောက်သုံးမကျသော တပည့်များက လူမှား၍ ခေါ်ဆောင်လာခဲ့ခြင်းသာ ဖြစ်ရပေမည်။

ယခုအခါတွင် ယန်ဟွိုက်၏အတွေး၌ နောက်ဆုတ်ရန် တစ်ခုသာ ရှိတော့သည်။

သူက တိုက်ပွဲဝင်ဖို့ စိတ်ကူးကိုပင် မေ့ထားခဲ့သည်။

ဤလူငယ်ကို အနိုင်ယူရန် သူ့အနေဖြင့် နည်းလမ်းမရှိသည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။

အပိုင်း(၈၄၂) ပြီး၏

All Chapters